Saturday, November 5, 2011

Hip Hop သီချင်းတချို့တွင် ညစ်ညမ်းစာသားများ ထည့်သွင်းလာ

အဆိုတော် အချို့သီဆိုသော Hip Hop သီချင်းတွင် ညစ်ညမ်း စာသားများ ထည့်သွင်း သီဆို လာ သည် ကို မိမိပတ်ဝန်းကျင် လက်ဖက်ရည် ဆိုင်များ၊ ထီဆိုင်များ၊ အခြားသော ဆိုင်များတွင် ဖွင့်နေ ကြသည်။ ယင်း သီချင်းများကို လူငယ်များသည် ရူး သွပ်စွာ လိုက်လံဆိုလာရုံမျှမကသေး ပေ။ Hip Hop အတွင်းထည့်သွင်း အသုံးပြုထားသော ညစ်ညမ်းစာ သား များအား ၄င်းတို့ပတ်ဝန်းကျင် တွင် ဗန်းစကားတစ်ခုအဖြစ် အသုံး ပြုနေကြသည်။
ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့ အ ဆိုတော်တွေ၊ တေးရေးတွေကို အမြဲပြောပါတယ်။ ဒီစာသားတွေ ထည့် မဆိုဖို့၊ မြန်မာပြည်မှာဆိုရင် မြန်မာနဲ့သင့်တော်တဲ့၊ ယဉ်ကျေးမှု နဲ့ ဆီလျော်တဲ့ အသုံးနှုန်းတွေသုံး ဖို့လိုတယ်။ ကိုယ့်မိဘအရွယ်၊ အစ် ကိုအရွယ်၊ ညီမ၊ မောင်၊ ညီအရွယ် တွေနားထောင်မိရင် အဓိကခံစားရ မှာ ကိုယ်တိုင်ပဲ၊ ကိုယ်ခံစားချက်ကို ဖွင့်ဆိုလိုက်ပေမယ့် ဒီအဆိုတော် ရိုင်းပါလားဆိုတာဖြစ်လာမယ်တေး ထုတ်လုပ်ရေးပိုင်ရှင် တစ်ဦးကဆို သည်။

