Monday, March 19, 2012

နယူးဇီလန်နိုင်ငံ Golden Winges Flight Training မှ မြန်မာကျောင်းသား လေယာဉ်မှူးသင်တန်းသားများ ခေါ်ယူလျက်ရှိ

by သံလွင် သူ on Monday, March 19, 2012 at 2:19pm ·

By Net Guide Journal Originally posted 19/03/2012 11:44AM

နိုင်ငံတကာ လေကြောင်းလိုင်းကြီးများနှင့် လိုင်းငယ်များ၊ ပုဂ္ဂလိက ဂျက်လိုင်းများတွင် လေယာဉ်မှူး လိုအပ်ချက်များ တဖြည်းဖြည်း များပြားလာလျက် ရှိသောကြောင့်  စွန့်စွန့်စားစား သွားလာ လုပ်ကိုင်နေသော အသက်မွေးဝမ်းကျောင်းမှုကို ဝါသနာပါသူများ၊ လေယာဉ်မှူး တစ်ဦးအဖြစ် လုပ်ကိုင်လိုသူများ အတွက် နယူးဇီလန်နိုင်ငံ Golden Winges Flight Training မှ မြန်မာကျောင်းသား လေယာဉ်မှူး သင်တန်းသားများ ခေါ်ယူလျက်ရှိကြောင်း သိရသည်။
နည်းပြသက်တမ်း (၂၅) နှစ်ရှိပြီဖြစ်သော Golden Winges ကျောင်းအုပ်ကြီး Mr.Peter Oberschneider က “နယူးဇီလန်ဆိုတာ နိုင်ငံတကာ လေယာဉ်မှူး ကျောင်းသားများ လေ့ကျင့်ပျံသန်းရန် အကောင်းဆုံး နေရာအဖြစ် ထင်ရှားပါတယ်။ နောက်ဆုံးပေါ် ခေတ်မီ သင်ထောက်ကူ ကိရိယာများ စုံလင်ခြင်း၊ ရာသီဥတု ကောင်းမွန်ခြင်း၊ အတွေ့အကြုံရှိ နည်းပြများရှိခြင်း စတဲ့ အကျိုးကျေးဇူးများ ရနိုင်ပါတယ်” ဟုပြောသည်။ မြန်မာနိုင်ငံအတွက် အထူးအစီအစဉ် အနေဖြင့် Jenko Group of Educare Service နှင့်ပူးပေါင်းကာ သီအိုရီပိုင်းဆိုင်ရာ မြေပြင်သင်တန်း ဘာသာရပ် (၆) ခုကို မိမိနိုင်ငံတွင် သင်ကြားနိုင်ပြီး လေယာဉ်ပျံသန်းခြင်း သင်တန်းကို နယူးဇီလန် နိုင်ငံတွင် သွားရောက်သင်ကြားရမည် ဖြစ်ပါသည်။ မြေပြင်သင်တန်းကို မြန်မာနိုင်ငံတွင် ၁၄ ပတ် တက်ရောက်ရမည်ဖြစ်ပြီး သီအိုရီပိုင်း ပိုင်နိုင်ပါက နယူးဇီလန်နိုင်ငံ၊ နယ်လ်ဆင်မြို့တွင် လေယာဉ်ပျံသန်းခြင်း သင်တန်းကို ၁၈ လကြာ သင်ကြားရမည် ဖြစ်ပါသည်။ ဗီဇာအတွက် သင်တန်းသားများ သံရုံးဝင်ရန် မလိုအပ်ဘဲ Golden Winges Flight LTD ကနယူးဇီလန်မှ တစ်ဆင့် လျှောက်ထားပေးသွားမည် ဖြစ်ကြောင်း သိရသည်။ မြေပြင်သင်တန်း အမှတ်စဉ် (၁)ကို ၂၀၁၂ မေလတွင် စတင်ဖွင့်လှစ်မည် ဖြစ်သောကြောင့် အသေးစိတ် ထပ်မံ သိရှိလိုသူများနှင့် ကျောင်း လျှောက်ထားလိုသူများ ဖုန်း-၀၉၅၀၆၂၈၉၁၊ ၀၉-၄၃၀၂၈၇၆၀ သို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ကြောင်း သိရှိရပါသည်။

မေမြသူ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...