မြန်မာများ (တိုင်းရင်းသားအားလုံး) အတုယူသင့်သော အချက်များ (၂) (၃)
၂၀၀၁တုံးက သစ်တောဖုံးလွှမ်းမှုတိုင်းတာခြင်းနဲ့  ဘိန်းတိုင်းဘို့ ကနဦး လေ့လာမှုဆိုပြီး အရှေ့ ပိုင်း ရှမ်းပြည်ကို ရောက်တယ်။ တာချီလိတ်ကို အရင်သွားပြီးမှ မိုင်းဖြတ်၊ ကျိုးင်းတုံ၊ နောက် မိုင်းပြင်း၊ တာကော် တံတားအထိ ထိုးသွားတယ်၊
တပည့်ကျော်များက ဘိန်းခင်း၇ိုးပြတ်တွေကို စပါးရိုးပြတ်တွေပါဆိုပြီး ကျနော့်ကို ညာကြသေးတယ်၊ အဲဒီတုံးက ခံရတာပေါ့။
အဲဒီနှစ်က တာချီလိတ် ကျိုင်းတုံလမ်းဖေါက်နေတဲ့အချိန်၊ လမ်းကို ထိုင်းစက်တွေ ထိုင်းလုပ်သားတွေနဲ့ ဖေါက်တယ်၊
တံတားတွေ၊ အဲ တံတားတွေက တရုတ်တွေဆောက်တယ်၊
အုပ်စုတစ်စုကို လူ၂၀၊ ထော်လာဂျီတစ်စီး အချက်အပြုတ်မိန်းမတစ်ယောက်၊ ခေါင်းဆောင်တစ်ယောက်ပဲ ပါတဲ့ team တွေ၊ တဲကြီးတစ်လုံးနဲ့ ပထမဆုံးမြင်ဘူးတာပါပဲ
တံတားတွေ ဆောက်သွားတယ်၊ ဘိလပ်မြေ မသုံးသလောက်ပဲ
ကျောက်တွေ၊ ကျနော်တို့ ချောင်းထဲက ကျောက်တွေပဲ ခွဲသုံးသွားတယ်ဗျ
ကျောက်တုံးတွေရွှေ့ တာတောင် ထော်လာဂျီမသုံးဘူး လူအားနဲ့ ပဲ ရွှေ့ ကျတယ်။
ဒီလောက် ကျောက်ပေါတဲ့ မြန်မာနိုင်ငံ၊ လုပ်သားပေါတဲ့ မြန်မာနိုင်ငံ၊ ဒါတွေကို ဘာဖြစ်လို့ အတု မခိုးနိုင်ရတာလဲ။
နောက်နှစ် ၂၀၀၁-၂ ရာသီမှာ ပန်ဆန်းကိုရောက်တယ်၊ လမ်းတွေ လမ်းတွေ၊ ကောင်းလိုက်တာ၊ လမ်းခင်းနေတာကို ကြည့်မိတယ်၊ ကျောက်စီပန်းချီကား တစ်ချပ်ကို စီနေသလိုပဲ အေးအေးဆေးဆေးထိုင်ပြီး ခွဲထားတဲ့ ကျောက်တွေကို သပ်တွေ စီသလို အေးအေးဆေးဆေး စီနေတာ၊ တရုတ် အလုပ်သမားတောင် မဟုတ်တော့ဘူး ၀အလုပ်သမားတွေပဲ၊
လမ်းအူကြောင်းရှာထားတယ်၊ ကျောက်တောင်ကို ဦးတည်ပြီးရှာထားတယ်လို့ ထင်တာပဲ၊ ကျောက်တောင်ကြီးကို ပတ်ချာလည် လမ်းဖေါက်ရင်း ထွက်လာတဲ့ ကျောက်တွေနဲ့ ကျန်တဲ့ တလမ်းလုံးမှာသုံးတယ်၊ ၀စစ်သားလေးတွေ ဖေါက်တဲ့လမ်းပေါ့၊ ၀က သူ့ နယ်မြေထဲကို တရုတ်အလုပ်သမား အ၀င်မခံပုံပဲ (ကချင်နဲ့ ကွာတယ်) ထမင်းဖြူကို ဆားနဲ့ င၇ုတ်သီးတောင့်အမှည့်တွေနဲ့ ပြုံးရွှင်နေတဲ့ မျက်နှာတွေနဲ့ စားနေကျတဲ့ ၀စစ်သားကလေးတွေ၊ ကင်မရာလက်က အဲဒီတုန်းက မမြန်သေးတော့ မရိုက်ခဲ့ရဘူး
