(၅) လွတ်လပ်သော တရားစီရင်မှုဖြစ်ရမည်။ (An Independent judiciary)
မြန်မာနိုင်ငံရှေ့နေများကောင်စီ၏ ဥပဒေစိုးမိုးရေး စာအုပ်မှ ....
တရားရေးမဏ္ဍိုင် ကြံ့ခိုင်တည့်မတ်စေရန်အတွက် လွတ်လပ်သော တရားစီရင်မှုရှိရမည်
ဖြစ်သည်။ လွတ်လပ် သောတရားစီရင်မှုမရှိလျှင် တရားဥပဒေစိုးမိုးရေးဆိုသည်မှာလည်း မရှိနိုင်ပေ။
ထို့အတူ ပြည်သူတို့သည်လည်း တရားရုံးများအပေါ်၌ ယုံကြည်ကိုးစားမြှုပနိုင်လိမ့်မည်မဟုတ်ချေ။
ထို့အပြင် လွတ်လပ်သောတရားစီရင်ရေး သည် ဒီမိုကရေစီ၏အခြေခံအုတ်မြစ်များအနက် လိုအပ်ချက်တခုလည်း
ဖြစ်ပေသည်။ တရားဥပဒေစိုးမိုးမှု အခြေခံမရှိဘဲ ဒီမိုကရေစီကို တည်ဆောက်နိုင်မည် မဟုတ်သကဲ့သို့၊
လူ့အခွင့်အရေးများလည်း ထွန်းကားနိုင် မည်မဟုတ်ပေ။
တရားစီရင်ရေး၏လွတ်လပ်မှုကို လေးစားအသိအမှတ်ပြု၍၊ ကာကွယ်စောင့်ရှောက်ရန်မှာ
နိုင်ငံတော်အစိုးရ၏ တာဝန်ဖြစ်ပေသည်။ တရားစစ်ဆေးစီရင်မှုလုပ်ငန်းစဉ်အတွင်း ခြိမ်းခြောက်ခြင်း၊
သို့မဟုတ်၊ ၀င်ရောက်စွက်ဖက် ခြင်းတို့မြုပရန်ဖြစ်သည်။ ထို့အတူ တရားသူကြီးများ အနေဖြင့်လည်း
စီရင်ချက်များချမှတ်ရာ၌ အဂတိတရားများ မလိုက်စားဘဲ ဥပဒေ၏မျက်နှာကိုသာကြည့်၍ တည့်မတ်စွာဆုံးဖြတ်ရန်
တာဝန်ရှိပေသည်။
နိုင်ငံတော်၏ အချုပ်အခြာအာဏာ
(၃) ရပ်သည် အဆက်အစပ်ရှိရှိ ရပ်တည်သော်လည်း လွတ်လပ်စွာ ခွဲခြားကျင့်သုံးမှုရှိရမည်ဖြစ်သည်။
အချုပ်အခြာအာဏာတရပ်ဖြစ်သည့် တရားစီရင်ရေးသည် အခြားအာဏာပိုင် အဖွဲ့များ၏ ကွပ်ကဲထိန်းချုပ်မှုကိုခံနေရလျှင်မူ
တရားရုံးများသည် တရားစီရင်ရေးကို လွတ်လပ်စွာအကောင် အထည်ဖေါ်၍ ရနိုင်တော့မည်မဟုတ်ချေ။
တရားရုံးများနှင့် တရားသူကြီးများသည် အစိုးရနှင့်ပြည်သူအကြား မှန်ကန်မျှတမှုအတွက် ကြားဝင်ဆောင်ရွက်
ပေးရသောအဖွဲ့အစည်းဖြစ်သဖြင့် အစဉ်အမြဲလွတ်လပ်မှုရှိနေရမည် ဖြစ်ပေသည်။ ဤအယူအဆမှာ အာဏာပိုင်းခြားခြင်း
(ခွဲခြားခြင်း) အယူအဆအဖြစ် အသိအမှတ်ပြုထားကြပြီး၊
လွတ်လပ်သော တရားစီရင်မှု၏ အခြေခံအုတ်မြစ်လည်း ဖြစ်ပေသည်။
အာဏာပိုင်းခြားထားခြင်းဆိုင်ရာ သီအိုရီသဘောတရားကို ပထမဆုံး ထင်ရှားပြတ်သားစွာ ရေးသားဖေါ် ထုတ် ခဲ့သူမှာ ပြင်သစ်ဥပဒေပညာရှင် မွန်တက်စကျူ့ Montesquieu ပင်ဖြစ်သည်။
၎င်း၏ "The Spirit of Law" (၁၇၃၄)
စာအုပ်တွင် အချုပ်အချာအာဏာပိုင်းခြားခြင်းဆိုင်ရာ သဘောတရားများကို ဖွင့်ဆိုရေးသား ခဲ့ပေသည်။
၎င်း၏အလိုအရ “အကယ်၍ အုပ်ချုပ်ရေးအာဏာနှင့် ဥပဒေပြုအာဏာတို့အား တယောက် (သို့) လူတစု၏
လက်ဝယ်တွင်ထားရှိပါက အာဏာရရှိထားသော အုပ်ချုပ်သူတဦးတယောက် (သို့) လူတစု၊ လူတဖွဲ့သည်
မိမိ စိတ်တိုင်းကျ အုပ်စိုးရန်အတွက် ဖိနှိပ်ချုပ်ချယ်သည့် ဥပဒေများကိုသာ ပြဌာန်းထားရှိ၍
အုပ်ချုပ်လိမ့်မည်ဖြစ် ပေသည်။ ဤသည်မှာ စိုးရိမ်ဘွယ်ရာ အန္တရာယ်ဖြစ်သည်။ – တဖန် တရားစီရင်ရေးအာဏာကိုလည်း
ဥပဒေပြု အာဏာနှင့် အုပ်ချုပ်ရေးအာဏာတို့မှ ပိုင်းခြားမထားလျှင်လည်း လွတ်လပ်မှုရှိမည်မဟုတ်ပေ။
- အကယ်၍သာ အုပ်ချုပ်ရေးအာဏာနှင့် တရားစီရင်ရေးအာဏာကို တဦးတယောက် (သို့) တဖွဲ့တည်းမှ
ကိုင်တွယ်ကျင့်သုံးပြန် လျှင်လည်း တရားမဲ့သည့်အနိုင်အထက်ြုပကျင့်မှုများဖြစ်လာပြီး အဆိုပါအစု
အဖွဲ့အား အာဏာရှင်အဖြစ်သို့ ဆိုက်ရောက်စေမည့် အန္တရာယ်ရှိပေသည်။ – တဖန် ဥပဒေပြု အာဏာနှင့်
တရားစီရင်ရေးအာဏာကို ပူးတွဲ၍ထားရှိပါကလည်း တရားသူကြီးများသည် ဥပဒပြုသူဖြစ်သွားပြီး၊
တဖက်သတ် ဆုံးဖြတ်ချုပ်ချယ်ခြင်း များကို ပြည်သူများခံရပေမည်။ ထို့ကြောင့် အာဏာရပ်များကိုပိုင်းခြားထားခြင်းမရှိပါက
