Tuesday, November 29, 2011

ဒီမိုကရေစီ ၁၀% အနည်းစုအတွက် ထိခိုက်မှုခံရသော ရန်အောင်မြင် ကဆ၊ထားဝယ် ဦးကျော်ရင်သား၊ ရေသမင်လိုက်

by Maung Maung Than on Wednesday, November 30, 2011 at 1:16pm

ဥပဒေက ပြည်သူတွေအတွက် ထုတ်ပြန်ထားတာမဟုတ်ဘူးဆိုရင် ဘယ်လို ဖြစ်ပြီး ဒီလိုဖြစ်သွားရတာလဲ၊ ဒီမိုကရေစီဆိုတာကရော ဘာလဲ။

မိတ်ဆွေတစ်ယောက်နဲ့ ပြောမိတာရယ် ကိုယ့်စိတ်မှာ အခုတလော ပေါ်နေတာတွေရယ်
အုပ်ချူပ်မှု စံနစ်တွေ ဒီမိုကရေစီတွေစတဲ့ ဂရိတွေက စီတီဇင်တွေပဲ အုပ်ချူပ်ရေး ဆုံးဖြတ်ချက်တွေမှာ ပါဆိုပဲ၊ ဒီတော့ အုပ်ချုပ်ရေးဆုံးဖြတ်ချက်တွေမှာ မပါတဲ့ လူနည်းစု အများပြည်သူအတွက် ထဲ့စဉ်းစားဘို့ ဆိုပြီး ဒီမိုကရေစီ စခဲ့ဆိုပဲ။
အဲဒိတုံးက စီတီဇင်တွေက များပုံရတယ်၊ လူနည်းစု ဆင်းရဲသားဆိုတာကိုး။

အခုရော ဒီမိုကရေစီ ထွန်းကားဆုံးဆိုတဲ့  အမေဂျီးကန် တိုင်းပြည်ကြီးက အော်စကာဆုကြီးများရ စုရုံးသိမ်းပိုက်ဘူးတဲ့ Wall street ဓါတ်ရှင်မှာတော့ သူတို့ နိုင်ငံကို ထိန်းချူပ်နေတာ လူနည်းစု ၁၀% ပါပဲတဲ့။ ကျန်တဲ့သူတွေက တိုင်းပြည်ရဲ့ လမ်းကြောင်းကို ၁၀%ရဲ့ ထိန်းချူပ်မှုမှာ လျှောက်နေတာပဲ၊ အဲဒီ ၉၀% မွဲသွားတာတွေ ဘ၀ပျက်သွားတာတွေကို ၁၀%က ဂရုစိုက်စရာမလိုဘူးလို့ ငြင်းချက်ထုတ်ထားတာပဲ၊ ဇာတ်လိုက်က အဲဒီ အတိုင်းမယူဆပေမဲ့ ဒါရိုက်တာက သူယူဆတာကို ဗီလိန်ဆီကနေ ပြောသွားတာပေါ့၊ အမေရိကန် လုပ်တိုင်း အားလုံးကောင်းပါသည်ဆိုသူများ ညင်းကြည့်ာကစမ်းပါ၊ ဟောလီဝုဒ်ကို ပြန်ပို့ ပေးလိုက်မယ်။

အဲဒီတော့ တကယ်ဖြစ်သင့်တဲ့ ဒီမိုကရေစီဆိုတာပါလဲ။

အများပြည်သူ ဆင်းရဲသားကို ထိခိုက်စေမဲ့ အလုပ်တွေ ဥပဒေတွေ၊ ဖိနှိပ်မှုတွေမလုပ်အောင် ဥပဒေပြုနိုင်တဲ့ လူတွေကို အများသူတွေက ရွေးချယ်ပြီး ဒီကာလ (၄နှစ်-၅နှစ်)တော့ ရှင့်ကိုယုံလို့ ကျမကိုယ်ကို ပုံအပ်လိုက်ပါပြီဆိုတဲ့ အလုပ်ကို လုပ်နိုင်စေတဲ့ စံနစ်ပေါ့။ ဒီကာလအတွင်းမှာတော့ လွန်စွာ ဆိုးဝါးမှပဲ ပြန်ဖြုတ်ချနိုင်တဲ့ ကွာရှင်းလို့ ရတဲ့ ယန္တရားတွေ ပါတာပေါ့လေ။

