Monday, November 28, 2011

ရွှေပုံပြင်

by Boston Cat on Tuesday, November 29, 2011 at 12:31pm

ရွှေမာ ရွှေမူ ရွှေဒူနဲ့ ရွှေရစ်ဆိုတဲ့မိတ်ဆွေလေးဦးဟိုးရှေးရှေးတုန်းကပေါ့ကွယ်! ရွှေယုန်နဲ့ရွှေကြားမဟုတ်ဘူးနော် ရွှေလိုင်းဆိုတဲ့တိုင်းပြည်ကြီးရှိကြသတဲ့။ သူတို့က အတွေးအခေါ် အသိအမြင်ယူဆချက်တွေ ဖလှယ်ဖို့ ဘယ်လောက်ဝေးတဲ့ နေရာကိုဘဲရောက်ရောက် ရွှေလိုင်းတိုင်းပြည်ကို တစ်ခေါက်တော့ ပြန်ရောက်လို့ဆုံကြတယ်။

အဲဒီမှာပြုံပင်လေးကစတော့တာဘဲ. ..ဘ၀မှာအရေးကြီးဆုံးကဘာလဲတဲ့?

ပြုသမျှဟာထပ်တူဖြစ်တယ်လို့ ယုံကြည်သူကရွှေမာ
"ရွှေမာက" သဘာဝရဲ့လောကမှာ ကိုယ့်ခံယူချက်အတိုင်း ပြုသမျှထပ်တူကျတဲ့ စောင့်ထိန်းမှုသာ အရေးအကြီးဆုံးပါတဲ့။ ။ ။


ရွှေမူက" အရာအားလုံးဟာ တစ်ပါတည်းပါလာပြီးသား ယူဆို၇င် ယူရမယ် ပေးဆိုရင် ပြန်ပေးရမယ် " တကယ်တော့ ဖန်ဆင်းပြီးသား
လက်ဆောင်ကောင်းတစ်ခုရဖို့သာ အရေးကြီးဆုံးပါသတဲ့ကွယ်။ ။ ။

ရွှေဒူကတော့ "အမျိုးမြင့်မြတ်ခြင်း ၊ တင်းကြပ်တဲ့စည်းကမ်းနဲ့ ဆင်ခြင်သမျှ အစားအသောက်သာ သူ့ဘ၀မှာ အရေးကြီးတယ်လို့ခံယူပါသတဲ့ကွယ်"

ရွှေရစ်ကတော့ " ချီးမွမ်းချီးမြှောက်ဖို့ဝန်မလေးသင့် ၊ အရေးအကြီးဆုံးက ပို့ပေးနေရမယ့် သံစဉ်ချိုအေး မေတ္တာတေးလေးတွေပါတဲ့ကွယ်"

ဒီလိုနဲ့ လေးဦးသားရွှေလိုင်းတိုင်းပြည်ကြီးဆီ ခရီးဆက် ထွက်ခွာခဲ့ကြတာ လမ်းခရီးတ၀က်မှာ ရွှေမဲ့ဆိုတဲ့ ခရီးသွားလေးနဲ့ ထပ်ပြီးဆုံခဲ့ကြသတဲ့။    ခရီးကြုံလိုက်ဖို့ခွင့်တောင်းလို့ အားလုံးက တင်ခေါ်ဖို့သဘောတူခဲ့ကြတယ်ပေါ့ကွယ် ။ ပထမဆုံးရွှေမာရဲ့လှည်းနဲ့လမ်းကြုံလိုက်တဲ့အခါ  နေ့စဉ်ပြု နေတဲ့အလုပ်ကြိုစားမှု၊သနားညှာတာမှု၊ စောင့်ထိန်းနေတဲ့အပြုအမူပေါင်းများစွာကြောင့်ရွှေမဲ့လေးကမနေနိုင် အတုမယူနိုင်ဘဲ ရွှေရစ်လှည်းဆီ ကူးပြောင်းခဲ့သတဲ့။

