Monday, March 12, 2012

အော်ဗျာ ပြောမှ ပြောထွက်လိုက်ပါပေ့ သမ္မတကြီးရယ် .. ၃.၃ သန်း ၀န်ထမ်းတွေ တဲ့

by Lwin Aung Soe on Tuesday, March 13, 2012 at 1:26am ·

Kyaw Htoon ရေးထားတဲ့ပို့စ်ကို ပြန်ရှယ်ပေးလိုက်ပါတယ်။

အော်ဗျာ ပြောမှပြောထွက်လိုက်ပါပေ့ သမ္မတကြီးရယ် .. ၃.၃သန်းဝန်ထမ်းတွေ တဲ့
သူတို့နောက်က မိသားစုတွေကို ထည့်မတွက်ဘူးလား
အခြေခံလစာက သုံးသောင်းခွဲတဲ့ စဉ်းစားကြည့်ပါ သမ္မတကြီးရယ် သမ္မတကြီးတို့ အိမ်တော်မှာဆို အဲဒါ ဘယ်နှစ်ရက်စာသုံးလဲ ၀န်ထမ်းတွေက အဲဒါကို တစ်လလုံးလုံ ကလေးတွေ ကျုရှင်လခ အလုပ်သွားဖို့ လမ်းစရိတ်၊ မိန်းမဘက်က အမျိုးတွေလာရင် အဲဒီသုံးသောင်ခွဲက ပြောင်ပြီ။


ဆီလည်းအကြွေး ဆန်လည်းအကြွေး သမ္မတကြီးတို့နဲ့ ဦးလှထွန်းဆိုတဲ့ ၀န်ထမ်းအကောင်းစားကြီးတွေသာ သာသာယာယာနဲ့ နေနိုင်ကြတာပါ။ ကျွန်တော်တို့က လကျပ်ရက်ရောက်ရင် ရုံးကိုခြေကျင် လျှောက်ရတယ်။ သမ္မတကြီးနဲ့ ၀န်ကြီးတွေသာ ကားကြီး အကောင်းစားနဲ့ နိုင်ငံတော်က ကိုယ်တာစက်သုံးဆီတွေ ၀၀လင်လင် သုံးနေရတာ။

၂၄နာရီဂျုတီရှိတဲ့ ကျွန်တော်တို့မှာတော့ ကျရာတာဝန် ဝေါကင်း (Walking) ပဲရိုက်လို.။ ဒါတွေက ပြည်သူ့ဝန်ထမ်းအတူတူ အခွင့်ထူးခံနဲ့ အနှိမ်ခံ ၀န်ထမ်းဘ၀။ သူများနိုင်ငံက ၀န်ကြီးချုပ်တွေ သမ္မတတွေဆို နိုင်ငံဘဏ္ဏာချွေတာတဲ့ အနေနဲ.သမ္မတရုံးကို လမ်းတောင်လျှောက်တယ်တဲ့။ ဗိုလ်ချုပ်တောင် အတွင်းဝန်ရုံးကို အမြဲလမ်းလျှောက်ပြီး ရုံးတက်တယ်တဲ့။ ကျွန်တော်တို့ရဲ့ သမ္မတကြီး လမ်းဆင်းလျှောက်ဖို့ ဆိုလိုတာမဟုတ်ပါဘူး။ ၀န်ထမ်းတွေ သက်တောင့်သက်သာ ဘိုင်ဖု(By Food) ဘ၀ကပဲ လွတ်မြောက်စေချင်တာပါ။

စစ်သားတွေဘက်ကလည်း လှည့်ကြည့်ပါဦး သမ္မတကြီးရယ်။ ဗိုလ်ချုပ်ကြီးတစ်ရောက်က အရပ်ဘက်သမ္မတကြီး ဖြစ်သွားတာတောင် စစ်သားတွေကို လှည့်မကြည့်ရင် ဘယ်လိုပုဂ္ဂိုလ်တွေ တက်ရင်ကော စစ်သားတွေကို လှည့်ကြည့်မှာတဲ့လဲ။ ကျွန်တော်တို့ ဒေါ်စုကို အားပေးတာ မလွန်ပါဘူးနော် သမ္မတကြီး။ စစ်သားတွေဘ၀မှာ ၁၉၆၄ လောက်က ရိက္ခာမဲ့ ၀က်ပေါင်ခြောက်တွေလည်း မကြားရတာ ကြာပါပြီ။

