Friday, March 9, 2012

Give me some sunshine

by Yawna Zinyaw on Monday, March 5, 2012 at 11:47am 
·
ဒေါက် ဒေါက် ဒေါက်... ဒေါက်

ကျောက်ပြင်ကို သံနဲ့ အပေါက်ကလေးတွေ လုပ်နေတဲ့ အသံပါ.။
မေမေ အဲဒါဘာလုပ်နေတာလဲ လို့ ကျွန်တော်မေး တော့ အမေက
“ ကျောက်ပြင်ဆိုတာ ချောနေလို့ မရဘူး သားရဲ့ ဒီလို အပေါက်တွေ နဲ့ ကြမ်းနေမှ သနပ်ခါးသွေးလို့ ကောင်းတာ သိပြီလား ”
အော်....    ကျောက်ပြင် ခင်ဗျာ ..... ။ သနပ်ခါးထွက်ဖို့ရာ သံနဲ့ အရိုက်ခံရပါလား....
တချို့နေရာတွေကျတော့ ကြမ်းပြမှ အဆင်ပြေမယ်လို့ တွေးမိပါတယ်....။

ငယ်ငယ်က အဖေ က ကက်ဆက်တွေ ဘာတွေ ပြင်တယ် အဖေဘေး မှာ ထိုင်နေရင်း အဖေ အလုပ်ကို ကလေးပီပီ စပ်စုဘူးတယ်။

ကက်ဆက်မှာ တိပ်သားကို လည်ပတ်ဖို့ ရိုလာ ဘီး လေးတွေ ပါတယ် အလည်မှာက ဟတ်ဆိုတဲ့ အသံထုတ်တဲ့ ပစ္စည်း တခုပါတယ်
အဲမှာ ရိုလာက ဆွဲပေးတာကို ဟတ်က အသံထုတ်ပေးရတယ် ရိုလာဘီးလေး က ညာတခု ဘယ်တခု နှစ်ခုပါရတယ်...။
အဖေက များသောအားဖြင့် ရိုလာဘီးကလေးတွေကို အပိုတွေဝယ်ထားတာများတယ် ရိုလာကလည်း အပျက်မြန်တဲ့ ပစ္စည်းတမျိုးပါ
ကျွန်တော် သိချင်တာက ရိုလာကို အဖေ ဘာလို့ အမြဲလိုလို တပ်တော့မယ်ဆိုရင် ကော်ပတ်စကြမ်းကြမ်းတွေနဲ့ ပွတ်နေရတာလဲဆိုတာ
အဖေကို မေးကြည့်တော့ ..........

“ရိုလာဆိုတာ တိပ်သားကို ဆွဲပေးရတာ သားရဲ့ ချောမွတ်နေတဲ့ တိတ်သားကို ဆွဲဖို့ ဆိုရင် ရိုလာက ကြမ်းနေမှ ရမယ် ရိုလာချောရင်
အဲရိုလာ ကို လဲပေးရတယ် ဒါမှမဟုတ်ကော်ပတ် စားပေးရတယ်... မှတ်ထား....။”

တချို့အရာတွေကတော့ ကြမ်းနေမှ အသုံးဝင်တယ် ဆိုတာ ကျွန်တော် သိထားလိုက်ပါတယ်....။

ဘ၀ဆိုတာ ကြမ်းသလားချောသလား လို့ မေးရင် နှစ်ခု စလုံး ပါတယ်လို့ ပြောရပါမယ် ။ တချို့လူတွေအတွက်တော့ ဘ၀ဆိုတာမမွေးခင်ကတည်းက ခရောင်းလမ်းကို ခင်းထားသလိုရှိသလို တချို့တွေကျတော့ ကတ္တီပါခင်းထားတဲ့ လမ်းတွေလည်း ရှိတယ်...။
ဘယ်လို ပဲ မွေးလာ မွေးလာ ကျွန်တော်တို့ ဟာ ဘ၀ကို ဖြတ်သန်းရမှာကတော့ တူပါတယ်..။ ကလေးတုန်းကတော့ လောကကြီး
ဆိုတာ ပန်းတွေနဲ့ လိပ်ပြာတွေနဲ့ တောင်တန်းတွေနဲ့ မြစ်တွေနဲ့ သာယာတဲ့ ပါရာဒိုက်စ် ကြီး လို့ ထင်မှတ်ထားခဲ့ပေးမဲ့ တကယ်တန်းဖြတ်သန်း၇တဲ့ အခါကျတော့ မုန်တိုင်းတွေ လေနီကြမ်းတွေ ပူလောင်မှုတွေ နာကျည်းမှုတွေ နဲ့ စစ်မြေပြင်တခုကို ရောက်နေသလို ပါပဲ....။ ကျွန်တော်တို့ တခါပဲ လွဲချော် မှုတခုဖြစ်ခဲ့ပင်မဲ့ တခါတလေကျတော့ ဘ၀ တခုစာလောက် ကို သက်ရောက် ကြရတယ်...။
သက်ရောက်မှုတိုင်းကို ကျွန်တော်တို့ ခံစားကြတယ် ခံစားလေလေ အရှိန်တက်လေ လုပ်ရပ်တွေကလည်း ခံစားမှုနောက်ကို တကောက်ကောက် လိုက်ပါကြရတယ်..။ အဖြစ်အပျက်ကို အဖြစ်အပျက်လို မထင်ပဲ ခံစားချက်တွေ ထည့်ပြီး ဘ၀ ထဲကို သက်ရောက်လိုက်တဲ့ အခါ ကျွန်တော်တို့  ပဲ ဒုက္ခတွေဖြစ်ကြတယ် ။

Give me some sunshine
Give me some rain
Give me another chance
I wanna grow up once again
04 - Give Me Some Sunshine
ရှင်သန်ခွင့်....... ဆိုတာ အခြေခံ လိုအပ်မှုတွေကတော့ လိုအပ်တာပါပဲ.။ကျွန်တော်တို့ အတွက် သင့်တော်မဲ့ လမ်းကို ကျွန်တော်တို့ ရွေးချယ်ရမှာက အဓီက ကျပါတယ်..။
.........................................


( ယောန ဇင်ယော် )
လက်တလော ခံစားမှုကို ရေးပါသည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...