သစ်ထူးလွင် သတင်းစုတစည်းမှု (၃-၈)
သစ်ထူးလွင်
|
- စစ်ကိုင်း ဧမြ၀တီ ရပ်ကွက် ရေ၀င်ရောက်
- သံလွင်မြစ်ရေလျှံ၍ ဘားအံမြို့နေ ၄,၀၀၀ ကျော် ရေဘေးသင့်
- ကချင်တွင် နှစ်ဘက်တပ်များ လူ့အခွင့်အရေးချိုးဖောက်နေဟု ကော်မရှင်ပြော
- ဗုံးခွဲတဲ့ကိစ္စ ကျနော်နဲ့ လုံးဝ ပတ်သက်မှုမရှိဘူး-ဖြိုးဝေအောင်
- သြဂုတ် (၂)ရက်နေ့ ထုတ် PopularNews အတွဲ(၄)၊ အမှတ်(၃၀)
- ရခိုင်ပြည်နယ်တွင် ရဲစခန်း ၃၀ ထပ်မံဖွင့်လှစ်ရန်စီစဉ်
- မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်
းရေး ပါတီစာစောင်အပိတ်ခံရ၊ အာမခံကြေးငွေပါ သိမ်းဆည်း - ဖြိုးဝေအောင်ပြန်လွတ်လာပြီ
- သမ္မတ၏ ရိုဟင်ဂျာ သဘောထားကို ထောက်ခံသူ အချို့ UNHCR တွင် ဆန္ဒထုတ်ဖော်
- နေအိမ်ပေါ်သို့ ကုက္ကိုပင်ပြိုကျ၊ လင်နှင့်မယား တိမ်းပါး
- ၀ါဆိုလပြည့် တရားဟောနေစဉ် သဲချောင်းကို ၀ိုင်းဝန်းတိုက်ခိုက်ရန် ဆူပူလိုသူများ ကြိုးပမ်း
- ကုသိုလ်ဖြစ်အဖွဲ့အစည်း အကူအညီရပ်ဆိုင်းဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရ အမိန့်ချ
- ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ်စက်ရံ
ု(ချောက်) မီးလောင် (သတင်း-ဓါတ်ပုံ) - ဒုတိယ ဗိုလ်ချုပ်ကြီးသိန်းဌေး နှင့် သံတမန်များ စစ်တွေမြို့ ကို သွားရောက်လေ့လာ
- အကျဉ်းကျ ထိုင်း ၉ ဦး လက်နက်တွေ ပိုင်ဆိုင်တယ်လို့ ၀န်ခံ
- ရှော့ရိုက်ငါးဖမ်းခြင်းကြောင့် ဧရာဝတီလင်းပိုင် ပျောက်ကွယ်လု နီးပါးဖြစ်လာ
- ဇူလိုင်လ (၃၀) ရက်နေ့ ထုတ် Popular အတွဲ(၁၆) အမှတ်(၃၀)
- မြန်မာ့သွင်းကုန်ပိတ်ဆို့မှု ဥပဒေသက်တမ်းတိုးဖို့ အမေရိကန်လွှတ်တော် ၂ ရပ် အတည်ပြု
Posted: 03 Aug 2012 07:09 AM PDT
စစ်ကိုင်းမြို့  ဧရာဝတီ မြစ်ကမ်းဘေး ရှိ အနိမ့်ပိုင်းဒေသများတွင် ရေလွှမ်းမိုးမှုဒဏ်ကို တွေ့ကြုံနေရကြောင်း စစ်ကိုင်းမြို့ခံများ၏ ပြောကြားချက်အရ သိရသည်။ နှစ်စဉ် ၀ါဆိုဝါခေါင်လများတွင် ရေလွှမ်းမိုးမှု ဒဏ်တွေ့ကြုံလေ့ရှိသော အဆိုပါ ဒေသတွင် နေထိုင်သူများမှာ အမြင့်ပိုင်း ဒေသရှိ ဘုန်းတော်ကြီးကျောင်းများနှင့် ဘုရားရင်ပြင် ကြားနေရာများတွင် ယာယီ နေထိုင်လျက် ရှိကြကြောင်း ဧမြ၀တီ ရပ်ကွက် ဒေသခံများက သြဂုတ်လ (၃)ရက်နေ့တွင် The Voice Weekly သို့ ပြောကြားသည်။ "သုံးနှစ်တစ်ကြိမ် လောက် ရေတွေလမ်းပေါ် အထိ တက်တယ်၊ ဒီနှစ် တော်သေးတယ် ပြောရမယ်၊ တော်သလင်းလဆန်း လောက်ဆို ရေပြန်ကျသွားပါပြီ" ဟု အဆိုပါ ရေလွှမ်းခံရသော အိမ်ခြေပါ မိသားစု ၀င်တစ်ဦးက ဆိုသည်။ စစ်ကိုင်းမြို့  မင်းဇင် အရပ်နှင့် ဧမြ၀တီ အရပ်တွင် နှစ်စဉ် ရေ၀င်နေကျ အရပ်ဒေသများ ဖြစ်ကြောင်း၊ သို့ သော် ယခုနှစ် ၀ါဆိုဝါခေါင် ရေတက်ချိန်ထိ မင်းဇင်အရပ်သို့ အိမ်မြုပ် နိုင်အထိအောင် ရေတက်ခြင်းမရှိဘဲ ဧမြ၀တီ အရပ်သို့  သာ လူနေတဲများ မြုပ်သည်အထိ ရေတက်လျက် ရှိပါကြောင်း၊ စစ်ကိုင်းတံတားသို့သွားရာ စစ်ကိုင်း-မန္တလေး လမ်းဘေးဝဲယာရှိ စိုက်ပျိုးမြေများနှင့် အမရပူရမြို့ နယ် ရှိ လမ်းဘေးဝဲယာ ဒေသများတွင် ရေလွှမ်းလျက် ရှိကြောင်း မျက်မြင်တွေ့ မြင် ခဲ့ သူ မန္တလေးမြို့ ဒေသခံတစ်ဦးကဆိုသည်။ The Voice Weekly | ||||