ရွှေရစ်ဆီရောက်တော့ သူပျော်သတဲ့ လွတ်လပ်တဲ့အပြုအမူနဲ့သံစဉ်ချိုတေးလေးတွေကိုနားဆင်ရလို့လေ ဒီလိုနဲ့ကြာလာတော့ ရွှေရစ်ကလေးငြီးငွေ့လာပြန်သတဲ့ ။ဒါနဲ့ ရွှေမူဆီကိုရောက်သွားပြန်ရောပေါ့ကွယ်

ရွှေမူဆီမှာ အသားကြိုက်သလောက်စားရတယ်သူပထမတော့ပျော်တယ်တဲ့ ဒါပေမယ့် တစ်နေ့ကိုကြိမ်ဖန်များစွာဂါရ၀ပြုနေရတာကို သူလိုက်မလုပ်နိုင်လို့နောက်ဆုံးလှည်းရွှေဒူဆီကို ဂိုးရတော့တာပေါ့

ရွှေဒူက တန်းတူဆက်ဆံတယ် ဘာမှလည်းမလုပ်ခိုင်းဘူး သူဘာလုပ်လုပ်လည်းပေးမသိဘူး သူဒီလိုနေရတာကိုကြိုက်တယ် ဒါပေမယ့်ရွှေဒူကအသားငါးရှောင်ခိုင်းပြီး အသီးအရွက်တွေချည်းကျွေးတော့ ရွှေမဲ့လေး ထပ်ပြီးစဉ်းစားရတော့တာပေါ့ကွယ်.

..ဒီလိုနဲ့ မိတ်ဆွေလေးဦးရဲ့ အပြုအမူအနေအထိုင် အကျင့်စရိုက်တွေ သူလိုက်မလုပ်နိုင်လို့ တောထဲမှာဘဲ နောက်ခရီးသွားတွေ ရှာဖို့နေခဲ့ပါသတဲ့။ မိတ်ဆွေလေးဦးကတော့ ရွှေလိုင်းတိုင်ပြည်ကြီးကို ဆက်လက်ခရီးထွက်ခဲ့ကြတာပေါ့ကွယ် ။ ။ ။
ကြာလာတော့ ခရီးကြုံလိုက်ဖို့ လူမတွေ့ပြီး စားရမဲ့ သောက်ရမဲ့ ဖြစ်ကာ ရွှေမဲ့လေး အားပြတ်တော့တာပေါ့။ ။ ဒါမှန်းသိ မိတ်ဆွေလေးဦးရဲ့ အကျင့်တွေ ကိုလေ့လာပြီးအဆင်ပြေအောင်လိုက်သွားရင်ကောင်းသားဆိုတဲ့အတွေးကို အချိန်လွန်မှ သိလိုက်ရပါသတဲ့။ ။

နောက်ဆုံးတော့ရွှေမဲ့လေး အားပြတ်ပြီးတောကြီးမျက်မည်းမှာ အသက်ပျောက်သွားရှာသတဲ့ကွယ်။ ။ ။
ဒီလိုပါဘဲ ပခုံးနှစ်ဖက်ကြားမှာခေါင်းပေါက်ပေမယ့် ခံယူချက် အယူအဆမရှိရင်၊ ခံယူချက်အယူအဆ လွဲမှားစွာ အငြင်းပွားနေရင် တိရစ္ဆာန်လိုလူမျိုးနဲ့မခြားတော့ပါလား အာခံတာနဲ့ကျေးဇူးကန်းတာဟာ ဘယ်နေရာမှမကောင်းဘူး ဆိုတာလေးကိုသိပြီးေ၀၀ါးတဲ့အသိတွေနဲ့ အရှိတရားမဲ့တဲ့ ရွှေမဲ့လိုလူမျိုး ဘယ်တော့မှ မဖြစ်ပါစေနဲ့ကွယ်

ပုံပြင်လေးကတော့ဒါပါဘဲ.....ရွှေလိုင်းတိုင်ပြည်ကြီးမှာ ငြိမ်းချမ်းစွာ ပြန်ဆုံကြတာပေါ့......
ကဗျာမပီ စာမမှီ အညတရပန်းရိုင်း မနှင်းဆီ

