Wednesday, March 14, 2012

ရေပိုင်နက်အရေး မြန်မာရှုံးတယ်တဲ့လား

by Naing Htoo Aung on Thursday, March 15, 2012 at 8:48am ·
 
မြန်မာ ဘင်္ဂလား ရေပိုင်နက် အငြင်းပွားနေတဲ့ အရေးကို မနေ့က မတ်လ ၁၄ရက်နေ့မှာ INTERNATIONAL TRIBUNAL FOR THE LAW OF THE SEA ခုံရုံးကနေ အပြီးသတ် စီရင်ချက်ချပြီးတော့ ဆုံးဖြတ်ချက်ချလိုက်ပါပြီ။ နှစ်နိုင်ငံစလုံးက ဒီခုံရုံးရဲ့ ဆုံးဖြတ်ချက်ကို လိုက်နာမယ်ဆိုပြီးတော့ ကတိကဝတ်ပြုထားကြတာပါ။ အယူခံဝင်ခွင့်မှရှိဘူး နောက်ဆုံးဆုံးဖြတ်ချက်လို့လဲ သိထားရပါတယ်။

ခုံရုံးရဲ့ ဆုံးဖြတ်ချက်ပြီးလျှင်ပြီးချင်း ဘင်္ဂလားဒေ့ရှ်ရဲ့ မီဒီယာတွေက အပြိုင်အဆိုင် သူ့ထက်ငါဦးအောင် သတင်းထုတ်ပြန်သလို နိုင်ငံခြားရေး ဌာနကလဲ ကုလက ဆုံးဖြတ်တာကို ကျေနပ်ကြောင်း သူတို့လိုတာထက် ပိုရကြောင်း ဝမ်းသာအားရ ကြေညာသွားပါတယ်။ တစ်ခုပဲခံပြင်းတာက တဖက်ပြိုင်ဘက်က ပြောနေတာတွေကို သံယောင်လိုက်ပြီး ဒီဘက်ကမီဒီယာတွေက မြန်မာရှုံးတယ် ဘင်္ဂလားနိုင်တယ်နဲ့ အသံထွက်နေကြတာပါ။ စိတ်ပျက်ဖွယ်ပါပဲ။


သေသေချာချာလေ့လာကြည့်စေချင်ပါတယ် ဆုံးဖြတ်ချက်က ဘာလဲဆိုတာကိုပါ။ ဒီလင့်က ခုံရုံးက ဆုံးဖြတ်ထားတာပါ။
http://www.itlos.org/fileadmin/itlos/documents/cases/case_no_16/1-C16_Judgment_14_02_2012.pdf



အပေါ်ကပုံက မြန်မာနဲ့ ဘင်္ဂလားတို့ အပြိုင်အဆိုင် အဆိုတင်သွင်းထားတဲ့ပုံပါ။ ပြီးတော့ ကြားထဲကလိုင်းက ဆုံးဖြတ်ချက်ချပေးလိုက်တဲ့ မျဉ်းကြောင်းသစ်ပါ။ နောက်ထပ်ပုံတွေ လေ့လာကြည့်ရအောင်။




ဒီပုံက ဘင်္ဂလားတွေ ကမ်းလွန်ရေနံနဲ့ သဘာဝဓါတ်ငွေ့အတွက် လျာထားတဲ့ပုံပါ။ ဘင်္ဂလားတွေက တကယ်လိုချင်တာက အပြာရောင်ချယ်ထားတဲ့အပိုင်းပါပဲ။



ဒီပုံက မြန်မာ့ကမ်းလွန်လုပ်ကွတ်တွေပုံပါ။ ဒီပုံကို MoGE ကနေယူပါတယ်။ ကမ်းလွန်လုပ်ကွတ် AD 11, 12, 13, 14 တွေက ရာထားတဲ့နေရာတွေပါ စမ်းသပ်တာတွေ တူးဖော်တာတွေ မလုပ်ရသေးပါဘူး။ ဘယ်နိုင်ငံကမဆို အရင်းအမြစ်တွေ ရှိနေတယ်ဆိုရင် လိုချင်ကြတာပါပဲ။ တစ်ခုမမေ့ဖို့က စိန့်မာတင်ကျွန်းကြီး ခံနေတဲ့အတွက် ကိုယ်တွေဘက်က တပန်းရှုံးနေတာပါ။

