Tuesday, November 29, 2011

(၇) ဥပဒေတိုင်းသည် (ဖွဲ့စည်းပုံအခြေခံဥပဒေပါပြဌာန်းချက်များနှင့်အညီ) တရားမျှတကိုက်ညီခြင်း ရှိမရှိ သုံးသပ်ခြင်းကို ခံရမည်။ All laws are subject to judicial review



မြန်မာနိုင်ငံ ရှေ့နေများကောင်စီ၏ ဥပဒေစိုးမိုးရေး စာအုပ်မှ ... 

ဥပဒေပြုအဖွဲ့ (ပါလီမန်) တခုခု၏ ဆောင်ရွက်ချက်ကိုဖြစ်စေ၊ ဥပဒေတခုခုကိုဖြစ်စေ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဌာန်းချက်များနှင့် ကိုက်ညီခြင်းရှိမရှိကိုသော်လည်းကောင်း၊  ထို့ပြင်၎င်းဥပဒေကို ကျင့်သုံးအကောင်အထည် ဖေါ်ကြသည့် အဖွဲ့အစည်းတို့၏ ဆောင်ရွက်ချက်များကိုသော်လည်းကောင်း  တရားရေးဆိုင်ရာအမြင်ဖြင့် (အမြင့်ဆုံးတရားရုံး (သို့) သီးသန့်တရားရုံးက) ချိန်ထိုး သုံးသပ်ရမည်ဖြစ်သည်။ ဆိုလိုသည်မှာ ပြည်သူ့ လွှတ်တော် (သို့) ပါလီမန်၏ သြဇာလွှမ်းမိုးမှုကင်းသော၊ လွတ်လပ်သောအဖွဲ့ တခုခုက ပြဌာန်းဥပဒေတို့သည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ကိုက်ညီခြင်းရှိမရှိကို ဆုံးဖြတ်ရန်လိုအပ်သည်ဟု ဝေဖန်သုံးသပ်ကြခြင်းဖြစ်သည်။
ပြဌာန်းဥပဒေများကို ထိုကဲ့သို့အကဲဖြတ်သုံးသပ်ရာတွင် ပါလီမန်ကသာ ဆုံးဖြတ်ခြင်း ဖြစ်ပါက ၄င်း၏အကြိုက် ကိုသာလိုက်၍ ဆုံးဖြတ်နိုင်ဖွယ်ရာရှိပေသည်။ ထို့ကြောင့်လွှတ်တော်(သို့) ပါလီမန်က ပြုလုပ်သည့် ဆုံးဖြတ်ချက် များ၊ ဥပဒေများကို ပြန်လည်သုံးသပ်ပိုင်ခွင့်ရှိသော တရားရုံးတော်များ၊ သို့မဟုတ်၊ သီးသန့်ဖွဲ့စည်းထူထောင် ထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးကဲ့သို့သော အဖွဲ့အစည်းတခု ရှိရန်လိုသည်ကို ဆိုလိုခြင်းဖြစ်ပေသည်။
ဥပဒေတို့သည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ကိုက်ညီမှုရှိမရှိကို တရားရေးဆိုင်ရာအမြင်ဖြင့် သုံးသပ်စေ ခြင်းအားဖြင့် စံချိန်စံနုန်းကိုက်ညီသော ဥပဒေကောင်းများပေါ်ထွက်လာမည်ဖြစ်သကဲ့သို့၊ ဥပဒေပြုရေးနှင့် အုပ်ချုပ်ရေးအာဏာပိုင်များ၏ လုပ်ဆောင်ချက်များသည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်များနှင့် ညီညွတ် ခြင်းရှိမရှိကို တရားရေးဆိုင်ရာအမြင်ဖြင့် သုံးသပ်ခြင်းအားဖြင့် ကောင်းမွန်သောအစိုးရတခုဖြစ်အောင် ထိန်းကျောင်း ပေးနိုင်မည်ဖြစ်ပေသည်။
ဥပဒေများသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ပြဌာန်းထားခြင်းရှိမရှိကို တရားရေး ဆိုင်ရာအမြင်ဖြင့် သုံး သပ်ခြင်းပြုရမည်ဖြစ်ပေသည်။ တနည်းအားဖြင့်ဆိုသော် ဥပဒေပြုကဏ္ဍတွင် (ပါလီမန်) တို့၏ လုပ်ဆောင် ချက်နှင့် အစိုးရအဖွဲ့တို့၏ ဆောင်ရွက်ချက်တို့သည် ဖွဲ့စည်းပုံအခြေခံ ဥပဒေပါပြဌာန်းချက်များနှင့် တစုံတရာ ဆန့်ကျင်ကွဲလွဲချွတ်ချော်မှုရှိ၊ မရှိကို စစ်ဆေးကြပ်မခွင့်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို အနက်အဓိပ္ပါယ်ဖွင့်ဆို ပိုင်ခွင့်အာဏာ Interpretation of the constitution ကို တရားလွှတ်တော်ချုပ်အားပေးအပ် ထားခြင်းပင် ဖြစ်သည်။ ထို့ပြင်ပါလီမန်နှင့်တကွအခြားသော ဥပဒေပြုပိုင်ခွင့်ရှိကြသည့် (အုပ်ချုပ်ရေးနှင့် စီမံခန့်ခွဲရေးဆိုင်ရာ) အဖွဲ့ အစည်းတစ်ခုခုမှ ဥပဒေများကို ထုတ်ပြန်ရာတွင်လည်း လွဲမှားမှုရှိလျှင်သော်လည်းကောင်း၊ နိုင်ငံ၏ နိုင်ငံရေးစနစ်နှင့် ကိုက်ညီမှုမရှိလျှင်သော်လည်းကောင်း တွေ့ရှိရလျှင် နိုင်ငံတော်၏အမြင့်ဆုံးတရားလွတ်တော် ချုပ်မှ ထိုဥပဒေ၏ တရားဝင်အတည်ဖြစ်မှု ရှိမရှိကို အဆုံးအဖြတ်ပေးရသည်။ တနည်းဆိုသော် ဥပဒေများ၏ အနက် အဓိပ္ပါယ်ဖွင့်ဆိုခွင့် Interpretation of the constitution ကိုလည်း အမြင့်ဆုံးတရားရုံးသို့ ပေးအပ်ထား ခြင်းဖြစ်သည်။