Posted: 03 Aug 2012 06:47 AM PDT
ဇူလိုင်လကုန်ပိုင်းမှ စပြီး သံလွင်မြစ်ရေ လျှံတက်ခြင်းကြောင့် ကရင်ပြည်နယ်၊ ဘားအံ မြို့နယ်ရှိ ရပ်ကွက် သုံးခုတွင် ရက်သတ္တ တပတ်ခန့် ရေကြီးလျက် ရှိကာ လူဦးရေ ၄,ဝဝဝ ကျော် ရေဘေးဒဏ် ခံနေရကြောင်း ကယ်ဆယ်ရေးဝန်ထမ်းများက ဆိုသည်။ သောကြာနေ့ ရရှိသည့် စာရင်းအရ ရေဘေးသင့် အိမ်ထောင်စု ၉၃၄ ခု ရှိသော်လည်း သေဆုံးခြင်းနှင့် ထိခိုက်ဒဏ်ရာ ရခြင်း မရှိကြောင်း သိရသည်။ သို့သော် ကလေးငယ်များမှာ ကယ်ဆယ်ရေးစခန်းတွင်ပင် စာသင်နေကြရကြောင်း ရွှေရင်မျှော်ဘုရား ကယ်ဆယ်ရေးစခန်းမှ စေတနာ့ဝန်ထမ်းတဦး ဖြစ်သည့် ဦးနိုင်ထက်အောင် က ပြောသည်။ “ဒီက ရှိတဲ့ ကျောင်းသားတွေကို ဘုရားရင်ပြင်ပေါ်မှာပဲ ဆရာမတွေ ကိုယ်တိုင်က စာလာသင်ပေးပါတယ်။ ဆရာမ ငါးယောက် ခြောက်ယောက်လောက် ရှိမယ်” ဟု သူက ပြောသည်။ ရေဘေး ကယ်ဆယ်ရေးစခန်း ၇ ခု ဖွင့်လှစ်ထားပြီး၊ မီးသတ်၊ ကြက်ခြေနီ၊ ကျန်းမာရေးဝန်ထမ်းနှင့် စေတနာ့ ဝန်ထမ်း များက ကူညီစောင့်ရှောက်ပေးလျက် ရှိကာ ကရင်ပြည်နယ် အစိုးရအဖွဲ့နှင့် စေတနာရှင်များက အဝတ်အထည်နှင့် စားသောက်ဖွယ်ရာများ နေ့စဉ် လာရောက် လှူဒါန်းလျက် ရှိသည်ဟု သူက ပြောသည်။ ဘားအံမြို့သည် ပျမ်းမျှအားဖြင့် ၃ နှစ် တကြိမ်ခန့် ရေကြီးလေ့ ရှိပြီး၊ ရေကြီးတိုင်းတွင် ဘားအံမြို့ကို နှစ်ပိုင်း ပိုင်းလိုက် သကဲ့သို့ ဖြစ်ကာ အဆိုးဆုံးနှစ်များတွင် လှေဖြင့် ကူးလူးသွားလာရသည်လည်း ရှိသည်ဟု ဒေသခံများက ပြောသည်။ သံလွင်မြစ်ရေ လျှံတက်ခြင်းကြောင့်သာ ဘားအံမြို့ ရေကြီးလေ့ရှိပြီး မြစ်ရေ လျှံတက်ခြင်းကို ကာကွယ်ရန် အစိုးရ အနေနှင့် မလုပ်ဆောင်နိုင်သေးကြောင်း “ကျမ သိတတ်တဲ့ အရွယ်ကတည်းက သုံးနှစ်တကြိမ်လောက် ရေကြီးနေမြဲပဲ။ ဒီလို ကာကွယ်ဖို့ မလုပ်နိုင်သေးလို့လည်း ခုထိ ကြီးနေတာပဲ” ဟု အထက်ပါ အမှတ် ၈ ရပ်ကွက်သူ တဦးက ပြော သည်။ ဇူလိုင်လ ၂၉ ရက်နေ့ မွန်းလွဲပိုင်း တိုင်းထွာချက်အရ သံလွင်မြစ်ရေသည် ဘားအံမြို့တွင် ၇၈ဝ စင်တီမီတာသို့ ရောက် ရှိကာ စိုးရိမ်ရေမှတ်ထက် ၃ဝ စင်တီမီတာ (၁ ပေခန့်) ကျော်လွန်ခဲ့ပြီး ၃ဝ ရက်နေ့တွင် ၈၂၃ စင်တီမီတာ၊ ၃၁ ရက်နေ့ တွင် ၈၄၇ စင်တီမီတာ၊ သြဂုတ်လ ၁ ရက်နေ့တွင် ၈၇ဝ စင်တီမီတာသို့ နေစဉ် မြင့်တက်ကာ အနိမ့်ပိုင်း ရပ်ကွက်များ ဖြစ်သည့် ရပ်ကွက် ၁၊ ရပ်ကွက် ၂၊ ရပ်ကွက် ၅ ရှိ အိမ်ထောင်စု ၇၈၇ စုမှ လူဦးရေ ၄,၁၇၇ ဦး ရေဘေးသင့်ခဲ့ကြရ သည်။ ကွန်းချမ်း | စံခလပူရီ (မဇ္ဈိမ) ။ ။ | ||||
Posted: 03 Aug 2012 05:22 AM PDT
ကချင်ပြည်နယ်အတွင်း နှစ်ဘက်လက်နက်ကိုင်တပ်တွေအနေနဲ့ ဒေသခံ ပြည်သူလူထုအပေါ် လူ့အခွင့်အရေးချိုးဖောက်နေကြတယ်
ဦး စစ် မြိုင်