ပုံပြင်ကတော့ ဒါပါပဲ . .
ဒါပေမယ့် စာရေးသူရဲ့ အတွေးအခေါ်တွေကိုတော့ Analysis လုပ်ကြည့်ကြမယ်။

စာရေးသူက ရွှေလိုင်း ဆိုတာ ဘာကို ဆိုလိုမှန်း ကျနော်မသိပေမယ့်။
ရွှေမာ = ဗုဒ္ဓဘာသာ
ရွှေမူ = မွတ်စလင်
ရွှေဒူ = ဟိန္ဒူ
ရွှေရစ် = ခရစ်ယာန်
ရွှေမဲ့ - ဘာသာမဲ့

ဆိုတာ ဖတ်တဲ့သူတိုင်း သိပါတယ်။ ဒါပေမယ့် ရွှေမာ ဆိုတာလေး . . . ဗုဒ္ဓဘာသာ ဆိုတာ တစ်ခုမှ မပါတဲ့ ရွှေမာ ဆိုတာ ဗမာ/မြန်မာ ကို ဆိုလိုတာဖြစ်ကြောင်း သိကြမှာပါ။ ဗမာ/ မြန်မာ ဆိုတာ ဘာသာလား လူမျိုးလား ဆိုတာ စာရေးသူကွဲပြားရဲ့လား? ဘာသာနဲ့ လူမျိုးကိုတောင် ခွဲမမြင်တဲ့ စာရေးသူရဲ့ အတွေးအခေါ်ကို အရင်ဆုံး ချီးကျူးမိပါတယ်။

နောက်တစ်ခုက ဘာသာရေးပန်းတိုင်
ဘာသာရေး ပန်းတိုင်မှာ ဘာသာတစ်ခုနဲ့ တစ်ခု မတူတာ သိကြမှာပါ။ ဒါပေမယ့် သူ့လမ်း သူလျှောက်တဲ့ ပန်းတိုင်မျိုးမဟုတ်ဘူး။

ဥပမာ - ခင်ဗျားက မန်းလေး သွား၊ ကျနော်က မော်လမြိုင်သွား သလို ကိုယ့်လမ်း ကိုယ်သွား မဟုတ်ဘူး။ ခရစ်ယာန် တစ်ယောက်အတွက် ခင်ဗျားဟာ ကိုယ်တော်ယေရှုကို မယုံကြည်တဲ့သူ ဖြစ်တာကြောင့် ခင်ဗျားအပြစ်တွေကို ကိုယ်တော်ယေရှုက ကိုယ်စားမခံပေးတဲ့အတွက် ခင်ဗျားဟာ သေချာပေါက် ငရဲကျမှာပဲ။ ဟာ ကျနော်ဘာအပြစ်မှ မလုပ်ထားတာ ဆိုရင်တောင် ခရစ်ယာန်အလိုအရ ခင်ဗျားဟာ မွေးကတည်းက အပြစ်သားပဲ။ အဲဒီလိုပဲ မွတ်စလင် အယူအရ ဆိုရင်လည်း ခင်ဗျားဟာ ဂျဟာနာမ်ကို သေချာပေါက် လားရမယ့်လူပဲ။

ဒီတော့ ကိုယ့်လမ်းကိုယ်လျှောက်ပြီး ကိုယ့် ပန်းတိုင် ကိုယ်ရောက်သွားတာမျိုးမဟုတ်ဘူး။ လူလေးယောက်ကို မဲနှိုက်ခိုင်းပြီး မဲပေါက်တဲ့သူကိုပဲ အသက်ချမ်းသာပေးမယ့်သဘောမျိုး။ အဲဒီတော့ ပုံပြင်မှာပါတဲ့ ရွှေမဲ့ ဆိုတဲ့ ဘာသာမဲ့လေးက တစ်ယောက်ယောက်ဆီကို လိုက်ရင်ပဲ ပန်းတိုင်ကို ရောက်သလိုလို ရေးထားပေမယ့်။ တစ်ကယ်တော့ ဘာသာရေးသဘောအရ တစ်ယောက်ပဲ လမ်းမှန်ကိုသွားမှာဖြစ်ပြီး သုံးယောက်ကတော့ ချောက်ထဲကို သွားနေတာပါ။ ဘယ်သူမှန်လည်းတော့ ခုထိ မပြတ်သားသေးဘူး မဟုတ်လား။