အမေရိကန်ပြည်ထောင်စု၏ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် တရားလွှတ်တော်ချုပ်တရား သူကြီးများအား အမေရိ ကန်နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေကိုသော်လည်းကောင်း၊ အမေရိကန် ကွန်ဂရက်ကပြဌာန်း ပေးလိုက်သော ဥပဒေများကိုသော်လည်းကောင်း အဓိပ္ပါယ်ဖွင့်ဆိုနိုင်ခွင့်အါဏာများကို အပ်နှင်းထားရှိ ဆောင်ရွက်ကြသည်။ အချို့သောနိုင်ငံတို့တွင်မူ ဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံး Constitutional Court များကို သီးခြားဖွဲ့စည်း ဆောင်ရွက်သည်။ ဥပမာ- ဂျာမန်ပြည်ထောင်စုသမတနိုင်ငံ  အာရပ်ပြည်ထောင်စုသမတနိုင်ငံ စသည်တို့ ဖြစ်သည်။
အမေရိကန်ပြည်ထောင်စု၌ ၁၈၀၃ ခုနှစ်တွင်ဖြစ်ပွားသော မာဘားရီးနှင့် မဲ့ဒဆင်အမှု Marbury V. Madison (1803) decision သည် ဥပဒေသမိုင်း တွင်ထင်ရှားပေသည်။ ထိုအမှုကြောင့် တရားရုံးချုပ်အား တရားဥပဒေကို သုံးသပ် အဆုံးအဖြတ်ပေးနိုင်သော အခွင့်အာဏာကို အပ်နှင်းလိုက်ခြင်းဖြစ်ပေသည်။ တရားသူကြီးချုပ် ဂျွန် John Marshall ရေးသားထားသော ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေနှင့် လွတ်လပ်သော တရားစီရင်ပိုင်ခွင့်ရှိခြင်း တို့က တရားရုံးချုပ်အား တရားရေးဆိုင်ရာအမြင်ဖြင့် သုံးသပ်နိုင်ခွင့်ရှိခြင်းကို ရည်ရွယ်ပေသည်။ တရားရုံးချုပ် သည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် သာမန်ဥပဒေတို့ အတိုက်အခံဖြစ်နေလျှင် (ဆန့်ကျင်ကွဲလွဲနေလျှင်) ထိုဥပဒေ ကို တရားရေးဆိုင်ရာအမြင် ဖြင့်သုံးသပ်ဝေဖန်ကာ ဆုံးဖြတ်ချက်ချပိုင်ခွင့်ရှိရပေမည်ဟုဆိုသည်။ ဖွဲ့စည်းပုံအခြေ ခံဥပဒေနှင့် သာမန်ဥပဒေတို့ထိပ်တိုက်တွေ့လာလျှင် ဖွဲ့စည်းပုံအခြေခံဥပဒေကိုသာလျှင် ဦးစားပေးရမည်ဟု ဆိုခြင်း ဖြစ်ပေသည်။

S.L. Kaeley  က ယင်း၏  World Constitutionsစာအုပ်တွင်- အိန္ဒိယနိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေသည်လည်း အိန္ဒိယတရားလွှတ်တော်ချုပ်ကို ပေးအပ်ထားသောအာဏာများတွင်- အိန္ဒိယပါလီမန်က ထုတ်ပြန်သော ဥပဒေများကိုလည်းကောင်း၊ အိန္ဒိယပြည်နယ်များက ထုတ်ပြန်သောဥပဒေများကိုလည်းကောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ကိုက်ညီခြင်းရှိမရှိကို စစ်ဆေးပြီး၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ကိုက်ညီမှုမရှိပါက ကန့် ကွက်နိုင်ခွင့်ရှိကြောင်း- တွေ့ရှိရသည်ဟု ရေးသားထားသည်။ သို့သော်လည်း အိန္ဒိယတရားလွှတ်တော်ချုပ်အား အမေရိကန်ပြည်ထောင်စု တရားလွှတ်တော်ချုပ်ကဲ့သို့ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ကိုက်ညီမှုရှိလင့်ကစား တရားမျှ တမှုမရှိဟုထင်မြင်ယူဆပါက ဥပဒြေုပကဏ္ဍနှင့် အုပ်ချုပ်မှု (စီမံခန့်ခွဲမှု)ကဏ္ဍတို့၏ လုပ်ဆောင်ချက်များအပေါ် ကန့်ကွက်ပိုင်ခွင့်အာဏာ အပ်နှင်းမထားပေ။
မြန်မာနိုင်ငံ၏ ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ အခန်း(၈) ပုဒ်မ ၁၃၇တွင် “တရားဥပဒေတခုသည် အခြေခံဥပဒေရှိပြဌာန်းချက်များအရ ခိုင်လုံသည်၊ မခိုင်လုံသည် ဟူသော ပြဿနာပေါ်ပေါက်နေသည့်အမှုများ ကို၊ တရားလွှတ်တော်ချုပ်၏ အယူခံစီရင်ပိုင်ခွင့်အာဏာဖြင့်၊ မစီရင်မဆုံးဖြတ်ရဟု မည်သည့်တရားဥပဒေမျိုး ကိုမျှ မပြုရ။ ဟုပြဌာန်းထားချက်အရ ဥပဒေများ၊ အမိန့်များ၊ အုပ်ချုပ်ရေးအာဏာပိုင်တို့၏ ဆောင်ရွက်ချက် များ အစရှိသည်တို့အား ဖွဲ့စည်းပုံအခြေခံဥပဒေပါပြဌာန်းချက်များနှင့် ကိုက်ညီခြင်းရှိမရှိအပေါ်သုံးသပ်ခွင့်ကို တရားလွှတ်တော်ချုပ်သို့ ပေးအပ်ထားကြောင်း တွေ့ရှိရပေသည်။
၁၉၇၄ ခုနှစ် ပြည်ထောင်စုဆိုရှယ်လစ် သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၀၁ ၌ “ပြည်သူ့ လွှတ်တော်သည် ဤဖွဲ့စည်းပုံအခြေခံဥပဒေ၏ အနက်အဓိပ္ပါယ်ဖွင့်ဆိုချက်များကို လိုအပ်သလို အခါအားလျှော် စွာထုတ်ပြန်နိုင်သည် ဟုပြဌာန်းထားသဖြင့်၎င်း၊ အဆိုပါ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၇၃ (ခ) အရ နိုင်ငံတော် ကောင်စီသည် “ဤဖွဲ့စည်းပုံအခြေခံဥပဒေမှအပ အခြားဥပဒေများ၏ အနက်အဓိပ္ပါယ်ကို တညီတညွတ်တည်း ဖြစ်စေရန်ဖွင့်ဆိုခြင်းအတွက် အာဏာအပ်နှင်းထားပြီး၊ ထိုအာဏာကို နိုင်ငံတော်၏အမြင့်ဆုံးတရားရုံးသို့ ပေးအပ်ထားခြင်းမရှိပေ။ 

