Saturday, March 3, 2012

ဆန်းဆက် စတက်ဂတို

by Zay Ya on Saturday, March 3, 2012 at 6:12pm ·


လူတို့တွင် နားထောင် နိုင်သော နားအစုံ ကိုယ်စီ ရှိနိုင်သည်။ ယင်း အဆို ကို ခန္ဓာဗေဒ ဟိုကျမ်း ဒီကျမ်းများက အတိအကျ ဆို၏။ ( မိမိ ကိုယ်ကိုယ် ( ဝါ ) ပတ်ဝန်းကျင်ကို ငဲ့စောင်း ကြည့်လိုက် လျင်ပင် ရသည်ပဲ ဟု မယူဆပါနှင့် ။ လူအများ သည် ကျမ်းကိုးကို လိုလားကြသည် ။ ) နားအစုံပါ သည် မပါသည် ကို တိုးတိုး သက်သာ ပြောစရာ မလို။ ကြားနိုင် သိနိုင်ပါသည် ။ ဒါပေသိ - ခင်ဗျားတို့ နားထောင် နေကြ သည်မှ  ဟုတ်ပါလေစ။


လူတို့ နည်းတူ ကျနော် လည်း လူဖြစ်၏။ ဤအဆို မှာမူ ကျမ်းကိုး ပြရန် မရှိသောကြောင့် သည်းခံ ရန် လိုအပ်သည်။ မိမိ ကိုယ့်ကိုယ် ကိုယ် လူဖြစ်သည်ဟု အပ်ကျမတ်ကျ ဘဝင်မြင့်လျက် ရှိသလော မပြောတတ် - မိမိကိုယ်ကိုယ် သိနေသည်က ကျနော် ၌လည်း နားအစုံ ပါနိုင်ပါသည်။ ဒါပေသိ - ကျနော် နားထောင် နေသည်ကော ဟုတ်ပါလေစ။



သူပြော ငါပြော အပြောများ လှသည့် တစ်ခုမှာ - စီးကရက် တစ်လိပ်၏ နေညိုချိန် ကို ကျနော် လိုလိုလားလား နားထောင် ကြည့်ခဲ့ဖူး ခြင်း အကြောင်း ဖြစ်ပါသည်။ ဤနားနှစ်ဖက်ဖြင့် နားထောင်သည် ဖြစ်၍ - သိပ်မဆိုးလှ။ ရီဝေဝေ ရှတတ ရှိသည်။  တစ်ခါ တစ်ရံ ချိုကျကျ ဖြစ်နေတတ်သည်။ တစ်ခါ တစ်ရံ ခါး သက်ကောင်း ခါးသက် နေမည်။ ချိုသည် ခါးသည် မည်သို့ ဆိုစေ - စီးကရက် ၏ နေညိုချိန် သည် ကျဆိမ့် တစ်ခွက် မဟုတ်။ ပုစဉ်းရင်ကွဲ တစ်ကောင် ၏ ကြိမ်းဝါးသံ နှင့်သာ ခပ်ဆင်ဆင် တူသည်။

ဤအကြောင်းကို ဟိုနားမှာ၊ ဒီနားမှာ၊ ကလေးများနှင့် ပုံပြင် ပြောသည့်အခါ ပြောပြလေ့ ရှိကြသည်။ ထိုသို့ ပြောကြ သည့်အခါ - ကျနော် သည် နားထောင်သူ သက်သက် ဖြစ်ပြန် ပါသည်။ တစ်ချို့က နဖူးထိပ်ကို ပွတ်သပ် ၍ စူးစိုက် နားထောင် နေတတ် သည်။ ကျနော် ကတော့ ဗိုက်ကို ပွတ်သပ်၍ နားထောင်နေ ပါလိမ့်မည်။ သို့ အတွက်ဖြင့် ကျနော့ကို ဗိုက်ဆာ နေသည် ဟု မတွက်ပါနှင့် ။ ( ဝါ ) တွက်လိုက တွက်နိုင်သည်။ ကျနော် ကြားရသော အသံများထဲ တွင် အထူးသဖြင့် - ( စိတ်ဝင်စား သည်က ) စားစရာ ဟု ယူဆ ရသည့် ဝေါဟာရ များ ပါမပါ ပင် ဖြစ်ပါသည် ။ ပါဝင် လာနိုင် သည် ဟုလည်း ယူဆရသည်။ မပါ လျှင်လည်း ကိစ္စ မရှိ။ လိုရာ ဆွဲတွေး လိုက် မည်။

ဒီမယ် ! စကားမစပ်။  ကျနော် ပြောရဦးမည်။ ကျနော်တို့ မြို့က စီးကရက် ကလေးသည် နှုတ်ခမ်းနီ မဆိုး၊ နံ့သာ မခြယ်ဘဲ မီးတောက် ဆွေးဆွေး လေးဖြင့် လှပနေပါသည်။ ဝါးစား မရသော်လည်း နားထောင် ၍ ကောင်းလှ၏ ။ သူ မီးလောင်ကျွမ်း ၍ တစ်ဗျစ်ဗျစ် တို သွားသည်မှာ သီချင်းတစ်ပုဒ် ဖြစ်ခဲ့၏ ။ ကျနော် ရေးစပ်သည် ဟု အပိုင် မဆိုလိုပါ။  တေးသွား မှာ ( မည်သို့ ပြုမိသည် မသိ  ) စင်စစ် ကျနော့အတွက် ပန်းချီကား တစ်ချပ် သာ ဖြစ်ခဲ့၏။

ကျိန်းသေသည် မှာ - သူနှင့် ကျနော်သည် နေညိုချိန်၌ အတိအကျ ရှိနေခဲ့ပါသည်။ ထို ခဏ၌ ဂဃနဏ မှတ်မိသည့်အရာ သိပ်များများ စားစား မရှိသည်ကို စိတ်မကောင်း လှပါ ။ ကျနော် မော့ကြည့်သည့် အခါ ဝင်နေစ နေဝန်းက မသိုးမသန့် ပြုံးပြ နေကြောင်း - ဤတစ်ခု တည်း သာ  အမှတ်တရ ရှိရသည်။ စင်စစ် သူသည် ကျနော့အတွက် ပေါင်မုန့် တစ်လုံးသာ ဖြစ်ခဲ့ပါ၏။ ခင်ဗျား နားထောင်နေသည်ကော ဟုတ်ပါလေစ။

..............
March 3rd 2012 at 5:30 PM
..............
http://zayya.blog.com/
http://zayya.wordpress.com/
http://zayyablogger.blogspot.com/
..............

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...