Monday, March 5, 2012

ဂျာအေးသီချင်းဆိုတာ မကြားလိုပါ မကြားလိုပါ

by Shwe Aeim Si on Monday, March 5, 2012 at 11:43pm ·


း Written by နောင်ကျော်    Saturday, 18 February 2012 12:10
(၁)
မျက်စိရှေ့ စားပွဲပေါ်တွင် ရှိနေသော ဂျာနယ်နှစ်စောင်ထဲမှ တစ်စောင်၏ မျက်နှာဖုံး သတင်းခေါင်းစဉ်တချို့ကို ကြည့်သည်။ “လျှပ်စစ် ဓာတ်အားခ နှုန်းထားများ တိုးမြှင့်သတ်မှတ်” ဆိုသော ခေါင်းစဉ်က အတွင်းဘက် စာမျက်နှာဆီသို့ ညွှန်းထား၍ သူ့အညွှန်းအတိုင်း လှန်ဖတ်ကြည့်သည်။ ၂၀၁၂၊ ဇန်န၀ါရီ (၁) ရက်မှစ၍ တိုးမြှင့် ကောက်ခံ သွားမည့်နှုန်းထားများကို ဖော်ပြထားသည်။ ဤသတင်းကို ဖတ်နေရင်းမှာ စိတ်ဝင်စားစရာ တွေ့လိုက်ရသဖြင့် ဂရုစိုက်ပြီး ဖတ်ကြည့်မိသည်။

“… တစ်နှစ်မှာ မြန်မာငွေကျပ် ဘီလီယံ ၂၆၀ လောက် အရှုံးပြနေပါတယ်။ လျှပ်စစ်တစ် ယူနစ်အတွက် ကျပ် ၃၀ လောက် အရှုံးပြပါတယ်။ ဒီနှစ်မှာ ဘီလီယံ ၂၅၀ လောက် ရှုံးမယ် ဟု အမှတ် (၂) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဦးအောင်သန်းဦးက ဒီဇင်ဘာလ ဆန်းပိုင်းက ပြောကြားခဲ့သည်။”
(မြန်မာသမာဓိဂျာနယ်၊ ၂၃၊ဒီဇင်ဘာ၊ ၂၀၁၁)

သတင်းကိုဖတ်ပြီး “အော် .. အတော့်ကို အရှုံးပေါ်နေပါလား၊ တစ်ယူနစ်ကို ကျပ် ၃၀ လောက် ရှုံးနေတာတောင်မှ ငါတို့ဆီက တစ်ဆယ်ပဲ တိုးကောက်တာဆိုတော့ ပေးရမှာပေါ့လေ” ဟု ခပ်ဖျော့ဖျော့လေးပဲ တွေးလိုက်မိသည်။ “သူတို့ခမြာ သနားစရာ” ဟုပင် အဆစ်ကလေး တွေးလိုက်သေးသည်။ ဟိုရက်ပိုင်းတုန်းက ကြားရတဲ့ သတင်းက မှန်သွားပြီးပေါ့ဟုပါ စဉ်းစားမိလိုက်ပြန်သေးသည်။



(သရုပ်ဖေါ်ပုံ ကိုထိုက်)

            နောက်ဂျာနယ်တစ်စောင်၏ မျက်နှာဖုံးပေါ်မှ သတင်းခေါင်းစဉ်များကို ဖတ်ကြည့်သော အခါတွင်လည်း ထိုအကြောင်း သတင်းကို တွေ့ရပြန်သည်။ “အိမ်သုံးလျှပ်စစ် တစ်ယူနစ် ၃၅ ကျပ် ကောက်ခံရန် နိုင်ငံတော်အကြီးအကဲထံ တင်ပြထား” ဟူသော ခေါင်းစဉ်ဖြင့် ထိုသတင်း နေရာတွင် ဤသို့ရေးထားသည်။

            “… ကျွန်တော်တို့ လုပ်လို့ရတဲ့ နည်းလမ်း တစ်ခုက မီတာခ တိုးမြှင့်ကောက်ခံဖို့ပဲရှိတယ်။ အခုတောင် နှစ်စဉ် မြန်မာငွေကျပ် ၂၉၄ ဘီလီယံ ရှုံးနေတယ်။ အဲဒါကို တစ်နည်းအားဖြင့် နိုင်ငံတော်က ၂၉၄ ဘီလီယံ ပေးနေရတယ်။ ကျွန်တော်တို့အနေနဲ့ နိုင်ငံတော်ဆီက ဒီငွေမတောင်းရင် နိုင်ငံတော်မှာ ဒီငွေတွေ ပိုလာပြီး တခြား ကဏ္ဍတွေမှာ သုံးလို့ရတယ်”
(Popular News Journal, December 22, 2011)

