Friday, August 3, 2012

စိတ်ကစဥ့်ကလျားရောဂါအကြောင်း သိကောင်းစရာ……


အခုရေးသာသည့် စိတ်ကစဥ့်ကလျားရောဂါဆိုတာ စိတ်ရောဂါအမျိုးအစားတခုများထဲ့မှ အဓိကကျသည့် ရောဂါဖြစ်ပါသည် ။ လူသားတဦးတွင်
(၁) စိတ်ခံစားမှု ( Emotion )
(၂) အာရုံသိမှု ( Perception )
(၃) စဉ်စားတွေးခေါ်မှု ( 
Thinking )
(၄) အပြုအမှု ( Behaviour )
(၅) ကိုယ်ရည်ကိုယ်သွေး ( Personality )
ဖော်ပြပါ အပိုင်းများကို ဆက်ဆက်လို့ မရှိနိုင်ဘဲ စိတ်ပိုင်းဆိုင်ရာများမှ ဟိုတစ ဒီတစ ဖြစ်ပျက်ကုန်ပြီး စိတ်တွေက အစစီကွဲသွားခြင်းဖြစ်သည့် ရောဂါမျိုး ဖြစ်ပါတော့သည် ။

စိတ်အာရုံတွေစုစည်းခြင်း မရှိတာ့သည် အတွက်နားထဲတွင် အသံတွေကြားနေတယ် ဟိုက လာပြောနေတယ် ဒီကလာပြောနေသည့် အဖြစ်ပျက်တွေဖြစ်လာမယ် အမြင်အာရုံတွေမျာလည်း တကယ်မမြင်ရဘဲနှင့် သူအမြင်အာရုံတွေမှာ ပန်းပွင့်တွေပွင့်နေတယ် အရောင်တွေမြင်နေမယ် အရိပ်အရောင်မျိုးစုံမြင်နေရပါတယ် ဆိုတာတွေဖြစ်တာမယ် အနံ့ အာရုံပိုင်းမှာလည်း အနံသက်တွေ မနံ့ ဘဲနှင့်လည်း နှာခေါင်းထဲမှာ ထူးထူးခြားခြား နံ့ တွေရနေပါတယ် စဉ်စားတွေးခေါ်မှု့ အပိုင်းတွေမှာလည်း လွဲမှားတွေခေါ် သံသယ Delusion ဖြစ်နေပါတယ် ကိုယ့်ပြောလိုက်သည် အသံတွေပြန်ကြားကြားနေတတ်ခြင်းတခြားတရောက်က အမိန့် တွေလာပြောပြီး လက်ခံစကားပြောတာတွေဖြစ်လာပါတော့သည် ။ ဒီလိုမျိုး စိတ်ခံစားမှု့ တွေမြင့်တက်လာသူမှာတော့ ခံစားမှု အပိုင်း လုံးဝ မရှိတော့ပါဘူး ။

သူအလိုလို ရယ်နေတာတွေ ဝမ်းနည်းငိုခြင်းတွေဖြစ်လာပြီး ဒီလိုဖြစ်ပျက်တွေဟာတလဝန်းကျင်လောက် အထိရှိလာဆိုပါက အားလုံးသုံးသပ် ပြောရရင် စိတ်ကစဥ့်ကလျားရောဂါ ရှိနေပြီလို့ သတ်မှတ်နိုင်ပါတော့သည် ။
စိတ်ပိုင်းဆိုင်ရာနဲ့  မျိုးရိုးထဲမှာရှိခဲ့ရင်လည်း ဖြစ်နိုင်ချေပိုများပါသည် ကိုယ်ဝန်ဆောင်နေချိန်တွင် ဗိုင်းရပ်(စ်) ပိုးဝင်ရောက်ခံစားရခြင်း ၊ ကလေးမွေးဖွားစဉ်တွင် ထိခိုက်ဒဏ်ရာရရှိခြင်း ၊ စိတ်ဖိစီးမှု့ ဒဏ်ခံရခြင်းကို အသက်ရွယ်နှင့် မလိုက်ဖက်ဘဲ ဖြစ်ပေါ်ခံစားရခြင်း တို့လည်း စိတ်ကစဥ့်ကလျားရောဂါအတွက် ဆက်စပ်မှုရှိနေပါသည် ။ နဂိုကတည်းက ရော၈ါဖြစ်နေသူမှာ အရက်တို့ မှုးယစ်ဆေးဝါးတွေကိုသုံးစွဲသူဖြစ်နေလို့ ကတော့ မိမိရောဂါကို နိုးထလိုက်သလို့ ဖြစ်ပြိး ရောဂါဖြစ်သွားခြင်းကိုလည်း တွေ့ နေရပါသည် ။

