Tuesday, November 29, 2011

လေးလုံးမကွဲတဲ့ ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတွေ

by ဗုဒ္ဓဘာသာ / အတွေးအမြင် on Wednesday, November 30, 2011 at 9:12am
မြန်မာလူမျိုးဟာ စကားလုံးဝေါဟာရ ကြွယ်ဝတယ်။ သူ့နေရာနဲ့သူ သုံးနိုင်အောင် စကားလုံးတွေ ရှိတယ်။ ဒါပေမယ့် စကားလုံးကို သူ့နေရာသူ လိုက်လျောညီထွေမှုရှိအောင် မသုံးနှုံးတတ်ကြဘူး။ အမေကျော်ဒွေးတော်ကို လွမ်းနေကြတဲ့သူတွေက ခပ်များများရယ်။ ဦးဇင်းကတော့ မြန်မာလူမျိုးက အင်္ဂလိဂ်စကားမပြောတတ်ဟာ ရှက်စရာကောင်းတယ် ဂုဏ်ငယ်တယ်လို့ မမြင်ပါဘူး။ မြန်မာလူမျိုးက မြန်မာစကားကို လိပ်ပတ်လည်အောင် မပြောတတ်တာ စကားကို သူ့နေရာသူ အံဝင်ခွင်ကျဖြစ်အောင် မပြောတတ်တာကိုသာ ရှက်စရာကောင်းတယ် ဂုဏ်ငယ်စရာကောင်းတယ်လို့ မြင်ပါတယ်။


အတွင်းပိုင်းထဲမှာ ဓာတ်တော်တွေ ထည့်ထားပြီးတော့ အပေါ်ကနေ အုတ်ဖြစ်ဖြစ် ကျောက်ဖြစ်ဖြစ် ကြေးဖြစ်ဖြစ် ရွှေဖြစ်ဖြစ်နဲ့ တည်ဆောက်ထားတဲ့အရာ ဥပမာ ရွှေတိဂုံလို အရာမျိုးကို “စေတီတော်”လို့ခေါ်တယ်။ အိမ်အဆောက်အဦးလို အရာမျိုးကိုတော့ ဘုရားကျောင်းဆောင်လို့ခေါ်ကြတယ်။ အမှန်က အဲဒါလဲ စေတီပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ဇေတ၀န်ကျောင်းတော်ဟာ စေတီပဲလို့ ကျမ်းဂန်များမှာ ဖော်ပြထားတယ်။

စေတီဆိုတာက “စေတိယ”ဆိုတဲ့ ပါဠိကနေ ဆင်းသက်လာတဲ့ စကားလုံးဖြစ်တယ်။ သူ့ရဲ့ အဓိပ္ပါယ်က “လူတို့၏ အမြတ်တနိုးကိုးကွယ်ရာဌာန”လို့ အဓိပ္ပါယ်ရှိတယ်။

ဘုရားပုံသဏ္ဍာန်နဲ့ အတတ်နိုင်ဆုံး တူညီအောင် လုပ်ထားတဲ့ ပန်းပုပန်းချီများကိုတော့ “ရုပ်ပွားတော် ဆင်းတုတော်”လို့ ခေါ်ဆိုရတယ်။

ဒီလိုသူ့နေရာနဲ့သူ အံဝင်ခွင်ကြဖြစ်အောင် သုံးလို့ရတဲ့ စကားလုံးတွေရှိပါရဲ့ ဆင်းတုတော်လဲဘုရား ရွှေတိဂုံလို စေတီတော်ကိုလဲဘုရား ဘုရားပဲသုံးနှုန်းနေကြတယ်။ ဒီတော့ ဒီမှာတင်ပြဿနာတွေဖြစ်ကုန်ကြတော့တယ်။

မန္တလေးမှာနေတုန်းက မဟာမုနိအနောက်မုဒ် ကျောက်ဆစ်တန်းမှာ ကြုံခဲ့တာလေးကို အမှတ်ရမိတယ်။ ဦးဇင်းက အဲဒီတုန်းက ရွာကျောင်းဘုန်းကြီး အပ်ထားတဲ့ ကျောက်စာချပ်တွေကို သွားရွေးတာဖြစ်တယ်။ ဦးဇင်းကျောက်စာချပ်က မပြီးသေးတာနဲ့ ထိုင်စောင့်နေတယ်။ ဆိုင်ထဲကို အသက်ငါးဆယ် ခြောက်ဆယ်လောက်ရှိမယ့် ယောကျာင်္းသုံးယောက် ၀င်လာတယ်။ ဆင်းတုတော်လာဝယ်ကြတာာဖြစ်တယ်။