အရာရာတွင်အဆုံးသို့ ရောက်ပြီဟု ယူဆရပေမည်။” ဟု ဆိုခဲ့ပြီး၊ နိုင်ငံတော်၏
ဥပဒြေုပရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး အာဏာ ကြီး (၃) ရပ်တို့ကိုပိုင်းခြား၍ စီမံအုပ်ချုပ်ခြင်းမှာ
အမှန်ကန်ဆုံးဖြစ်မည်ဟု မွန်တက်စကျူ့က ဖေါ်ထုတ်ရေးသားခဲ့ ပေသည်။
လွတ်လပ်သောတရားစီရင်မှုဖြစ်စေရန်အတွက်
တရားသူကြီးများကိုရွေးချယ်ရာတွင် ခွဲခြားမှုမရှိစေဘဲ ရွေးချယ်တင်မြှောက်ရမည့်အပြင်၊
တရားသူကြီးများကိုခန့်အပ်ရာတွင် အငြိမ်းစားယူရမည့်အသက်နှင့်၊ တာဝန် ထမ်းဆောင်နိုင်သောကာလအပိုင်းအခြားကို
အတိအကျသတ်မှတ်ရန်လို အပ်ပေသည်။ တရားသူကြီးများအား ၄င်းတို့၏အရည်အချင်းညံ့ဖျင်းမှုနှင့်
မဖွယ်ရာသော ကျင့်ဝတ်သိက္ခာချိုးဖေါက်မှုအပေါ်၌သာလျှင်မူတည်၍ ရာထူး မှ ရပ်ဆိုင်းခြင်း၊
ထုတ်ပယ်ခြင်းတို့ကိုပြုလုပ်နိုင်ပြီး အခြားနည်းများဖြင့် တရားသူကြီးများအား ၄င်းတို့သက်တမ်း
မပြည့်မီ ရာထူးမှထုတ်ပယ်ခြင်းမြုပ လုပ်နိုင်စေရန် စီမံဆောင်ရွက်ထားရမည်ဖြစ်သည်။
ဥပမာအားဖြင့် မဆလခေတ်တလျောက်လုံးတွင်
တရားစီရင်ရေး၌ လွတ်လပ်မှုမရှိခဲ့ပေ။ တရားသူကြီး များသည် ဥပဒေကိုလေးစားခြင်းထက် ဒေသပါတီ၊
ပါတီနစ်တို့၏ ဦးဆောင်မှုကို အမြဲတမ်းခံယူရခြင်းတို့ကြောင့် လွတ်လပ်သောတရားစီရင်ရေးကို
မဖော်ဆောင်နိုင်ခဲ့ချေ။ တရားသူကြီးတို့သည် တရားဥပဒေအပေါ် ရဲရဲဝံ့ဝံ့ တာဝန်ခံရဲကြသူများမဟုတ်။
လွတ်လွတ်လပ်လပ်နှင့် တရားဥပဒေမူဘောင်အတိုင်း စီရင်ဆုံးဖြတ်သည့် တရား သူကြီးမှန်သရွေ့
ရာထူးမတည်မြဲသောကြောင့် မဆလခေတ်လျောက်လုံး၌ လွတ်လပ်သောတရားစီရင်ခြင်း မပေါ်ထွန်းခဲ့ချေ။
သို့ဖြစ်သောကြောင့် ဥပဒေကမည်သို့ပင်ဆိုစေကာမူ မိမိတို့သည် ဥပဒေအတိုင်း တရားစီရင် ရန်
အာဏာပိုင်ခွင့်မရှိချေ။ ထို့အတူ န၀တနှင့်၊ တဖြစ်လဲနအဖစစ်အစိုးရလက်အောက်၌ တရားရုံးများနှင့်
တရား သူကြီးများ၏အခြေအနေမှာ ပို၍ပင်ဆိုးဝါးခဲ့သည်ကိုမြင်တွေ့ရပေသည်။
၁၉၄၇ ခုနှစ်၊ မြန်မာနိုင်ငံ၏ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ၏
အခန်း (၈)၊ ပြည်ထောင်စု တရားစီရင်ရေး အခန်း၊ ပုဒ်မ- ၁၃၃ တွင် “ပြည်ထောင်စုနိုင်ငံတ၀န်းလုံး၌၊
တရားစီရင်ရေးကိစ္စကို ဤအခြေခံဥပဒေအရသော် ၄င်း၊ တရားဥပဒေအရသော်၎င်း၊ တည်ထောင်ထားသောတရားရုံးများတွင်
ဤအခြေခံဥပဒေနှင့်အညီ၊ သို့တည်း မဟုတ်၊ တရားဥပဒေနှင့်အညီခန့်ထားသော တရားသူကြီးများက
စီမံအုပ်ချုပ်ရမည်” ဟုပြဌာန်းထားပြီး၊ ပုဒ်မ ၁၄၀ (၁) ၌ “နိုင်ငံတော်အစိုးရ၀န်ကြီးချုပ်နှင့်
ညှိနိုင်းတိုင်ပင်ပြီးလျှင်၊ ပါလီမန်ဆိုင်ရာလွှတ်တော်နှစ်ရပ် တွဲဖက် အစည်းအဝေး၏သဘောတူချက်ဖြင့်၊
နိုင်ငံတော်တရားဝန်ကြီးချုပ်ကို နိုင်ငံတော်သမတသည်၊ မိမိကိုယ်တိုင် လက်မှတ်ရေးထိုး
တံဆိပ်ခပ်နှိပ်သော အမိန့်စာဖြင့်၊ ခန့်ထားရမည်။” ဟုပြဌာန်းထားပါသည်။ အပိုဒ်
(၂) ၌ “နိုင်ငံတော်တရားဝန်ကြီးချုပ်၊ နိုင်ငံတော်အစိုးရ၀န်ကြီးချုပ်တို့နှင့် ညှိနိုင်းတိုင်ပင်ပြီးလျှင်၊
ပါလီမန်ဆိုင်ရာ လွှတ် တော်နှစ်ရပ်တွဲဖက်အစည်းအဝေး၏ သဘောတူညီချက်ဖြင့်၊ တရားလွှတ်တော်ချုပ်နှင့်
တရားလွှတ်တော်ဆိုင် ရာ တရားဝန်ကြီးအားလုံး ကို နိုင်ငံတော်သမတသည် မိမိကိုယ်တိုင် လက်မှတ်ရေးထား၊
တံဆိပ်ခပ်နှိပ်သော အမိန့်စာဖြင့်ခန့်ထားရမည်” ဟုပြဌာန်းထားသည်ကိုကြည့်ခြင်းအား
ဖြင့် ဥပဒြေုပဌာနနှင့်အုပ်ချုပ်ရေးဌာနများ၏ အနှောင်အဖွဲ့မှကင်းလွတ်၍ လွတ်လပ်သော တရားသူကြီးများခန့်ထားခြင်း၏
အရေးပါပုံကိုမြင်တွေ့နိုင်ပေသည်။
ထို့ပြင် ၁၉၄၇ခုနှစ်၊
ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၄၃-၌ တရားသူကြီးများ၏သက်တမ်းနှင့် ပတ်သက်၍ “လွှတ်တော်ချုပ်
တရားဝန်ကြီးတဦးသည်၊ သို့တည်းမဟုတ် လွှတ်တော်တရားဝန် ကြီးတဦးသည် မိမိကိုယ်တိုင် လက်မှတ်ရေးထိုးသောနုတ်ထွက်စာကို၊
နိုင်ငံတော်သမတထံသို့တင် သွင်းခြင်းဖြင့်၊ ရာထူးမှထွက်နိုင်သည်။” “ထင်ရှားသည်ဟု ဆုံးဖြတ်ပြီးဖြစ်သည့် အကျင့်စာရိတ္တ
ပျက်ပြားမှုကြောင့်ဖြစ်စေ၊ မစွမ်းဆောင်နိုင်မှုကြောင့် ဖြစ်စေ၊ ထိုအကြောင်းတခုခုကြောင့်မှတပါး၊
လွှတ်တော်ချုပ်တရားဝန်ကြီးကို သို့တည်းမဟုတ်၊ လွှတ်တော် တရားဝန်ကြီးကို ရာထူးမှမနုတ်ပယ်ရ။” ဟုပြဌာန်းထားချက်အရ တရားသူကြီးများ၏သက်တမ်းကို
ဖွဲ့စည်း အုပ်ချုပ်ပုံအခြေခံဥပဒေအရ အကာအကွယ်ပေးထားသည်ကို တွေ့ရမည်ဖြစ်ပေသည်။
၁၉၇၄ ခုနှစ်၊ ပြည်ထောင်စုဆိုရှယ်လစ်
သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အခန်း (၂) အခြေခံမူများ၊ ပုဒ်မ- ၁၁ ၌
“နိုင်ငံတော်သည် တခုတည်းသော ပါတီစနစ်ကိုသာ ကျင့်သုံးရမည်။ မြန်မာ့ဆိုရှယ် လစ်လမ်းစဉ်ပါတီသည်
နိုင်ငံတော်၏တခုတည်းသော နိုင်ငံရေးပါတီဖြစ်၍ နိုင်ငံတော်ကိုဦးဆောင်သည်။” ဟု ပြဌာန်းထားပြီး၊ အခန်း(၃)၊ နိုင်ငံတော်ဖွဲ့စည်းတည်ဆောက်ပုံအခန်း၌
ပုဒ်မ-၃၂ တွင် “ပြည်ထောင်စုဆိုရှယ်လစ် သမ္မတမြန်မာနိုင်ငံတော်တွင် ပြည်သူ့လွှတ်တော်တရပ်သာရှိသည်” ဟုဖေါ်ပြထားပြီး၊ ပုဒ်မ-၃၃ ၌ “ပြည်သူ့ လွှတ်တော်က
ပြဌာန်းသော ဥပဒေများ၊ နည်းဥပဒေများ၊ ဆုံးဖြတ်ချက်များနှင့်အညီ၊ ဗဟိုနှင့်ဒေသဆိုင်ရာ
အာဏာပိုင်အဖွဲ့အစည်းများနှင့် ၀န်ထမ်းအဖွဲ့အစည်းများအား လမ်းညွှန်ခြင်း၊ ကြီးကြပ်ကွပ်ကဲခြင်း၊
ပေါင်းစပ် ညှိနိုင်းခြင်းပြုရန် နိုင်ငံတော်ကောင်စီကို ဖွဲ့စည်းထားရှိသည်” ဟုဖေါ်ပြထားသဖြင့်၊ ပြည်သူ့လွှတ်တော်အောက်
တွင် နိုင်ငံတော်ကောင်စီသည် အမြင့်ဆုံးအာဏာပိုင်အဖွဲ့အစည်းအဖြစ် နေရာယူထားသည်ကိုတွေ့ရပေမည်။
ထို့ပြင် ပုဒ်မ- ၃၄ ၌ “ပြည်သူ့လွှတ်တော်က ချမှတ်သောလုပ်ငန်းများကို တာဝန်ယူဆောင်ရွက်ရန်အတွက်
အောက်ပါ ဗဟိုအာဏာပိုင် အဖွဲ့အစည်းများကိုဖွဲ့စည်းထားရှိသည်- (က) - -(ခ) ပြည်သူ့တရားသူကြီးအဖွဲ့
(ဂ) - -(ဃ) - -။” ဟူ၍ပါရှိပါသည်။ ထို့ကြောင့် မဆလခေတ်၌ တရားသူကြီးများသည်
မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီ၏ ဦးဆောင်လမ်းညွှန်မှုကို အမြဲခံယူနေကြရပြီး၊ တရားရုံးများမှာလည်း
လွတ်လပ်စွာတရားစီရင်ခွင့်မရှိဘဲ အထက်အာဏာပိုင်အဖွဲ့အစည်းများ၏ ကြီးကြပ်လမ်းညွှန်မှုများကိုသာ
လိုက်နာနေကြရသဖြင့် ထိုခေတ် တလျှောက်လုံး၌ လွတ်လပ်သောတရားစီရင်မှုထွန်းကားခဲ့ခြင်း မရှိသကဲ့သို့၊
တရားဥပဒေစိုးမိုးရေးမှာလည်း ကွယ်ပျောက်လုနီးပါး မှေးမှိန်ခဲ့ရသည်ကိုတွေ့ရပေသည်။
လွတ်လပ်သောတရားစီရင်မှုဆိုရာ၌
တရားရုံးများ၏ အနှောင်အဖွဲ့ကင်းစွာရပ်တည်မှုမှာ အထူးအရေး ကြီး ပါသည်။ နိုင်ငံအတွင်း၌
နိုင်ငံသားတဦးတယောက်သည် ဥပဒေနှင့်မညီ၊ မတရားသဖြင့် အနိုင်အထက်ပြု ကျင့်ခြင်းခံရပါက
သက်ဆိုင်ရာတရားရုံးများသို့လျှောက်ထား၍ မိမိ၏နစ်နာမှုကို ကုစားခွင့်တောင်းခံရပါသည်။
လွတ်လပ်သောတရားစီရင်မှုရှိမှသာလျှင် အဆိုပါကိစ္စများကို တရားရုံးများကဆောင်ရွက်ပေးနိုင်ပါသည်။
လွတ်လပ်သည့်တရားစီရင်ရေးမရှိပါက တရားရုံးများအနေဖြင့် ပြည်သူလူထု၏နစ်နာချက်များကို
ကုစားပေးနိုင် စွမ်းရှိမည်မဟုတ်ပါ။ ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၄၁ တွင်
“တရားသူကြီးအားလုံးသည် ဤအ ခြေခံဥပဒေနှင့် တရားဥပဒေများကိုသာ လိုက်နာ၍၊ မိမိတို့၏တရားစီရင်မှု
