ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ရာတွင် နိုင်ငံတော်အလံကိုင်ဆောင်ခွင့်ကို ပြည်ထောင်စုလွှတ်တော် အတည်ပြု
Cloud Cuckoo Land created a doc.
ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ရာတွင် နိုင်ငံတော်အလံ ကိုင်ဆောင်ခွင့်ကို ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုကြောင်း နိုဝင်ဘာလ ၂၂ ရက်နေ့က ကျင်းပသည့် ပထမအကြိမ်ြ...ပည်ထောင်စုလွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး ပဉ္စမနေ့အစီအစဉ်တွင် ပြည်ထောင်စု လွှတ်တော် နာယက ဦးခင်အောင်မြင့်က ပြောကြားခဲ့သည်။ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် နှစ်ရပ်အကြား အဓိက သဘောကွဲလွဲချက် မှာ အချက်နှစ်ချက်ရှိကြောင်း၊ အဆိုပါ နှစ်ချက်အနက် တစ်ချက်မှာ ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ရာတွင် နိုင်ငံတော်အလံ ကိုင်ဆောင်ခွင့်နှင့် ပတ်သက်၍ဖြစ်ကြောင်း သိရှိရသည်။ ၎င်းအခွင့်အရေးနှင့် ပတ်သက်၍ ပြည်သူ့လွှတ်တော်မှ ထောက်ခံ အတည်ပြုခဲ့ပြီး အမျိုးသားလွှတ်တော်မှ ကန့်ကွက် အတည်ပြုခဲ့ကြောင်း သိရှိရသည်။
ထို့ကြောင့် အဆိုပါသဘောထား ကွဲလွဲချက်နှင့် ပတ်သက်၍ ပြည်ထောင်စုလွှတ်တော်၌ ဆက်လက် ဆွေးနွေးရာတွင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့် အပါအ၀င် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အချို့က နိုင်ငံတော် အလံကိုင်ဆောင်ခွင့်ရရှိရန် သဘောထား တင်ပြခဲ့ကြကြောင်း သိရှိရသည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော်၌ ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ရာတွင် နိုင်ငံတော်အလံ ကိုင်ဆောင်ခွင့်နှင့် ပတ်သက်၍ မဲခွဲဆုံးဖြတ်ရာအဆိုပါ အခွင့်အရေးကို ထောက်ခံသည့် အရေအတွက်က ပိုမိုများပြားသဖြင့် ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပြည်ထောင်စုလွှတ်တော် နာယက ဦးခင်အောင်မြင့်က “ပြည်ထဲရေး ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး က ပြည်ထောင်စု လွှတ်တော်သို့ ပေးပို့သော ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ဆိုင်ရာဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်၌ စတင်ဆွေးနွေး ဆောင်ရွက်ရန် ပေးပို့ခဲ့ပါတယ်။ ယင်းဥပဒေကြမ်းကို ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၂၆ ရက်နေ့တွင် ပြည်သူ့လွှတ်တော်၌ စတင် တင်သွင်းခဲ့ပြီး ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၃ ရက်နေ့တွင် ပြင်ဆင်ချက်များဖြင့် အတည်ပြု၍ အမျိုးသားလွှတ်တော်တွင် ဆွေးနွေး နိုင်ရန် ပြည်သူ့လွှတ်တော်မှ ပေးပို့ ခဲ့ပါတယ်။ အမျိုးသားလွှတ်တော်သည် အောက်တိုဘာလ ၂၅ ရက်နေ့ နှင့် ၂၇ ရက်နေ့တို့တွင် ပြည်သူ့လွှတ်တော် အတည်ပြုချက်အပေါ် ဆွေးနွေးပြီး ပြင်ဆင်ချက်များဖြင့် သဘောတူကြောင်း ပြည်သူ့လွှတ်တော်ကို အကြောင်းပြန်ကြားခဲ့ပါတယ်။ ပြည်သူ့ လွှတ်တော်က ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၄ ရက်နေ့မှာ အမျိုးသားလွှတ်တော် ပြင်ဆင်ချက်များကို ပြန်လည်ဆွေးနွေးခဲ့ပြီး အမျိုးသားလွှတ်တော် ပြင်ဆင်ချက်အချို့ကို သဘောမတူကြောင်း ဆုံးဖြတ်ခဲ့ပါတယ်။ ထို့သို့ ပြည်သူ လွှတ်တော်၊ အမျိုးသားလွှတ်တော် သဘောထားကွဲလွဲချက်တွေကို ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေးဆုံး ဖြတ်နိုင်ဖို့ ပြည်သူ့လွှတ်တော်က ပြည်ထောင်စုလွှတ်တော် နာယကထံ ပေးပို့လာပါတယ်။ သဘောထား ကွဲလွဲချက်များကို ပြည်ထောင်စု လွှတ်တော်မှာ ဆွေးနွေးခြင်းမပြုမီ လေ့လာစိစစ်နိုင်ရန် ဥပဒေကြမ်း ပူးပေါင်းကော်မတီကို ပေးပို့ခဲ့ပါတယ်”ဟု ပြောကြားခဲ့သည်။
posted by Eleven Media Group
0 comments:
Post a Comment