ထုံးစံအတိုင်း ဈေးမေးကြ ဈေးဆစ်ကြပေါ့။ အဲဒီမှာ ၀ယ်တစ်ယောက်က “ဟိုကောင်က ဘယ်ဈေးလဲ”လို့ဆိုပြီး လက်ညှိုးထိုးမေးလိုက်တယ်။ ဆိုင်ရှင်က ကျောက်ဆင်းတုရဲ့ ခေါင်းကို လက်နဲ့ကိုင်ပြီးတော့ “ဒီကောင်က သုံးသိန်းရှစ်သောင်း”တဲ့။

ဘာဖြစ်လို့ ဒီလိုတွေ ၇ိုင်းရိုင်းစိုင်းစိုင်း ပြောဆိုလုပ်ကိုင်နေကြတာလဲဆိုတော့ ဒါတွေက အနေကဇာမတင်ရသေးလို့ ဘုရားမဖြစ်သေးလို့တဲ့။ ဒါကြောင့် ဘုရားမဟုတ်သေးလို့တဲ့။

စေတီတို့ ဆင်းတုတို့ဆိုတာက ဘုရားမဟုတ်ဘူး။ ဘုရားရဲ့ကိုယ်စား ပူဇော်ကိုးကွယ်ဖို့ လုပ်ထားတဲ့ အရာတွေဖြစ်တယ်။ ဆင်းတုတော်တွေဆိုတာက ဘု၇ားရှင်ကို စိတ်ထဲကနေ အာရုံပြုတဲ့အခါမှာ လွယ်ကူအောင်လို့ေ၇ှးပညာရှိများက လုပ်ပေးထားခဲ့တဲ့ အရာတွေဖြစ်တယ်။ စေတိတော်တွေ ဆင်းတုတော်တွေဆိုတာ ဘု၇ားရှင်နဲ့ ပေါင်းကူးပေးတဲ့ အရာတွေဖြစ်တယ်။

စေတီတော် ဆင်းတုတော်ကနေ ဘုရားရှင်ကို ရောက်အောင် အာရုံမပြုနိုင်တော့ သူ့ဆင်းတုက တန်းခိုးကြိးတယ် ငါ့စေတီက တန်းခိုးကြီးတယ်ဆိုတာတွေဖြစ်ကုန်ကြတယ်။ ကျိုက်ထီးရိုးမှဘုရား ရွှေတိဂုံမှ ဘု၇ားဆိုတာတွေ မြင်ကုန်ကြတယ်။ ရွှေတိဂုံလဲ ဘု၇ားမဟုတ်ဘူး။ ကျိုက်ထီးရိုးလဲ ဘုရားမဟုတ်ဘူး။ ဘုရားရဲ့ကိုယ်စားဖြစ်တဲ့ စေတီတော်တွေသာဖြစ်တယ်။ ဒါကို အတွင်းကျကျမြင်တတ်ဖို့လိုတယ်။

ဘုရားရှင်ဟာ ကိလေသာတွေကို ပယ်သတ်ပြီးတော့ သဗ္ဗညုဘုရားရှင်ဖြစ်တဲ့အခါမှာ အနေကဇာတိသံသာရံဆိုပြိးတော့ ဥဒါန်းကျူးရင့်ခဲ့တယ်။ အဓိပ္ပါယ်ကတော့ သူကိလေသာအားလုံးကို ပယ်သတ်ပြီးပြီမို့ နောက်ထပ် ဘ၀သစ်ထပ်မဖြစ်တော့ဘူး တဲ့။ အဲဒီအနေကဇာတိသံသာရံ ပါဠိတော်ကို အကြောင်းပြုပြိးတော့ “အနေကဇာတင်တယ်”ဆိုပြီးတော့ ဖြစ်လာတာဖြစ်တယ်။ ဆင်းတုတော်က စေတီတော်က အဒဲ အနေကဇာတိ သံသာရံကို မရွတ်ဆိုနိုင်လို့ ၇ဟန်းတော်များက ကိုယ်စား ရွတ်ဆိုပေးတာဖြစတယ်။