အဲဒီမှာ အတွေးစတွေ ဆန့် သွားတယ်။ ဝေါ့ဒစ္စနေ ကာတွန်းတစ်ခု၊ ဦးကျော်ဆန်းရဲ့  ရန်အောင်မြင် ကဇတ်။
ငယ်ငယ်မူလတန်းကျောင်းသားဘ၀က ကမာရွတ် စန္ဒာမြိုင် ရုပ်ရှင်ရုံမှာ ကာတွန်းကားတစ်ကားကြည့်ဘူးတယ်၊ အဲဒီရုံမှာ ကာတွန်း၂ကားကြည့်ဘူးပါတယ်။ တကားက ၀ူခုန်းဇာတ်လမ်းပါ၊ သိပ်တော့မတူဘူး (တရုပ်ဇာတ်လမ်းနဲ့ )
ထားလိုက်ပါတော့ ကျနော်ပြောမဲ့ဇာတ်လမ်းက ဒီမိုကရေစီ ကျဆုံးခြင်းများနဲ့ ဆိုင်တယ်(ကြီးကြီးကျယ်ကျယ် ပြောကြည့်တာ)။
ကျေးရွာလေးတစ်ခုဘေးမှာ ရဲတိုက်ကြီးတစ်ခုရှိတယ်၊ အဲဒီ ရဲတိုက်ကြီးထဲမှာ မကောင်းဆိုးဝါး (ဘီလူးဆိုပါတော့) အုပ်ချူပ်သူကြီးတစ်ယောက်ရှိတယ်၊ အဲဒီထဲကနေ အစေအပါးတွေ ထွက်ထွက်လာပြီး ပြည်သူလူထုကို ဒုက္ခပေးနေတာပဲ၊ ရိက္ခာတွေ သွင်းရတယ်၊ အခွန်တွေ ဆက်ရတယ်။ ယုတ်စွအဆုံး မင်းသားလေး (အဓိက ဇာတ်ရုပ်ကို မင်းသားလေးလို့ ခေါ်လိုက်တာပါ၊ ရွာသားလေးပါ) ရဲ့ ပုလွေလေးရယ် (ပုလွေမှုတ်နေတုံး) ခြင်းလုံးလေး (ခြင်းခတ်နေတုံး) ရယ်ကိုပါ မတရား သိမ်းသွားကျတယ်။
အံ့သြသွားပါသလား။ ကောင်လေးက ယောင်ပေစူးလေးနဲ့ ဗျာ၊ သေသေချာချာမှတ်မိနေတယ်၊ ဝေါ့ ဒစ္စေနေဟာ မြန်မာပြည်ကို ဆက်တင်ယူထားပုံရတယ်။ ကျနော်မူလတန်းမှာလာ ကြည့်၇တာဆိုတော့ မြန်မာပြည်က အဲဒီအချိန် အာရှရဲ့ စတားဖြစ်တုန်းကို။
မကြာမကြာ ရဲတိုက်ရှေ့ က မောင်းကြီးကို သူရဲကောင်းကြီးတွေ ရောက်ရောက်လာပြီး မောင်းကြီးကို သူတို့ ကိုင်ထားတဲ့ လက်နက်နဲ့ ထုရိုက်ပြီး ၀င်သွားကြတယ်၊ ပြည်သူတွေရဲ့  ဒုက္ခကို မကြည့်ရက်တ့ သူရဲကောင်းကြီးတွေပေါ့။ ပြီးရင် တိုက်သံ ခိုက်သံတွေ ကြားရ၊ နောက် အသံနက်ကြီးနဲ့ မကောင်းဆိုးဝါးကြီး အော်သံကြားရပြီး ငြိမ်ကျသွားလေ့ရှိတယ်။ ဒါပေမဲ့ သူရဲကောင်းကြီးတွေက ပြန်ထွက်မလာတော့ဘူး။ နောက် တစ်ခါတစ်ရံ အပြင်ထွက်လာလေ့ရှိတဲ့ မကောင်းဆိုးဝါးကြီးက ပေါ်မြဲပေါ်လာခဲ့တယ်။ ထူးဆန်းတာက ကိုင်တဲ့ လက်နက်က အရင်နောက်ဆုံးဝင်သွားခဲ့တဲ့ သူရဲကောင်းရဲ့ လက်နက်ပါပဲ။ မတရားမှုတွေကလဲ အရင်အတိုင်းပဲ
တိုတိုပြောရရင် နောက်ဆုံးတော့ ရွာသားလေးဟာ သူကိုယ်တိုင်ကို ရဲတိုက်ကြီးထဲကို ဒါးဆွဲပြီးဝင်သွားရတော့တယ်၊ အကြောင်းရင်းကိုတော့ မမှတ်မိတော့ဘူးဗျာ။ အဲအထဲမှာ အကောင်ကြီးနဲ့ တွေ တိုက်ကျခိုက်ကျ၊ နောက်ဆုံးတော့ သူနိုင်သွားတယ်၊ ခလေးပီပီ ရဲတိုက်ကြီးထဲ လျှောက်ကြည့်တဲ့အခါမှာ အနိုင်ကျင့် သိမ်းဆည်းထားတဲ့ ရွှေတွေ ငွေတွေ ကိုတွေ့ ပြီး သွားယူလိုက်မိတာမှာ သူ့ လက်ဟာ မကောင်းဆိုးဝါးကြီး ဖြစ်သွားပါလေရော။ ယူကျုံးမ၇ ဖြစ်သွားတာပေါ့၊ ဒါပေမဲ့ ကံကောင်းခြင်တော့ ငယ်ငယ်က သူအသိမ်းခံလိုက်ရတဲ့  ပုလွေလေးနဲ့ ခြင်းလုံးလေးကို တွေ့ တဲ့အခါ သွားပြီး ပြေးအယူအလိုက်မှာ လက်က လူပြန်ဖြစ်သွားပါတော့တယ်၊ နောက် ရွာသားလေးဟာ အပြင်ပြန်ထွက်လာပြီး ရဲတိုက်ကြီးလဲ ပြိုကျပျက်စီးသွားပြီး ဇာတ်သိမ်းသွားပါတယ်။