အလုပ်ဝတ်တရားများကို လွတ်လပ် စွာဆောင်ရွက်နိုင်ရမည်။”
ဟုပြဌာန်းထားသဖြင့် လွတ်လပ်သောတရားစီရင်မှုဖြစ်ရန် ဖွဲ့စည်းပုံအခြေခံ ဥပဒေ က အာမခံချက်ပေးထားသည်ကို တွေ့ရပေ သည်။
ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ၏
၁၉၉၈ ခုနှစ်၊ အောက်တိုဘာလ (၁၆) ရက် နေ့စွဲပါ ကြေညာချက်အမှတ် (၅) တွင်ဖေါ်ပြထားသည်မှာ-
“နိုင်ငံတော်ကို စစ်မှန်သောဒီမိုကရေစီနိုင်ငံ
ထူထောင်မည်ဖြစ်သည့်အတွက် ဒီမိုကရေစီအခြေခံမူများနှင့် အညီဖြစ်သော နိုင်ငံသားများ၏အခွင့်အရေးများ
ကာကွယ်စောင့်ရှောက်ပေးသည့် ဥပဒေများဖြစ်သည့်အပြင် တရားရေးမဏ္ဍိုင်ကို ဖြောင့်မတ်ပေးရန်အတွက်၊
စာချွန်တော်အမိန့်များ၊ (writs) ကို ပြည်သူ့လွှတ်တော်သို့ တင်ပြပြီး၊ အတည်ြုပချက်ရယူရန်ဆုံးဖြတ်သည်။
စာချွန်တော် အမိန့်များမှာ-
(၁) ရှေ့တော်သွင်း စာချွန်တော်အမိန့်
(Habeas Corpus)
(၂) အာဏာပေး စာချွန်တော်အမိန့်
(Mandamus)
(၃) တားမြစ်စေ စာချွန်တော်အမိန့်
(Prohibition)
(၄) အာဏာပိုင်မေး စာချွန်တော်အမိန့်
(Quo Warranto)
(၅) အမှုခေါ် စာချွန်တော်အမိန့်
(Certiorari)
တို့ဖြစ်သည်။” ဟုဖေါ်ပြပါရှိပြီး၊ စာချွန်တော်အမိန့်များ၏
အနက်အဓိပ္ပါယ်ဖွင့်ဆိုချက်များကိုပါ ရှင်းလင်း ဖေါ်ပြထားပါသည်။ ၄င်းတို့မှာ-
ရှေ့တော်သွင်း စာချွန်တော်အမိန့်
(Habeas Corpus)
ရှေ့တော်သွင်း
စာချွန်တော်အမိန့်သည် တာဝန်ရှိသူတစ်ဦးဦး၏ ပိတ်ပင်တားမြစ်ချက်သည် တရားနည်းလမ်းကျစွာ
ဆောင်ရွက်ခြင်း၊ ဟုတ်မဟုတ်ကို စုံစမ်းစစ်ဆေးရန် တရားသူကြီး (သို့မဟုတ်) တရားရုံး၏ ရှေ့မှောက်သို့
ဆင့်ခေါ်သောအမိန့်ဖြစ်သည်။
တစ်နည်းအားဖြင့်
ရှေ့တော်သွင်းစာချွန်တော်အမိန့်သည် တရားမဲ့၊ အကြောင်းမရှိဘဲဖမ်းဆီး ချုပ်နှောင်မှုများကို
တားဆီးဟန့်တား၍ တရားရုံးတွင် စစ်ဆေးရန်ဖြစ်ပါသည်။
အဓိကရည်ရွယ်ချက်မှာ
ပြည်သူပြည်သားတစ်ဦးဦးကို တရားရုံးတွင် စစ်ဆေးခြင်းမြုပဘဲ၊ ချုပ်နှောင် ထားခြင်းဖြစ်စေ၊
တစ်ဦးဦးကို ပြစ်မှုအကြောင်းခြင်းရာ မညီညွတ်ပါဘဲလျက် အရေးယူဖမ်းဆီးထားသူ တာဝန်ရှိ ပုဂ္ဂိုလ်ဖြစ်စေ၊
ပြည်ထောင်စုတရားရုံးချုပ်တို့ ရှေ့တော်သွင်းစေရန်နှင့် ပြည်သူပြည်သားတစ်ဦးဦးအား မည်သည့်
ပြစ်မှုကို မည်သည့်ဥပဒေဖြင့် အရေးယူဖမ်းဆီးထားသည်ဟု ထုချေရှင်းလင်းစေရန် ရှေ့တော်သွင်း
စာချွန်တော် အမိန့် ထုတ်ဆင့်နိုင်ခြင်းဖြစ်ပါသည်။
သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့၏
ထုချေရှင်းလင်းချက်သည် ကြေနပ်လောက်အောင် ရှင်းလင်းခြင်းမပြု နိုင်ကြောင်း ပြည်ထောင်စုတရားရုံးချုပ်က
ထင်မြင်ယူဆလျင် ဖမ်းဆီးထားသော ပြည်သူပြည်သားတစ်ဦးဦးကို လွှတ်စေရန် ထုတ်ဆင့်နိုင်သော
အမိန့်မျိုးလည်းဖြစ်ပါသည်။
ပြည်ထောင်စု တရားရုံးချုပ်သည်
မူလစီရင်ပိုင်ခွင့်လည်းရှိသည့်အလျောက် ဥပဒေနှင့်မညီညွတ်ဘဲ ဖမ်းဆီးခံနေရသော ပြည်သူပြည်သားတစ်ဦးဦးသည်
၎င်း၏ကိုယ်စား၊ နစ်နာသူ၏မိသားစု တစ်ဦးဦးက ပြည်ထောင်စုတရားရုံးချုပ်သို့ စာချွန်တော်လျောက်ထားမှုများ
ဦးတိုက်လျောက်ထားခွင့် ပေးရပါမည်။
အာဏာပေး စာချွန်တော်အမိန့်
(Mandamus)
အာဏာပေး စာချွန်တော်အမိန့်သည်
ဥပဒေဆိုင်ရာ တာဝန်များကို ထမ်းဆောင်ရန် အောက် တရားရုံးများသို့ ဖြစ်စေ၊ တာဝန်ရှိသူ
တစ်ဦးဦးကိုဖြစ်စေ ထုတ်ပြန်သောအမိန့်ဖြစ်သည်။
တစ်နည်းအားဖြင့်
အများနှင့်ဆိုင်သော တာဝန်တစ်ရပ်ကို ဆောင်ရွက်ခြင်းနှင့်ပတ်သက်၍ ၀န်ထမ်း တစ်ဦးတစ်ယောက်ကိုဖြစ်စေ၊