ဇူလိုင် ၂၃ ရက်ကနေ ၂၇ ရက်အထိ ကချင်ပြည်နယ်ထဲ သွားရောက်လေ့လာ စုံစမ်းခဲ့ပြီးတဲ့နောက် တွေ့ရှိချက်တွေကို ကော်မရှင်အတွင်းရေးမှူး ဦးစစ်မြိုင်က ခုလို ထုတ်ဖော်ပြောဆိုလိုက်တာ ဖြစ်ပါတယ်။
“ကျနော် အထူးပြောချင်တာက လက်နက်ကိုင်တွေအနေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိတယ်ဗျ။ တိုင်ကြားချက်တွေ အပေါ်ကနေပေါ့။ ဒါတွေကို ကျနော်တို့က ရပ်တန့်စေချင်တယ်။ နှစ်ဖက်စလုံးပါ။”
ကော်မရှင်ထံတိုင်ကြားထားတဲ့ အမှုအရေအတွက်ကို ထုတ်ဖော်ပြောဆို ဖို့တော့ သူက ငြင်းဆိုပါတယ်။
အစိုးရကဖမ်းဆီးပြီး နှိပ်စက်ခံနေရတဲ့ ဦးဘရန်ရှောင်ကို သွားတွေ့ခဲ့ပုံကိုလည်း သူက ခုလို ပြောပါတယ်။
“ကျနော်တို့ မူလသွားတုန်းက ဦးဘရန်ရှောင်ကို တွေ့ဖို့ မပါဘူး။ ဟိုမှာ ကြားသိတဲ့အတွက် သွားတွေ့တဲ့အခါ ဥပဒေအရ ဆောင်ရွက်တာ ကောင်းပါတယ်။ သို့သော် ညှဉ်းပန်းနှိပ်စက်တာတော့ မလုပ်ပါနဲ့လို့။ ကျနော်တို့က သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ တိုက်တွန်းခဲ့ပါတယ်။”
မြန်မာ့လူ့အခွင့်အရေးကော်မရှင်
စခန်းတွေရဲ့ အနေအထားဟာ အချိန်ကြာလာတာနဲ့အမျှ လိုအပ်ချက်တွေ ရှိလာတာကို တွေ့ရပြီး အဲဒီလိုအပ်ချက်တွေကိုလည်း သက်ဆိုင်ရာထံ အသိပေးခဲ့ကြတယ်လို့ ဆိုပါတယ်။
သူတို့ ကြည့်ရှုခဲ့တဲ့ ဒုက္ခသည်စခန်းတွေမှာ စားနပ်ရိက္ခာလုံလောက်ပေမယ့် ဆေးဝါးလိုအပ်နေတယ်လို့ ဦးစစ်မြိုင်က ပြောပါတယ်။
“လိုအပ်ချက် အဓိကတော့ မိုးတွင်းဖြစ်တော့ အအေးမိ၊ နှာစေးမယ်၊ တုပ်ကွေး ဖြစ်မယ်။ ၀မ်းလျှောမယ်။ ငှက်ဖျားရှိမယ်။ အဲဒီဆေးတွေ အဓိက ပံ့ပိုးပေးဖို့ပါ။ နောက်တခုက ယူအန်အိပ်ခ်ျစီအာက လိုအပ်တဲ့နေရာတွေမှာ အဆောက်အဦတွေ ဆောက်ပေးနေပါတယ်။ အဲဒါလေးတွေ ရလာရင်တော့ စခန်းတွေအနေနဲ့ အတော်အသင့် နေသာထိုင်သာ ဖြစ်သွားမှာပါ။”
အပစ်အခတ်ရပ်ပြီး ငြိမ်းချမ်းရေးဖော်ဆောင်ကြဖို့ ကော်မရှင် အတွင်းရေးမှူးက တိုက်တွန်းလိုက်ပြီး ကချင်အရေးနဲ့ ပတ်သက်တဲ့ ကော်မရှင်ရဲ့အစီရင်ခံစာလည်း မကြာခင်ထုတ်ပြန်မယ်လို့ ပြောပါတယ်။
နှစ်ဘက်တပ်တွေဟာ ဒေသခံပြည်သူတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု လုပ်ရပ်တွေ ရှိတယ် ဆိုတဲ့အပေါ် ကချင်သတင်းဌာန အယ်ဒီတာ ကိုနော်ဒင်းက ခုလို သုံးသပ်ပြောကြားပါတယ်။
“ပြီးခဲ့တဲ့ ဩဂုတ်လမှာ ပူတာအိုနားမှာ ကေအိုင်အေ တပ်ရင်း ၇ ကနေ ဒေသခံရွာတချို့ကို မီးရှို့တယ်ဆိုတာမျိုးလည်း သတင်းထွက်လာတယ်။ အဲဒါလည်း သူတို့ သေချာစုံစမ်းပြီးမှ သက်ဆိုင်တဲ့ တပ်ရင်း ၇ က တပ်ရင်းမှူးကို သူတို့ အရေးယူတယ်။ ရာထူးချလိုက်တယ်ဆိုတာမျိုးတွေ ကျနော်တို့ ကြားရတဲ့ အပိုင်းရှိတယ်။ ကေအိုင်အေ ဘက်ကတော့ accident ပုံစံပေါ့ မတော်တဆပေါ့။ ဟိုက ညွှန်ကြားမှု မပါဘဲနဲ့ တပ်ဖွဲ့ဝင်တွေက ချိုးဖောက်မှုတွေ ရှိရင်လည်း တကယ်စစ်ဆေးပြီးမှ အရေးယူတဲ့ အပိုင်းတွေ ရှိတာကို တွေ့ရတယ်။ အစိုးရကတော့ စနစ်တကျနဲ့ ချိုးဖောက်နေတဲ့ဆိုတဲ့အပိုင်း..
