Tuesday, November 29, 2011

သန်လျင်ကြယ်စင်အိမ်ရာစီမံကိန်း စံပြလူနေရပ်ကွက် ဖြစ်လာမည်ဖြစ်ပြီး ရန်ကုန်မြို့သို့ မြစ်ကြောင်းအတိုင်းပြေးဆွဲမည့် ဖယ်ရီဆိပ်ပါရှိ

by General Knowledge on Wednesday, November 30, 2011 at 12:21pm
Lifestyle

By Pyi Myanmar, Wednesday - November 30 - 2011



သန်လျင် ကြယ်စင်အိမ်ရာ စီမံကိန်းကြီးတွင် ရန်ကုန်မြို့သို့ မြစ်ကြောင်းအတိုင်း ပြေးဆွဲပေးမည့် ဖယ်ရီဆိပ် ပါရှိမည်ဖြစ်ပြီး ရန်ကုန်တိုင်း ဒေသကြီး၏ စံပြလူနေရပ်ကွက် တစ်ခု ဖြစ်လာမည် ဖြစ်ကြောင်း  ၂၃.၁၁.၂၀၁၁ ရက်တွင် ကျင်းပသော First Myanmar Investment Co.,Ltd. ၏ နှစ်ပတ်လည် အစည်းအဝေးမှ သိရသည်။

အဆိုပါ စီမံကိန်းကို ၂၀၁၀ ပြည့်နှစ်အတွင်း စတင် အကောင်အထည်ဖော်ရာတွင် ယခုအခါ ပထမအဆင့် အိမ်ရာ ခြောက်လုံး၏ ပထမတိုက်သည် ငါးလွှာသို့ ရောက်ရှိနေပြီ ဖြစ်ပြီး တိုက်ခန်းများကို FMI အစုရှယ်ယာများနှင့် SPA/ FMI ကုမ္ပဏီ အုပ်စုမှ ဝန်ထမ်းများကို ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလမှ ဒီဇင်ဘာလအတွင်း ရောင်းချခဲ့ကြောင်း သိရသည်။ ၂၀၁၁ ခုနှစ် ဇန်နဝါရီလမှ စတင်၍ အများပြည်သူအား စတင်ရောင်းချခဲ့ရာ ပထမတိုက်၏ အခန်း ၁၅၀ အားလုံးနီးပါး ရောင်းချပြီး ဖြစ်ကြောင်း သိရသည်။

“အခုလို ကြယ်စင်အိမ်ရာ စီမံကိန်းလုပ်ဆောင်ရတဲ့ အယူအဆက ရန်ကုန်ရဲ့ ဈေးနှုန်းချိုသာတဲ့ အိမ်ရာတွေ ဝယ်လိုအား ရှိနေမှုကို ဖြည့်ဆည်းပေးနိုင်အောင်ပါ။ သန်လျင် ကြယ်စင်မြို့တော်ကလည်း ကိုယ့်နိုင်ငံမှာ ထင်ရှားတဲ့ စီမံကိန်းတစ်ခု ဖြစ်မယ့် အပြင် ခေတ်မီလူနေအိမ်ရာ စီမံကိန်းတစ်ခုရဲ့ စံနှုန်းတစ်ခုလည်း ဖြစ်လာမှာပါ။ ဒါ့အပြင် ဒီစီမံကိန်းမှာ  အစိမ်းရောင် ဖွံ့ဖြိုးမှု စီမံကိန်းလို့ခေါ်တဲ့ Green Development Project ကိုပါ ထည့်သွင်း လုပ်ဆောင်ထားတယ်။ ဘုံနေရာတွေ အားလုံး၊ ပန်းခြံတွေနဲ့ လမ်းမီးတွေကို နေရောင်ခြည်စွမ်းအင်နဲ့ မီးထွန်းမှာပါ။ ဒါမှ အိမ်ရာထိန်းသိမ်းစရိတ်တွေလည်း ရေရှည်သက်သာစေမှာ ဖြစ်သလို၊
နေထိုင်တဲ့ သူတွေ အတွက်လည်း ရှေ့လာမယ့် နှစ်တွေမှာ တိုက်ရိုက်အကျိုးရှိလာနိုင်တယ်” ဟု FMI ကုမ္ပဏီ၏ ဥက္ကဋ္ဌ ဦးသိန်းဝေ က ပြောကြားသည်။

ဆက်လက်၍ ယင်းက-  “ဒီစီမံကိန်းက သန်လျင်တံတားပေါ်က ဆင်းလိုက်တာနဲ့ ပဲခူးမြစ်ကမ်းခြေပေါ်မှာ ရှိတဲ့အတွက် ဘတ်စ်ကားဂိတ်နဲ့ မြစ်ကြောင်းကနေ သင်္ဘောနှစ်စင်းလောက်နဲ့ ရန်ကုန်မြို့တွင်းကို ပြေးဆွဲပေးမယ့် ဖယ်ရီဆိပ်တွေ၊ ပစ္စည်းဝယ်ယူနိုင်တဲ့ ဆိုင်ခန်းတွေ၊ ဖျော်ဖြေရေးနေရာတွေ ရှိမှာပါ။ ဒီစီမံကိန်းအိမ်ရာမှာ နေထိုင်တဲ့ သူတွေက ခေတ်မီမြို့ပြ နေထိုင်မှု ပုံစံတွေ အလွယ်တကူ ရရှိနိုင်တဲ့အတွက် တစ်ချိန်ချိန်မှာ ရေပန်းစားလာမယ့် စံပြ လူနေအိမ်ရာ တစ်ရပ် ဖြစ်လာမှာပါ” ဟု ပြောကြားသည်။

အဆိုပါ စီမံကိန်းတွင် လူနေအိမ်ရာ အကျယ်အဝန်း စတုရန်းပေ ငါးသန်းကျော်ရှိပြီး အရောင်းအဝယ် လုပ်ငန်းမြေဧရိယာ စတုရန်းပေ ခြောက်သိန်းကျော် ပါဝင်မည် ဖြစ်သည်။ လူဦးရေ ၂၀၀၀၀ အထက်နေထိုင်နိုင်ပြီး ဂေါက်ကွင်းနှင့် ဘေးချင်းကပ်လျက် တည်ရှိကြောင်း သိရသည်။ ဒုတိယ အဆောက်အအုံ၏ အခြေခံ တည်ဆောက်မှုများမှာ ပြီးစီးလုနီးပါးဖြစ်နေပြီး ၎င်း အဆောက်အအုံမှ တိုက်ခန်းများအား ယခုနှစ်အတွင်း စတင်ရောင်းချတော့မည် ဖြစ်ကြောင်း သိရသည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...