အောက်ရုံးတစ်ရုံးကိုဖြစ်စေ ပြည်ထောင်စု တရားရုံးချုပ်က အာဏာပေး စာချွန် တော်အမိန့်
ထုတ်ဆင့်ခြင်းဖြစ်ပါသည်။
အာဏာပေးစာချွန်တော်အမိန့်နှင့်ပတ်သက်၍
ရေးသားရပါလျှင် နိုင်ငံသားတစ်ဦးဦးသည် ပြည်သူ့ လွှတ်တော်တွင်ဖြစ်စေ၊ အမျိုးသားလွှတ်တော်တွင်ဖြစ်စေ၊
ပြည်နယ် (သို့မဟုတ်) တိုင်းလွှတ်တော်တွင်ဖြစ်စေ၊ အခြားသောအစိုးရဌာနတစ်ခုခုသည် ဥပဒေအရ
လုပ်သင့်လုပ်ထိုက်သည် တို့ကို မပြုလုပ်လျှင် ဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်ရမည်ဟု အာဏာပေးသော
စာချွန်တော်ဖြစ်ပါသည်။
တားမြစ်စေ စာချွန်တော်အမိန့်
(Prohibition)
တားမြစ်စေစာချွန်တော်အမိန့်၏ ရည်ရွယ်ချက်သည် ပြည်ထောင်စုတရားရုံးချုပ်၏
လက်အောက်ခံမဟုတ်သော အုပ်ချုပ်ရေးဆိုင်ရာ ဌာနတစ်ခုခုမှဖြစ်စေ၊ တစ်စုံတစ်ဦးကဖြစ်စေ၊
၎င်းအား ဥပဒေအရ အပ်နှင်းထားသော အာဏာကိုကျူးလွန်၍ အမိန့်တစ်ခုကြောင့် ပြည်သူတစ်ဦးတစ်ယောက်၏အခွင့်အရေးကို
ထိပါးလျင်ဖြစ်စေ (သို့မဟုတ်) အစိုးရဌာနတစ်ခုခုအား အပ်နှင်း၍မထားသောအာဏာကို အသုံြးုပခြင်းမှတားမြစ်စေရန်ဖြစ်စေ၊
တားမြစ်စေ စာချွန်တော်အမိန့်ဖြင့် တားမြစ်ပေးရန် လျောက်ထားနိုင်သည်။
အဓိပ္ပါယ်မှာ တားမြစ်စေစာချွန်တော်အမိန့်သည်
အောက်ရုံး၏ အာဏာကျူးနေမှုကို တားမြစ်သော အမိန့်ဖြစ်သည်။ တနည်းအားဖြင့်ြုပလုပ်ပြီးသည့်ကိစ္စများအပေါ်
တားမြစ်ြုပပြင်ပေးရန် လျှောက်ထားခြင်း ဖြစ်သည်။
အာဏာပိုင်မေး စာချွန်တော်အမိန့်
(Quo Warranto)
ဤစာချွန်တော်အမိန့်၏ ရည်ရွယ်ချက်မှာ တစ်စုံတစ်ယောက်က မည်သည့်အခွင့်အာဏာဖြင့်
ရာထူးနေရာ ရွေးချယ်ခြင်း၊ ဆန္ဒပေးပွဲကျင်းပခြင်း စသည့်လုပ်ပိုင်ခွင့်များနှင့်စပ်လျှင်း၍
စုံစမ်းစစ်ဆေးပေးရန် လျောက်ထား နိုင်ခွင့်ဖြစ်သည်။
လုပ်ပိုင်ခွင့်အာဏာကို
ကျူးလွန်သောသူသည် ပြည်သူတစ်ဦးတစ်ယောက်၏ အခွင့်အရေးကို မည်သည့်အခွင့်အာဏာဖြင့် ထိပါးကျူးလွန်သည်ကို
အာဏာပိုင်မေး စာချွန်တော်အမိန့်ထုတ်၍ အာဏာ ကျူးလွန်ကြောင်းထင်ရှားလျှင် လိုအပ်သလို
ပြင်ဆင်ပေးသော လုပ်နည်းဖြစ်သည်။
အမှုခေါ် စာချွန်တော်အမိန့်
(Certiorari)
အမှုခေါ်စာချွန်တော်အမိန့်သည် အောက်ရုံးများမှ စစ်ဆေးစီရင်ပြီးဖြစ်သော
အမှုတွဲများ မှတ်တမ်းများကို တောင်းယူစေသော အမိန့်ဖြစ်သည်။
ပြည်ထောင်စုတရားရုံးချုပ်အနေဖြင့် လက်အောက်ခံတရားရုံးများ၏ စီရင်ဆုံးဖြတ်ချက်များသည်
တရား ဥပဒေနှင့်ညီမညီ၊ အမိန့်ချမှတ်ခြင်းများ မှန်ကန်မှုရှိမရှိတို့ကို စစ်ဆေးကြည့်ရှု၍
မှားယွင်းနေကြောင်း တွေ့ရှိရပါက ပြင်ဆင်ပေးနိုင်သည်။ ထို့အပြင် အခိျု့သောတရားရုံးများသည်
မိမိစီရင်နိုင်သောအာဏာကို မေ့လျော့၍ဖြစ်စေ၊ ဥပဒေကိုအဓိပ္ပါယ် ကောက်ယူရာတွင် မှားယွင်း၍
ဖြစ်စေ၊ စီရင်ပိုင်ခွင့်ရှိပါလျက်၊ အခွင့်အာဏာကိုသုံးစွဲ၍ စစ်ဆေးစီရင်ခြင်းမြုပဘဲလည်း
နေတတ်ကြပါသည်။ ထိုသို့သောအခါမျိုးတွင် ပြည်ထောင်စုတရားရုံးချုပ်သည် အမှုခေါ်စာချွန်တော်အမိန့်ဖြင့်
လိုအပ်သလို အမိန့်ချပေးနိုင်သည့် အမိန့်မျိုးဖြစ်ပါသည်။
ထိုကဲ့သို့ တရားရုံးများမဟုတ်သော်လည်း တရားစီရင်သကဲ့သို့ ပြည်သူတို့၏
အခွင့်အရေးကို ဆုံးဖြတ် သတ်မှတ်ပေးရသော အရာရှိများ၊
အစိုးရရုံးများသည် ပြည်ထောင်စုတရားရုံးချုပ်၏ စစ်ဆေးထိန်းကျောင်းမှုကို ခံယူရမည်ဖြစ်၍
ပြည်ထောင်စုတရားရုံးချုပ်က ထိုရုံးများကို အမှုခေါ်စာချွန်တော် အမိန့်ထုတ်၍ အရေးယူ ဆောင်ရွက်ခွင့်ရှိသည်။
၁၉၄၇ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ
အခန်း (၂) ပုဒ်မ ၂၅(၂)တွင် နိုင်ငံသားတို့၏ မူလအခွင့်အရေးများအဖြစ်သတ်မှတ်ထားသော အခွင့်အရေးများကို