            ဤစကားကို ရှင်းလင်းပြောကြားခဲ့သူက အမှတ် (၂) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးဖြစ်ကြောင်းကိုလည်း သတင်းထဲတွင် ဖော်ပြထားသည်။ သတင်းနှစ်ပုဒ်တွင် အရှုံးပေါ်နေသော ဂဏန်းက နည်းနည်းလောက် ကွာနေသော်လည်း အရှုံးပေါ် နေတာက သေချာသည်။ နိုင်ငံတော်က အရှုံးပေါ် နေတာတဲ့။ နိုင်ငံတော်က စိုက်ထုတ်ပေးနေရတာတဲ့။ ကျွန်တော် စိတ်မကောင်းဖြစ်သွားသည်။ နိုင်ငံတော်ခမြာ အရှုံးပေါ်နေတဲ့ငွေကို စိုက်ထုတ်ပေး နေရပါလား။ အတော်စေတနာကောင်းတဲ့ ပုဂ္ဂိုလ်ကြီးပါလားဟု တွေးမိနေချိန်မှာပဲ ဖျတ်ခနဲ ကြားဖောက်ဝင်လာသော သိချင်စိတ်က အတွေးအလျဉ်ကို ၀င်ဖျက်သည်။ နိုင်ငံတော်ဆိုတာ ဘယ်သူလဲ။ ဘယ်သူလဲ နိုင်ငံတော်ဆိုတာ။

            ကျွန်တော့်ထုံးစံကတော့ နားမလည်သော၊ မရှင်းလင်းသော၊ အတိအကျသိချင်သော သိထားတာထက် ပိုပြည့်စုံအောင် သိချင်သော အခါမျိုးတွင် မြန်မာအဘိဓာန်ကို လှန်ကြည့်လေ့ ရှိသည်။ ယခုလည်း နိုင်ငံတော်ဆိုသော စကားလုံးကို သိချင်လာသည်။ ထို့ကြောင့် မြန်မာအဘိ ဓာန်ကိုယူပြီး လှန်လှောကြည့်သည်။ “နိုင်ငံတော်”ဆိုသော စကားလုံးချည်းသက်သက်ကို မတွေ့ရ။ နိုင်ငံတော်သီချင်း၊ နိုင်ငံတော်အလံ ဆိုသော စကားလုံးတွေကိုပဲ တွေ့ရသည်။ ထို့ကြောင့် နိုင်ငံတော်ဆိုတာနှင့် နိုင်ငံဆိုသော  စကားလုံးက အဓိပ္ပာယ်ချင်း နီးစပ်နိုင်သည်ဟု တွေးမိပြီး “နိုင်ငံ” ၏ အဓိပ္ပာယ်ကို ဖတ်ကြည့် သည်။

            နိုင်ငံ/နိုင်ငန်၊ နိုင်ဂန်/န-၁၊ ဘုရင်တစ်ဦးတည်း သို့မဟုတ် အစိုးရတစ်ဖွဲ့တည်း၏ အုပ်ချုပ်မှုအောက်တွင်ရှိသော နယ်မြေအပိုင်းအခြား။ ၂။ (ဥပစာ) တစ်စုံတစ်ဦး၊ တစ်စုံတစ်ရာ၏ လွှမ်းမိုးရာနယ်ပယ်။ “မိန်းမနိုင်ငံ၊ လောဘနိုင်ငံ”
            (စာ-၁၉၈)

