Tuesday, November 29, 2011

သက်သေခံပစ္စည်းနှင့် အခြား ဟာသများ

naing min

♦သက်သေခံပစ္စည်း♦


အဖွဲ့အစည်းတစ်ခု၏ အတွင်းရေးမှုးထံသို့ အဖွဲ့ဝင်တစ်ယောက်၏ဇနီးရောက်လာပြီး ၄င်း၏ယောင်္ကျားဖောက်ပြန်
နေကြောင်း လာရောက်တိုင်ကြားသည်။

“ဖြစ်နိုင်ပါ့မလားဗျာ။ ကျွန်တော်သိရသလောက် ခင်ဗျားယောင်္ကျားဟာ လူရိုးတစ်ယောက်ပါ”
“အထောက်အထားရှိလို့ ကျွန်မစွပ်စွဲတာပါ” ဟုဆို၍ သူမယောင်္ကျားထံမှ ရရှိထားသော အမျိုးသမီးအတွင်းခံ
ဘောင်းဘီတစ်ထည်ကိုထုတ်ပြသည်။

“ဒါဆိုလည်း အဲဒီဘောင်းဘီထားခဲ့ဗျာ။ သူ့ကိုခေါ်ပြီးမေးကြည့်ပေးမယ်”

ထိုသို့ ကတိပေးပြီးနောက် အတွင်းရေးမှုးသည် ဘောင်းဘီထုပ်ကို အံဆွဲထဲထည့်ထားလိုက်သည်။
ထို့နောက် ကော်မတီဝင်များ လာရောက်မည်ဟု သတင်းရသဖြင့် ၄င်းအထုပ်ကို လက်ဆွဲအိတ်ထဲသို့ ပြောင်းထည့်
လိုက်လေသည်။ ထိုနေ့က အစည်းအဝေးများဖြင့် ပင်ပန်းခဲ့သောအတွင်းရေးမှုးသည် ၄င်းလက်ဆွဲအိတ်ကိုဆွဲ၍
အိမ်ပြန်လေသည်။ အိမ်သို့ရောက်သောအခါ သားဖြစ်သူက ရုပ်ရှင်သွားကြည့်ပါရစေဟု ပူစာလေသည်။
“ဖေဖေ့လက်ဆွဲအိတ်ထဲမှာ ပိုက်ဆံရှိတယ်။ မင်းအမေကို ယူခိုင်းလိုက်”
အတွင်းရေးမှုး၏မိန်းမသည် သားအတွက် ပိုက်ဆံယူရန် အတွင်းရေးမှုး၏လက်ဆွဲအိတ်ကို ဖွင့်လိုက်လေသည်။
အိတ်အတွင်းမှ အထုပ်တစ်ထုပ်ကိုတွေ့၍ ဖွင့်ကြည့်ရာ အတွင်းခံဘောင်းဘီဖြစ်နေသည်ကိုတွေ့ရလေသည်။
အတွင်းရေးမှုး၏ဇနီးသည် ၀မ်းသာအားရလေသံဖြင့်

“ကျွန်မအတွင်းခံဘောင်းဘီပျောက်လို့လိုက်ရှာနေတာ အခုမှပဲ တွေ့တော့တယ်။
ရှင်က လက်ဆွဲအိတ်ထဲ ထည့်ပြီး ယူယူသွားနေတာကိုး”

♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦



♦အထူးရေကန်♦
အင်ဂျင်နီယာကို 'နယူးရပ်ရှင်' က ပြောသည်။
"အိမ်ကြီးရဲ့ဘေးက ပန်းခြံထဲမှာ ရေကူးကန်သုံးခု ဆောက်ပေးပါ။ တစ်ခုမှာ ရေနွေးဖြည့်၊ နောက်တစ်ခုမှာ ရေအေး
ဖြည့်ပါ။ အဲ၊ တတိယကန်မှာတော့ ဘာရေမှ မဖြည့်နဲ"
"ရေမပါတဲ့ ရေကူးကန် ဘာလုပ်ဖို့လဲ"
"တချို့အပေါင်းအသင်းတွေ ရေမကူးတက်ဘူးလေ"

♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦


♦အတွေးတူလို့♦
သမီးရည်းစားနှစ်ယောက် ပန်းခြံထဲတွင်တစ်ယောက်ကိုတစ်ယောက် ဖက်ကာအတန်ကြာ စကားမပြော
ငြိမ်နေရာမှ-ကောင်မလေးမှ
-အကိုဘာတွေစဉ်းစားနေတာလဲ။ ခင့်ကိုလဲပြောအုံးလေ-
ကောင်လေးမှ- ခင်ကောဘာတွေစဉ်းစားနေတာလဲ..။
ကောင်မလေးမှ - အကိုအရင်ပြော
ကောင်လေးမှ - သြော်..ခင်စဉ်းစားတာကိုပဲ စဉ်းစားနေတာပေါ့။။
ကောင်မလေး - ဟင်း သူနော်ဘာတွေလျှောက်စဉ်းစားမှန်း မသိဘူး သိပ်ညစ်ပတ်တာပဲ။။။။

♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦



♦တွေ့လိုက်ရင်ပြီးရော....♦
 ငရဲပြည်တွင်လူနှစ်ယောက်ဆုံကြရာ..တစ်ယောက်က..ခင်ဗျားဘယ်လိုသေတာလဲ။....။
ဒီလိုဗျ ..ကျုပ်မိန်မဗျာ လင်ငယ်နေနေတာ ကျုပ်လက်ပူးလက်ကြပ်အမိဖမ်းတာ..သေတဲ့နေ့က အိမ်ကို
စောပြီးပြန်ရောက်လာတော့ ကောင်မတော်တော်လေး မျက်နှာပျက်နေတာဗျ။ ကျွန်တော်သိတယ် ငနဲအိမ်ထဲ
မှာရှိနေတယ်ဆိုတာ။ တစ်အိမ်လုံး လိုက်ရှာတယ်မတွေ့ဘူး။ ကျွန်တော်လုံးဝမကျေနပ်လို့ကုတင်အောက်ထဲတွေ
ဘီရိုထဲစတိုခန်းထဲ ထပ်ရှာတယ် ခဏခဏရှာတယ်လုံးဝ အဲဒီငနဲကိုမတွေ့ဘူး။ ဒီကောင်အိမ်ထဲရှိနေတယ်
ဆိုတာကျိန်းသေတယ်ဗျာ..ကျွန်တော့်မှာအိမ်ရောက်ပြီး လေးနာရီလောက်မနားတမ်းရှာတာ နောက်ဆုံး
ကျွန်တော့်နှလုံးရောဂါဖောက်ပြီး သေရပါလေရောဗျာ။

နေပါဦး..ခင်ဗျားကရော...။
ထိုလူကခင်ဗျားတော်တော် ဆိုးပါလားဗျာ.ခင်ဗျားရေခဲသေတ္တာကိုသာ ဖွင့်ကြည့်ခဲ့လို့ရှိရင် ကျွန်တော်တို့နှစ်ယောက်
သေစရာမရှိတော့ဘူးပေါ့ဗျာ...

♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦



♦တိုက်ဆိုင်လိုက်ပုံများ♦
မနီသည် အတန်းထဲတွင် အမြဲအိပ်ငိုက် လေ့ ရှိ သည်။ တစ်နေ့ မနီအိပ်ပျော်နေစဉ်
ဆရာမ။ ။ မနီ ကမ္ဘာ ကြီး ကို ဘယ်သူ ဖန်ဆင်းခဲ့လည်း ?
မနီ အိပ်အိုက်နေသဖြင့် မကြားသော်ကြောင့် သူမ နောက် တွင် ထိုင်နေ သော ကို ဖြိုးမှ ဘော့ပင်နှင့် ထိုး၍
သ တိ ပေးလိုက် သည်။

ထိုအခါ -
မနီ။ ။" ဘုရားသခင်"
( လန့်သွား သဖြင့် ရောင်၍ အော်လိုက်သည၊် ထို့နောက် သူမ ပြန်လည် အိပ် ပျော်သွား ပြန်သည်)။
ဆရာမ။ ။ တော် လိုက် တာ၊ နောက် တစ်ခု ထပ်မေးမယ်၊ တို့ ရဲ့ ကယ်တင်ရှင် က ဘယ်သူလဲသမီး ?
ဆရာမမေးသည်ကို မနီ မကြား ၊ အိပ်လို့ကောင်းနေသည် ၊ ထို့ ကြောင့် ကိုဖြိုးမှဘော့ပင်ဖြင့် ထိုး၍ သတိပေးရပြန်သည်။
မနီ။ ။ (လန့်သွားပြန် သဖြင့် ရောင်၍ ထအော်ပြန်သည်၊ ထို့နောက်တဖန်အိပ်ပျော်ပြန်လေသည် )
" ဂျီးဆပ် ခရိုက်စ်"

ဆရာမ။ ။ မှန် ပါ တယ်၊ ဆရာမ နောက်ဆုံး တစ် ခု မေး ချင် တာ ကတော့ ၂၃ ယောက်မြောက်
ကလေး မွေးပြီးတဲ့နောက် မှာ ဧဝ က အာ ဒမ် ကို ဘာ ပြောခဲ့ လည်း ????
ဒီတစ်ခါ တော့ ကို ဖြိုး အိပ်ပျော်နေသော မနီ ကို ဘော့ ပင်နှင့် နာနာ ထိုး၍
သတိပေးလိုက် သည်။ မနီ အတော် နာ သွား သည်။ထို့ကြောင့် အိပ် ယာ မှ နိုး လာ သဖြင့်
ရုတ်တရတ် ထလိုက် ကာ -

မနီ။ ။ နောက်တစ် ခါ ငါ့ ကို ထပ် ထိုး ရဲ ထိုးကြည့် ၊ နင့် ဟာ ကို ထက်ပိုင်းချိုးပစ်မယ်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...