ရယူရန်အတွက် ဤကဲ့သို့စာချွန်တော်အမိန့်များကို၎င်း၊ ထိုစာချွန်တော်အမိန့်များ၏သဘောမျိုး
ပါရှိသောအမိန့်များကို၎င်း ထုတ်နိုင်ရန် တရားလွှတ်တော်ချုပ်၌အာဏာရှိကြောင်း ပြဌာန်းထားရှိသည်ကိုတွေ့နိုင်ပါသည်။
၁၉၉၅ ခုနှစ်တွင် တရုပ်ပြည်၊ ဘီဂျင်းမြို့၌ ကျင်းပပြုလုပ်သော အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာ
တရားရုံးချုပ် တရားသူကြီးများ၏ ခြောက်ကြိမ်မြောက်ကွန်ဖရင့်မှ “လွတ်လပ်သောတရားစီရင်မှုဆိုင်ရာ
မူသဘောထား ကြေညာချက်”ကို ထုတ်ပြန်ခဲ့ပါသည်။ အဆိုပါကြေညာချက်သည်
ကမ္ဘာ့လူ့အခွင့်အရေးကျေညာစာတမ်း အပိုဒ် ၁၀ နှင့် အပြည်ပြည်ဆိုင်ရာနိုင်ငံသားနှင့်နိုင်ငံရေး
အခွင့်အရေးဆိုင်ရာသဘောတူစာချုပ် အပိုဒ် ၁၄(၁) ပါပြဌာန်းချက်များကို လက်ခံအသုံြးုပခဲ့သည်
ကိုတွေ့ရပေသည်။ အဆိုပါကြေညာချက်အရ လွတ်လပ်သော တရားစီရင်ရေးဆိုရာတွင် တရားရုံးများသည် တရားစီရင်ရာ၌ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ
အခြား ဘေးပယောဂများ၊ သြဇာလွှမ်းမိုးမှုများမပါဝင်ဘဲ အမှုတွင်ပေါ်ပေါက်သော အဖြစ်အပျက်အကြောင်းခြင်းရာနှင့်
ဥပဒေပြဌာန်းချက်အရသာလျှင် ဆုံးဖြတ်စီရင်ရမည်ကို အသိအမှတ်ပြုခြင်းဖြစ်ပေသည်။
ရှစ်လေးလုံးအရေးတော်ပုံကြီးနောက်ပိုင်း အာဏာသိမ်း၍တက်လာသော နအဖစစ်အစိုးရသည်
၁၉၈၈ ခုနှစ် စက်တင်ဘာလ (၂၆) ရက်နေ့တွင် “တရားစီရင်ရေးဥပဒေ” ကို ထုတ်ပြန်ခဲ့ပါသည်။ အဆိုပါဥပဒေ၏ အခန်း (၂) တရားစီရင်ရေးဆိုင်ရာမူများ၌၊
ပုဒ်မ ၂ တွင် “တရားစီရင်ရာတွင် အောက်ပါမူများအပေါ်အခြေခံ၍ စီရင် ရမည်-(က) ဥပဒေနှင့်အညီ
လွတ်လပ်စွာ တရားစီရင်ခြင်း” ဟုပြဌာန်းထားပါသည်။ သို့ရာတွင်
လက်တွေ့ နယ်ပယ်၌ တရားစီရင်ရေးအာဏာကို အုပ်ချုပ်ရေးနှင့် ဥပဒေပြုရေးတွင် တဦးတည်းအာဏာပိုင်ဖြစ်သော
အာဏာသိမ်းစစ်အစိုးရ၏လက်အောက်၌ ထားရှိခြင်းဖြစ်သဖြင့် တရားရုံးများသည်အနှောင်အဖွဲ့ကင်းစွာ၊
လွတ်လပ်စွာတရားစီရင်နိုင်ခြင်းမရှိ သကဲ့သို့ တရားသူကြီးများ၏ တာဝန်ထမ်းဆောင်နိုင်ခွင့်ရှိသည့်
သက်တမ်း ကာလမှာလည်း ဥပဒေအရအတိအကျပြဌာန်းထားခြင်းမရှိဘဲ၊ စစ်အာဏာပိုင်များအား အလိုကြိုက်၊
အလိုက် ဆောင်နိုင်မှုအပေါ်၌သာ တည်နေခြင်းဖြစ်သဖြင့် အပြောတခြား၊ အလုပ်တခြားဖြစ်နေသည်မှာ
အထင်အရှား ပင်ဖြစ်ပေသည်။
လွတ်လပ်သောတရားစီရင်မှုနှင့်ပတ်သက်၍ ယခင်က မြန်မာနိုင်ငံတွင် The Judicial Officers Protection
Act. ပြည်ထောင်စုတရားစီရင်ရေးအက်ဥပဒေနှင့် ၁၉၅၀ပြည့်နှစ်၊ တရား ရုံးများအက်ဥပဒေများကို
ပြဌာန်းထားရှိ သဖြင့် လွတ်လပ်သောတရားစီရင်ရေးစနစ်ကို ဖြစ်ပေါ်စေမည့် ရေခံမြေခံကောင်းများရှိခဲ့သော်လည်း၊
မဆလ ခေတ်တွင် အဆိုပါ ပြည်ထောင်စုတရားစီရင်ရေးအက်ဥပဒေနှင့် ၁၉၅၀ ပြည့်နှစ် တရားရုံးများအက်ဥပဒေတို့ကို
(၂၆၊ ၁၁၊ ၁၉၇၄) ခုနှစ်တွင် ပြည်သူ့တရားသူကြီးအဖွဲ့ဥပဒေ အမှတ် (၁၃/၇၄) ဖြင့် ရုပ်သိမ်းပယ်ဖျက်ခဲ့သဖြင့်
မြန်မာနိုင်ငံ၌ လွတ်လပ်သော တရားစီရင်ရေးစနစ်သည် ယနေ့တိုင် မှေးမှိန်ကွယ်ပျောက်သကဲ့သို့
ဖြစ်နေသည် ကို တွေ့ရပေသည်။
(၇) အားလုံးသောဥပဒေများသည်
တည်ဆဲဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ကိုက်ညီရမည်ဖြစ်ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ထည့်သွင်းဖော်ပြထားသည့်
လွတ်လပ်ခွင့်နှင့် အခွင့်အရေးများကို ချိုးဖေါက်ခွင့်မရှိစေရ။
All laws must be in accordance with the constitution and not
violate the liberties and rights enshrined therein.
