Monday, November 28, 2011

စိတ် အတွက် အစာ ဖြစ်စေမည့် စာသားလေးတွေပါ။ဖတ်ကြည့်ပြီး ဝေဖန်ပေးစေလိုပါတယ်။

Black Crystal

အားပေးကြတဲ့ မှော်ဆရာမှ အဖွဲ့ဝင်အားလုံးကို ကျေးဇူးတင်ပါတယ်။
အခုထပ်ပြီးမှတ်သားထားတဲ့ စာလေးတွေကို ထပ်မံပြီးပို့ပေးလိုက်ပါတယ်။
အားလုံးအကျိုးဖြစ်စေမယ့်စာလေးတွေလို့ထင်ပါတယ်။
ဖတ်ကြည့်ပြီး အကောင်း၊အဆိုး ဝေဖန်ပေးစေလိုပါတယ်ရှင်။
 
 
၁။   သင်အသက်ရှင်နေသမျှ ကာလပတ်လုံး မည်သို့အသက်ရှင် နေထိုင်ရမည်ကို သင်ယူနေပါ။

၂။   သင့်ကိုသင် ထင်မြင်ထားသလို သင်ဖြစ်လာလိမ့်မည်။

၃။   အမှန်တရား ” ဟုထင်သော အလုပ်တစ်ခုခုကို လုပ်တော့မည်ဆိုလျှင်
        ထိုအလုပ်သည်ရော မှန်ရဲ့လားဟု ပြန်လည်ဆန်းစစ် သင့်ပါတယ်။

၎။   လောကကြီး၏ သာယာမှုများမှာ စွမ်းအားကောင်းလှကြောင်း သံသယဖြစ်ဖွယ် မရှိပါချေ။
        ယင်းသာယာမှုများ၏ ဆွဲဆောင်တုပ်နှောင်မှုမှာ မသိမှု (Ignorance)
        အသိညဏ် နည်းပါးခြင်း ” ဟူသော မောဟမိခင် ဖြစ်ပါသည်။

၅။   ဘ၀မှာ အခက်အခဲ တစ်ခုတွေ့တိုင်း မိမိအတွက် ရင့်ကျက်မှု တစ်ခုရစမြဲဖြစ်ရာ
        အခက်အခဲတစ်ခုတွေ့တိုင်း စိတ်မပျက်ပါနှင့်………….။
        အတွေ့အကြုံသစ် ဒါမှမဟုတ် မိမိအတွက် ဘ၀သင်ခန်းစာ တစ်ခုလိုသဘောထားနိုင်ရင်
        ဘ၀မှာနေပျော်ပါတယ်။

၆။   ၀ါသနာကို ပြုစုပျိုးထောင်ရသည်မှာ သစ်ပင်တစ်ပင် စိုက်သကဲ့သို့……
        ဇွဲရှိရတယ်…….။စိတ်ရှည်ရတယ်………..။ ပြုစုပျိုးထောင်မှု ကောင်းရတယ်……….။
        သို့မှသာ…..။သစ်ပင်မှ အသီးအပွင့်ကို စားရသကဲ့သို့ ၀ါသနာဖြင့် ဆောင်ရွက်ရသော
        အသက်မွေးဝမ်းကျောင်းမှရသော “ အကျိုးအမြတ် ” ကိုလည်း မလွဲမသွေ ခံစားရနိုင်ပါသည်။

၇။   နွေရာသီကို နှစ်သက်သော သင့်အတွက် မိုးရာသီနှင့်ဆောင်းရာသီကတော့ မလွဲမသွေ
        ကျော်ဖြတ်ရပါမည်။ ထို့အတူပါပဲ… အချစ်ကိုလိုချင်သူများ အတွက်လည်း.
        သောကနှင့်ဒုက္ခ ” ကိုတော့ မလွဲမသွေ လက်ခံရတတ်ပါသည်။

၈။   ချစ်သူဘ၀မှာ အလှကိုကြည့်တာထက် ဘ၀ကိုကြည့်ပါ။
        အိမ်ထောင်သည်ဘ၀ရောက်ကြတဲ့အခါ ဘ၀ကိုကြည့်တာထက် “ စိတ်အလှ ” ကို
        မြင်အောင်ကြည့်ပေးပါ။
၉။   ပျားရည်လို ချိုမြိန်သောအချစ်….ပန်းတစ်ပွင့်လိုလှပသောဘဝ
        ထိုနှစ်ခုကို ဆုံဆည်းဖို့ ……. နှလုံးသားကို လမ်းခင်းပေးပါ။