            အဘိဓာန်၏ ဖွင့်ဆိုချက်က နယ်မြေ အပိုင်းအခြားနှင့် နယ်ပယ်ကို ရည်ညွှန်းသည်။ သတင်းထဲမှ ၀န်ကြီး၏ ပြောစကားထဲတွင် “နိုင်ငံတော်က”၊ “နိုင်ငံတော်ဆီက”၊ “နိုင်ငံတော်မှာ” ဆိုသော အသုံးအနှုန်းတွေပါသည်။ ဤသို့ဆို လျှင် အဘိဓာန်မှာ ဖွင့်ဆိုထားသော “နိုင်ငံ” ဆိုသောစကားလုံး၏ အဓိပ္ပာယ်နှင့် မပတ်သက်တော့တာ သေချာသွားပြီ။ မြင့်မြတ်ခြင်း အဓိပ္ပာယ်နှင့် တွဲသုံးသော “သံဃာတော်၊ နန်းတော်” ဆိုသော စကားလုံးများကဲ့သို့ “နိုင်ငံ” ဆိုတာကို “တော်” နှင့်တွဲပြီး နိုင်ငံတော်ဟု သုံးတာများလားဟု တွေးကြည့်သေးသည်။ အဖြေက မဟုတ်သေး။ ဆက်စဉ်းစားကြည့်သည်။

“နိုင်ငံတော်အစိုးရ” ဆိုသော စကားလုံးကို အတို ချုပ်၍ သုံးတာမျိုးများလားဟာ စဉ်းစားမိသည်။ ဖြစ်နိုင်ချေရှိသည်။ နီးစပ်သော အဖြေဟုလည်း တွေးမိသည်။ ဒါဆိုရင် နိုင်ငံတော်ဆိုတာ အစိုးရကို ပြောတာဖြစ်မည်။ နိုင်ငံတော်ဆိုသည်မှာ အစိုးရ၊ ဒီလိုဆိုရင် အစိုးရဆိုတာ ဘာလဲဟူသော မေးခွန်းက ထပ်လာသည်။ ကိုယ့်ပြဿနာကိုယ် ရှာမိသော မေးခွန်းမျိုးဖြစ်သည်။ ဘာမျှမတတ်နိုင်၊ ကိုယ့်မေးခွန်းကိုယ်ဖြေဖို့ အဘိဓာန်ကို လှန်ကြည့်ရပြန်သည်။ “တိုင်းနိုင်ငံကို အုပ်ချုပ်သော အဖွဲ့အစည်း” ဟု အဓိပ္ပာယ် ဖွင့်ပေးထားသည်။  ထို့ကြောင့် နိုင်ငံတော်ဟူသည်မှာ တိုင်းနိုင်ငံကို အုပ်ချုပ်သော အဖွဲ့အစည်းဟု ဘာသာပြန်၍ ရသွားပြီ။

ဤသို့ဆိုလျှင် အစိုးရဆိုသည်မှာ ဘယ်လိုလူမျိုးတွေကို ခေါ်သနည်းဟူသော ပြဿနာ မေးခွန်းက အတွေးထဲ ၀င်လာပြန်သည်။ ကိုယ့် အမှုကိုယ် လိုက်နေရသော ရှေ့နေဘ၀သို့ ရောက်နေပြီလား။ တရားခံဖြစ်သွားသော ရှေ့နေ ဆိုသည့် စာအုပ်တစ်အုပ်၏ နာမည်ကို သတိရ ပြန်သည်။ တစ်ချိန်တည်းမှာပင် ဇော်ဇော်အောင်၏ “ရွာကလူတွေ ဖတ်စေချင်တဲ့ နိုင်ငံရေးအကြောင်း” ဆောင်းပါးတွေကို သတိရမိသည်။

            “အစိုးရဆိုတာ ပြည်လူထူထုဆန္ဒနဲ့ ကိုက်ညီရမယ်ဆိုတာ ပြည်သူလူထုက အများသဘောတူ ရွေးချယ်တင်မြှောက်ထားတဲ့ အစိုးရလို့ အဓိပ္ပာယ်ရတယ်။ လူထုကစေခိုင်းတာ (၀ါ) ခိုင်းစေတာ။ အဲဒီ အခိုင်းအစေခံရတာက အစိုးရ။ အဲဒီတော့ စကားကုန်ပြောရင် အစိုးရဆိုတာ ပြည်သူလူထုရဲ့ အစေခံဖြစ်တယ်။
(အစိုးရ = လူထုအစေခံ)
(စာ-၁၀၊ နွယ်နီမဂ္ဂဇင်း၊ သြဂုတ်လ၊ ၂၀၁၁)

            ဤသို့သော ဖွင့်ဆိုရှင်းလင်းချက်တွေ လိုက်လျှောက်ဖတ်ရင်း ကျွန်တော့်ခေါင်းထဲမှာ ချာချာလည်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...