လမ်းတွေ၊ ရေဆင်းကို အမြဲ သတိထားပြီး ရေဖေါက်ချထားတယ်၊ ပြောင်းဖူးစေ့လမ်းတွေ နောက် ကျောလမ်းတွေ
၂၀၀၇မှာ ကန်ပက်တီးကနေ မြစ်ကြီးနား ဖေါက်တဲ့ လမ်းတွေရောက်တော့ ဒိထက် အများကြီး အဆင့်မြင့်သွားပါပြီ၊ နွံတွေထဲ ဖြတ်ဖေါက်တယ်၊ ကျောလမ်းတွေအများဆုံးသုံးတယ်
သိပ္ပံဝတ္ထုတပုဒ်မှာ ပါတဲ့ မြစ်ဘေးက ကွေ့ ပတ်သွားတဲ့ လမ်းက ကုန်သွယ်လမ်း၊ ကျောလမ်းတွေက စစ်ဗျူဟာလမ်းဆိုတာ သွားသတိရလိုက်တယ်၊
ဘာပြောပြော လမ်းကို စစ်တာ၊ တခြား ကုမ္ပဏီကစစ်တယ်၊ လမ်းကြီးကို လွန်နဲ့ ဖေါက်ယူပြီး ဓါတ်ခွဲခန်းမှာစစ်တယ်၊ အရည်အချည်းမမှီရင် အဲဒီနေရာကို ကွန်ကရစ်တွေ စက်နဲ့ အားလုံးပြန်တူးထုတ်ပြီး ပြန်ခင်းရတယ်
ကျနော်တို့  အတုယူရပါ့မယ်၊ ဘာဖြစ်လို့  အတုမယူကြတာပါလဲခင်ဗျာ၊
ဝတွေကို အတုယူကြပါ၊ သူတို့ တရုတ်ပညာရှင်များဆီက ကောင်းတာတွေ အားလုံးအတုယူကြပါတယ်၊ နောက် လွှမ်းမိုးချင်းလဲမခံပါ။

ကျောင်း။ ပညာရေး
ဒီကိစ္စမှာတော့ ကျနော် ရေးချင်တာတွေ ရေးမယ်။
တရုပ်ကားတကားမှာ အင်မတန်စုတ်ပြတ်နေတဲ့ ကျေးရွာ ကျောင်းကလေးကနေ ဒုံးပျံလွှတ်တဲ့ ပညာရှင် ထွက်လာတာကို ပြသွားသေးတယ်၊
အင်မတန်အေးတဲ့ ရာသီဥတုတွေထဲမှာ တက်ကျ၇တဲ့ ကျောင်းတွေ။
ကျနော်မျက်စိထဲ နှလုံးထဲ စွဲနေတာ။
၁၉၈၁ပတ်ဝန်းကျင်မှာ မြစ်ကြီးနားကို လတိုင်း ရထားနဲ့ ခ၇ီးထွက်ရတယ်
အဲဒီအချိန် မြစ်ကြီးနား မြို့ ပေါ်မှာကို လုံခြုံရေးမကောင်း၊ စီတာပူရပ်ကွက်ထဲကို နေ့ တိုင်းသွားပြီး ပျားအုံတွေ စစ် ပျားသွားတဲ့ ပန်းတွေ ပန်းဝတ်ရည်တိုင်းရတဲ့ ကျနော် ကိုယ့်ကိုယ်ကို ကချင်လူကြီးတွေလက်ထဲ အသက်အပ်ထားရတယ်၊ မောဖောင်းတို့ ဘက်တွေ ပျားအုံတွေ ချတော့လဲ စက်ဘီးတစ်စီးနဲ့ ဒီလိုပဲ သွားရတယ်၊ နမ္မတီးရှမ်းရွာကို အသုဘ အခမ်းအနားသွားတဲ့ ကချင်လူကြီးတွေနဲ့ လိုက်ပြီး ပျားစာပင်တွေကြည့်ရတယ်၊ အပြန်မှာ ဘူတာမှာ မိုင်းတွေ့ လို့  ပစ်ခွဲရတယ်၊ ဘူတာထဲ တယောက်ကို တယောက် ကြည့်နေကြတဲ့ပုံတွေ အခုထိ အသဲယားတယ်။
