Saturday, March 17, 2012

ဒေါင်းလုပ်မန်နေဂျာနဲ့ဆွဲချလို့မရတဲ့ ဆိုက်စာမျက်နှာပေါ်က( web page ) ရှိသမျှ Flash တွေအကုန် ဒေါင်းမယ်

ဒါလေးကတော့ ကျနော်အွန်လိုင်းစတက်ဘူး ကတည်းက သုံးခဲ့တာဆိုတော့ကြာပြီဆိုပါတော့
(အခုတော့ ငတက်ပြား ဖြစ်နေလို့ဒါတွေလိုတော့ဘူးလေ...ဟီးးးး)
ကိုယ်ကြိုက်တဲ့ ရုပ်ရှင် သီချင်း တွေကို အွန်လိုင်းပေါ်ကနေ ဆွဲချဖို့ရာ လူကြိုက်အများဆုံး အထောက်ကူပြု
ဆော့ဝဲကတော့ ဒေါင်းလုပ်မန်နေဂျာပေါ့ဗျာ သူ့ ရဲ့ အားသာချက်ကတော့ ရုပ်ရှင်သီချင်းတွေကို
အွန်လိုင်းပေါ်ကနေဆွဲချရာမှာ ရုပ်ရှင်သီချင်းတွေကို အပိုင်းလိုက်ဖြတ်ချလိုက်ပြီး ဖြတ်လို့ရသမျှ အပိုင်း
တွေအားလုံးကို တစ်ခါတည်းဆွဲချပေးတော့ အရမ်းမြန်ဆန်လွယ်ကူတာပေါ့ဗျာ
အဲတစ်ချို့ဆိုက်တွေကျတော့လည်း ဒီ ဒေါင်းလုပ်မန်နေဂျာ ဆော့ဝဲ Run ထားတဲ့ ကွန်ပြူတာဆိုရင်
ဒေါင်းလုပ်မပေးတော့ဘူး ဒေါင်းလုပ်မန်နေဂျာကို ပိတ်ပစ်ပြီး ရိုးရိုးဒေါင်းမှရတယ်
အဲ....ဒေါင်းလုပ်မန်နေဂျာ ရဲ့ အဓိကအားနည်းချက်ကတော့ .swf ဖိုင်တွေဖြစ်တဲ့ Flash တွေမှာလုံးဝ
အလုပ်မလုပ်တာပဲ
ဒါကိုသိထားတဲ့ မီဒီယာ ရုပ်ရှင်ဆိုက် အချို့က သူတို့ရဲ့ ရုပ်ရှင်တွေကို Flash အဖြစ်ပြောင်းပြီး
ဆိုက်တွေပေါ်တင်ထားကြတယ်။




ခုကျနော်တို့သုံးနေတဲ့ Ning မြန်မာဆိုရှယ်ဆိုက်တွေကလည်း .swf ဖိုင်ဖြစ်တဲ့ Flash တွေကိုသာလက်ခံပြီး
ကျန် ၇ှပ်ရှင် သီချင်း ဖိုင်တွေကို လင့်ချိတ်ပြီး ရှယ်ယူမှ သာ အသုံးပြုလို့ရတာပါ
ဒီတော့ မြန်မာဆိုရှယ်ဆိုက်တွေမှာ Flash Song တွေခေတ်စားတာမဆန်းဘူးပေါ့
ဝန်ကျဉ်းပြီး ထိရောက်မြန်ဆန်တာပေါ့ဗျာ ဒါတွေကိုလိုချင်တဲ့ သူတွေအတွက်
ဒေါင်းလုပ်မန်နေဂျာက အလကားဖြစ်နေတာပေါ့
အဲဒီအတွက် ဆိုက်တစ်ခုရဲ့ စာမျက်နှာပေါ်က ရှိသမျှ Flash တွေကို
တစ်ခါတည်းဆွဲယူပေးတဲ့ ဆော့ဝဲလေးအကြောင်းပြောပြချင်ပါတယ်
(Flash တွေကိုဒေါင်းတဲ့ဆော့ဝဲဆိုလို့ ကျန်တာတွေကောလာမမေးနဲ့
ရှိသမျှ မီဒီယာ ရှပ်ရှင် သီချင်း အကုန်ဒေါင်းတယ် မျက်စိနဲ့မမြင်ရအောင်ဖွက်ထားတဲ့
Flash ဖိုင်တွေပါ အကုန်ဆွဲချတာ သုံးတဲ့သူစိတ်ညစ်လောက်အောင် ဆွဲပြလိမ့်မယ်
ဒေါင်းတဲ့နေရာမှာတော့ ဒေါင်းလုပ်မန်နေဂျာလိုတော့ မမြန်ဘူးနော်)

လုပ်ပုံလုပ်နည်းကတော့......

၁။          ။ ဒီမှာအရင်ဆုံးကလစ်ပြီးဆော့ဝဲကိုရန်း လိုက်ပါ
၂။          ။ ဆော့ဝဲ ကို ရန်းပြီးရင် Setting ကိုကလစ် ပြီးရင် General ကိုသွား


၃။               ။ ရွေးပြီးရင် prompt ကိုသွား အောက်မှာပြတားတဲ့ပုံထဲကအတိုင်းလုပ်


၎။            ။Monitor ကိုထပ်သွား Shock Wave Flash (.swf)မှာအမှန်ချစ်



၅ ။               ။ ပြီးရင် OK ကိုကလစ် ရပါပြီ
ကိုယ်ဒေါင်းချင်တဲ့စာမျက်နာသွား အဲဒီစာမျက်နှာက ဖွင့်ပြီးသားဆို Reloadပြန်လုပ်
စိတ်ညစ်စရာကောင်းလောက်အောင်  ရှိသမျှ မီဒီယာတွေတက်လာလိမ့်မယ်
လျှို့ ၀ှက်စောင့်ကြည့်တဲ့ကောင်တာတွေပါမကျန်ပေါ့
လိုင်းမကောင်းလို့ နှေးနေရင်တော့စောင့်ရပါလိမ့်မယ်.....
အဲဒီအခါကျမှ ကိုယ်လိုချင်တာကိုရွှေးပြီးယူလိုက် ကျန်တာတွေကို ပိတ်လိုက်ပေါ့

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...