Saturday, March 17, 2012

ပန်းတိုင်တု များ မှသည် ~

by Zay Ya on Saturday, March 17, 2012 at 11:24am ·
 
မိမိဘဝ နေထိုင်တဲ့ အတွင်း ထားရှိ သမျှ ကြံစည် ရည်ရွယ်ချက် အားလုံးဟာ အချည်းနှီးသာ ဖြစ်တယ်။ ဒါကို ကောင်းကောင်း မြင်လိုက် ရတဲ့ အချိန်မှာ ဘာဝနာ ဟာ အသက်ဝင်ပါတယ်။

မိမိ ဦးတည် ရည်ရွယ်ရာ ပန်းတိုင် အားလုံး ကို လိုက်လံကြည့်ကြည့်ပါ။ မိမိရရ နောက်ကလိုက်ဖို့ မဟုတ်ဘူး - စေ့စေ့ကြည့်ရုံတင် သိနိုင်ပါတယ် - မဆုံးနိုင်တဲ့ အဖြစ်ကို မြင်ရပါလိမ့်မယ်။ အဲ့ဒီ မဆုံးနိုင်တဲ့ အဖြစ်ကို ဘဝင် တကျ မြင်တွေ့သွားရဖို့ ဘာဝနာက အပြည့်အဝ ထောက်ပံ့ပေးတယ်။ ဒါကို မြင်ရင် ခင်ဗျား သန္တာန်အတွင်း လွန်းထိုးနေတဲ့ ပန်းတိုင် အားလုံး ရပ်ဆိုင်း သွား ပါလိမ့်မယ်။
ဒါကို ပန်းတိုင် စင်စစ် ရောက်ရှိတယ် လို့ ခေါ် မလား - ခေါ်နိုင်ပါတယ် ။ မိမိ သန္တာန် အခုခဏတိုင်းမှာ - အခြား ပန်းတိုင် တစ်ခု အသစ် ထပ် မရှိတော့ဘူး ရယ်။

ကြံစည် ရည်ရွယ်ချက် အားလုံး ဟာ ခင်ဗျား - ကျနော် တို့ အတွက် ရှေ့ဆောင် နွားလားကြီးတွေ ဖြစ်ပါတယ်။ သူတို့က ဆွဲခေါ်နိုင်စွမ်း ရှိ တယ် ။ သူတို့ရဲ့ အစွမ်း နဲ့ ၊ သူတို့ရဲ့ လောင်စာ နဲ့ ခင်ဗျား ကိုယ် ကို မီးထိုး မောင်းနှင် တယ်။

ဒါ့ကြောင့် ကျနော်တို့ ကိုယ်မှာ ဆန္ဒ အသစ် တွေ ထပ်ထွက် လာတယ်။ ဒီ ဆန္ဒ အသစ်တွေဟာ ခင်ဗျား သန္တာန်မှာ ပန်းတိုင် အသစ် တွေ ဖြစ် ပါတယ်။ "ပန်းတိုင်" လို့ သုံး ကတည်းက တကယ်ဆို - အဆုံးသတ် ဖြစ်သင့်တာ မဟုတ် လား။ ဒါပေတဲ့ စိတ်ဆန္ဒ စေစား မီးထိုးထား တဲ့ ပန်းတိုင်တိုင်းဟာ ဘယ်အခါ မှ အဆုံး မသတ်သွား ဘူး ရယ် ။

ဆိုလိုတာက အဲ့ဒီ ပန်းတိုင် တွေဟာ တကယ့်ပန်းတိုင် မဟုတ်ဘူး။ ပန်းတိုင် လို့ထင် တဲ့ အတု အယောင် တွေချည်းပဲ။ စိတ်အထင် နဲ့ - ငါ ရောက်ပြီ လို့ မြင်လိုက်တဲ့ခဏ ကိုယ့်လက်တွင်းမှာ ဗလာနတ္ထိသာ ထင်ကျန်ရစ် တယ်။ လိုအပ်နေ သေး တယ်။ ရှေ့ကို ဆက်ရောက် ချင်နေသေးတယ်။ ရတဲ့ခဏ ရပ်သွားရင်လည်း ခင်ဗျား ဘဝ သေဆုံး သွားပြီပဲရယ်။

စင်စစ် ပန်းတိုင် အဟောင်းတွေ လည်း ပြိုပျက် နေ တယ်။ လက်ရှိပန်းတိုင် အသစ်လည်း မနှစ်မြို့စရာ ကျန်နေရစ်တယ်။