၁၀။   လမ်းမသိတဲ့လူဟာ လမ်းမှာတွေ့သမျှလူကို မေးသွားတာ နောက်ဆုံး သူသွားချင်တဲ့ခရီးကို
        ရောက်နိုင်တယ်။သိချင်ယောင်ဆောင်တဲ့ လူကတော့ ဘယ်သူ့ကိုမှ မမေးဘဲသွားလို့
        သူလိုချင်တဲ့ခရီးကို မရောက်နိုင်တော့ဘူး။အန္တရယ်တွေထဲမှာ မိမိကိုယ်ကို လိမ်ခြင်းမှာ
        အန္တရယ် အကြီးဆုံးပါပဲ…….။

၁၁။   ဘ၀တစ်ခုကို စတင်တည်ထောင်ရာတွင် သင်နှစ်သက်သော အလုပ်ကိုရသည်ထက်
        ရလာသောအလုပ်ကို လုပ်၍စတင်ရပါမည်။အသင့်အတင့်ရပ်တည်နိုင်မှ….သင်နှစ်သက်သော
        အလုပ်ကို ပြောင်းလဲလုပ်ကိုင်နိုင်ပါသည်။စကာစ၌ပင် အလုပ်ရွေးနေလျှင်….သင့်အတွက်
        ဘာတစ်ခုမှ အောင်မြင်မည် မဟုတ်ပေ…….။

၁၂။   လောကသဘာဝက ခန္ဒာကိုယ်ကိုပဲ ဖန်ဆင်းပေးလိုက်တာပါ။အဲဒီခန္ဒာကိုယ်ကို လှုပ်ရှားပေး
        နိုင်မယ့် “ စိတ် ” ကိုတော့ မိမိဘာသာ မွေးမြူပျိုးထောင်ရတာပါ။

၁၃။   ဘ၀ရဲ့ဒဏ်ကို ကြမ်းကြမ်းတမ်းတမ်းခံခဲ့ရသူတွေမှာ ဆူးတစ်ချောင်းရှိပါတယ်။
        အဲဒီဆူးဟာ….. အရာရာကို ထိုးဖောက်ပစ်နိုင်တယ်။

၁၄။   ကြီးပွားချမ်းသာတဲ့ လူတစ်ယောက်ဖြစ်ဖို့ ပထမဆုံးလိုအပ်ချက်က…….
        ကြီးပွားချင်စိတ်ဆန္ဒအား ပြင်းပြဖို့နဲ့ အမှန်တကယ် ကြီးပွားအောင် လုပ်ကိုလုပ်ရမယ်ဆိုတဲ့
        ဆုံးဖြတ်ချက် ခိုင်မာစွဲမြဲဖို့ပါပဲ………….။

၁၅။   လူတိုင်းမှာ အလှတရားကိုယ်စီ ရှိကြသော်လည်း အချစ်စစ်နဲ့ထိုက်တန်သော အလှတရား
        ကတောာ့ လူတိုင်းမှာ မရှိနိုင်ပေ…။

၁၆။   သင်လိုချင်သော်လည်း အလွယ်တကူ မရရှိနိုင်သည်မှည “ပျော်ရွင်ခြင်း ” ဖြစ်၏။
        သင်မလိုချင်သော်လည်း အလွယ်တကူ ရနိုင်သောအရာမှာ “ ၀မ်းနည်းခြင်း ” ပင်ဖြစ်၏။

၁၇။   စိတ်ထားခိုင်မာသူ တစ်ယောက်အဖို့ ဒုက္ခဆင်းရဲဟူသည် ………
        ရုပ်အသွင်ဖျက်လာသော အောင်မြင်ခြင်း တမန်တော် ” ဖြစ်ကြောင်းအလွယ်တကူ
        သိနိုင်ကြပါသည်။

၁၈။   လူပျော့လူညံ့တို့၏ အလုပ်က ဘယ်အချိန်မှရမည် မသိသေးသည့် အခွင့်အလမ်းတို့ကို
        အချိန်ကုန်ခံ၍ စောင့်မျှော်လေ့ရှိသည်။
        စိတ်ဓါတ်စွမ်းအား ထက်သန်သူတို့ကတော့ သူတို့လိုချင်သည့် အခွင့်အလမ်းကို
        မရမချင်း လိုက်ရှာလေ့ရှိကြသည်။