အနေကဇာတင်တယ်လိုဆိုတဲ့  အနေကဇာတိသံသာရံ ရွတ်ဆိုခြင်းကို ရဟန်းတော်များက လုပ်ပေးသည်ဖြစ်စေ လုပ်မပေးသည်ဖြစ်စေ အိမ်ရှင်က ရဟန်းတော်များပင့်ဖိတ်ပြီးတော့ အနေကဇာတင်သည်ဖြစ်စေ မတင်သည်ဖြစ်စေ ဆင်းတုတော်က ဆင်းတုတော်ပဲ စေတီတော်က စေတီတော်ပဲ။ ဦးဇင်းတို့ တောရွာဘက်တွေမှာဆိုရင် ဆင်းတုတော်ပန်းချီကားဝယ်ပြီး ဒီတိုင်း ပူဇော်ထားကြတာပဲ။

စကားစပ်လို့ ပြောရဦးမယ်။ မြင့်မြတ်တဲ့သူတွေ ပိုင်ဆိုင်တဲ့အရာကို “တော်”ထည့်သုံးကြတယ်။ ဘုရင်ရဲ့ သားတွေ သမီးတွေကို သားတော် သမီးတော်လို့သုံးတယ်။ ဘုရင်ကိုတော့ “ဘုရင်တော်”လို့ မသုံးဘူး။ ဒီလိုပဲ ဘုရားရှင်ရဲ့ ဆင်းတုတွေကို ဘုရားရှင်ပိုင်ဆိုင်တဲ့ အရာမို့ တော်ထည့်ပြိးတော့ “ဆင်းတုတော် စေတီတော်”လို့သုံးတယ်။ ဘုရားရှင်ရဲ့ သားဖြစ်ကြတဲ့ ရဟန်းတွေကိုလဲ “ရဟန်းတော်”လို့ သုံးကြတယ်။  ဘုရားကိုတော့ “ဘုရားတော်”လို့ ဘယ်သူကမှ မသုံးဘူး။ ထားပါတော့ ဒါက စကားလို့ပြောတာပါ။

အမှန်ကတော့ အနေကဇာတင်တယ်ဆိုတာက ဒီစေတီတော်ကို ဆင်းတုတော်ကို ပူဇော်သူများရဲ့ ရင်ထဲမှာ လေးလေးနက်နက်ဖြစ်သွားအောင် လုပ်ဆောင်တာဖြစ်တယ်။ အနေကဇာတင်တင် မတင်တင် မလေးနက်တဲ့သူကတော့ မလေးနက်ပါဘူး။ လေးနက်တဲ့သူကတော့ လေးနက်ပါတယ်။ ကြည့်လေ အများက အမြတ်တနိုးပြုထားကြတဲ့ေ၇ွှတိဂုံလိုနေရာမျိုးတောင် ကာမမှုတွေပြုနေတဲ့ လူတွေ တစ်ပုံကြီးပဲမို့လား။

စေတီတော်တွေ ဆင်းတုတော်တွေကို ပူဇော်ရာမှာ ကိုယ့်ရင်ထဲက လေးနက်မှုနဲ့ပဲဆိုင်တယ်။ ဒါပေမယ့် အပြစ်မရှိတဲ့ ရှေးရိုးစဉ်လာယဉ်ကျေးမှုကိုလဲ မပယ်မြစ်ကောင်းဘူး။ ဒါကြောင့် အနေကဇာတင်ခြင်းကို ကိုယ်တတ်နိုင်ရင် လုပ်ပါ။ မတတ်နိုင်လ လို့ မလုပ်ဘူးဆို၇င်လဲ ဘာမှမဖြစ်ပါဘူး။ ကိုယ်ရင်ထဲက လေးနက်မှုနဲ့ပဲသက်ဆိုင်ပါတယ်လို့ ပြောကြားလိုပါတယ်။

နားမလည်သေးရင် ထပ်မေးနိုင်ပါတယ်။


……………………………………………………………………………………..မိုးသု(မန္တလေး)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...