ထို့ကြောင့် ပြည်သူ့လွှတ်တော်ကြုပလုပ်ပြဌာန်းလိုက်သည့် ဥပဒေများကိုသော်လည်းကောင်း၊ အုပ်ချုပ်ရေး အာဏာပိုင်များကထုတ်ပြန်သည့် ဥပဒေများကိုသော်လည်းကောင်း တရားရေးအမြင်ဖြင့် သုံးသပ်နိုင်ခြင်း မရှိခဲ့သဖြင့် တပါတီစံနစ်ကိုကျင့်သုံးခဲ့သည့် မဆလခေတ်ကာလတလျှောက်လုံး၌ ထုတ်ပြန်ခဲ့သည့်ဥပဒေ အများစုသည် ပြည်သူလူထုအကျိုးစီးပွားထက်စာလျှင် အာဏာပိုင်အုပ်ချုပ်သူများ၏ အကျိုးစီးပွားကို အကာ အကွယ်ပေးသည့် ဥပဒေများဖြစ်နေကြောင်းကိုတွေ့ရှိရမည်ဖြစ်ပေသည်။ ထို့ကြောင့်ပင်လျှင် ၁၉၆၂ ခုနှစ်တွင် စစ်တပ်မှအာဏာသိမ်းပြီးနောက်ပိုင်း၌ မြန်မာနိုင်ငံတွင် တရားဥပဒေစိုးမိုးရေးသဘောတရားများမှာ တဖြည်း ဖြည်းခြင်း မှေးမှန်ကွယ် ပျောက်ခဲ့ရပြီးနောက် အာဏာရှင်များကြီးစိုးမှုအောက်၌ ပြည်သူလူထုအား ဖိနှိပ်ချုပ် ချယ်သော အမိန့်များကိုသာ အတင်းအကြပ်လိုက်နာခဲ့ရပြီး၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီအခွင့်အရေးများ ကွယ်ပျောက်ဆိတ်သုဉ်းခဲ့ရခြင်းဖြစ်ပေသည်။

(၉)     တရားရုံးများသို့ ဥပဒေအရ အယူခံပိုင်ခွင့်ရှိရမည်။
Effective provisions for appeal or recourse to a court of law must exist.

နိုင်ငံတော်၏ အမြင့်ဆုံးတရားရုံးသည်သာလျှင် အပြီးအပြတ်တရားရုံးဖြစ်သည်။ မူလရုံးမှ စီရင်ချက်အမိန့် အပေါ် အထက်တရားရုံးအဆင့်ဆင့်သို့ အယူခံတင်သွင်းခွင့်ကို ကျင့်ထုံးဥပဒေများအရ ပြဌာန်းထားပြီး ဖြစ်သည်။ အောက်မူလတရားရုံးသည် သက်သေထွက်ချက်များကို ကိုယ်တိုင်ကိုယ်ကျ ကြားနာစစ်ဆေးရ သည့်တိုင် ထိုတရားရုံး၏ ဆုံးဖြတ်ချက်သည် မှားယွင်းချွတ်ချော်နိုင်ပေသည်။ သို့ဖြစ်၍ အထက်တရားရုံး အဆင့်ဆင့်သို့ အယူခံခွင့်ပြုရန် ဥပဒေအရ အခွင့်အရေးပေးရမည်ဖြစ်သည်။
တရားစစ်ဆေးစီရင်မှု (Judicial Trial) တခုသည် ပြစ်မှုထင်ရှားတွေ့ရှိ၍ ပြစ်ဒဏ်ပေးခြင်း၊ သို့မဟုတ်၊ ပြစ်မှု ကျူးလွန်ကြောင်းထင်ရှားခြင်းမရှိသဖြင့် အမှုမှအပြီးအပြတ်လွှတ်ခြင်း (တရားသေလွှတ်ခြင်း) တွင် ဆုံးခန်း တိုင်ပေသည်။ မူလအမှုစစ်ဆေးသောတရားရုံးက ချမှတ်သည့်ဆုံးဖြတ်ချက် အမိန့်အပေါ် ကြေနပ်မှုမရှိလျှင် တရားခံသည် တရားဥပဒေကပေးထားသော အယူခံနိုင်ခွင့် အခွင့်အရေးရှိလျှင် အထက်အဆင့်မြင့်တရားရုံး အဆင့်ဆင့်သို့ အကြောင်းခြင်းရာနှင့်ပတ်သက်၍သော် လည်းကောင်း၊ ဥပဒေနှင့်ပတ်သက်၍သော်လည်း ကောင်း အယူခံဝင်ခွင့်ရှိပေသည်။
မူလတရားရုံးသည် အမှုတခုအား စီရင်ဆုံးဖြတ်ရာတွင် အကြောင်းချင်းရာပြဿနာ Question of Fact နှင့် ဥပဒေဆိုင်ရာပြဿနာ Question of Law များကိုဆုံးဖြတ်ရာတွင် မှားယွင်းကောင်း မှားယွင်းနိုင်မည်ဖြစ်သည်။ သို့ဖြစ်၍ အဆင့်မြင့်တရားရုံးအဆင့်ဆင့်သို့ အယူခံလွှာ တင်သွင်းခွင့်ပြုရခြင်းဖြစ်သည်။ တရားခံအနေဖြင့် အထက်တရားရုံးသို့ အယူခံကိုမတင်သွင်းလိုသည့်တိုင် အောက်ရုံး၏ဆုံးဖြတ်ချက်သည် ဥပဒေဆိုင်ရာအငြင်း ပွားချက် Question of Law ပြဿနာရပ်များဖြစ်ပေါ်ခဲ့သည်ဟုတွေ့ရှိလျှင် အထက်တရားရုံးမှ ပြင်ဆင်မှုဖွင့်လှစ် ကာ အမှုကို ပြန်လည်သုံးသပ် ပြင်ဆင်ရသည်လည်းရှိပါသည်။

