နှစ်ဆယ့်ကိုး တောလား
မရှိတော့ဘူး
အစကတည်းက ကြွေဖို့စောင့်နေတဲ့ကောင်
မီးခိုးမတိတ်ခင် မီးငြိမ်းသွားခဲ့ပြီ
ကြာရင် ကိုယ်အသံကိုယ် ငြိုငြင်လာဦးမယ်
လေညှင်းရေထ
နွေဦးရောက်ပြီကွဲ့ ..။
သံစဉ်အကျိုးကြီးနဲ့ မနက်ဖြန်ကို
လှစ်ဟ ဖြန့်ကျဲ နှစ်ခြိုက်ခဲ့ရင်း
စိမ့်သက်ခါးအီနေတဲ့ ထိရှလွယ်နှလုံးသွေးနဲ့
အရိုးတွေကို တလူလူလွှင့်အောင်
ဟိုမှာ ကောင်းကင်က ကြယ်သီးဖြုတ်
မလှုပ်တလှုပ်ကြယ်တွေက အိုက်စွတ်ဟောင်းနွမ်းနေကြပေါ့။
အရင်လိုပါပဲ
ဟုတ်တယ် ….
အရင်လိုမဟုတ်ရင်တောင် … အရင်လိုရဲ့ အရင်လိုပါပဲ …
ကုန်သွားပြီ
ငါဟာ မီးမညှိခင်ကတည်းက ဘာဆေးလိပ်မှန်းမကြည့်မိတဲ့ကောင်
ပိုက်ဆံရှင်းမှ မငြင်းချင်တော့ဘူး။
ဘ၀ဆိုတာ
တကယ်တော့ …
မတ်တပ်ကြီး အိပ်ရတဲ့ ညက မက်ခဲ့တဲ့ အိပ်မက်တွေလိုပေါ့
တစောင်းကြီး ဖြစ်နေလေရဲ့ …။
ရင်နင့်အောင်

0 comments:
Post a Comment