အဲဒီဇာတ်ကို အလယ်တန်းကျောင်းသားဘ၀လောက်မှာ တစ်ခါပြန်ကြည့်ရတယ်။ မြန်မာversionayပေါ့၊ မကြည့်ခင် တေဇစာစောင်ထဲမှာ ရန်အောင်မြင်ဆိုပြီးဖတ်၇တယ်။ လက်ရာရှင်ကတော့ က.ဆလို့ ထိုးလေ့ရှိတဲ့ ကာတွန်းဦးကျော်ဆန်းပါပဲ။ ဒီနေ့ ပဲ သိခဲ့ရတာ၊ မီးပုံပျံ ဦးကျော်ရင်(ထားဝယ်)ရဲ့ သားဆိုပါတယ်။ မမေကြည်တို့ အစဖေါ်ပေးကျပါ၊

တေဇစာစောင်မှာ စွဲကျန်နေတဲ့ ဇာတ်လမ်း၂ခု တစ်ခုက ဒီ ရန်အောင်မြင်ဇာတ်၊ တစ်ခုက ရေသမင်လိုက်တဲ့ဇာတ်။
ကြားဖြတ်ပဲ သတိရတုံး ရေးလိုက်မယ် ရေသမင်လိုက်တယ်ဆိုတာ အခု စိမ်းစို အပူပိုင်းဒေသမှာ သုံးတာပါ၊ အဲဒီခေတ်က အညာမှာ ရေရှားလွန်းလို့  မိုးရွာရင် ရွာလည်လမ်း ဖုတ်တောထဲက ဖုတ်တွေနဲ့ စီးနေတဲ့ မိုးရေ အနီတွေကို လက်ယက်ခွက်ကလေးတွေနဲ့ လိုက်ခပ်ပြီး အိုးတွေထဲ စုထည့်ရပါတယ်၊ ခလေးတွေရော လူကြီးတွေရော လုပ်ကျရာတာပါ၊ ရေသမင်လိုက်တယ်လို့ ခေါ်တယ်၊ စကားလုံး အလှအပ အင်မတန်သုံးစွဲမှုကောင်းတဲ့ မြန်မာလူမျိုးများရဲ့ စကားလုံးပါ။