အပြည်ပြည်ဆိုင်ရာ နိုင်ငံသားနှင့်နိုင်ငံရေးအခွင့်အရေးဆိုင်ရာ သဘောတူစာချုပ် အပိုဒ် ၁၄ (၄) ၌ “အပြစ် ကျူးလွန်ကြောင်း အမိန့်ချမှတ်ခြင်းခံရသူတိုင်းသည် ၄င်းအပေါ်အပြစ်ဒဏ်ချမှတ်ခံရမှုနှင့် စီရင်ချက်အပေါ်၌ တရားရုံးကပြန်လည်ဆန်းစစ်သုံးသပ်ပေးရန် တရားဥပဒေအရ အယူခံဝင်ခွင့် ရှိသည်ဟုဖေါ်ပြထားပါသည်။
ယနေ့ခေတ်တရားစီရင်ရေးတွင် အယူခံခွင့်ပေးသည့်တိုင် မှန်ကန်မျှတသည့် စီရင်ချက်များထွက်ပေါ်မှု နည်းပါး သည်ကိုတွေ့ရပေမည်။ မဆလခေတ်၌ တရားသူကြီးများသည် အမှန်တရားကို ရှာဖွေဖေါ်ထုတ်ရမည်ဆိုသည့် တရားစီရင်ခြင်းမူကို တိကျစွာလိုက်နာကျင့်သုံးခဲ့သည်မဟုတ်ပေ။ အထူးသဖြင့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ နှင့် ၄င်းတို့၏လမ်းစဉ်ကိုထိခိုက်သည်ဟု ယူဆခြင်းခံရသော ပြစ်မှုများနှင့် နိုင်ငံတော်လုံခြုံရေးကို ထိခိုက်စေ သည်ဟုယူဆသောကိစ္စများတွင် ပြင်းထန်ထိရောက်သောပြစ်ဒဏ်များကို တရားရုံးများက ချမှတ်ရန်ညွှန်ကြား ထားပြီး၊ အယူခံဝင်ရာ၌လည်း မူလချမှတ်ထားသော ပြစ်ဒဏ်ကိုသာ အတည်ပြုလေ့ရှိကြပေသည်။ ၁၉၈၈ ခုနှစ် တွင် အာဏာသိမ်းပြီးတက်လာသည့် စစ်အစိုးရလက်အောက်ရှိ တရားရုံးများ၏ အခြေအနေမှာ အဆိုးဝါးဆုံးပင် ဖြစ်ပေသည်။ ဥပမာအားဖြင့် သောင်းကျန်းသူနှင့် ဆက်သွယ်ပတ်သက်သည်ဆိုသောအမှုများတွင် “မတရား အသင်းများအက်ဥပဒေဖြင့် မသင်္ကာသူ မည်သူတဦးတယောက်ကိုမဆို အကြောင်းခြင်းရာခိုင်လုံခြင်း မရှိဘဲ သံသယဖြင့်ဖမ်းဆီး၍ ထောင်ချအပြစ်ပေးလေ့ရှိပြီး၊ ထိုကဲ့သို့သောအမှုများကို အထက်အဆင့်မြင့်တရားရုံးများ သို့ အယူခံဝင်သည့်တိုင်အောင် အယူခံတရားရုံးတို့သည် ပေါ်လစီကေ့စ် (Policy case) ဖြစ်သဖြင့် အောက် တရားရုံး၏အမိန့်ကို အတည်ြုပလေ့ရှိသည်သာဖြစ်သည်။

 ထို့ကြောင့်အစွပ်စွဲခံရသူတို့သည် အယူခံဝင်ခွင့် အခွင့်အရေးကို အလေးဂရုမြုပတော့ဘဲ အောက်ရုံး၌ပြီးပြတ် အောင် တတ်နိုင်သမျှဆောင်ရွက်တော့သည်။ အယူခံဝင်ခြင်းဖြင့် ကုန်ကျစရိတ်ရှိခြင်း၊ အချိန်ကြန့်ကြာ၍ အလုပ်အကိုင်ပျက်ခြင်း၊ အထက်တရားရုံးတို့အား ယုံကြည်ကိုးစားမှုနည်းခြင်းတို့ကြောင့် မူလတရားရုံး၌ပင် အမှုလွတ်ရာလွတ်ကြောင်းကို အောက်လမ်းနည်းဖြင့် (လာဘ်ပေးလာဘ်ယူနည်းဖြင့်) ကျင့်သုံးကြတော့သည်။ လွတ်လပ်မှုမရှိသော တရားစီရင်ရေးစနစ်ကြောင့်လည်းကောင်း၊ အဂတိတရားလိုက်စားသည့် တရားသူကြီးများ ကြောင့်လည်းကောင်း အစွပ်စွဲခံရသူတိုသည် တရားသူကြီးများအားလာဘ်ပေးခြင်း၊ သက်ဆိုင်ရာအာဏာပိုင် အဖွဲ့အစည်းကိုချဉ်းကပ်၍ တရားသူကြီးများ အားလမ်းညွှန်စေခြင်းဖြင့်သာ အမှုလွတ်ရာလွတ်ကြောင်း ဆောင် ရွက်ရတော့သည်။ အောက်တရားရုံးမှအမြင့်ဆုံးတရားရုံးအထိ တရားစီရင်ရသောတရားသူကြီးတို့အား ချုပ်ကိုင် ကွပ်ကဲနိုင်သောအာဏာရှိသူတို့ကြောင့် မဆလခေတ်တလျောက်လုံးတွင် တရားစီရင်ရေးနှင့် တရားဥပဒေစိုးမိုး ရေး၌ ချွတ်ချော်တိမ်းစောင်းမှုများ များစွာဖြစ်ခဲ့ရပေသည်။
န၀တခေတ်တွင် အထူးတရားရုံးများ (စစ်ခုံရုံး)များဖွဲ့စည်းကာ စွပ်စွဲခံရသူများအား တရားနည်းလမ်းတကျ ထု ချေပိုင်ခွင့်မပေးသည့်အပြင်၊ အယူခံခွင့်လည်း ဆုံးရှုံးခဲ့ကြရပါသည်။ အဆိုပါ တရာရုံးများ၌ တရားခံအပေါ် စွပ်စွဲ ချက်ကို သက်သေထင်ရှားပြသခြင်းမရှိသည့်အပြင် စွပ်စွဲခံရသူတရားခံသည် ၄င်းအပေါ်တွင် ပုဒ်မတမျိုးမျိုး တပ်၍ စွဲဆိုထားသော စွပ်စွဲချက်ကိုငြင်းဆိုပါက ပိုမို ကြီးလေးသောပြစ်ဒဏ်ကိုကျခံစေသည့်အပြင်၊ အထက် အဆင့်မြင့် တရားရုံးများသို့ အယူခံတက်သည့်တိုင်အောင် အယူခံမှုများကိုပယ်ချလေ့ရှိပေသည်။ ၁၉၈၉ ခုနှစ် ဇူလိုင်လ (၁၇) ရက်နေ့တွင် အမိန့်အမှတ်  ( ၁/၈၉ ) ဖြင့် စစ်ခုံရုံးများကိုဖွဲ့စည်းထူထောင်ကာ အရပ်သားများ အပေါ်တွင် အကျဉ်းနည်းဖြင့် အမှုများစစ်ဆေး၍ အပြစ်ပေးအရေးယူခဲ့ရာတွင်၊ စစ်ခုံရုံး (၁၅) ခုကိုဖွဲ့စည်းခဲ့ပြီး ဒုဗိုလ်မှူးကြီးအဆင့်ရှိသူများကဦးဆောင်၍ အခြားစစ်တပ်အရာရှိ (၂) ဦးပါဝင်သည့် စစ်ခုံရုံးများသည် အရပ်သား များအပေါ်စွဲဆိုသည့်အမှုများတွင် အလုပ်ကြမ်းနှင့်ထောင်ဒဏ်သုံးနှစ်ဖြစ်စေ၊ တသက်တကျွန်းဒဏ်ဖြစ်စေ၊ သေ ဒဏ်ဖြစ်စေ အဆိုပါအမိန့် သုံးမျိုးအနက်မှ တမျိုးမျိုးကို ချမှတ်ခဲ့ကြခြင်းဖြစ်ပေသည်။ ယနေ့အချိန်တွင် အဆိုပါ စစ်ခုံရုံးများကိုဖျက်သိမ်းပြီးဖြစ်သော်လည်း နိုင်ငံရေးကိစ္စ နှီးနွယ်၍ အရေးယူခြင်းခံရသော နိုင်ငံရေးအမှုများ၊ နိုင်ငံရေးအကျဉ်းသမားများနှင့် ပတ်သက်သော အမှုများတွင် ဘက်လိုက်မှုကင်းသည့် တရားမျှတသောတရားခွင် အနေအထားမရှိသည့် အပြင်၊ မူလအောက်တရားရုံးကချမှတ်လိုက်သော ကြီးလေးသည့်ပြစ်ဒဏ်များကိုလည်း အထက်အယူခံရုံး အဆင့်ဆင့်က ပြင်ဆင်ပြောင်းလဲ၊ လျှော့ပေါ့ပေးလေ့မရှိသည်ကို တွေ့ရမည်ဖြစ်ပေသည်။
သို့ဖြစ်၍ တရားဥပဒေစိုးမိုးရေးအားဖေါ်ဆောင်မည်ဆိုပါက အဆင့်ဆင့်အယူခံခွင့်ကိုလည်း ပေးရမည်ဖြစ်သည့် ပြင်တရားနည်းလမ်းကျသည့် တရားစီရင်မှုစနစ်ရှိရန်လည်း လိုအပ်ပေသည်။