၁၉။    လိမ့်နေသောကျောက်တုံးသည် ရေညှိမတင် ” ဟူသောစကားအတိုင်း …….
        အမြဲလှုပ်ရှားကြိုးစားနေသူကို “ ပျင်းရိခြင်း ”သည် လာရောက်တွယ်ကပ်နိုင်မည် မဟုတ်ချေ။

၂၀။   လူ့စိတ်သည် သင်ယူခြင်းမရှိဘဲ မတိုးတတ်နိုင်။


၂၁။   လက်မထပ်ခင်က ယောက်ျားလေးများ၏ အချစ်သည် မိန်းကလေများထက်များစွာပိုပြီး
        လက်ထပ်ပြီးနောက်တွင် မိန်းကလေးများအချစ်က တဖြည်းဖြည်း ပိုလာလေ့ရှိပါတယ်။

၂၂။   လူတွေဟာ ကြောင်းကျိုးဆင်ခြေဥာဏ် မရှိကြတဲ့အပြင် “အတ္တမာနစိတ်” ကြီးမားလွန်းကြ
        ပါတယ်။ ဒါပေမယ့် “ မေတ္တာထားလိုက်ပါ ”။

၂၃။   သူတစ်ပါးကကိုယ့်ကို စော်ကားမှာမကြောက်ပါနဲ့။
        ကိုယ်ကသူတစ်ပါကို စော်ကားမိမှာကိုပဲ ကြောက်ပါ။

၂၄။   ကြီးပွားလိုသောစိတ်နှင့် ကြီးပွားမည်ဟူ၍ ယုံကြည်လျက် ကြီးပွားသော အခြေအနေကိုသာ
        ထင်မြင်ပါက ထိုအထင်အမြင်အတိုင်း ဖြစ်မြောက်စေရအောင် အတွင်းစိတ်က ဖန်တီး၍ပေး၏။

၂၅။   လေးနက်ခိုင်မြဲသော အချစ်ဆိုတာ တဖြည်းဖြည်းချင်း ရှင်သန်လာတတ်ပါတယ်။
        အချစ်စစ် အချစ်မှန်ဆိုတာကလည်း အချိန်ကာလနဲ့လေးနက်မှုရှိမှ ပေါက်ဖွားလာတတ်ပါတယ်။

၂၆။   ပျော်ရွှင်မှုသည် ကျွန်ုပ်တို့အပေါ်တွင် မူတည်သည်။ ကျွနိုပ်တို့ ရှာဖွေရရှိသော ငွေကြေး (သို့)
        ဘ၀တွင် ကျွန်ုပ်တို့၏ ရပ်တည်ချက်ဟူသည် အပေါ်မတည်မှီပါ။

၂၇။   ငယ်စဉ်ကာလ လမ်းလျှောက်တတ်စမှာ ဘေးနားမှာ အဖေါ်တစ်ယောက်လိုတယ်။
        ကိုယ့်ခြေထောက်ပေါ်ရပ်တည်နိုင်တော့ မလိုတော့ဘူး….
        ဒါပေမယ့်……….
        အသက်အရွယ်အိုမင်းမစွမ်း ဖြစ်လာပြန်တော့ လက်တွဲဖေါ်လိုလာပြန်ရော……….။

၂၈။   ဘ၀အတွေ့အကြုံ နုနယ်သေးတဲ့လူတွေဟာ အချစ်နဲ့ထိတွေ့လိုက်တာနဲ့ အရူးအမူးဖြစ်ပြီး
        အချစ်ထက်ပိုပြီး အရေးကြီးတာ မရှိတော့ဘူး”လို့ ထင်တတ်ကြပါတယ်။
        ရင့်ကျက်လာတဲ့ အခါရောက်တော့မှ အချစ်ထက်ပိုပြီး အရေးကြီးတဲ့အရာတွေ အများကြီးရှိမှန်း
        သိကြတယ်။

၂၉။   အနာဂတ်ကာလ၏ လျောက်လှမ်းရမည့်လမ်းကို အကောင်းဆုံးထုဆစ်ပေးနိုင်သူမှာ….
        အတိတ်ဘ၀၌ ကျန်ခဲ့သော မှားယွင်းမှုများ” ပင်ဖြစ်ပါသည်……….။

၃၀။   ထမင်းငတ်လို့သေတဲ့ “မသာ” တော့မရှိပါဘူး။ဒါပေမယ့်…….
        ဆင်းရဲရင်တော့ သေတတ်ပါတယ်………..။
 
မဟူရာခင်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...