ဒီလောက်ဆိုရင် နိုင်လားရှုံးလား ကွဲလောက်ပြီထင်ပါတယ်။ နိုင်ငံတကာခုံရုံးအနေနဲ့ အိမ်နီးချင်း အချင်းချင်း မိတ်မပျက်အောင် ကြားချပြီး ဆုံးဖြတ်ခဲ့တာပါ။ ဘင်္ဂလားတွေတောင်းတဲ့ အတိုင်းမပေးပဲ တဖက်သတ် တောင်းဆိုတာတွေကို ပယ်ချခဲ့ပြီး အဆင်ပြေအောင် ကြားချပြီး ဆုံးဖြတ်ပေးခဲ့တာပါ။ လုပ်နေတဲ့ လုပ်ကွတ်တွေ ဘာမှ ပဲ့ပါသွားတာမရှိပါဘူး။ ရာထားတာတော့ သူတို့လဲ ရာတတ်တာပါပဲ။ သူတို့တောင်းတိုင်း ပေးပြစ်လိုက်ရတာမှ မဟုတ်တာ။

၂၀၀၉ ခုနှစ်က AD7 လုပ်ကွတ်မှာ စူးစမ်းလေ့လာနေတဲ့ သဘောင်္တွေကို ဘင်္ဂလားရေတပ်က ၀င်ရောက်ရန်ပြုခဲ့တာကနေစပြီးတော့ အခု အငြင်းပွားမှုစခဲ့တာပါ။ ပြောရရင် AD7 ဆိုတာ မြန်မာပိုင်ဆိုတာ ဆုံးဖြတ်ပေးခဲ့တာပါ။ အဲဒိတော့ သူတို့ပိုင်တယ်ဆိုပြီး ဝင်နှောင့်ယှက်ခဲ့တဲ့ နေရာဟာ မြန်မာပိုင်ဖြစ်နေပါပြီ။ နောက်ပြီးတော့ စိန့်မာတင် ကျွန်းရှိနေတာဟာ မြန်မာအတွက် တပန်းရှုံးနေတာပါ။ ဒါပေမယ့် အခုဆုံးဖြတ်ချက်က တရားမျှတတယ်ထင်ပါတယ်။

နိုင်လား ရှုံးလား ခဏခဏမေးနေကြပါတယ်။ အနိုင်နဲ့ အရှုံး သိသိသာသာ ကွဲရအောင် ကလေးကစားရာ မဟုတ်ပါဘူး။ အဓိက ခုံကဆုံးဖြတ်တာဟာ အိမ်နီးချင်းတွေ မျက်နှာမပျက်စေဖို့ အဓိကထားပါတယ်။ ဘင်္ဂလားကတော့ မြန်မာတွေကို နှိမ်ချင်လို့ ဖိန့်လုံးတွေ ထုတ်တယ်။ ဒီဘက်ကလဲ အစိုးရဆိုရင် ကလော်ဆဲဖို့လောက် တွေးနေကြတယ်။ စာတော့ ဖတ်ကြမယ် မစဉ်းစားကြဘူး။ ဟိုက သူတို့နိုင်တယ်ဆို မြန်မာရှုံးတယ် အလိုလို ဖြစ်သွားကြတယ်။ ကိုယ့်နိုင်ငံဆို ကိုယ်တိုင်ကြိုးစားချင်စိတ်မရှိပဲ သံယောင်လိုက် အချင်းချင်း စောက်ပြစ်တင်နေကြရင် မနုသီဟကမှ ဖင်နှစ်ခွပါ။ မြန်မာပြည်ဟ ဖင်ငါးခွဖြစ်လာပါလိမ့်မယ်။

ဒီကြားထဲ လုပ်ဇာတ်ကြီးပါ။ တရုတ်ကခိုင်းတာပါ။ အစိုးရက ဒီလုပ်ကွတ်တွေက ရတာတွေ ပြည်သူတွေအတွက် ဘာမှမသုံးတာပဲ ဘာမှမဖြစ်ပါဘူးဆိုတဲ့ အသားထဲကလောက်တွေ ရွံလွန်းလို့ပါ။

အသေးစိတ်ကို ဒီမှာလေ့လာကြပါ။ http://www.itlos.org/

ကိုစိုးသူရထွန်း၊ ကိုကျော်နိုင်ဝင်းတို့ကို ကျေးဇူးတင်ပါတယ်။ အမှားအယွင်း တစ်စုံတစ်ရာပါရင် ပြင်ပေးကြပါ။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...