Tuesday, March 20, 2012

အံ့သြဖွယ်ရာ သေဆုံးပြီးသားလူရဲ့ Email ကိုလက်ခံရရှိလိုက်တဲ့မိသားစု




Jack Froese ဆိုတဲ့အသက် ၃၂ နှစ်ရှိတဲ့လူဟာ နှလုံး ခုန်မူမမှန်တဲ့ရောဂါတစ်မျိုးနဲ့သေဆုံးခဲ့ပြီးဖြစ်ပါတယ် ။ ဒါပေမယ့် သူန့လတ်တလော စကားပြောဆိုခြင်းတွေနဲ့လက်တလော သူ့လှုပ်ရှားမှုတွေကို အင်တာနက် မှာတွေ့ လိုက်ရလို့ မိသားစုတွေက ထိတ်လန့်တုန်လှုပ်ခဲ့ရတယ် ။



ဒီလူရဲ့ သူငယ်ချင်းတွေနဲ့မိသားစုတွေဟာ တမလွန်မှ ရောက်လာတဲ့ အီးမေလ်းတွေကြောင့် ထိတ်လန့် တုန်လှုပ် ခဲ့ရတယ် ။ တကယ်တော့ Jack Froese ဟာ လွန်ခဲ့တဲ့နှစ်ကတည်းက ဂျွန်လမှာ သေဆုံးခဲ့ပြီးဖြစ်ပါတယ်။ ဒါပေမယ့် သေဆုံးပြီး ငါးလအကြာမှာတော့ သူနဲ့အရင်းနှီးဆုံးသူငယ်ချင်းတွေဟာ ဒီလို ထူးဆန်းပြီး အဖြေရှာမ ရတဲ့ အီးမေလ်းတွေကို သူ့အကောင့်မှ တဆင့်လက်ခံရရှိခဲ့တယ် ။



ဘယ်လောက်တောင်တိကျသလဲဆိုရင် သူငယ်ချင်းတွေနဲ့အတွင်းရေးတွေပါ ပါဝင်ပြီး သေဆုံးစဉ်က ဖြစ်ပျက် ခဲ့တဲ့အကြောင်းအရာတွေပါပါဝင်သတဲ့ ။

Tim Hart ဆိုသူဟာ Jack နဲပ ၁၇ နှစ်လောက်လက်တွဲခဲ့တဲ့အရ့င်းနှီးဆုံးသူငယ်ချင်းဖြစ်ပါတယ် သူဟာ တစ်နေ့ သူ့အီးမေလ်းဖွင့်လိုက်စဉ်မှာ တွေ့လိုက်တာက စာသားနေရာမှာ “ I'm watching ” (ငါမင်း ကို စောင့် ကြည့်နေတယ် ) လို့ရေးထားပြီး ပေးပို့သူနေရာမှာ သူ့သူငယ်ချင်းအကောင့် Sender : Jack Froese ဖြစ်နေခဲ့ တယ် ။ အီးမေလ်းမှာရေးထားတာကတော့ “Did you hear me? I'm at your house. Clean your f*****g attic!!!” တဲ့ (ငါမင်းအိမ်ရောက်နေတဲ့ မင်းငါ့ကိုတွေ့လား မင်းအိမ်ရဲ့ထပ်ခိုးကို ရှင်းထားပါ ) တဲ့ ။



သူ့သူငယ်ချင်းတွေက BBC သတင်းဌာနကိုပြောခဲ့တယ် “ ကျွန်တော်စာဖတ်နေစဉ်မှာပဲ အဖြူရောင် ၀ိဥာဉ် ကိုတွေ့ခဲ့ရတယ် ”

“ ဒါဟာ အရမ်းထူးဆန်းပါတယ် တချို့အကြောင်းအရာတွေက ကျွန်တော်နဲ့ Jack နဲ့ဆက်နွယ်မှု နဲ့ ပတ် သတ်တာတွေပါနေတယ် ”

Jack မသေဆုံးခင်ကတည်းက Tim ရဲ့ အိမ်ထပ်ခိုးမှာ သူတို့အတူ ကွန်ပြူတာနဲ့ချက်တင်ထိုင်ခဲ့ကြတယ် အဲဒီတုန်း ကလည်း Jack က သူ့သူငယ်ချင်းကို ထပ်ခိုးကို ရှင်းပါဦးလို့ပြောခဲ့သေးတယ် ။

ဂျက်နဲ့တစ်ဝမ်းကွဲ Jimmy McGraw ဟာလည်း ဒီလို ထူးဆန်းတဲ့အီးမေလ်းကို ရခဲ့တယ် ။ အီးမေးလ်ထဲမှာ ဂျက်သေ ဆုံးပြီးနောက် သူဒူးခေါင်းဒါဏ်ရာရခဲ့တာတွေကိုလည်းဖော်ပြထားပါသတဲ့ ။ ရေးထားတာကတော့ “ “Hey Jim, How ya doing? I knew you were gonna break your ankle, tried to warn you. Gotta be careful.” တဲ့ ။ (ဟေး .. ဂျင် မင်းဘာလုပ်နေလဲ ငါသိပါတယ် မင်း ဒူးခေါင်းဒါဏ်ရာရနေတယ်မဟုတ်လား ငါမင်းကို သတိပေးခဲ့ပါသေးတယ် သတိထားနော်သူငယ်ချင်း ) တဲ့ ။



ဂျင်က ဆက်ပြောတယ် “ ကျွန်တော်ဂျက်စာပို့တာကိုပြောချင်ပါတယ် ဒါပေမယ့် သူက သေ ဆုံးပြီးသား လူမဟုတ် လား အခုတော့သူကျွန်တော့်ကို ဆက်သွယ်ဖို့ကြိုးစားနေတယ် ”

ဂျက်သူငယ်ချင်းတွေနဲ့ မိသားစုတွေက ဂျက်ရဲ့ ပါ့စ၀ပ်ကို ဘယ်သူမှမသိပါဘူး ပြီးတော့ သူ့အကောင့်ကို တစ်ဦးဦး က Hack လုပ်ပြီးသုံးနေတာလည်းမဖြစ်နိုင်ပါဘူးသူတို့မယုံပါဘူးတဲ့ ။ တကယ်တော့သူတို့ဟာ ဒီလိုထူး ဆန်း တဲ့ အီးမေးလ်တွေကို လက်ဆောင်တစ်ခုအနေနဲ့လက်ခံရရှိခဲ့ခြင်းပါ ။



ဂျက်ရဲ့မိခင် Patty က BBC ကိုပြောခဲ့တာကတော့ “ ကျွန်မထင်တာကတော့သူတို့အဖွဲ့ဟာ အရမ်းလည်းပျော် တတ် တယ် သူတို့က လူတွေကို ပျော်အောင်လုပ်တယ် လူတွေ သတိရနေအောင်လုပ်တယ် ဒါပေမယ့် ကျွန်မ အတွက်တော့ လူတွေသူ့အကြောင်း ပြောနေတာပိုကောင်းမယ်ထင်ပါတယ် ”

မူရင်း - http://www.mirror.co.uk/news/world-news/dead-man-sends-emails-from-beyond-763728

သက်တန့်ချို

မေမွန်ကျော်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...