Thursday, March 8, 2012

ကော့သောင်းမှာ ဒီလိုဖြစ်နေတယ်....

        
gu guu
 
   လွန်ခဲ့တဲ့ ဖေဖော်ဝါရီလလည်လောက်မှာ ကော့သောင်းမြို့၊ ပုလုံးတုံးတုံးကမ်းခြေက ဘန်ဂလိုတစ်ခုမှာ ခေတ်မီမီ ရိုက်ကူးထားတဲ့

ဗွီဒီယိုဇာတ်လမ်းတစ်ပုဒ်ပေါ်လာပါတယ်။
                   မင်းသားကတော့ ကော့သောင်းမြို့၊ ရွှေမင်းဝံရပ်ကွက်မှာနေတဲ့ ကော့သောင်းခရိုင် ငါးလုပ်ငန်းရှင်များအသင်းဥက္ကဌ၊ ကော့သောင်း
ကမ်းနီးအသင်း စာရင်းစစ်၊ ကော့သောင်း ကုန်သည်ကြီးများအသင်း ဒုဥက္ကဌနှင့် ကော့သောင်းဂေါက်သီး အသင်း ဒုဥက္ကဌဆိုသူ ဦးမင်းလွင်ပဲဖြစ်ပါတယ်။

                   သူဟာ များပြားလှတဲ့ တာဝန်တွေကို ထမ်းဆောင်နေရင်းက အခုလို (၁၈)နှစ်အရွယ် ကလေးမလေးတစ်ယောက်နဲ့ ဆင်ဆာမဲ့နိုင်ငံခြားမင်းသားတစ်ယောက်လို ဇာတ်လမ်းတစ်ပုဒ်ကိုလဲ အနုပညာရော၊ အကြမ်းပညာပါ ပြောင်မြောက်စွာ ကိုယ်တိုင် ကင်မရာဆင်ပြီး ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။
                   သူရဲ့ ဇနီးဖြစ်သူဟာ ကော့သောင်းမြို့ အထက(၁)ရဲ့ အထက်တန်းပြ ဆရာမတစ်ဦး ဖြစ်ပါတယ်။
                   အဲဒီလို သူရိုက်ကူးခဲ့တဲ့ ဇာတ်လမ်းဟာ သူကိုယ်တိုင်ပဲ ဖြန့်ဝေခဲ့တာလား၊ သူ့ရဲ့ ဇာတ်လိုက်မင်းသမီး ကပဲ ဖြန့်ဝေခဲ့တာလား မသိပေမဲ့ ဖုန်းများထဲကနေတစ်ဆင့် အွန်လိုင်းပေါ်ကိုရောက်ရှိခဲ့ပြီး ၀က်ဆိုဒ်တွေရော ဖေ့ဘွတ်မှာပါ ပြန့်နှံ့ခဲ့ပါတယ်။
                    ဒီလို ဖြစ်ပြီး ရက်ပိုင်းလောက် မင်းသားကြီးဟာ လူမြင်ကွင်းမှ ပျောက်ကွယ်ခဲ့ပြီး     ဖေဖော်ဝါရီလ လကုန်ရက်မှာတော့ တနင်္သာရီတိုင်း အစိုးရအဖွဲ့ရဲ့ လျှပ်စစ်ဝန်ကြီး ဒေါက်တာ ၀င်းအောင် ကော့သောင်းမြို့ကို လာရောက် စစ်ဆေးရာမှာ ကမ်းနီးလုပ်ငန်းများကို လိုက်လံ ရှင်းလင်း ပြသရင်း ပြန်လည် ပေါ်ထွက်လာပါတယ်။
                     ရက်သတ္တပါတ်လောက်လူမြင်ကွင်းက ပျောက်ကွယ်သွားပြီး နောက်ပိုင်းမှာမင်းသားကြီးဟာ
 ပြန်လည်ပေါ်ပေါက်လာခဲ့ပြီး အခုဆိုရင် သိပ်ခေတ်မီသော လူတစ်ဦးအသွင် ဂုဏ်ယူဝင့်ကြွားနေကြောင်း နီးစပ်သူများက ပြောဆိုနေကြပါပြီ။
                    သူရဲ့ ဗွီဒီယို ဇာတ်လမ်းကို အိမ်ထောင်ရှင်မိန်းမများသာမက၊ ကျောင်းသားကျောင်းသူများကြား မှာပါ ပြန့်နှံ့သွားခဲ့ပါတယ်။ သူ့မိန်းမဆရာမဆိုတော့ ပညာရေး အသိုင်းအ၀ိုင်းမှာ ပြန့်တာမြန်တာပေါ့။
                    တောင်နောက်လို့ ခေါ်တဲ့ ရွှေဟင်္သာရပ်ကွက်မှာတော့ မိန်းမတွေက တစ်ယောက်နှင့်တစ်ယောက် ပြောလို့ မရရင် ဟဲ့ကောင်မ ငါပါလေးကို ခေါ်လိုက်ရမလားလို့ ပြောဆိုလိုက် ရင် ငြိမ်သွားတယ်လို့ ဆိုပါတယ်။ ဦးမင်းလွင်ရဲ့ နစ်နိမ်းကတော့ ပါလေးပါတဲ့ခင်ဗျား။
                   ထိုင်းနိုင်ငံ ရနောင်းမြို့မှာလဲ၊ ကျောက်နီမော်ခွေ၊ ထားဝယ်သားခွေ၊ ရေလဲပိုင်း မင်းသားခွေ လို့ပြောရင် ဗွီဒီယိုခွေတစ်ခွေကို ဘတ်(၁၀၀)နဲ့ ၀ယ်ယူနိုင်ကြောင်းသိရှိရပါ တယ်။ မြန်မာကား၊ နိုင်ငံခြားကား၊ သီချင်းခွေ အားလုံး ဗမာငွေ(၅၀၀)ဖြစ်နေတဲ့ အချိန်မှာ မင်းသားကြီးရဲ့ ခွေ
ကဘတ်(၁၀၀) မြန်မာငွေ(၂၅၀၀) ဖြစ်ပါတယ်၊ အဲဒီလောက်အထိ ဈေးကြီးသွားတာပါ။
                    ဒီသတင်းကို အားလုံးသိပေမဲ့ ဌာနဆိုင်ရာနှင့် ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ် အုပ်ချုပ်ရေးမှူးတွေက တော့  မသိရှာကြပါဘူး၊ အကယ်ဒမီမင်းသားကြီးနဲ့ အတူ လဘက်ရည်သောက်မြဲ၊ ရုံးတက်မြဲ၊ အစည်းအဝေးများ ကျင်းပဆဲဖြစ်ကြောင်း သိရှိရပါတယ်။
                    ကော့သောင်းမြို့ဟာ၊ မြန်မာ နိုင်ငံထဲက မြို့ပါ၊ ထိုင်းနိုင်ငံမှာတောင် ဒီလိုလုပ်လို့မရတာကို ကော့သောင်းမှာတော့ လုပ်လို့ရတယ်လို့သိရှိရပြီး၊ မြန်မာလူမျိုးများ၏ ဂုဏ်သိက္ခာကို ဘယ်လို စောင့်ထိန်းမှာလဲ ဆိုတာလေး သိရင် ဖြေပေးကြပါလို့.......
(ကော့သောင်းမြို့မှ ဌာနဆိုင်ရာ တစ်ဦး)

  1 comment:

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...