ပုံပြင်မှာ ရွှေမဲ့လေးက ဟို ရွှေလေးကောင်နဲ့ ကပ်ပြီးပဲ လိုက်သွား စားသောက်နေသလိုမျိုး ရေးထားတယ်။ တစ်ကယ်တော့ ဘာသာမဲ့တွေကလည်း ကိုယ့်လမ်းကိုယ်လျှောက်နေတာပါ။ ကိုယ့်ရပ်တည်ချက်၊ ကိုယ့်အယူအဆ  ရှိပါတယ်။ ဘာသာမဲ့ ဆိုပြီး ကြည့်ရင်သာ ဘာသာမဲ့ ဘောလုံးအသင်းကိုပဲ တွေ့ရမှာပါ။ ခင်ဗျား သေချာကြည့်ရင် ဘောလုံးသမား 11 ယောက်၊ အရံကစားသမားတွေ၊ လူငယ်ဘောလုံးအသင်းတွေနဲ့ကွဲထွက်နေတဲ့ လူတွေကို တွေ့ရမှာပါ။ တစ်ယောက်နဲ့ တစ်ယောက် အယူအဆချင်း ထပ်တူ မကျနေပါဘူး။

ဘာသာမဲ့ တစ်ယောက်က ရုပ်ဝါဒီ၊ ဖြစ်တည်မှုဝါဒီ၊ ကွန်မြူနစ်ဝါဒီ၊ အဆောက်အအုံလွန်ဝါဒီ၊ ဘာဝါဒီ ညာဝါဒီ စသဖြင့် ရှိနေကြသလို ကြိုက်တာလေးပဲ လက်ခံတဲ့ ဘာဝါဒီမှ မဟုတ်တဲ့ ဘာသာမဲ့တွေလည်း အများကြီးပါပဲ။ ဒီတော့ ရွှေမဲ့ ဆိုတာလေးက ဖြန့်ကြည့်လိုက်ရင် ဘာသာတရားတွေထက်တောင် အယူအဆတွေ များသေးတယ်။ အတွေးအခေါ် ၀ါဒီအသစ်တွေလည်း ဖြစ်လာဦးမှာပါ။

ဘာသာမဲ့တွေမှာ အယူအဆအသစ်တွေ ဖြစ်လာတယ်၊ အတွေးအခေါ်သစ်တွေကို လက်ခံတယ်။ ဘာသာရှိတွေလို ဒါတော့ဖြင့် ဘုရားဟောမဟုတ်လို့ လက်မခံဘူး ဆိုတဲ့ ဘောင်တစ်ခုတည်းမှ ရှိနေတာ မဟုတ်ပါဘူး။ အဲဒါကြောင့် ဘာသာမဲ့တွေမှာ အတွေးအခေါ် အယူအဆမရှိဘူး ဆိုတာက အကြီးမားဆုံး အလွဲကြီးပါပဲ။

အဲဒီတော့ ဘာသာမဲ့ ဆိုတာကို အသိဥာဏ်မရှိပါဘူး ဆိုပြီး တိရိစ္ဆာန်နဲ့ နှိုင်းပြီး ဒီလို မဖြစ်ပါစေနဲ့ လို့ ရေးထားတာကို ကြည့်ပြီး စာရေးသူကို ထပ်ခါ ချီးကျူးမိပါတယ်။ဒါနဲ့ စကားမစပ် စာရေးသူရဲ့ Inspire Person ထဲမှာ Mark Zuckerberg (Creator of Facebook) နဲ့ Bill Gate (Creator of Microsoft) တို့ ပါနေရင် မြန်မြန် ဖယ်ထုတ်လိုက်ပါ။ သူတို့က ဘာသာမဲ့ကြီးတွေပါ။ နောက်ပြီး Windows OS မှာ Facebook သုံးနေတယ် ဆိုရင်တော့ . . .

Boston Cat (29 Nov 2011)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...