ဒီလို့ စိတ်ရောဂါသမားများကို သွေး ၊ ဆီး နှင့် ဓါတ်မှန်ရိုက်ခြင်း စသည့်များကို ဓါတ်ခွဲစမ်းသပ်လို့ လည်း လုပ်လို့ မရပါဘူး ၊ ဖြစ်နေသော ရောဂါ ရာဇဝင်များကို မေးမြန်ခြင်း စိတ်ပိုင်းဆိုင်ရာများကို သေချာမှတ်တမ်းလုပ်စောင့်ကြည့်ကုသရပါသည် ဘာကြောင့်လည်းဆိုတော့ ဒီလို ရော၈ါအမည်တပ်ခံလိုက်ရရင် သူ့ ရဲ့ ဘဝမှာ အမည်းစက်သဖွယ် ဖြစ်သွားနိုင်လို့  သေချာစိတ်ပိုင်းဆိုင်ရာများကို အထူးအလေးနက်ထား မေးမြန် ကြည့်ရှု့ ခြင်းဖြင့် ကုသရပါတယ် ရောဂါအမည်မှားတပ်မိရင် သူတသက်လို့  ဆေးတွေမလိုအပ်ဘဲ အချိန်ကာလကြာရှည်စွာ သောက်နေရတတ်ပါသည် ။

စိတ်ရောဂါဖြစ်လူနာမှာ ဆိုးနေလာ ရင်ရင်လေးဘဲလား Positive နှင့် Negative လို့  အုပ်စုခွဲလိုက်ပြီး ကုသခြင်း အပိုင်းကို လုပ်ဆောင်ကြရပါသည် ။ ဆေးက ဒီရောဂါကို ပထမဦးဆုံးအကြိမ်အဖြစ် လက္ခဏာတွေပေါ် တယ်ဆိုရင် အနည်းဆုံး(၁)နှစ်တော့ သောက်ခိုင်းရတယ်။
ဒုတိယအကြိမ်အဖြစ်တွေ့ရတယ်ဆိုရင် (၃)နှစ်သောက်ရပါတယ်။
တတိယ အကြိမ်နဲ့ အထက်ဆိုရင်တော့ တစ်သက်လုံးသောက်ဖို့လိုတယ်။
တသက်လုံး သောက်ရမည့်သူ့ အတွက် သောက်ဆေးပမာဏကို တဖြည်းဖြည်းလျှော့ပေးခြင်း လုပ်ပေးရပါတယ်သည် ။

သောက်ခိုင်းသည့်ဆေးဝါးများကိုတော့ သူအချိန်နဲ့သူတော့ မှန်မှန်တိုက်ကျွေးပေးခြင်းများကို အထူးသတိချပ်ထားပြီး မိသားစု အသိုင်းအဝန်းက တိုက်ကျွေးခြင်းကိုတော့ လုပ်ပေးရပါလိမ့်မည် ရောဂါသည်ဘဲ ဖြစ်ချိန်တိုင်းဖြစ်မှာပါ ပျောက်ချိန်တိုင်းကျရင်ပျောက်သွားပါလိမ့်မည် စိတ်ထားကိုတော့ လုံးဝ ထားရှိခြင်းဖြင့် မလုပ်ဆောင်သင့်ကြောင်းကို လေးလေးနက်နက် စိတ်ပိုင်းဆိုင်ရာ ရောဂါများမှ တစိတ်တပိုင်းကို အသိပေးတင်ပြပေးလိုက်ပါသည်
Mg Mandalay

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...