ဒါ့ကြောင့် - ကြံစည် ရည်ရွယ်ချက် အားလုံးဟာ အချည်းနှီး သာ ဖြစ်တယ် လို့ ပြောရတာ ဖြစ်ပါတယ်။ သူတို့က ခင်ဗျားကို နှစ်သိမ့် အေးချမ်းမှု ဘယ်တော့ မှ မပေးဘူး ။ ကတိတွေသာ ပေးတယ်။ "ခင်ဗျား လိုချင်ရာတွေ ရလာတော့ မယ် - ဖြစ်လာတော့မယ် - နည်းနည်းပဲ လိုတော့တယ်။ ခင်ဗျား နည်းနည်းလေး တော့ ရှေ့ဆက် သွားသင့် တယ်" စသဖြင့် တွန်းအားတွေ ပေးနေ ပါလိမ့်မယ်။ အဲ့လို နဲ့ ခင်ဗျား ရှေ့ဆက်သွားရင်း ဘယ်တော့မှ အနား မရတော့ဘူး ရယ်။ ခင်ဗျား အတွက် နှစ်သိမ့် ကျေနပ် မှု အမြဲ ထာဝရ မပေးစွမ်းနေဘူး လို့ ဆိုလိုပါတယ်။ ။



ကြံစည်ချက် တစ်ခု ပျက်ရင် (ဝါ) ခင်ဗျား Plan A ပျက်ရင် - နောက်ထပ် ကြံစည်ချက် တစ်ခု (ဝါ) Plan B ကို ဆက်ချ ပေးနေမှာပဲ။ ခင်ဗျား က သူ့အတိုင်း ဆက်လုပ်မယ်။ သူကလည်း ခင်ဗျားကို ကတိ အသစ်တွေ ထပ်ပေးမယ်။ ခင်ဗျား လိုလိုလားလား နဲ့ သူ ခိုင်းသမျှ ခေါင်းငြိမ့် ပါတယ်။ မျှော်လင့်ချက် တကြီး ဆက်လျောက် ပါလိမ့်မယ်။ တစ်ခုပြီး တစ်ခု လျောက် လှမ်း ကျော်ဖြတ် လာ ရင်း ခင်ဗျား နောက်ဆုံး - မောဟိုက်ပြီး သာ ကျန်ရစ်ခဲ့တယ်။ အဲ့အချိန်အထိ - ခင်ဗျား ပန်းတိုင် သစ်တွေက လက်ယပ်ခေါ်နေတုန်းပဲ။

ဘာဝနာ ဟာ အဲ့ဒီ ပန်းတိုင်တုတွေရဲ့ မူရင်း သဘာဝ ကို မီးမောင်း ထိုးပြ တယ်။ ဘာဝနာရဲ့ အစဟာ မြင်ခြင်း ၊ စောင့်ကြည့်ခြင်း (Watching) ဆိုတာ - ဒါကို ဆိုလို ပါတယ်။

တစ်ခုခု ပေါ် မှီတွယ်ပြီး ပွားများတာ သက်သက် မဟုတ်ဘူး။ တစ်ခုခုကို အာရုံစိုက်ကြည့် တာဟာ စူးစိုက် တာပဲ ဖြစ်ပါတယ်။ ဘာဝနာ ဟာ ကြုံဆုံ ဖြစ်ပေါ်သမျှ သိမှတ်ခြင်း ။ ဒါ့ကြောင့် သူ့ရဲ့ အရှုခံ အရာဟာ တစ်ခုတည်း မဟုတ်ဘူး။ အားလုံး ဖြစ် ပါတယ်။ ခင်ဗျား သန္တာန် ထင်ရှားသမျှ အခုတခဏ အပေါ် အရင်း အတိုင်း သိရုံမျှလေးပဲ။

အဲ့ဒီ အခါ - အခုခဏသာ လမ်းဖြစ်ပြီး၊ အခုခဏသာ ပန်းတိုင် ဖြစ်ကြောင်း မိမိဘာသာ မြင်တယ်။ စင်စစ် ဘာဝနာ ဟာ ပန်းတိုင်အားလုံး ကို ခြေဖျက်နိုင် စွမ်းတဲ့ အမြင် လည်း ဖြစ်ပါတယ်။

Footnote~
  • Being deceived again and again by motives, one day suddenly you become aware – suddenly you see into it, and that very seeing is the beginning of meditation. It has no seed in it, it has no motive in it.
  • Meditation is an insight that all goals are false. Meditation is an  understanding that desires don’t lead anywhere.

................
March 18th 2012 at 12:50 AM
.................
http://zayya.blog.com/
http://zayya.wordpress.com/
http://zayyablogger.blogspot.com/
................

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...