ကေအိုင်အို ဒုက္ခသည်ရေးရာကော်မတီရဲ့ နောက်ဆုံးထုတ်ပြန်တဲ့စာရင်းအရ ကချင်ပြည်နယ်အတွင်း ဒုက္ခသည် ၈ သောင်းကျော်ရှိပြီး၊ ကေအိုင်အေ နယ်မြေထဲမှာ ဒုက္ခသည်စခန်း ၅၀ ကျော်နဲ့ လူဦးရေ ၆ သောင်းကျော် ရှိနေပါတယ်။
အစိုးရတပ်နဲ့ ကေအိုင်အေတပ်တွေဟာ မနှစ်ဇွန်လကတည်းက တိုက်ပွဲတွေ ပြန်ဖြစ်နေပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ အကြိမ်ကြိမ်ကျင်းပပေမယ့် အောင်မြင်မှုမရသေးဘဲ ဖြစ်နေပါတယ်။
| ||||
Posted: 03 Aug 2012 05:20 AM PDT
ပြီးခဲ့တဲ့ ၂၀၁၀ ခုနှစ် ရန်ကုန်သင်္ကြန်မဏ္ဍပ် ဗုံးခွဲမှုနဲ့ စွပ်စွဲခံရပြီး သေဒဏ်ချမှတ်ခံရသူ နိုင်ငံရေးအကျဉ်းသား ကိုဖြိုးဝေအောင်ကို ဒီနေ့မှာပဲ ပုဒ်မ ၄၀၁ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွှတ်ပေးလိုက်တယ်။ ကိုဖြိုး ဝေ အောင် လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာတဲ့ ကိုဖြိုးဝေအောင်ရဲ့ အမှုတွေ၊ ထောင်တွင်း အတွေ့အကြုံတချို့နဲ့ ပတ်သက်ပြီး ဆက်သွယ်မေးမြန်းထားပါတယ်။ ၂၀၁၀ တုန်းက သင်္ကြန်ဗုံးပေါက်ကွဲမှုနဲ့ ဖမ်းထားပြီးတော့ နောက်ဆုံး သေဒဏ်အထိချမှတ်ထားတဲ့အပေါ်မှာ ဒီအမှုတွေနဲ့ ပတ်သက်ပြီး ကိုဖြိုးဝေအောင် ဘာပြောချင်ပါလဲ။ “ဒီအမှုတွေနဲ့ ပတ်သက်ပြီး ကျနော်ဖြေရှင်းမှာပါ။ X2O ဗုံးပေါက်ကွဲမှုနဲ့ ဖြိုးဝေအောင် ပတ်သက်လား၊ မပတ်သက်လားဆိုတာကို သတင်းစာရှင်းလင်းပွဲ လုပ်သွားဖို့ရှိပါတယ်။ ဒီ ၁ လ ၂ လအတွင်း၊ ကျနော့်မှာရှိတဲ့ တရားဝင် အမှုတွဲရဲ့ တရားလို သက်သေခံချက်တွေနဲ့ ကျနော်ပြသွားမှာပါ။ ဖြိုးဝေအောင် ဒီဗုံးကို တကယ်ခွဲလား မခွဲလားဆိုတာကို ရှင်းသွားမှာပါ။” ဒီအမှုမှာ တကယ်ပဲ ကိုဖြိုးဝေအောင်နဲ့ ပတ်သက်မှုရှိလား။ “ကျနော်နဲ့ လုံးဝ ပတ်သက်မှုမရှိပါဘူး။” ကိုဖြိုးဝေအောင်ကို အများကြီးချုပ်နှောင်ခဲ့တယ်။ ရောဂါတွေလည်း ဆိုးဆိုးဝါးဝါးခံစားခဲ့ရတယ်။ ဒီအပေါ်မှာရော ထောင်အာဏာပိုင်တွေနဲ့ ပတ်သက်ပြီး ဘာများ ပြောချင်ပါလဲ။ “သူတို့နဲ့ ပတ်သက်ပြီးတော့ ကျနော်လည်း မကြာ မကြာပြောပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှုပေါ့။ ကျနော့်လိုမျိုး နောက်နောင် ဘယ်သူမှမဖြစ်ဖို့အတွက် အပြုသဘောဆောင်တဲ့ အကြံဥာဏ်တွေ တတ်နိုင်မျှ လူတွေကို ပြောပြပေးသွားမယ့် အစီအစဉ်ရှိပါတယ်။” အစိုးရက ၄၀၁ နဲ့ လွှတ်ပေးလိုက်တယ်ဆိုတော့ ဒီပုဒ်မဟာလည်း တကယ်ပဲပြစ်မှုကျူးလွန်သူတွေကို လွတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့သေ “အယူခံဝင်ဖို့တော့ ရှိတယ်။ ၁၄ ရက်နေ့ နေပြည်တော်မှာ။” တရားဥပဒေအရ လွတ်လွတ်လပ်လပ် ရင်ဆိုင်ခွင့်ရခဲ့ပါလား။ “လုံးဝမရခဲ့ဘူးဗျ။ တရားရုံးမှာ တိတိကျကျ မြန်မာလို ရှင်းရှင်းလင်းရေးထားတဲ့ တချို့အခွင့်အရေးတွေတောင် ကျနော်မရခဲ့ဘူး။ ” ထိန်းသိမ်းခံရတုန်းက ဘယ်လိုမျိုး စစ်ဆေးမှုတွေ ခံရလဲ။ “ကျနော့်ကို အောင်သပြေ စစ်ကြောရေးမှာ နည်းမျိုးစုံနဲ့ နှိပ်စက်ပါတယ်။ အဓိကတော့ ဘေးမှာ ရိုက်တာဗျ။ ၀န်ခံမလား။ ၀န်မခံရင်ရိုက်တယ်။ နောက်တော့ ၀န်ခံလည်းရိုက်တယ်။ မ၀န်ခံလည်းရိုက်တယ်။” ဒီအမှုနဲ့ ပတ်သက်မှု မရှိဘူးလို့ တရားရုံးမှာ ထွက်ဆိုခွင့်ရခဲ့လား။ “ကျနော်ကိုယ်တိုင် တရားခံပြသက်သေထွက်တယ်။ ဒီအမှု ၄ မှုစာအတွက် ပေါင်းထွက်တယ်။ ရှေ့နေနဲ့ မပါဘဲ။ ကျနော်ကိုယ်တိုင် ထွက်ချက်ပေးတယ်။ ၆ ချိန်း ထွက်ခဲ့ရတယ်။ အဲဒါမပြီးသေးဘဲနဲ့ တရားသူကြီးက အတင်းရပ်ပစ်လိုက်တယ်။ တကယ်တမ်းတော့ ကျနော့်မှာ ထွက်ဆိုစရာတွေ အများကြီးပဲ။ ရှင်းရှင်းပြောရရင် ခုခံချေပမယ့် စကားတောင် ကျနော်မပြောခဲ့ရဘူး။” တကယ်ပဲ ဒီအမှုကို မကျူးလွန်ခဲ့ဘူးဆိုရင် ထင်ရှားတဲ့သက်သေအနေနဲ့ ပြောရမယ်ဆိုရင် အစ်ကို့အနေနဲ့ ဘာပြောချင်လဲ။ “သတင်းစာရှင်းလင်းပွဲမှာ ကျနော့်သက်သေနဲ့ ကျနော်ပြမယ်။ ကျနော့်အမှုတွဲမှာရှိတဲ့ တရားလိုပြ သက်သေခံ အထောက်အထားတွေနဲ့ ဖြိုးဝေအောင် X2O ဗုံးမခွဲဘူးဆိုတဲ့ သက်သေပြမှာပါ။” အဖမ်းအဆီးခံရတဲ့အတွက် အစ်ကို့ရဲ မိသားစုဘ၀ ဘယ်လို ဂယက်တွေ ခံခဲ့ရလဲ။ “အများကြီးပေါ့ဗျာ။ ပွင့်ပွင့်လင်းလင်း ပြောရရင် ကျနော်က သာမာန် အင်ဂျင်နီယာတယောက်ပါ။ နိုင်ငံရေးသမားတယောက် မဟုတ်ပါဘူး။ ကန်ထရိုက်တာ တယောက်ပါ။ ကိုယ့်စီးပွားရေးနဲ့ကိုယ် ကောင်းကောင်းမွန်မွန် နေတယ်။ ကျနော့်ဘ၀အတွက်တော့ ဒါက ပထမဦးဆုံး ဆိုးဆိုးရွားရွား အတွေ့အကြုံပဲ။” ဗုံးခွဲမှုမှာ ပတ်သက်မှု မရှိဘဲနဲ့ ဘာကြောင့် တရားစွဲခံရတယ် ထင်လဲ။ “ကျနော့်အထင် တင်တဲ့သက်သေအရ ဗုံးခွဲတယ်လို့ ယူဆရတဲ့ တယောက်ပေါ့။ အဲဒီသူက ကျနော့်သူငယ်ချင်းတယောက် သွားဖြစ်နေတယ်။ သူလည်း အင်ဂျင်နီယာတယောက်ပဲ။ သူနဲ့ကျနော် ၄-၅-၆ နှစ်လောက် အတူ အလုပ်တွေ တွဲလုပ်ဖူးတယ်။ ဗုံးခွဲတာက ဧပြီလပေါ့နော်။ ဇန်န၀ါရီလထဲမှာ သူက ရန်ကုန်လာဖူးတယ်။ ကျနော်နဲ့သူနဲ့ ဆုံတွေ့တယ်။ စကားပြောတယ်။ အဓိကတော့ ကျနော့်ကို လာဖမ်းတာ မဟုတ်ဘူး။ တယ်လီဖုန်းနဲ့ပတ်သက်ပြီး မေးချင်လို့ဆိုပြီးတော့ လာခေါ်တာ။ ပထမပိုင်းက ကျနော့်ကို သံသယမရှိဘူး။ ရိုးရိုးတန်းတန်း စစ်တာ။ နောက်ပိုင်း တရားခံပြေးတွေ အကုန်လုံး မရှိတော့ဘူး။ ပြေးကုန်ပြီဆိုမှ ကျနော့်ကို ထိုးချလိုက်တာ။ အခုလက်ရှိ အနေအထားအရ ဗုံးခွဲတယ်လို့ ယူဆရသူ တယောက်ဟာ ကျနော့်သူငယ်ချင်း ဖြစ်နေတဲ့အတွက် ကျနော်သည် သူနဲ့ ပတ်သက်တဲ့ တယောက်တည်းသော ကျန်ခဲ့တဲ့သူ ဖြစ်နေတယ်။ အဲဒါကြောင့် ကျနော် အဖမ်းခံရတာပဲ။” ဆိုတော့ ဒီနေ့မှာပဲ လွတ်ငြိမ်းချမ်းသာခွင့် လွှတ်ပေးလိုက်တယ်ဆိုတာ ဘာကြောင့်လို့ ထင်လဲ။ “အဲဒါကတော့ မစ္စတာကင်တားနားကလည်း တောင်းဆိုတယ်။ အဖွဲ့အစည်းတွေကလည်း တောင်းဆိုတယ်။ ကျနော့်ကျန်းမာရေးကလည်း တော်တော်ဆိုးတော့ အဲဒါတွေ ဆုံပြီး ကျနော့်ကို လွှတ်ပေးတယ်လို့ ထင်တယ်။” လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာတဲ့ ကိုဖြိုးဝေအောင်ဟာ ကင်ဆာရောဂါကြောင့် ဆေးရုံမှာ ကုသမှုခံယူနေရပါတယ်။ by နော်နိုရင်း DVB | ||||