(၁၀) ဥပဒေသည်ရှင်းလင်းတိကျ၍ လွယ်ကူစွာနားလည်သဘောပေါက်စေရမည်။ အဓိပ္ပါယ်နှစ်ခွ မထွက်စေရ။         Predictability: The law cannot be supreme if it is unclear or not know

တရားဥပဒေ၏ အနက်သဘောအဓိပ္ပါယ်ကို လူတိုင်းသိ့ရှိ နားလည်သဘောပေါက်နိုင်ရန် ရှင်းလင်းတိကျစွာ ရေးသားပြဌာန်းရမည်ဖြစ်သည်။ ဥပဒေကျွမ်းကျင်သူတို့သည် ဥပဒေကို မလိမ့်တစ်ပါတ်လုပ်ပြီး အဓိပ္ပါယ်နှစ်ခွ ထွက်စေခြင်းဖြင့် ပညာအခြေခံနည်းပါးသူ၊ ဥပဒေနှင့် အကျွမ်းတ၀င် မရှိသူများအပေါ် ချယ်လှယ်ခဲ့ကြသည်။ ထို့ကြောင့် တရားဥပဒေစိုးမိုးမှုကို ဖြစ်ထွန်းစေရန်အတွက် ရှင်းလင်းတိကျ ပြတ်သားသော ဥပဒေများကို ရေးဆွဲပြဌာန်းရန်လိုပေသည်။
ဥပဒေတရပ်ရေးဆွဲရာ၌ အကြောင်းအချက်အင်္ဂါရပ် အတိအကျပါရှိရမည်။ ဥပမာအားဖြင့် ရာဇ၀တ်ဥပဒေတွင် တိကျစွာရေးသားဖေါ်ပြပြီး ထိုပြစ်မှုအင်္ဂါရပ်တို့အား ကျူးလွန်ဖောက်ဖျက်လျှင် မည်သို့ပြစ်ဒဏ် စီရင်နိုင်သည်ကို အတိအကျ ရှင်းလင်းစွာရေးသားထားပါသည်။ ဥပဒေတရပ်၏ ဆောင်ရန် ရှောင်ရန်ကိစ္စအတွက် တိကျရှင်း လင်းစွာဖော်ပြရမည်ဖြစ်သည်။ အဓိပ္ပါယ်နှစ်ခွရှိခြင်းသည် ဥပဒေမဟုတ်ချေ။ ဥပဒေဆိုသည်မှာ အဆိုပါဥပဒေ ပြဌာန်းချက်အရ လုပ်ရမည်ကို၎င်း၊ (သို့မဟုတ်) မလုပ်ရမည်ကို၎င်း တိကျစွာဖော်ပြထားရမည်ဖြစ်သည်။ ချွင်းချက်နှင့်အကြောင်းပြပြီး  ဥပဒေအား မရှင်းမလင်းအောင် (သို့မဟုတ်) ရှုပ်ထွေးအောင်လုပ်၍မရချေ။

