တောင်ဒဂုံမှာသာတဲ့လ (သို့မဟုတ်) နှလုံးသားဖြူစင်သော မေတ္တာရှင်
by Ag Myint Tham on Wednesday, November 30, 2011 at 12:53pm
မေတ္တာသည် အေးမြခြင်း၊ မွန်မြတ်ခြင်း၊ သန့်စင်ခြင်း၊ လူသားတစ်ယောက်ရဲ့အဆင့်အတန်းသည်၊ တခြားလူတွေအပေါ်နှင့် သတ္တ၀ါတွေအပေါ်မေတ္တာဓါတ် ဘယ်လောက်ထားတတ်ခြင်းကို ကြည့်ရှု၍ လူသား၏ ကြီးမြတ်ခြင်းကို သိရှိနိုင်ပါသည်။ မေတ္တထားခြင်းသည် ကောင်းမှုကို ကြံစည်နေခြင်းမည်ပါသည်။ မေတ္တာနှင့် ယှဉ်သော လူသားအကျိုးပြု လုပ်ငန်းများကို လုပ်ဆောင်နေခြင်းသည် မိမိကိုးကွယ် ယုံကြည်သော ဘုရားစကားတော်ကို နားထောင်ခြင်းမည်၏။ အဘယ်ကြောင့်ဆိုသော် မေတ္တာသည် ဘုရားသခင်၊ ဘုရားသခင်သည် မေတ္တာပင်ဖြစ်သည်။
၁၈ ၁၉ ၂၀ ရာစုနှစ်တွေမှာ အများအကျိုးကို သယ်ပိုးကြသူတွေ၊ အခက်အခက်ဖြစ်နေသူ၊ မိမိအရှေ့မှာ ဒုက္ခရောက်နေသော သူများကို၊ အာဖရိကတိုင်းပြည်၊ အစာရေစာ ခို့တဲ့နေရှာသော လူများကြား၊ကလေးငယ်များ အလည်တွင် ကူညီနေပုံကို တွြေ့ရသည်။ ရွှေရောင်ဆံပင်နှင့် ဂျင်းဘောင်းဘီးကို ခေါက်တင်ထားသော အနောက်တိုင်းမှ ချောချောလှလှ မိန်းခလေးငယ်များက ဆာလောင်နေသူများ၊ မကျန်းမာသူများ၊ လူ့အသုံးအဆောင် လိုအပ်နေသူများကို- အစာခွံကျွေး၊ ဆေးဝါးကုသပေး၊ ထောက်ပံပေးမှုများကို တွေ့မြင်ကြရသည်။ တကမ္ဘာလုံးကလည်း ထိုမြင်ကွင်းများအပေါ် အားကျ၊ ချီးကျူး၊ ကြိုက်နှစ်သက်ကြသည်။
သူမနာမည် မဖြူဖြူသင်း။ HIV/ AIDS ရောဂါဝေဒနာ ခံစားနေကြသူများနဲ့ တဆင့်ရောဂါ ကူးဆက်ခံစားနေကြသော မိသားစုများကို တာဝန်ခံ ကြည့်ရှုစောင့်ရှောက်ပေးနေသူ ဖြစ်ပါသည်။ ၎င်းနေရာမှာ ရန်ကုန်၊ တောင်ဒဂုံဖြို့နယ်တွင် တည်ရှိပါသည်။ ဒီလုပ်ငန်းကို လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ၂၀၀၂ ခုနှစ်မှာ မဖြူဖြူသင်းအပါအ၀င်လူငယ် ၂၀ ကို UNDP က ပြုလုပ်တဲ့ ခုခံအားကျဆင်း ကာကွယ်တားဆီးတိုက်ဖျက်ရေး သင်တန်းစေလွှတ် တက်ခိုင်းကတည်းက စတင်လုပ်ကိုင်ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။ "၂၀၀၂ ကနေ ဒီကနေ့ အထိလူနာ ငါးထောင်ကျော် ရှိသွားပါပြီ။ ဒါပေမယ့် ရန်ကုန်မှာရှိတဲ့ ဂေဟာတွေမှာ လာရောက်ဆေးကုသသူ၊ ဆေးထုတ်သူ အရေတွက်ကတော့ နေ့စဉ် တစ်ရာ့နှစ်ဆယ်ကနေ တစ်ရာ့ငါးဆယ်ကြားရှိပါတယ်" ဟု ဒီနှစ် မေလ ၂၉ ရက်နေ့မှာ သံလွင်အိမ်မက် နဲ့တွေ့ဆုံမေးမြန်းမှုမှာ မဖြူဖြူသင်း ပြောသွားခြင်း ဖြစ်ပါသည်။ ထိုလုပ်ငန်း အစမှ ယခုအထိ အခက်အခဲပေါင်းစုံဖြင့် လည်ပတ်နေရသည်။"အာဏာပိုင်တွေ ဟန့်တားနှောင့်ယှက်မှုက လုပ်ငန်းလုပ်ရာမှာ အင်မတန် အခက်တွေ့စေပါတယ်။ ကူညီမှုမရတဲ့အပြင် တောက်လျောက် နှောင့်ယှက်နေတာက အကြီးမားဆုံး အခက်ခဲဖြစ်ပါတယ်။" ဟုလည်း သူမကဆက်ပြောသည်။ လူနာဆေးဖိုး၊ အာဟာရ၊ လမ်းစရိတ်၊ ဆေးခန်းပြခ အစရှိတာတွေ ပေါင်းလိုက်ရင် တစ်လကို သိန်းတစ်ရာ့သုံးဆယ်ကျော်ကုန်ကျသည်ဟု