အထိုင်ရဲဘော်တွေဘ၀လည်း မြင်စမ်းစေချင်တယ် ဘောင်းဘီဖင်ပေါက်နဲ့ ကိုယ်ယူနီဖောင်တောင် ကိုယ်အားနာလို့။ ဗိုလ်ချုပ်အောင်ဆန်း ဂျပန်တွေတိုက်တုန်းက ပြောခဲ့သလို “ရဲဘော်တို့ ငါတို့မှာ အိပ်စရာဆို မြေကြီး စားစရာဆို ကြောက်ခဲပဲ ရှိတယ်” ဆိုတဲ့ဘ၀ကို ပြန်သွားရမှာလား။ ကျွန်တော်တို့ လွတ်လပ်ရေးရပြီလေ။ ရဲဘော်တွေလည်း အဆင့်တစ်ခုလောက်နေသင့်တာပေါ့။

ဘယ်တိုင်းရင်းသားမှ မတိုက်ချင်တော့ဘူး။ အကြီးအကဲတွေပြောတဲ့ အတွင်းရန်ဆိုတာကြီးကို ခြေမှုန်းရတာလည်း တပ်မတော်ကြီးက ချည့်နဲ့နဲ့ပဲကျန်တော့တယ်။ ခောတ်မှီတပ်မတော်တဲ့ ဟုတ်လား။ လစာနဲ့ အိမ်စရိတ်နဲ့ မညီမျှလို့ အကြီးအကဲတွေလို အောက်ဆိုဒ်လည်း ရှာရာမရနဲ့  စိတ်ညစ်ညစ်နဲ့ အရက်သမားဖြစ်သွားရတဲ့ အိမ်ထောင်စုတွေ၊ ရဲဘော်မယားနဲ့ မိသားစုတွေ မကောင်းတာ လုပ်စားနေရတာတွေ၊ အဖေက အရပ်သမား အမေက ညဥ့်ဘက်ဆို ထွက်ပြီ၊ သားသမီးတွေက ၇ နှစ်ကောင်က ၄နှစ်သားလေးကို ထိန်း၊ သူတို့မျှော်နေရတဲ့ ညစာတွေကို လွှတ်တော်ထဲက ၂၅ရာခိုင်းနုန်းသော အရာရှိကြီးငယ်တွေက တပ်ကြီးကို မတမ်းတတော့ဘူးလား။

တိုင်းရင်းသား လက်နက်ကိုင် လူငယ်လေးတွေကို လက်နက်တွေအစား လက်တော့ (Laptop) ကိုင်စေချင်တယ်ဆိုတဲ့ သမ္မတကြီးရေ...  စေတနာကိုတော့ လေးစားလျှက်ပါ။ ကိုယ့်တပ်ရင်တွေထဲမှာ ဗလာစာအုပ် မ၀ယ်နိုင်လို့ ကျောင်းပျက်ရတဲ့ ကလေးတွေ အခုမျက်မှောက်အချိန်ထိ အများကြီးရှိသေးပါတယ်။

ဝန်ထမ်းတစ်ယောက်ရဲ့ ဖြစ်ရပ်မှန် သမ္မတကြီးထံ ရင်ဖွင့်စကားအား တစ်ဆင့် တင်ပြလိုက်ပါသည်။ သမ္မတကြီး ဖြစ်စေလိုသောစေတနာဖြင့် ဖတ်ရတဲ့သူအများကလည်း မိမိနဲ့ဆိုင်ရာတွေမှာ ပြန် share ပေးစေလိုပါ၏။

Kyaw Htoon
...............

(မှတ်ချက်) - ဆင်းရဲနွမ်းပါးနေရသော  နိုင်ငံဝန်ထမ်းများ အားလုံး အပါအဝင် မြန်မာနိုင်ငံသား ဆင်းရဲနွမ်းပါးသူ မှန်သမျှတို့အပေါ် ကိုယ်ချင်းစာစိတ်ဖြင့် ကိုကျော်ထွန်း၏ ရင်ဖွင့် တိုက်တွန်းစာကို ရှယ်ပေးလိုက်ပါသည်။
လွင်အောင်စိုး
၁၃-၃-၂ဝ၁၂

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...