Posted: 03 Aug 2012 05:10 AM PDT
| ||||
Posted: 03 Aug 2012 05:06 AM PDT
ရန်ကုန် သြဂုတ်လ ၃ ရက်
ရခိုင်ပြည်နယ်တွင် ရဲစခန်း ၃၀ ကိုထပ်မံဖွင့်လှစ်သွားရန် ပြည်ထဲရေးဝန်ကြီးဌာနက စီမံဆောင်ရွက်လျက်ရှိနေကြောင်း ရခိုင်ပြည်နယ်တွင် လက်ရှိ ရဲစခန်း ၇၅ ခုရှိပြီး ရဲစခန်းများထဲမှ စခန်း၈ခုကို အဆင့်မြှင့်မည်ဟု ပြည်ထဲရေးဝန်ကြီးဌာနမှ သိရသည်။ ထို့အပြင် မောင်တောခရိုင်ကို ဖွဲ့စည်းပုံအင်အား အပြည့်ခန့်အပ်သွားနိုင်ရန် စီစဉ်နေပြီး ၊အုပ်ချုပ်ရေးတံတိုင်းအဖြစ်ဌာ Popular Myanmar News Journal | ||||
Posted: 03 Aug 2012 05:04 AM PDT
၊ပြည်တွင်းပြည်ပမီဒီယာများသိေ မတူကွဲပြားခြင်းနှင့်ငြိမ်းချမ် ဒိုင်ဗားစတီး စာစဉ် အမှတ်(၁၉) ၂၅.၇.၂၀၁၂ ရက်နေ့ထုတ် အား ပြည်ထောင်စုမြန်မာနိုင်ငံအစိုး ပုံနှိပ်သူများ၊ထုတ်ဝေသူများ မှတ်ပုံတင်နှင့်စာပေစိစစ်ဖြန့် ချိရေး လုပ်ငန်းကြီးကြပ်မှုဗဟိုအဖွဲ့ အမိန့်အမှတ် (၁/၂၀၁၂)ဖြင့် အရေးယူကြောင်း၊အပိုဒ်(၄)ပိုဒ် ပါရှိပြီး အပိုဒ်(၂)ပါန/သ ၀၆၈ ဖြငိ့ ပုံနှိပ်ထုတ်ဝေသော၂၀၁၂ ခုနှစ်၊ဇူလိုင်လ (၂၅)ရက်နေ့ထုတ် ဒိုင်ဗားစတီး(Diversity)စာစဉ် (၁၉)တွင် နိုင်ငံရေးပါတီနှင့် သက်ဆိုင်ခြင်းမရှိသော အကြောင်းအရာများကို ရေးသားထည့်သွင်းဖော်ပြခဲ့ကြောင် အဖြစ်သိမ်းဆည်းလိုက်သည် ဟုဖော်ပြထားပါသည်။ အာမခံငွေအားသိမ်း ဆည်းခံရသဖြင့် ပါတီမှစာစဉ်ဆက်လက်ထုတ်ဝေနိုင် ငွေလိုအပ်သွားပါသည်၊သို့ပါသဖြင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှ သားများနှငိ့အတူဆက်လက်ပြီးဥပေ လုပ်ဆောင်သွားမည်ဖြစ်ကြောင်ြးေ ပါတီ၏လွှဲအပ်ချက်အရ ဦးတင်မောင်အေး အထွေထွေအတွင်းရေးမှူး မတူကွဲပြားခြင်းနှင့်ငြိမ်းချ | ||||
Posted: 03 Aug 2012 04:46 AM PDT
ယနေ့ တွင် X2O ဗုံးပေါက်ကွဲမှုဖြင့်စွပ်စွဲထော
ကိုဖြိုးဝေအောင်မလွတ်မှီအင်းစိ Hot News သတင်းအဖွဲ့  | ||||
Posted: 03 Aug 2012 04:39 AM PDT
နိုင်ငံတော် သမ္မတကြီး၏ အဆိုပြုချက်ဖြစ်သော ရိုဟင်ဂျာအရေး နှင့်ပတ်သက်သည့် သဘောထား ထုတ်ပြန်ချက် ကို ထောက်ခံသော ပြည်သူ ၂၀ခန့်သည်ပြည်လမ်း စမ်းချောင်းမြို့နယ်ရှိ
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ရှေ့တွင် ဆန္ဒဖော်ထုတ်ခဲ့ ကြကြောင်း အဆိုပါ ဆန္ဒဖော်ထုတ်မှုတွင် ပါဝင်လှုပ်ရှားသူ တစ်ဦးဖြစ်သူ ဦးအောင်နိုင်ထွန်းက---- သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||||