ဥပမာ- ရပ်ရွာအေးချမ်းသာယာရေးအား ထိပါးနှောက်ယှက်သည်ဟူသော အကြောင်းပြချက်ဖြင့် နိုင်ငံရေး လှုပ်ရှားမှုများဖြင့်ဆက်နွယ်နေသော နိုင်ငံရေးသမားများအား “၁၉၅၀ပြည့်နှစ် အရေးပေါ်စီမံမှု အက်ဥပဒေ  ပုဒ်မ ၅ (ည) ဖြင့် ဖမ်းဆီးအရေးယူခြင်းခံနေကြရသည်။ သို့သော် ၎င်းဥပဒေ၌ ဥပဒေနှင့်မညီသည့် မည်သည့် အမှုကိုပြုလုပ်လျှင် ပြစ်မှုမြောက်သည်ကို တိတိကျကျဖော်ပြထားခြင်းမရှိဘဲ အရေးယူနိုင်သဖြင့် “အမြင်ကပ် ဥပဒေဟုအမည်တွင်လျှက်ရှိပေသည်။ များသောအားဖြင့် လူအများနှင့်ရင်းနှီးဆက်ဆံရသော အတိုက်အခံ နိုင်ငံရေးသမားများအပေါ်တွင် အာဏာရအစိုးရများက အပြစ်ရှာ၍အရေးယူနိုင်ရန်ဖန်တီးထားသည့် ဥပဒေဟု လည်းသတ်မှတ်နိုင်ပေသည်။ အဆိုပါဥပဒေအရ နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေး၊ လုံခြုံရေး၊ အေးချမ်းသာယာရေး စသည်တို့ကို ဖေါက်ဖျက်မှုများနှင့် ပြစ်ဒဏ်များကိုသတ်မှတ်ထားပြီး၊ - မည်သူမဆို - ပုဒ်မ ၅ (ည) တွင် “ပြည်ထောင်စု၏ လုံခြုံရေးကိုသော်လည်းကောင်း၊ ငြိမ်ဝပ်ပိပြားမှုပြန်လည်ထူထောင်ရေးကိုသော်လည်းကောင်း ထိခိုက်စေရန်အကြောင်းရှိသော နည်းလမ်းဖြင့် အများပြည်သူ၏ သို့တည်းမဟုတ် ပြည်သူတစ်စု၏ ကိုယ်ကျင့် တရားကိုဖြစ်စေ၊ အြုပအမူကိုဖြစ်စေ၊ ဖေါက်လွဲဖေါက်ပြန်ဖြစ်စေရန် ကြံရွယ်၍ တစ်ခုခုလုပ်လျှင် သို့တည်းမ ဟုတ် ယင်းသို့ဖြစ်စေရန်အကြောင်းရှိသော အမှုကြိုပလျှင် – ထိုသူအား ခုနစ်နှစ်အထိ ထောင်ဒဏ်သော်လည်း ကောင်း၊ ငွေဒဏ်သော်လည်းကောင်း၊ ဒဏ် နှစ်ရပ်လုံးသော်လည်းကောင်း ထိုက်သင့်စေရမည်။ ဟုပြဌာန်း ထားပါသည်။

အဆိုပါ ပုဒ်မ ၅ (ည) ၏ ပြဌာန်းချက်တွင်ပါရှိသော “ငြိမ်ဝပ်ပိပြားမှုပြန်လည်ထူထောင်ရေး ဆိုသည့် စကား ရပ်၏အဓိပ္ပါယ်မှာ မည်သည့်အရာကို ဆိုလိုခြင်းဖြစ်သည်ကို ရှင်းလင်းတိကျစွာ နားလည်နိုင်ရန်ခက်ခဲသကဲ့သို့၊ “ကိုယ်ကျင့်တရားကိုဖြစ်စေ၊ အြုပအမူကိုဖြစ်စေ ဖေါက်လွဲဖေါက်ပြန် ဖြစ်စေရန်ကြံရွယ်၍ ဆိုသောစကားရပ် မှာလည်း လိုလျှင်လိုသလို၊ မလိုလျှင်မလိုသလို အဓိပ္ပါယ်အမျိုးမျိုးကောက်၍ရသော စကားရပ်ဖြစ်ပြီး၊ အတိအ ကျမည်သည့်အရာကိုဆိုလိုခြင်းဖြစ်ကြောင်း ဖေါ်ညွှန်းထားခြင်းမရှိပေ။ မည်ကဲ့သို့သောကိုယ်ကျင့်တရားကို ဆိုလိုပါသနည်း၊ မည်ကဲ့သို့သော အြုပအမူကိုဆိုလိုပါသနည်း - ဆိုသည်ကို အဆိုပါဥပဒေပုဒ်မက ရှင်းလင်းစွာ ပြဌာန်းထားခြင်းမရှိပေ။
ပြည်ထောင်စု၏ လုံခြုံရေးနှင့်ငြိမ်ဝပ်ပိပြားရေးအတွက်ရည်ရွယ်၍ ပြဌာန်းထားသောအဆိုပါ ၁၉၅၀ ပြည့်နှစ် အရေးပေါ်စီမံမှုအက်ဥပဒေ ပုဒ်မ ၅ (ည)ပါ ပြဌာန်းထားချက်နှင့် ထိုကဲ့သို့ပင် ပြည်ထောင်စုနိုင်ငံတော်အစိုးရကို ဆန့်ကျင်ကျူးလွန်သောပြစ်မှု့များအတွက် ပြစ်မှုဆိုင်ရာဥပဒေ (ရာဇသတ်ကြီးဥပဒေ) ပုဒ်မ ၁၂၄ (က) ပါ “အကြည်ညိုပျက်အောင်ပြုခြင်း ပြဌာန်းချက်တို့ကို နိုင်းယှဉ်လေ့လာကြည့်ပါက ဥပဒေပြဌာန်းချက်၏ တိကျမှု ရှိခြင်းနှင့် မရှိခြင်း၏ ကွာခြားချက်ကို ထင်ရှားစွာ မြင်တွေ့နိုင်မည်ဖြစ်ပေသည်။ အဆိုပါ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၁၂၄ (က) ၌ အစိုးရကို အကြည်ညိုပျက်အောင်ြုပခြင်းဆိုရာ၌  - မုန်းထားအောင်သော်၎င်း၊ မလေးစား အောင်သော်၎င်း၊ မေတ္တာပျက်အောင်သော်၎င်း ဖြစ်စေရန်လှုံ့ဆော်ခြင်း၊ သို့တည်းမဟုတ် လှုံ့ဆော် ရန်အား ထုတ်ခြင်း မရှိဘဲ - -“အစိုးရ၏ဆောင်ရွက်မှုအစီအစဉ်ကို ဥပဒေနှင့်ညီသောနည်းဖြင့် ပြောင်းလြဲုပပြင် စေရန် ရည်ရွယ်လျက်၊ ထိုသို့ဆောင်ရွက်မှုကိုသဘောမကျကြောင်း ထုတ်ဖေါ်ခြင်းသည် ဤပုဒ်မအရ ပြစ်မှုမမြောက် ဟူ၍၄င်း၊ - - “အစိုးရ၏ စီရင်အုပ်ချုပ်ရေးဆိုင်ရာ ဆောင်ရွက်မှုကို၊ သို့တည်းမဟုတ်၊ အခြားဆောင်ရွက်မှုကို သဘောမကျကြောင်းထုတ်ဖေါ်ခြင်းသည် ဤပုဒ်မအရ ပြစ်မှုမမြောက် ဟူ၍၄င်း မည်ကဲ့သို့ဆောင်ရွက်လျှင် ပြစ်မှုမြောက်ပြီး၊ မည်ကဲ့သို့ဆောင်ရွက်လျှင် ပြစ်မှုမမြောက်ဆိုသည်ကို သိသာထင်ရှားစွာပြဌာန်း ထားပေသည်။