သိရသည်။ ရောဂါခံစားနေရသူများကို ရောဂါတားဆီးနိုင်အောင် ဆေးဝါးလိုအပ်ချက်ကိုလည်း ယင်းသို့ပြောသည်။ "ဒီဆေးကို ဗမာပြည်မှာတော့ အလွယ် သုံးမျိုးပေါင်းလို့ ခေါ်ဆိုနေကြတာပါ။ ရောဂါဖြစ်ပြီး စီဒီဖိုး အကောင့်နည်းတဲ့ လူနာတွေ သောက်ရတာပါ။ lamivudine 30mg + stavudine150mg + nipravine200mg ပါဝင်တဲ့ဆေးကို စတင် သောက်သုံးရတာဖြစ်ပါတယ်။ ဒီဆေးဝါးတန်ဖိုးက သုံးသောင်းဝန်းကျင်ရှိပြီး မြန်မာပြည်မှာ အလွယ်တကူ ၀ယ်လို့ရပါ တယ်။ ဒီဆေးဝါးအာနိသင်ဟာ တစ်လုံးကို ဆယ့်နှစ်နာရီခံတာဖြစ်ပြီး အချိန်တိတိကျကျ သောက်သုံးရတာဖြစ်ပါတယ်။ ဒီဆေးဝါးသောက်သုံးမှု နှစ်ကြိမ်ထက် ပိုပြီးပျက်ကွက်ရင် ဒုတိယအဆင့်ဖြစ်တဲ့ ဆေးဝါးတွေကိုသောက်သုံးရမှာပါ။ ဒီဒုတိယအဆင့်ဆေးဝါးတွေကိုလသောက်သုံးရရင်တော့ သုံးသိန်းအထက်ဖြစ်ပြီးတော့ ဆေးကလည်း ၀ယ်ဖို့မလွယ်ကူပါဘူး။"
အောင်မြင်၊ ပြည့်စုံသူတွေ ကြားထဲမှာ နေရခြင်းသည် ဘ၀ကို ကျော်ဖြတ်ရတာလွယ်ကူသလောက်၊ မျှော်လင့်ချက်မှေးမီန်၊ စိတ်ဓါတ်ကျနေသော သူများကြားထဲတွင် နေထိုင်၊ သူ၏ဘ၀ကို ပေးဆပ်ထားသူတစ်ယောက်အဖို့၊ သူလည်းစိတ်ဓါတ်မကျအောင်၊ အခြားရောဂါခံစားသူများကို အားမငယ်ရလေအောင် လုပ်ဆောင်ရသော အလုပ်သည် လွယ်ကူသော လုပ်ရပ်မဟုတ်ချေ။ ယုံကြည်ချက်ခိုင်ခိုင်မာမာနဲ့ စွန့်လွတ် အနစ်နာခံမှုမရှိပါက လွယ်ကူသော ကိစ္စမဟုတ်ချေ။
လူနာတွေ စိတ်ဓါတ်မကျစေရန်၊ ထိုကဲ့သို့ မဖြူဖြူသင်းပြောသည်။"လူနာအချင်းချင်းအားပေးခြင်းဟာ သူတို့စိတ်ဓာတ်ကို မြှင့်တင်ရာ ရောက်ပါတယ်။ နောက် သူတို့စိတ်ဝင်စားတဲ့ ရုပ်ရှင်ကြည့်တာ၊ သူတို့ကြိုက်တဲ့ အဆိုတော်တွေ သီချင်းနားထောင်တာနဲ့ လူကောင်းတွေက သူတို့အပေါ် နွေးထွေးပေးတာ၊ သူတို့ကို နားလည်မှု အပြည့်ပေးတာမျိုးတွေဟာ သူတို့စိတ်ဓာတ်ခွန်အား တက်စေတဲ့အရာတွေ ဖြစ်ပါတယ်။"အလုပ်လုပ်နိုင်စွမ်းရှိနေသေးတဲ့ လူနာတွေအတွက် အသေးစား လက်မှုလုပ်ငန်းလေးများ ဖန်တီးပြီး အဖွဲ့အတွက် ရန်ပုံငွေရှာမယ့် အစီအစဉ်မျိုးလည်း ရှိကြောင်း သူမပြောသည်။ "အဲ့ဒီအစီစဉ်ကို အစောကြီးကတည်းက လုပ်ထားပေးပါတယ်။ ဥပမာ စိုက်ပျိုးရေးလုပ်ငန်းလိုဟာမျိုး၊ ဥပမာစက်ချုပ်သင်ပေးပြီး အလုပ်ရှာပေးတာမျိုးတွေ၊ မွေးမြူရေုးလုပ်ငန်းတွေ အရင်းနှီးထုတ်ပြီး ဈေးရောင်းစေတာမျိုးတွေကို မပြတ်လုပ်ဆောင်ထားပေးပါတယ်။"
မဖြူဖြူသင်းနဲ့အဖွဲ့ စောင့်ရှောက်ထားတဲ့ ဝေဒနာသည်တွေအတွက် လှူဒါန်းချင်တယ်ဆိုရင်ဖြင့် ဒီလိပ်စာတွေကို တိုက်ရိုက်ဆက်သွယ် လှူဒါန်းနိုင်ပါတယ်။
အမှတ် ၆၃၁၊ ၁၁လမ်း၊ ၇ ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။
အမှတ် ၃၇၆၊ ကမ္ဘောဇ ၂လမ်း၊ ၁၈ဘီရပ်ကွက်၊ တောင်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
ဖုန်း - ၅၆၉ ၃၄၆၊ ၀၉၅၀ ၂၄၀ ၅၆။
သံလွင်အိမ်မက် www.thanlwin.com မှ ကိုးကားပါသည်။
0 comments:
Post a Comment