Thursday, March 8, 2012

ကျန်းမာရေးအတွက်ကောင်းသောနဂါးမောက်သီး (Dragon Fruit) ၏ အကျိုးကျေးဇူးများ


နဂါးမောက်သီး၏အရသာသည် ချိုသောအရသာရှိသည်။ နဂါးမောက်သီး၏အရည်သည် သစ်တော်သီး ၊ ကီဝီသီး ၊ သခွါးမွှေးတို့နှင့်ဆင်တူပါသည်။ နဂါးမောက်သီး၏အခွံကိုခွါလိုက်ပါက အဖြူရောင်အသား ( သို့ ) အနီရောင်အသားနှင့်အတူ စားလို့ရသော အမဲရောင်အစေ့ငယ်လေးများ ကိုတွေ့ရမှာဖြစ်ပါသည်။

နဂါးမောက်သီးကိုယခုစိုက်ပျိုးနေသောနိုင်ငံများမှာ အာရှနိုင်ငံများဖြစ်သော ဖိလစ်ပိုင် ၊ ယိုးဒယား နှင့် ဗီယက်နမ် နိုင်ငံတို့ဖြစ်ကြသည်။


နဂါးမောက်သီးသည် သွေးတွင်းရှိသကြားဓာတ်ကိုလျှော့ချပေးသည်။
ကင်ဆာဖြစ်ပွါးမှုကိုကာကွယ်ပေးသည်
မကောင်းသော ကိုလက်စထရောများကို လျှော့ချပေးသည့်အပြင် အသားအရေကိုချောမွတ်စေသည်။
အစာစားချင်စိတ်ကိုဖြစ်ပေါ်စေသည့်အပြင် အစာချေဖျက်မှုအားကောင်းသည်။
မျက်လုံးကျန်းမာရေးကိုကောင်းစေသည်။
အရိုးနှင့်သွားများကိုခိုင်မာစေသည်။
ဓားရှမိသောဒဏ်ရာများကို လျင်မြန်စွာအနာကျက်စေသည်။ 
မှတ်ညဏ်အားကောင်းစေသည်။


နဂါးမောက်သီးတွင်အမျိုးအစားသုံးမျိုးရှိသည်။

၁။ အနီရောင်အခွံနှင့်အဖြူရောင်အသား
၂။ အနီရောင်အခွံနှင့်အနီရောင်အသား
၃။ အဝါရောင်အခွံနှင့်အဖြူရောင်အသား


Posted by လရိပ်အိမ်

မေမွန်ကျော်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...