ဖွဲ့စည်းပုံအခြေခံဥပဒေတခုသည် နိုင်ငံတော်အား မည်သည့်ပုံစံဖြင့်ဖွဲ့စည်းသည်ကို၎င်း၊
မည်သည့်စည်းမျဉ်း များနှင့် အုပ်ချုပ်သည်ကို၎င်း၊ စသည်တို့ကို ရေးဆွဲထားသည့် ဥပဒေဖြစ်သဖြင့်
နိုင်ငံတခုတွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေသည် အရေးပါဆုံးနှင့်အမြင့်ဆုံးဖြစ်ပြီး၊ အဆိုပါ
ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံတော်အာဏာကြီး (၃) ရပ်ကို ခွဲဝေကျင့်သုံးရခြင်းဖြစ်ပေသည်။
ထို့ပြင် ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ရည်ရွယ်ချက်သည် အစိုးရက ပြည်သူလူထု၏အခွင့်အရေးကို
မချိုးဖေါက်နိုင်ရေးအတွက် ကာကွယ်ရန်လည်းဖြစ်ပေသည်။
ဂျွန်အော်စတင် က ဖွဲ့စည်းပုံအခြေခံဥပဒေသည် အစိုးရအဆောက်အအုံကိုတည်
ဆောက်ပေးသည် ဟူ၍၎င်း၊ ဒိုင်ခီ ကဖွဲ့စည်းပုံအခြေခံဥပဒေဆိုသည်မှာ
နိုင်ငံတော်၏ အချုပ်အခြာအာဏာများကို ခွဲဝေကျင့်သုံး ရာတွင်လည်းကာင်း၊ လက်တွေ့ကျင့်သုံးရာတွင်လည်းကောင်း
တိုက်ရိုက် (သို့မဟုတ်) သွယ်ဝိုက်၍ သက်ဆိုင် သော စည်းကမ်းဥပဒေများဖြစ်သည် ဟူ၍၎င်း- စသည်ဖြင့်
အနက်အဓိပ္ပါယ် ဖွင့်ဆိုကြပါသည်။
ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီး၏
အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကျေညာစာတမ်းတွင် အခွင့်အရေး များနှင့်ပတ်သက်၍ နိုင်ငံသားများ၏အခွင့်အရေးများ
နိုင်ငံရေးဆိုင်ရာအခွင့်အရေးများ စီးပွာရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုဆိုင်ရာအခွင့်အရေးများဟူ၍
ဖေါ်ပြပါရှိပါသည်။ ၂၀ ရာစုခေတ်၌ ရေးဆွဲလာခဲ့ကြသော ဖွဲ့စည်းပုံ အခြေခံဥပဒေများတွင် နိုင်ငံသားများ၏
မူလအခွင့်အရေးဆိုင်ရာ အခန်းကဏ္ဍများကို ထည့်သွင်းဖေါ်ပြလာခဲ့ကြ သည်ကိုတွေ့မြင်ရပေသည်။
မူလအခွင့်အရေးများနှင့်ပတ်သက်ပြီး
နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေများတွင် ထည့်သွင်း ပြဌာန်းကြရာ၌ အဓိကအားဖြင့်
နိုင်ငံသားဖြစ်မှုအခန်းကဏ္ဍ၊ ညီမျှမှုနှင့်လွတ်လပ်မှုအခွင့် အရေးများအခန်း ကဏ္ဍ၊ ယဉ်ကျေးမှု၊
ပညာရေးနှင့်စီးပွားရေးဆိုင်ရာအခန်းကဏ္ဍနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ အကာအကွယ် ရယူနိုင်သော
အခွင့်အရေးဆိုင်ရာအခန်းကဏ္ဍတို့ဖြစ်သည်။ ဆိုရှယ်လစ်စနစ်ကိုကျင့်သုံးသော နိုင်ငံတွင်ဖြစ်စေ၊
အရင်းရှင်စနစ်ကိုကျင်သုံးသောနိုင်ငံတွင်ဖြစ်စေ၊ ၄င်းတို့၏ဖွဲ့စည်းပုံအခြေခံဥပဒေများ၌
ဤကဲ့သို့သော ညီမျှမှု အခွင့်အရေး၊ လွတ်လပ်မှုအခွင့်အရေးများကို ထည့်သွင်းရေးဆွဲပြဌာန်းကြစမြဲဖြစ်ပေသည်။
ဆိုရှယ်လစ် (သို့) ကွန်မြူနစ်စနစ်ကိုကျင့်သုံးသောနိုင်ငံများ၏ ဖွဲ့စည်းပုံအခြေခံဥပဒေများတွင်
ထူးခြားချက်အဖြစ် တွေ့ရသည်မှာ နိုင်ငံသားများအတွက် မူလအခွင့်အရေးများကို ထည့်သွင်း
ပြဌာန်းထားသကဲ့သို့ နိုင်ငံသားများ၏ တာဝန်များကိုလည်း ပူးတွဲထည့်သွင်းပြဌာန်းလေ့ရှိခြင်းပင်
ဖြစ်ပေသည်။ ဥပမာအားဖြင့်ဆိုလျှင် ၁၉၇၄ ခုနှစ် ပြည်ထောင်စုဆိုရှယ်လစ် သမ္မတမြန်မာနိုင်ငံတော်
ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၆၈ တွင် “ဤဖွဲ့စည်းပုံအခြေခံ ဥပဒေပါ ပြဌာန်းချက်များကို
လိုက်နာစောင့်ထိန်းရန် နိုင်ငံသားတိုင်း၌ တာဝန်ရှိသည်။ ထို့ပြင် ဆိုရှယ်လစ် လူ့ ဘောင်တည်ဆောက်ရေးအတွက်
ချမှတ်ထားသောဥပဒေများ၊ အလုပ်ခွင်စည်းကမ်းများ၊