ဒါကိုရေးပြတာကို ကျနော့်ကိုယ် ကျနော်ဖေါ်တာမဟုတ်ပါ၊ အဲဒီအချိန် လုံခြုံရေးအခြေအနေကို ပြောပြချင်တာ၊ မြင်ကြီးနားက ထွက်တိုင်း မျက်စိထဲမြင်ပြိး ကိုယ့်ကိုယ်ကို အားပေးမိတဲ့ မြင်ကွင်းတစ်ခုရှိခဲ့တယ်
မလိခဘူတာဘေးက ကျောင်းလေး၊
ဟုတ်ပ မလိခဘူတာဘေးက ကျောင်းလေး၊ အမြဲ အပြန်ခရီးမှာ မြင်ရတယ်
နွားတင်းကုတ်ပဲ
ကျောင်း အသွင်လက္ခဏာဆိုလို့  ကျောက်သင်ပုန်းရယ် ခလေးတွေ စာတင်ရေးတဲ့ ခုံစောင်းအရှည်ပုရယ် ဒါပဲရှိတယ်
ငါသာ အဲဒီကျောင်းဆရာဆိုရင် ဘယ်လိုနေမလဲလို့ အမြဲအားပေးတယ်၊ သူပုန်တွေကြားထဲ စာသင်ရတဲ့ အစိုးရ ကျောင်းဆရာဘဝ
ကျန်တဲ့လူတွေကိုလဲ ကျနော် အဲဒီမြင်ကွင်းလေးပြောပြီး အားပေးလေ့ရှိတယ်၊
၂၀၀၇ခရီးတွေမှာ အဲဒီနေရာကို ပြန်သတိထားကြည့်တယ်၊ တပ်တည်ထားလို့ ကျောင်းက တိုက်ကျောင်းဖြစ်နေပြီ။
စိတ်ထဲမှာ အဲဒီ နွားတင်းကုတ်ကျောင်းဘ၀က စာသင်ကြားမှုနဲ့ အခု ဘယ်က အဆင့်မြင့်လာမလဲလို့ အမြဲတွေးနေမိတယ်။
ပိုကောင်းလာမယ်လို့ စိတ်ထဲက မထင်မိ၊ လားလားမှ မထင်မိ၊ ကောင်းနေတယ်ဆိုရင်တော့ ကျနော် ၀န္ဒာမိပါ
ကျနော် ငယ်ငယ်ကဖတ်ဘူးတဲ့ စာတပုဒ်ထဲမှာ ဗီယက်နမ် သုတေသနပညာရှင်တယောက် ပြင်သစ်တွေ လိုက်တာကို ရှောင်ရင်းက ချည်မျှင်တု သုတေသနကို မရရအောင်လုပ်တယ်၊ စစ်ပြေး၇တဲ့အချိန် သူ့ ဓါတ်ခွဲခန်းပစ္စည်းတွေကို နွားလှည်းနဲ့ ကို ရွှေ့ ရတယ်၊ ဒါပေမဲ့ သူဖြစ်အောင်လုပ်သွားနိုင်တယ်
အသွင်သဏ္ဍာန်နဲ့ ရလဒ်၊ နောက်စိတ်ဓါတ်
ကျနော်တို့ ပညာရေး၊ ကျနော်တို့ အရည်အချင်းတွေ၊ အပြင် အသွင်တွေ တက်လာတယ်
ကျောင်းကြီးတွေ ဟီးနေတာပဲ တိုင်လုံးကြီးတွေနဲ့ 
ကွန်ပျူတာ မဖွင့်တတ်တဲ့ မပိတ်တတ်တဲ့  စစ္စတမ်ပုံးဆိုတာ ဘာလဲဆိုတာမသိတဲ့ နည်းပညာတက္ကသိုလ်ဆင်းတွေ၊
သစ်တောလုပ်ငန်း သေသေချာချာ မလုပ်ဘူးတဲ့ သစ်တောကျောင်းဆင်းတွေ၊
ဆေးကု၇မှာ ကြောက်နေတဲ့ ဆမရပြီး ဆရာဝန်တွေ
ဘယ်ကစတာလဲ
ဒီမူလတန်းကစတာ။

0 comments:
Post a Comment