Wednesday, November 30, 2011

နာမည်ကျော်ကြားတာဘယ်သူလဲ.....

thuzar kyaw

တစ်ခါတုန်းက ရွာတစ်ရွာမှာ ကိုဖိုးတုတ် မခလေးမဆိုတဲ့ လင်မယားနှစ်ယောက်
ရှိသတဲ့............သူတို့လင်မယားနှစ်ယောက်မှာ မခလေးမကို လူတိုင်းနီးပါးသိကြ
ပေမယ့် ကိုဖိုးတုတ်ကိုတော့ လူတွေကသိပ်မသိကြဘူးတဲ့...................ကိုဖိုးတုတ်
ကိုတွေ့ရင်လူတွေက မခလေးမယောက်ျား လို့ပဲပြောကြတယ်....................


လမ်းမှာ တွေ့လို့ နှုတ်ဆက်ရင်လည်း " ဟာ....မခလေးမယောက်ျား နေကောင်းလား၊
ဘယ်သွားမလို့လဲ"ပေါ့............စကားစပ်မိလို့ ပြောကြရင်လည်း မခလေးမယောကျာ်းက
ဘယ်လို ....ဘာဖြစ်တယ်နဲ့ အဲလိုပေါ့နော်......အလှူမင်္ဂလာဆောင်တွေဘာတွေဖိတ်ရင်လည်း
မခလေးမ နှင့် ခင်ပွန်းဆိုပြီးတော့ပဲ ဖိတ်တတ်သတဲံ့......နေရာတကာ မခလေးမကိုပဲ
လူတွေကစကားထဲထည့်ပြောကြသတဲ့......................


တစ်နေ့မှာတော့.........သူတို့လင်မယားဟာ ရွာဦးကျောင်း ဆောက်ပြီးလှူကြတယ်....
အလှူရှင်ကျောင်းဒကာ ဒကာမရဲ့နာမည်တွေကိုမှတ်တမ်းတင်ရေးထိုးထားတာပေါ့......
" ကျောင်းဒကာ ကိုဖိုးတုတ်+မခလေးမ" လို့ ရေးထားပေမယ့် ရွာသူရွာသားတွေက
စကားစပ်မိလို့ ပြောကြတဲံ့အခါ " ကျောင်းအမကြီး မခလေးမ" ဆိုတာပဲထည့်ပြောကြပြီး
ကိုဖိုးတုတ် ဆိုတာကိုတော့ ထည့်မပြောကြဖူးတဲ့..........ဒါနဲ့ ရေကန်ကြီးတူးပြီးလှူကြ
ပြန်ပါတယ်.......

အလှူရှင်နာမည်ရေးတဲ့အခါ ကိုဖိုးတုတ်က သူ့နာမည်ကို စာလုံးကြီးကြီး
ရေးခိုင်းပြီး သူ့မိန်းမနာမည်ကိုတော့ ခပ်သေးသေးပဲ ရေးခိုင်းသတဲ့..............
ဒါပေမယ့်လည်း လူတွေက " မခလေးမတို့ ရေကန်ကြီးကဖြင့် ဘယ်လို ဘာညာ" ဆိုပြီး
တော့ပဲ ပြောလေ့ရှိသတဲ့..........ဒါလည်း ကိုဖိုးတုတ်ကတော့လက်မလျော့သေးပါဘူး.......
နောက်တစ်မျိုးကြံပြန်တယ်........သူစဉ်းစားတာက "အင်း.....လူတွေကရှေ့ကနာမည်ကို
ကျော်ပြီး နောက်ကနာမည်ကိုပဲ ပြောပြောနေကြတယ်၊ ဒီတစ်ခါတော့ ငါ့နာမည်ကိုနောက်
ကရေးမယ်ကွ" လို့ဆိုပြီး....ရွာလမ်းမကြီးကိုလှူပြန်တယ်.......နာမည်ထိုးတော့.........
" လမ်းအလှူရှင် မခလေးမ+ ကိုဖိုးတုတ်" ဆိုပြီးရေးခိုင်းသတဲ့.........ဒါပေမယ့်လည်း


ရွာသူရွာသားတွေကတော့ "မခလေးမ လှူထားတဲ့လမ်းကြီးပေါ့" လို့ပဲပြောကြပြန်သတဲ့....
ဒီအခါမှာတော့ ကိုဖိုးတုတ်စိတ်ထဲ မကြည်တော့ဘူး......"ငါဒီလောက်လှူတာတောင်မှ
မခလေးမ မှ မခလေးမ ဖြစ်နေတာ....ဒီလောက်တောင်ဖြစ်လှတဲ့လူတွေ တွေ့ကြသေး
တာပေါ့" လို့ဆိုပြီး ဇရပ်ကြီးတစ်ဆောင်ဆောက်ပြီး......


" ကိုဖိုးတုတ် + မခလေးမ + ကိုဖိုးတုတ်လှူဒါန်းသည်"
ဆိုပြီး ရေးထိုးလိုက်ပါသတဲ့.......အဲဒီအခါမှာလည်း " မခလေးမ" ရယ်လို့ပဲ လူတွေကပြော
ကြပြန်သတဲ့..........။ အဲဒီမှာတင် ကိုဖိုးတုတ်တစ်ယောက် ဒေါသအိုးပေါက်ကွဲပြီး
သည်းမခံနိုင်တော့ဘဲ ပုဆိုးကွင်းသိုင်းပြီး ရွာထဲမှာပတ်ရမ်းတော့တာပေါ့..........


အဲဒီအချိန်ကစပြီး သူ့ကိုတွေ့တိုင်း လူတွေက " လူမိုက်ကြီးဖိုးတုတ်" လို့ခေါ်ကြပါတော့တယ်..
ထိုအချိန်မှစ၍ ကိုဖိုးတုတ်ခမျာ မခလေးမယောကျာ်း နာမည်ပျောက်ပြီး "လူမိုက်ကြီးဖိုးတုတ်"
ရယ်လို့ နာမည်ကျော်ကြား သွားပါတော့တယ်....................။
ပုံပြင်လေးကတော့ ဒါပါပဲကွယ်.................

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...