ယနေ့ န၀တ/နအဖတို့သည် နိုင်ငံရေးပါတီဝင်အချို့အား ၄င်းတို့၏ပါတီအစည်းအဝေး သွားရောက်တက်သည့် ကိစ္စတွင်လည်း ရပ်ရွာအေးချမ်းသာယာရေးကို နှောက်ယှက်ထိပါးသည်ဟုဆို၍ ပုဒ်မ ၅ (ည) တပ်ပြီး ဖမ်းဆီး ထောင်ချလျှက်ရှိကြသည်။ ထိုပုဒ်မကို နေရာတကာ၌ လိုသလို ထင်တိုင်းကြဲ၍သုံးစွဲနေကြပေသည်။ အမှန်မှာ အဆိုပါ ပုဒ်မ ၅(ည) သည် ပြစ်မှုအင်္ဂါရပ်အားဖြင့် မရှင်းမလင်းဖြစ်နေ၍ နေရာတကာ၌သုံးစွဲ၍ရသည့် အနေ အထားမျိုးဖြစ်သဖြင့် န၀တ/နအဖတို့က သုံးစွဲခြင်းသာဖြစ်သည်။ ထို့ကြောင့် ဥပဒေသည် ရှင်းလင်းတိကျပြီး လူအများနားလည်သဘောပေါက် လွယ်ကူစေရမည်ဖြစ်သည်။ သို့မှသာ ပြည်သူတို့က လိုက်နာကျင့်သုံးနိုင် မည်ဖြစ်သည်။ ဥပဒေသည်ရှင်းလင်းတိကျမှုမရှိဘဲ လိုသလိုအဓိပ္ပါယ်ကောက်၍ရနေပါက ဥပဒေ၏အနှစ်သာရ ပျက်ယွင်း၍ ဥပဒေတိမ်းစောင်းပြီး တရားဥပဒေစိုးမိုးရေးကိုအထောက်အကြူုပနိုင်မည်မဟုတ်ပေ။

(၁၁)    အစိုးရဌာနဆိုင်ရာအဖွဲ့အစည်းများသည် ဥပဒေခွင့်ြုပချက်ဘောင်အတွင်း၌သာ လုပ်ကိုင်ဆောင်ရွက် ခွင့်ရှိသည်။ Agencies of the government can only work within their legal mandate.

အစိုးရနှင့်အစိုးရ၏ဌာနဆိုင်ရာအဖွဲ့အစည်းများ၏ လုပ်ကိုင်ဆောင်ရွက်မှုအား ပရမ်းပတာ လုပ်ကိုင်ဆောင်ရွက် ခြင်းကိုခွင့်မြုပဘဲ၊ ဥပဒေများ စည်းမျဉ်းစည်းကမ်းများနှင့် ကြပ်မထိမ်းကြောင်း ထားနိုင်ခြင်းမှာ တရားဥပဒေစိုးမိုး ရေး၏ အရေးကြီးသောလက္ခဏာခြင်းရာ တရပ်ပင်ဖြစ်သည်။ နိုင်ငံတခုတွင် အုပ်ချုပ်သူ (အစိုးရ) ရှိသကဲ့သို့၊ အစိုးရသည် နိုင်ငံတော်နှင့်သက်ဆိုင်သော စီမံခန့်ခွဲပိုင်ခွင့်ရှိသည့် ရာဌာနဖြစ်၍ နိုင်ငံ၏အကြီးဆုံးသော တန်ခိုး နှင့်အာဏာတိုကို ပိုင်ဆိုင်ပေသည်။ ၎င်းတို့တွင် လုပ်ပိုင်ခွင့်ရှိပြီး ၎င်းတို့၏လုပ်ပိုင်ခွင့်ကို အကောင်အထည် ဖော်ရန်အတွက် အုပ်ချုပ်ရေး ယန္တယားများစွာရှိသည်။ ထို့ကြောင့် အစိုးရ၏တည်ရှိခွင့်၊ လုပ်ပိုင်ခွင့်၊ လုပ်ငန်း အကောင်အထည် ဖော်ခွင့်တို့ကို ဥပဒေအရပြဌာန်းရသည်။ တနည်းအားဖြင့်ဆိုပါက ဖွဲ့စည်းပုံအခြေခံဥပဒေ အရ၄င်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေအရ၏ ပြဌာန်းချက်၊ခွင့်ြုပချက်၊ သတ်မှတ်ချက်များအရ ပေါ်ပေါက်လာသော ဥပဒေများအရ၄င်း အစိုးရသည် လုပ်ကိုင်ဆောင်ရွက်ရခြင်းဖြစ်ပေသည်။
ဒီမိုကရေစီနှင့် တရားဥပဒေစိုးမိုးသောနိုင်ငံများ၌ အစိုးရဟူသည်မှာ ပြည်သူတို့၏လွတ်လပ်သော သဘောဆန္ဒ ဖြင့်သာ တည်ရှိခွင့်ရရှိကြခြင်းဖြစ်ပေသည်။ ပြည်သူတို့၏သဘောတူခြင်းကို မခံစားမရရှိသော အုပ်ချုပ်သူ (အစိုးရ) တို့သည် တိုင်းပြည်၌ မတည်ရှိနိုင်ပေ။ အစိုးရသည် 