Hip Hop တေးဂီတသည် မြန်မာနိုင်ငံရှိ လူငယ်လူရွယ်များ ကြားတွင် အလွန်ရေပန်းစားသော တေးဂီတအမျိုးအစားဖြစ်လာရာ နိုင်ငံတစ်နိုင်ငံ၏ ယဉ်ကျေးမှုသည် အခြားနိုင်ငံယဉ်ကျေးမှုနှင့် မတူနိုင် သောကြောင့် စာသားထည့်သွင်း သီဆိုရာတွင် ယဉ်ကျေးမှုရှိရန်အထူး လိုအပ်လာသည်။ သီချင်းစာသားတည်းဖြတ်တာ က စာပေစိစစ်ရေးက လုပ်ပေး တယ်၊ အင်တာနက်တွေပေါ်လာတဲ့ အချိန်ကြတော့ ပြောလို့မရတာတွေ ဖြစ်လာတယ်။
လူငယ်တွေဖန်တီး နေတာကို မပြောလိုဘူး၊ ယဉ်ကျေး မှုရှိဖို့တော့လိုတယ်။ အစ်ကိုတူလေး တွေဆို သူတို့ဆိုတဲ့ သီချင်းစာသား တွေ နားထောင်ပြီး အပြင်မှာပြော တယ်။ နောက် ဒီသီချင်းတွေ နားမ ထောင်ဖို့ဆူရတယ်၊ ကြာရင်မ ကောင်းတာတွေ အတု ခိုးမိသွား နိုင်တယ်ဟုဝါရင့်အမျိုးသား အဆိုတော်တစ်ဦးကဆို သည်။ ယင်းစာသား များပါဝင်သော Hip Hopသီချင်း များကြောင့် မြန်မာ လူ ငယ်များ အတုယူမှားယွင်းစွာ ပြုမူ ပြောဆိုလာနိုင်ဖွယ်ရှိပြီး မြန်မာ့ ယဉ်ကျေးမှု၊ မြန်မာလူမျိုးတို့၏ အ ကျင့်စာရိတ္တအားဖျက်ဆီးရာ ရောက် နေသည်ဟုဆိုရမှာ ဖြစ်ပါသည်။
အရင်သီဆိုတဲ့ အဆိုတော်တွေကို အရေးယူမှုတွေရှိခဲ့တယ်။ ခြောက် လသီဆိုခွင့် ပိတ်လိုက်တာ မျိုးတွေ ပေါ့၊ နောင်ဆိုရင် ရာသက်ပန်သီ ဆိုခွင့် အထိအရေးယူမှုတွေလုပ်ပါ တယ်။ အဓိက,ကတော့ လူငယ်တွေ အတုယူမှားမှာကို စိုးလို့ပါ။ အဆို တော်တွေကိုလည်း ဒီလိုမျိုးတွေမ ဆိုဖို့တိုက်တွန်းပါတယ်။ ကိုယ့်ကြောင့် ကိုယ့်သီချင်းကိုအားပေး နေတဲ့ ပရိသတ်မှာ မကောင်းတာ မျိုး ဖြစ် သွားရင်မကောင်းဘူးဟု မြန် မာဂီတအစည်းအရုံးမှ တာဝန်ရှိသူ တစ်ဦး ကဆိုသည်။ လက်ရှိ မြန် မာ နိုင်ငံ ဂီတအမျိုးအစား များတွင်လည်း ယင်းကဲ့သို့ ယဉ် ကျေးမှုနှင့်မဆီလျော် သောစာသားများ ထည့် သွင်းသီဆိုခြင်းမရှိ သော် လည်း Hip Hop ဂီတတွင် များစွာ သီဆိုလာနေသည် ကို တွေ့မြင်နေရသည်။
စကားနောက်တရားပါ ဆိုတဲ့အတိုင်းကိုပြောတဲ့ စ ကား၊ ကိုယ်ဆိုတဲ့ သီချင်း ကကိုယ့်ကိုယ်ကျင့် စရိုက်ကို ပြသနေတာပါ ဒါကိုကိုယ် တိုင်အထူးသတိထားဖို့လိုတယ်။ ဘယ်အလုပ်မဆိုလုပ်တတ်၊ ယူ တတ်ရင် ကုသိုလ်တောင်ရပါတယ်။ ဒီလို မွန်မြတ်သန့်ရှင်းစွာလုပ်တတ် ဖို့အရေး ကြီးတယ်။ ကိုယ်ဆိုတဲ့သီ ချင်း၊ ကိုယ်ရေးတဲ့ စာသားတွေက လူငယ်တွေ အမြင်မှားနိုင်မယ်ဆိုပြင် လိုက်ပါ ကိုယ်အောင်မြင်ဖို့ တစ်ခု တည်းကို မကြည့်သင့်ဘူး၊ သက်ဆိုင် ရာကလည်းဒါတွေကို တဖြည်းဖြည်း လုပ်သင့်ပါတယ်ဟု နာမည်ကျော် စာရေးဆရာ တစ်ဦးကဆိုသည်။