ဒေသဆိုင်ရာ စည်း ကမ်းများကို လိုက်နာရန်နှင့် နိုင်ငံတော်ကပေးအပ်သော တာဝန်များကိုကျေပြွန်စွာ
ထမ်းဆောင်ရန်လည်း တာဝန်ရှိသည်။” ဟုထည့်သွင်းပြဌာန်းထားပေသည်။
အားလုံးသော ပြဌာန်းဥပဒေများသည်
ဖွဲ့စည်းပုံအခြေခံဥပဒေမှအခြေခံပြီး ဖြစ်ပေါ်လာရသည်ဖြစ် သည်။ အခိျု့သောနိုင်ငံများ၏ ဖွဲ့စည်းပုံအခြေခံဥပဒေများတွင်
ရပိုင်ခွင့်ဆိုင်ရာပြဌာန်းချက်များကို မူလအခွင့် အရေးများအခန်း၌ ထည့်သွင်းပြဌာန်းလေ့ရှိကြပြီး၊
အခိျု့သောနိုင်ငံများ၌မူ နိုင်ငံတော်၏၀ါဒရည်ညွှန်းချက်များ အဖြစ်ဖေါ်ပြ၊ ပြဌာန်းကြသည်ကိုတွေ့ရပေသည်။ မည်သို့ဆိုစေကာမူ
ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရပိုင်ခွင့်များကို သတ်မှတ်ထည့်သွင်းပြဌာန်းခြင်းပင် ဖြစ်ပေသည်။
အခြားသောဥပဒေများမှာ မူရင်းအခြေခံဥပဒေ၏ ခွင့်ပြုချက် ဘောင်အတွင်းမှသာ ရေးဆွဲပြဌာန်းရခြင်းဖြစ်သည်။
ထို့ကြောင့် အဆိုပါဥပဒေများသည် ဖွဲ့စည်းပုံအခြေခံဥပဒေ အရ ခွင့်ပြုချက်၊ အာမခံချက်ပေးထားသော
ပြည်သူတို့၏လွတ်လပ်ခွင့်များ၊ အခွင့်အရေးများကိုချိုးဖောက်၍ မရချေ။
၁၉၇၄ ခုနှစ်၊ ပြည်ထောင်စု
ဆိုရှယ်လစ် သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အခန်း (၁၁) ၌ “နိုင်ငံသားများ၏
မူလအခွင့်အရေးနှင့် တာဝန်ဝတ်တရားများ” အား ထည့်သွင်းပြ ဌာန်းထားသည်ကို
တွေ့ရပေသည်။ အဆိုပါအခန်း (၁၁) ၏ ပုဒ်မ ၁၅၉(က) ၌ “နိုင်ငံသားတိုင်း၏ ပုဂ္ဂိုလ်ဆိုင်ရာ
လွတ်လပ်မှုနှင့် လြုံခံမှုအတွက် အာမခံချက်ရှိစေရမည်” ဟု၎င်း၊ ၁၅၉ (ခ)၌ “သက်
ဆိုင်ရာ တရားစီရင်ရေးအဖွဲ့၏ ခွင့်ပြုချက် မရှိပဲ နိုင်ငံသားတဦးကို နှစ်ဆယ့်လေးနာရီထက်
ကျော်လွန်၍ ချုပ်နှောင်ထားခြင်းမြုပရ” ဟုပြဌာန်းထားသော် လည်း၊
လက်တွေ့တွင်မူ မဆလခေတ် တလျောက်လုံး၌ အာဏာပိုင်တို့သည် ၄င်းတို့မသင်္ကာသူများကို အချိန်မ
ရွေး၊ အကြောင်းပြချက် မခိုင်လုံပဲဖမ်းဆီးခြင်း၊ ကြာရှည်ကြာမြင့်စွာဖမ်းဆီးထိန်းသိမ်းထားခြင်းဖြင့်
ဖွဲ့စည်းပုံ အခြေခံဥပဒေကို မကြာခဏချိုးဖေါက်လေ့ရှိခြင်းမှာ တရားဥပဒေစိုးမိုးမှုမရှိသောကြောင့်ပင်
ဖြစ်ပေသည်။
၁၉၇၄ ခုနှစ်၊ ပြည်ထောင်စုဆိုရှယ်လစ်
သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ပုဒ်မ ၁၆၅ ၌ “နိုင်ငံတော်၏ အာဏာပိုင်အဖွဲ့အစည်းတရပ်ရပ်တွင်ပါဝင်သော
အဖွဲ့ဝင်တဦးဦးသို့မဟုတ် နိုင်ငံတော်၏ အာဏာ ပိုင် အဖွဲ့အစည်းတရပ်ရပ်၊ သို့မဟုတ် ၀န်ထမ်းတဦးဦး၊
သို့မဟုတ် ၀န်ထမ်းအဖွဲ့အစည်းတရပ်ရပ်က ပြည်သူတို့ အပ်နှင်းထားသောအခွင့်အာဏာကို အလွဲသုံးစားပြုသဖြင့်
နိုင်ငံသားတဦးဦး၏ အခွင့်အရေးတရပ်ရပ် သို့မဟုတ် အကျိုးခံစားခွင့်တရပ်ရပ် ထိခိုက်နစ်နာခဲ့လျှင်
ယင်းပုဂ္ဂိုလ်၊ သို့မဟုတ် ယင်းအဖွဲ့အစည်းကို တရားစွဲဆိုပိုင်ခွင့်ရှိ သည်။ ယင်းကိစ္စနှင့်ပတ်သက်၍
ဥပဒေပြဌာန်းထားရမည်။” ဟုပြဌာန်းခဲ့သဖြင့် ၁၉၇၅ ခုနှစ်တွင် ပြည်သူ့လွှတ်
တော်မှ ပြည်သူ့လွှတ်တော်ဥပဒေအမှတ်(၂)ဖြင့် “နိုင်ငံသားများ၏အခွင့်အရေးကို ကာကွယ်စောင့်ရှောက်သည့်
ဥပဒေ” ကိုထုတ်ပြန်ကြေညာခဲ့ပါသည်။ သို့ရာတွင် လက်တွေ့၌မူ
နိုင်ငံသားများသည် အဆိုပါဥပဒေကို အကိုးအကာြးုပ၍ ၄င်းတို့၏ နစ်နာသောအခွင့်အရေးများအတွက်
တရားစွဲဆိုနိုင်ခြင်းမှာ မရှိသလောက်ပင် ဖြစ်ခဲ့ပါသည်။ တရားဥပဒေစိုးမိုးရေးမထွန်းကားသဖြင့်
ဥပဒေများပင်ရှိသော်လည်း “ပေးကားပေး၏ မရ၊” ဆိုသကဲ့သို့ပင်ဖြစ်ပါသည်။
0 comments:
Post a Comment