Posted: 02 Aug 2012 11:08 PM PDT
ဇူလိုင်လ ၂၉ ရက်နေ့ ညပိုင်းက ဧရာဝတီတိုင်း ဒေသကြီး၊ ကျုံပျော်မြို့နယ်၊ ၉-ရပ်ကွက် အတွင်းရှိ နေအိမ် တစ်ခုပေါ်သို့ ကုက္ကိုပင် လဲပြိုကျမှုကြောင့် အဆိုပါနေအိမ် အတွင်း အိပ်ပျော်နေသော လင်မယားနှစ်ဦး သစ်ပင်ပိ၍ သေဆုံးခဲ့ကြောင်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီး ဌာနမှ--
သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||||
Posted: 02 Aug 2012 09:36 PM PDT
ဒီကနေ့ ၀ါဆိုလပြည့်နေ့ ညနေဘက် စစ်တွေမြို့နယ် သဲချောင်းကျေးရွာမှာ ဆရာတော် တရားဟောနေစဉ် အနီးအနားက ဆူပူလိုသူ မွတ်ဆလင် ၂၀၀ ကျော်ခန့်ဟာ တုတ်ဓါးတွေနဲ့ တိုက်ခိုက်ရန် ၀ိုင်းဝန်းလာခဲ့တယ်လို့ သိရပါတယ်။
အခုလို ၀ိုင်းဝန်းလာတဲ့ အတွက် အနီးအနားက စစ်တပ်ကို ဖုံးနဲ့ အကြောင်းကြားလိုက်တဲ့ အတွက် တပ်ရင်းမှူးကိုယ်တိုင် ကားတွေနဲ့ လာပြီး တားဆီးခဲ့ရတယ်လို့ ဆိုပါတယ်။ “ ညနေ ၅ နာရီကျော် ဆရာတော် တရားဟောလို့ မပီးတပီးမှာ ဖြစ်တာပါ။ စစ်တပ်က ရောက်လာတဲ့ အတွက် လူစုကွဲပြီး ဘင်္ဂလီတွေ ၀င်ပြေးသွားကြပါတယ်။ အခု စစ်တပ်နဲ့ လုံထိန်းတွေ ရွာထဲကို လိုက်သွားပါတယ်” ဟု သဲချောင်း ကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောသည်။ အခုအခါမှာတော့ အခြေအနေ အေးဆေး ငြိမ်သက်သွားပြီလို့ ပြောပါတယ်။ ဒါပေမယ့် စိတ်ချရတဲ့ အနေအထားတော့ မရှိသေးဘူးလို့ ဒေသခံတွေက ဆိုပါတယ်။ နိရဉ္စရာ သတင်းဌာန | ||||
Posted: 02 Aug 2012 09:32 PM PDT
မြန်မာနိုင်ငံဘက်က နယ်စပ်ဖြတ်ကျော် ထွက်ပြေးလာတဲ့ Rohingya မွတ်စလင် ဒုက္ခသည်တွေကို ကူညီထောက်ပံ့နေတဲ့ နိုင်ငံတကာ ကုသိုလ်ဖြစ် အဖွဲ့အစည်း သုံးခုကို အကူအညီတွေ ရပ်ဆိုင်းဖို့ ဘင်္ဂလားဒေ့ရှ် အစိုးရက အမိန့်ချမှတ် လိုက်ပါတယ်။
အဲဒီအဖွဲ့တွေကတော့ ပြင်သစ်အခြေစိုက် MSF နယ်စည်းမခြား ဆရာဝန်များအဖွဲ့၊ ACF ခေါ် ငတ်မွတ်ခေါင်းပါးမှု --- သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||||
Posted: 02 Aug 2012 09:22 PM PDT
နေပြည်တော် သြဂုတ် ၂ စက်မှုဝန်ကြီးဌာန စက္ကူနှင့် အိမ်သုံးပစ္စည်းလုပ်ငန်း ဟိုက်ဒရိုဂျင်ပါအောက် ဆိုဒ်စက်ရုံ (ချောက်)၌ သဘာဝဓာတ်ငွေ့ကိုအသုံးပြုလျက် ပုံမှန်ထုတ်လုပ်မှု လုပ်ငန်းဆောင်ရွက်စဉ် ယနေ့မွန်းလွဲ ၁၂ နာရီ မိနစ် ၅ဝ ခန့်တွင် Main Unit ရှိ Oxidation Tower မှ ပုံမှန် မဟုတ်သော ထူးခြားသည့် အသံများ ပေါ်ထွက် လာပြီးနောက် ဟိုက်ဒရိုဂျင်ပါဝင်သော ဓာတုအရည် Working Solution များ အောက်သို့စီးကျလာပြီး ပေါက်ကွဲမှုသုံးကြိမ် ဖြစ်ပေါ်ကာ----