အဆိုပါ သီချင်းများနည်းတူ လည်း လူငယ်များ အတုယူမှားဖွယ် ရာတွေရှိနေခြင်းကြောင့် သက်ဆိုင် ရာသီချင်းစာသားရေးသူ၊ ထုတ်လွှင့် သူ၊ အဆိုတော်များ အနေဖြင့်သတိ ဖြင့် ဆင်ခြင်တတ်ရန်လိုအပ်သည်။ ရပ်ကွက်ထဲမှာ အမြဲဖွင့်တဲ့ အိမ်ရှိတယ်၊ သူတစ်ယောက်တည်း နားထောင်တာဘာမှမဖြစ်ဘူး၊ ဘေး ပတ်ဝန်းကျင်ကြားလို့မသင့်တော် ဘူး၊ နားရှက်ကြတယ်၊ ဒီလိုနား ထောင်သူတွေကလည်းကိုယ့်ကြောင့် ပတ်ဝန်းကျင် ထိခိုက်တာမျိုးတွေ ရှောင်သင့်တယ်၊ အဓိကတော့ အ ဆိုတော်တွေ ဒီလိုသီချင်းတွေမဆို ရင် အကောင်းဆုံးပါပဲဟု မြေနီ ကုန်းတွင် နေထိုင်သူတစ်ဦးကဆို သည်။
မိမိ ခံစားချက်ကြောင့် ပေါ် ထွက်လာသော သံစဉ်သီချင်းများ တွင် ယဉ်ကျေးမှုနှင့် မဆီလျော် သောစာသားများကြောင့် လူငယ် လူရွယ်များကြား၌ မလိုလားအပ် သော ပြဿနာများ ဖြစ်ပွားလေ့ရှိ နေသည်ကို မြင်တွေ့နေကြရသည်။ ယင်းအတွက်ကြောင့် သက်ဆိုင်ရာ အဖွဲ့အစည်းရုံးများမှလည်း သီချင်း အခွေထုတ်လုပ်ရာတွင် မသင့်လျော် သော စာသားများ၊ ယဉ်ကျေးမှုနှင့် မကိုက်ညီသော ဝတ်စားဆင်ယင်မှု များအား စိစစ်လျက်ရှိနေသေး သည်။
ထို့အတူ တစ်ဖက်တွင်လည်း သီချင်းဖန်တီးသော သူများအနေ ဖြင့် မိမိပင်ကိုစိတ်၊ အသိစိတ်ဖြင့် ရေးသား ဖန်တီးထုတ်ဝေရန် သင့်ပြီး ယင်းကဲ့သို့ မြန်မာ့ယဉ်ကျေးမှုနှင့် မသင့်လျော်သော သီချင်းများ ထွက်ပေါ်လာမှု ပပျောက်ရေးအတွက် ဝိုင်းဝန်း ပူးပေါင်းလုပ်ဆောင်သွားကြ ရန် လိုအပ်လျက်ရှိသည်။ ရှိုးပွဲတစ်ခုမှာဆိုလာကြည့်တဲ့ သူတွေကို အဆိုတော် က ပရိသတ် ကြီး အရမ်းမိုက်တာပဲလို့ပြောတယ်၊ အမှန်ကအခုလိုအားပေးတော့ကျေး ဇူးတင်ပါတယ်ဖြစ်ရမှာအသုံးအနှုန်း က ကိုယ့်တန်ဖိုးကို ကိုယ်ဖော်ပြနေ တာ၊ အဆိုတော်တွေ ဆိုတာလည်း ပြည်သူတွေစံထားတဲ့ အထဲမှာပါ တယ်။
သူတို့လုပ်သမျှကို လူငယ် တွေကလိုက်လုပ်တယ်၊ လိုက်ဝတ် တယ်၊ နေထိုင်ပြုမှုပြောဆိုတယ်၊ ဒါ တွေကို အဆိုတော်တွေအနေနဲ့ သတိထားသင့်တယ်။ ကိုယ့်ကြောင့် တစ်ခုခု ဖြစ်လာပြီဆို မကောင်းဘူး ဟု ပြည်တွင်းဂျာနယ်တစ်စောင်မှ အယ်ဒီတာတစ်ဦးကဆိုသည်။ မြန်မာဂီတလောကတွင်Hip Hop ဂီတသည် လူငယ်များ၏ စိတ် အားဖမ်းစားနိုင်ဆုံး ဂီတ အမျိုးအ စားတစ်ခုဖြစ်ပြီး၊ လူငယ်များတွင် သီချင်းများကြောင့် ဖြစ်ပေါ်လာ သော အကျင့်စာရိတ္တများ၊ယဉ်ကျေး မှုများရှိနေလေသည်။
မြန်မာ့ရိုးရာ ယဉ်ကျေးမှုအား ထိခိုက်လာစေနိုင် သော သီချင်းများသီဆိုထုတ်လုပ်မှု အားသက်ဆိုင်ရာမှ တတ်နိုင်သမျှ ညှိနှိုင်းဖြေရှင်းမှုများ၊ နည်းလမ်းများ၊ ပညာပေးများ ပြုလုပ်ရန် လိုအပ်လာ သည်။ ယနေ့ လူငယ်များအကြား ဖြစ် လျက်ရှိနေသော ယငံ်းHip Hop သီချင်းများသည်Hip Hop ဂီတ အား ဖော်ဆောင်နေသော အဆို တော်များအားလုံးနှင့် သက်ဆိုင်နေ ပေရာ ငါးခုံးမ တစ်ကောင်ကြောင့် တစ်လှေလုံးပုပ်ဆိုသော မြန်မာစ ကားပုံအတိုင်း မဖြစ်စေရန် ဂီတ လောကတစ်ရပ်လုံးက ဝိုင်းဝန်းထိန်း သိမ်းသွားကြမည်ဖြစ်ပါသည်။


posted by မိုးတိမ်(ရွှေမှော်ဝန်း)
ENVOY

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...