ပြည်သူလူထု၏သဘောထားဆန္ဒအရ ပေါ်ထွန်း လာခြင်းဖြစ်သဖြင့် ပြည်သူတို့ရေးဆွဲပြဌာန်းသော ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ထိန်းကွပ်ထားကာ လှုပ်ရှား ဆောင်ရွက်စေရမည်ဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေကပေးအပ်ထားသော လုပ်ပိုင်ခွင့်ဘောင်အား ကျော်လွန် ၍မရချေ။ အစိုးရ၏အဓိကတာဝန်သည် ပြည်သူတို့၏အခွင့်အရေးကိစ္စကို ကာကွယ်စောင့်ရှောက် ဆောင်ရွက် ခြင်းဖြစ်ရာ ဥပဒေ၏ သတ်မှတ်ချက်ဘောင်အတွင်းမှသာ (လုပ်ပိုင်ခွင့်အတွင်းမှသာ) လုပ်ကိုင်ဆောင်ရွက်ရမည် ဖြစ်သည်။
အစိုးရနှင့် ဌာနဆိုင်ရာအဖွဲ့အစည်းအသီးသီးတို့၏ လုပ်ပိုင်ခွင့် (mandate) ဆိုသည်မှာ တရားဥပဒေစိုးမိုးရေး တွင် အလွန်အရေးပါသော အာဏာကန့်သတ်ချက်ဖြစ်ပေသည်။ သက်ဆိုင်ရာ အစိုးရအာဏာပိုင်တို့သည် ၄င်းတို့အားပေးအပ်ထားသော လုပ်ပိုင်ခွင့်ဘောင်ထက်ကျော်လွန်၍ အာဏာကိုသုံးစွဲခြင်းကိုသော် လည်း ကောင်း၊ ၄င်းတို့အားပေးအပ်ထားခြင်းမရှိသည့် အာဏာကို သော်လည်းကောင်း သုံးစွဲခြင်းမြုပနိုင်ပေ။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ (၄-၈-၉၇) နေ့စွဲပါ “အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အဖွဲ့ဝင်များအပေါ် ဖိနှိပ် ချုပ်ချယ်နေခြင်းများ  ခေါင်းစဉ်ဖြင့် နိုင်ငံတော်ငြိမ်ဝပ် ပိပြားမှုတည်ဆောက်ရေးအဖွဲ့ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံသို့ ပေးပို့သောစာတွင်–“ဧရာဝတီတိုင်း၊ ကျောင်းကုန်းမြို့နယ်တွင် မြို့နယ်စည်းရုံးရေးအဖွဲ့ အစည်း အဝေးကျင်းပစဉ် အာဏာပိုင်များက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (၂) ဦးနှင့် အဖွဲ့ဝင်များကို ၀င်ရောက် ထိုးကြိတ်ရိုက်နှက်၍ ဖမ်းဆီးခေါ်ဆောင်သွားပြီး၊ တရားစွဲဆိုခဲ့ကာ အပြစ်ဒဏ်များပေးလိုက်ခြင်းကိစ္စကို၎င်း၊ ပဲခူးတိုင်း တောင်ငူခရိုင်မှ အဖွဲ့ချုပ်စည်းရုံးရေးအဖွဲ့ဝင်များကို ဖမ်းဆီးခေါ်ဆောင်သွားပြီး၊ ပေါ်တာအထမ်းသမား များအဖြစ် အတင်းအဓမ္မစေခိုင်းခြင်းခံရပြီး၊ ၄င်းတို့အနက်မှ ဒုဥက္ကဌ ဦးစောထွန်းနွယ်နှင့် ဦးမင်းသူ၊ အုတ်တွင်းမြို့ နယ်စည်းရုံးရေးအဖွဲ့မှ ဦးမောင်မောင်ဆန်း၊ ရေတာရှည်မြို့နယ်စည်းရုံးရေး အဖွဲ့မှ ဦးကိုလေး (၄) ဦးတို့ကွယ်လွန် ခဲ့ခြင်းကိစ္စကို၎င်း၊ ရပ်ကွက်တွင် လုပ်အားပေးလုပ်ငန်းများ၌ မလိုက်ပါသည်ကိုအကြောင်းပြု၍ နိုင်ငံရေးပုဒ်မ ဖြစ်သော ၁၉၅၀ ပြည့်နှစ်အရေးပေါ်စီမံမှုအက်ဥပဒေ ပုဒ်မ ၅ (ည) ဖြင့် ဖမ်းဆီးချုပ်နှောင်ခြင်းကိစ္စကို၎င်း၊ အဖွဲ့ခွဲ များ၏ အဖွဲ့ချုပ်ဆိုင်းဘုတ်များ ဟောင်းနွမ်းနေသည့်အတွက် အသစ်ပြန်လည်ပြုပြင်ရေးသားတပ်ဆင်ခြင်းကို ခွင့်မပြုဘဲတားမြစ်ခြင်းကိစ္စ များကိုဖေါ်ပြထားပါသည်။ ယင်းကဲ့သို့သောကိစ္စများမှာ သက်ဆိုင်ရာအစိုးရ အာဏာပိုင်များ အနေဖြင့် ဥပဒေအရလုပ်ပိုင်ခွင့်အာဏာမရှိဘဲလုပ်ဆောင်ခြင်း၊ ဥပဒေအရပေးအပ်ထားသည့် လုပ်ပိုင်ခွင့်အာဏာကိုကျော်လွန်၍ လုပ်ဆောင်ခြင်း၊ အာဏာကိုအလွဲသုံးစာြးုပလုပ်ခြင်းများပင်ဖြစ်ပြီး၊ ထိုကဲ့သို့ သောအဖြစ်အပျက်များမှာ မြန်မာနိုင်ငံ၌ တနည်းမဟုတ်တနည်းဖြင့် နေ့စဉ်နှင့်အမျှ ဖြစ် ပွားနေသောကိစ္စများ လည်းဖြစ်ပေသည်။ ထိုကဲ့သို့ဖြစ်နေရခြင်းမှာလည်း မြန်မာနိုင်ငံ၌တရားဥပဒေ စိုးမိုးမှုမရှိသောကြောင့်ဖြစ်ရသည် ဆိုသည်ကို ထင်ရှားစွာမြင်တွေ့နိုင်ပေသည်။

ယနေ့ န၀တ၊ နအဖသည် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပေါ်ထွက်လာသည့်အစိုးရမဟုတ်၍ ထင်သလို အုပ်ချုပ် လျှက်ရှိသည်။ ယနေ့မြန်မာနိုင်ငံ၏ အခြေအနေဆိုးဝါးနေရခြင်းမှာ ပြည်သူအားကိုယ်စားမပြုသော လူတစုက ထင်သလိုအုပ်ချုပ်နေခြင်းကြောင့် ဖြစ်သည်။ မည်သည့်ဥပဒေကမျှ ၎င်းတို့အပေါ် ထိန်းချုပ်ကွပ်ကဲ ပိုင်ခွင့်မရှိ။ ထို့ကြောင့် ယနေ့မြန်မာနိုင်ငံတွင် တရားဥပဒေစိုးမိုးရေး ရရှိရန်အတွက် အုပ်ချုပ်ခွင့်အာဏာရှိသူတို့သည် ပြည်သူ့ဆန္ဒနှင့်အညီ ပေါ်ထွန်းလာရမည်ဖြစ်ပြီး၊ ထိုအုပ်ချုပ်ခွင့်ရှိသည့် အဖွဲ့အစည်းသည် ဥပဒေ၏ သတ်မှတ် ချက်၊ လုပ်ပိုင်ခွင့်၊မူဘောင်အတွင်း၌သာ စီမံအုပ်ချုပ်ခြင်း ပြုလုပ်ရမည်ဖြစ်ပေသည်။


0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...