(ဒါတောင်မှ တပတ်ကျော်က လျှပ်တပျက်ထဲမှာ နိုင်ငံခြားသားတွေကို မြန်မာစာသင်တယ်ဆိုတဲ့ ဆရာမက မြန်မာစာဟာ စနစ်မရှိဘူး၊ အင်္ဂလိပ်စာလို သဒ္ဒါမကောင်းဘူးစသည် အပုတ်ချထားတာ ရင်နာမိပါတယ်။ လျှပ်တပျက်ကတော့ သူ့ ထုံးစံအတိုင်း မီဒီယာသမားပီသစွာ မဖြတ်မတောက် ထဲ့တာပေါ့လေ)။

အဲဒီမှာ စာရေးသူရဲ့ သူငယ်ချင်းလေးဟာေ၇သမင်လိုက်ရင်း အပူရှပ်လို့ ဆုံးသွား၇ရှာပါတယ်၊ ဆရာ က.ဆက ဇာတ်လမ်းကို အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးတွေလုပ်လို့ မိုးတွေမှန်နေပြီ၊ ရေတွေ၇နေပြီ၊ သူငယ်ချင်းရေ ဒိလိုသာစောစောကဆိုရင် နင်သေမှာမဟုတ်ဘူးလို့ ရေးထားတာပါ၊ ဒါတွေကို နားမလည်သေးခဲ့တဲ့ ခြောက်တန်းအရွယ်မှာကို ကျနော်ဖတ်ပြီး မျက်ရည်ကျခဲ့ရပါတယ်။ အခုလဲ ဒီစာကို၇ိုက်ရင်း မျက်ရည် တရွှဲရွှဲပဲ။

က.ဆရဲ့  ၇န်အောင်မြင်ဇာတ်လမ်းက မြန်မာမှုပြုလိုက်ပါတယ်။ အဲဒီဇာတ်လမ်းကို ယဉ်ကျေးမှုက ကဇာတ်ကြီးကပါတယ်။ အရင် ယဉ်ကျေးမှု ကဇာတ်ဟာ တနှစ်တခါဆိုသလို ကျိုက္ကစံ ပြည်ထောင်စုပွဲများမှာ ပြည်သူကို ဇာတ်ကြီးများ တင်ဆက်ပါတယ်၊ ဘိုးရာဇာကနေ စပါတယ်။ နောက် ၀က်ထီးကန်စသည်၊ ဇာတ်များဟာ အနည်းဆုံး ၂ခါ ၃ခါတော့ ကကြ၇တာပါပဲ။ ရန်အောင်မြင်က တစ်ခါပ။ဲ ခံပါတယ်။ ကာတွန်းဇာတ်လမ်းတွေမှာ ရွှေငွေ ဥစ္စာလောက်ပဲ လောဘအနေနဲ့ ပါတာကို ၇န်အောင်မြင် ဇာတ်ကြီးမှာ ဆရာကျော်ဆန်းဟာ ရာထူး၊ စည်းစိမ်၊ အာဏာဆိုပြီး အသံနက်ကြီးတွေနဲ့ ကို အော်ခိုင်းပြီး လက်ကို အမွှေးတွေပေါက်လာတာကို ဆက်တင်ပညာကောင်းကောင်းနဲ့ တင်ဆက်သွားလို့ ပါပဲခင်ဗျား။

ဒိတစ်ခါတော့ ယခင်ခေတ်က ယဉ်ကျေးမှု အနုပညာကဇာတ်အဖွဲ့ ကို ဦးညွှတ်လျက်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...