Monday, November 28, 2011

ခဲတံနဲ့ လူ့ဘဝ



Tuesday, November 29, 2011



ပညာရှိတွေက ခဲတံကို အချက် (၅) ချက်နဲ့ ဖွဲ့ဆိုတယ်။

(၁) လူတွေရဲ့ ဆုပ်ကိုင်ခြင်းကို သင် ခံနိုင်ရည်ရှိမှ သင့်ရဲ့ တာဝန်ကို သင်ပြီးမြောက်နိုင်မှာဖြစ်တယ်။

(၂) ချွန်မြအောင် အချွန်ခံရတဲ့ နာကျင်ဒဏ်ကို သင်ခံနိုင်မှ သင့်အရည်အချင်းကို သင်ထုတ်ပြနိုင်မှာဖြစ်တယ်။

(၃) သင် တစ်သက်မှာ အမှားမလုပ်မိဘူးဆိုတာ မရှိဘူး။ အမှားလုပ်မိတဲ့အခါ ရိုးရိုးသားသား၊ ပွင့်ပွင့်လင်းလင်းနဲ့ ခဲဖျက်ရဲ့ အကူအညီကို ယူပါ။ ဒါမှ လှပတဲ့ အရာတွေကို သင်အရာထင် ဖန်တီးနိုင်မှာ ဖြစ်တယ်။

(၄) ချောမွတ်တဲ့ အရာပေါ်ရောက်လေ သင့်အားကို ပိုစိုက်ထုတ်ရလေပါ။ ဒါမှ သင့်ဘဝ အရာထင် ကျန်ရစ်နိုင်ခဲ့မှာ ဖြစ်တယ်။

(၅) သင့်ရဲ့ အရေးပါဆုံးအရာဟာ သင့်အပြင်ပန်းသဏ္ဌာန် မဟုတ်ဘူး..  သင့်ရဲ့ အတွင်း “အဆံ”  ဆိုတာကို အမြဲမှတ်ထားပါ။


လူ့ဘဝဟာလည်း ခဲတံတစ်ချောင်းနဲ့ တူပါတယ်။ အောင်မြင်တဲ့ဘဝတစ်ခုကို ပိုင်ဆိုင်ချင်ရင် အောက်က အချက် (၅) ချက်ကို မှတ်သားရပါတယ်။

(၁) သူတစ်ပါးလက်အောက်မှာ အလုပ်လုပ်ဖို့ ခံနိုင်ရည်ရှိမှ သင့် စိတ်ကူးအိပ်မက်ကို သင်အကောင်အထည် ဖော်ဖြစ်နိုင်မှာဖြစ်တယ်။

(၂) ဘဝရဲ့ အခက်အခဲ၊ ပြဿနာတွေကို ခါးစီးခံနိုင်မှ စိတ်ဓာတ်ကြံ့ခိုင်အား၊ လုပ်နိုင်အားစွမ်းရည်တွေကို သင်ပိုင်ဆိုင်မှာဖြစ်တယ်။

(၃) သင့်ဘဝမှာ အမှားမလုပ်မိဘူးဆိုတာ မရှိနိုင်ဘူး။ အမှားလုပ်မိတဲ့အခါ ရိုးရိုးသားသား၊ ပွင့်ပွင့်လင်းလင်းနဲ့ တခြားသူရဲ့ အကူအညီကို ယူပါ။ ဒါမှ လှပတဲ့ဘဝကို သင်ဖန်ဆင်းနိုင်မှာ ဖြစ်တယ်။

(၄) ဆင်းရဲဒုက္ခများတဲ့ ပတ်ဝန်းကျင်ရောက်လေ သင် အားစိုက်ထုတ် ကြိုးစားရလေပါ။ ဒါမှ သင့်ဘဝ အောင်မြင်မှုတွေ ရမှာဖြစ်တယ်။

(၅) သင့်ဘဝရဲ့ အရေးပါဆုံးအရာက သင့်ပြင်ပအရာဝတ္ထုတွေ မဟုတ်ဘူး.. သင့် အတွင်းစိတ်ဆိုတာကို မြဲမြဲမှတ်ထားပါ။

နိုင်းနိုင်းစနေ ဘာသာပြန်သည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...