သတင်းအပြည့်အစုံနှင့် ဓါတ်ပုံများ ကြည့်ရှုရန် ဒီနေရာကိုနှိပ်ပါ | ||||
Posted: 02 Aug 2012 09:11 PM PDT
နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာ့စက်မှုဖွံ့ဖြိုးရေးဝန်ကြီ | ||||
Posted: 02 Aug 2012 08:03 PM PDT
မြန်မာနိုင်ငံထဲမှာ ဖမ်းဆီးမိထားတဲ့ ထိုင်း ၉၂ ယောက်အနက် ၉ ယောက်က လက်နက်တွေ ပိုင်ဆိုင်တယ်လို့ ၀န်ခံတဲ့အကြောင်း စစ်ဘက် သတင်းရပ်ကွက်က ပြောကြားခဲ့ကြောင်း ထိုင်းနိုင်ငံထုတ် Tha Nation သတင်းစာမှာ ဖော်ပြထားပါတယ်။
စုံစမ်းစစ်ဆေးရေး အဖွဲ့သစ်က နှစ်ရက်ကြာ စစ်ကြောရေး ၀င်ပြီးတဲ့နောက်----
| ||||
Posted: 02 Aug 2012 08:47 PM PDT
"လျှပ်စစ်ရှော့ တိုက်ငါးဖမ်း တာက အဓိက လင်းပိုင်တွေရဲ့ အစာရင်းမြစ်ကို ထိခိုက်စေတယ်။ ရှိတာကလည်း အကောင်ရေ ၁၀၀ အောက်ဆိုတော့ တစ်နှစ်ကို အရွယ်ရောက်ပြီး အမ တစ်ကောင်ပဲ သေမယ် ဆိုရင်တောင် နောက်ဆယ်နှစ် အတွင်း မျိုးပြုတ်သွား နိုင် တယ်။ သူတို့ရဲ့ သားပေါက်နှုန်းက လည်း သုံးနှစ်မှ တစ်ကြိမ် သားပေါက်တာ၊ အရွယ်ရောက်နှုန်းကလည်း နှေးတယ်"----
ဆောင်းပါး အပြည့်အစုံ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ
| ||||
Posted: 02 Aug 2012 07:29 PM PDT
Popular Journal အား PDF File ဖြင့် Download ရယူရန်နှင့် ဖတ်ရှုလိုသူ ပရိတ်သတ်များအတွက်...... ဇူလိုင်လ (၃၀) ရက်နေ့ ထုတ် Popular အတွဲ(၁၆) အမှတ်(၃၀)
ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ | ||||
Posted: 02 Aug 2012 06:47 PM PDT
၂၀၀၃ ခုနှစ်က ချမှတ်ခဲ့တဲ့ မြန်မာနိုင်ငံကနေ သွင်းကုန်ပိတ်ဆို့မှု ဥပဒေကို အမေရိကန် အထက်နဲ့ အောက် လွှတ်တော် နှစ်ရပ်စလုံးကနေ မနေ့က သက်တမ်း တစ်နှစ် ထပ်တိုးလိုက်ပါ တယ်။ မြန်မာနိုင်ငံတွင်း ပြောင်းလဲမှုတွေ အပေါ် အသိအမှတ်ပြုပေမဲ့ အပြောင်းအလဲတွေ ထပ်ဖြစ်လာဖို့ မျှော်လင့်ပြီး ဒီ ဥပဒေ ကြမ်းထဲမှာ အမေရိကန် သမ္မတရဲ့ လျှော့ပေါ့ပေးနိုင်တဲ့ လုပ်ပိုင်ခွင့်တွေ ထည့်သွင်းပေးထားတယ်လို့ ဒီ ဥပဒေ သက်တမ်းတိုးရေး အဆိုတင်သွင်းတဲ့ ဥပဒေပြု အမတ်တွေက ပြောပါတယ်။ ဒါနဲ့ပတ်သက်လို့တော့ ကိုသားညွန့်ဦးက အကြောင်းစုံ တင်ပြပေးထားပါတယ်။
အခုလို ၂၀၀၃ ခုနှစ် မြန်မာနိုင်ငံနဲ့ပတ်သက်လို့ သွင်းကုန်ပိတ်ဆို့မှု ဥပဒေကို လွှတ်တော် နှစ်ရပ်စလုံး သက်တမ်း တိုးလိုက်တဲ့အပေါ် မြန်မာ့ဒီမိုကရေစီရေးနဲ့ ပတ်သက်ပြီး အလေးပေးဆောင်ရွက်ကြတဲ့ လွှတ်တော် အမတ်တွေက ကြိုဆိုလိုက်ကြပါတယ်။ ဒီဥပဒေထဲမှာပဲ သမ္မတ အာဏာနဲ့ လျှော့ပေါ့ ပေးနိုင်တဲ့ လုပ်ပိုင်ခွင့် ကိုလည်း ထည့်သွင်းထားပါတယ်။ ဒါကြောင့် အရေးယူမှု ဥပဒေ သက်တမ်း တိုးလို |
0 comments:
Post a Comment