Tuesday, March 6, 2012

ဒိုင်ယာလော့ပါ့တနာ (တွေ့ဆုံဆွေးနွေ့းအဖြေရှာဖက်)

by Naing Aung on Tuesday, March 6, 2012 at 1:46pm ·
 
ဒိုင်ယာလော့ပါ့တနာ (တွေ့ဆုံဆွေးနွေ့းအဖြေရှာဖက်) ဖြစ်မဖြစ်ဆိုတာကို စဉ်းစားရင် ဒီလိုစဉ်းစားကြည့်သင့်တယ်လို့ထင်ပါတယ်။

အခြေခံ အကျဆုံးကတော့ ပဋိပက္ခရဲ့ တစ်ဘက်စီမှာရှိနေပြီး အဲဒီ ပဋိပက္ခကိုဖြေရှင်းပြေလည်နိုင်အောင်လုပ်နိုင်မယ့်သူတွေဖြစ်ဘို့ပါဘဲ။ တနည်းပြောရရင် စကားပြောခြင်းနည်းနဲ့မဖြေရှင်းဘဲနေလို့ မရတော့အောင်လုပ်နိုင်စွမ်းရှိနေတဲ့သူပါဘဲ။ ငါတို့ သဘောတူညီမှုရရင် ဒီပြဿနာပြေလည်သွားမယ်ဆိုတဲ့သူမျိုးပေါ့

အဲဒီလိုမျိုး ကိုယ့်အနေအထားကရှိလား ဆိုတာကို ဒီအချက်တွေနဲ့ဆန်းစစ်ကြည့်သင့်တယ်လို့ထင်ပါတယ်

၁။ ကိုယ်က ပဋိပက္ခရဲ့ဘက်တစ်ဘက်မှာရှိနေလား
၂။ ကိုယ့်နောက်မှာအပြောင်းအလဲကိုလုပ်နိုင်တဲ့အားရှိလား။ တဘက်သူကို ခြိမ်းခြောက်နိုင်တဲ့အားရှိလား။ ကိုယ်လိုချင်တာ  တဘက်လူ သတိပြုနိုင်လောက်အောင် အားရှိကြောင်း ထောက်ခံမှုရှိကြောင်း ပြနိုင်လား။
၃။ ကိုယ့်ရဲ့အနေအထား အခန်းကဏ္ဍ ကို ကိုယ့်ဘက်အခြမ်းကလူတွေကရောထောက်ခံအသိအမှတ်ပြုသလား.
၎။ ကိုယ့်ရဲ့အနေအထား အခန်းကဏ္ဍ ကို တဘက်လူကရော အလေးထားအသိအမှတ်ပြုလား
၅။ ကိုယ်ကရောသူ့ ကိုအသိအမှတ်ပြုလား
၆။ ကိုယ့်မှာ ဖြေရှင်းနိုင်တဲ့အဖြေရှိလား။
ရ။ ကိုယ်က အနိုင်ရဘို့သွားတာလား။ တဘက်နဲ့ပူးတွဲဖြေရှင်းလိုတဲ့စိတ်ရှိရဲ့လား။         

အဲဒါတွေမရှိရင်တော့တွေ့ဆုံဆွေးနွေးရေးကို ယုံကြည်ပြီးတိုက်တွန်းတဲ့သူ ရတဲ့နေရာကနေ ဝိုင်းပါဆောင်ရွက်သူဖြစ်မှာပေါ့၊ ကိုယ်ကပါနေလို့ရပေမယ့်ကိုယ်က ဆုံးဖြတ်ချက်အတွက်အခရာ မကျတော့ဘူး။

အတင်းကိုဘဲ ဝိုင်းထဲကိုဝင်ထိုင်ရင်လဲရတာပါဘဲ။ ဒါပေမယ့် ကိုယ်လိုချင်တာရဘို့အခွင့်အလန်းနည်းမယ်။ ဖိုင်တွဲသယ်အဆင့် ဘဲဖြစ်မယ်။
နိုင်အောင်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...