Saturday, November 5, 2011

ဟူဖာ ဆွဲဖူးလား။

Rozoner King created a doc.
[By Myo ZeyaOo]

ဟူဖာ ဆွဲတယ်ဆိုတယ်ဆိုတဲ့ စကားက ယူကေမှာ နေတဲ့ မြန်မာတွေ၊ အနည်းဆုံးကျွန်တော်တို့ အသိုင်းအဝိုင်းလေးမှာတော့ သုံးဖြစ်တယ်ဗျ။ အမှန်က ဖုန်စုတ်စက်နဲ့ ဖုန်စုတ်တာကို ဒီက အင်္ဂလိတ်တွေက အဲဒီ Hoover ဆိုတဲ့ ဖုန်စုတ်စက် Brand ကို အစွဲပြုပြီး Vacuum Cleaner လို့မခေါ်ပဲ ဘာလာလာ Hoover လို့ပဲခေါ်တော့တာ။ Verb အနေနဲ့ပါ သုံးလာတာပေါ့ဗျာ။ Google it လိုမျိုးပေါ့။  ကျွန်တော့ အတွက်တော့ ဟူဖာဆွဲတယ်ဆိုတာ အောက်ပါ အချက်လေးချက်ရှိဖို့ လိုအပ်တယ်ဗျ။

1. ပါတ်ဝန်းကျင်၏ လှုံ့ဆော်မှု
(အလည်မလာဖူးတဲ့ သူငယ်ချင်းတွေဘာတွေ လာလည်မယ်ဆိုတာမျိုး၊ သို့မဟုတ် အခန်းက ကိုယ်ကိုယ်တိုင်ခြေချစရာမရှိလောက်အောင် ရှုပ်ပွလားခြင်း၊ သို့မဟုတ် ဒီအရှုပ်တွေထဲမှာ ကိုယ်နဲ့ဒိုးတူဘောင်ဖက် နေပြီး အမြင်မတော်လို့ သူတို့ဝင်ရှင်းပေးရင် ကျွန်တော်၏ မိမိကိုယ်ကိုယ် အားကိုးချင်စိတ်တွေ ရုတ်လျှော့သွားမည်ကို ဆိုးရိမ်၍ ပါးစပ်နှင့်သာ တတွတ်တွတ် "ဟေ့ရောင် ဟူဖာ ဆွဲလိုက်ဦး" ဆိုသော်အသံကို ခံနိုင်ရေစွမ်းကုန်ကာ အခြားဘာနည်းလမ်းမှမရှိတော့သော အချိန်)၊

2. စိတ်၏ စိတ်လိုလက်ရရှိမှု
(ပျင်းတော့ပျင်းတယ် ဒါပေမဲ့ တခါတလေ ကိုယ့်ကိုယ်ကိုယ် ပြန်အားတင်းချင်တဲ့ အချိန်မျိုး၊ ဒါလေးလောက်တော့ မပျင်းသင့်ပါဘူးလို့ မြင်လာသလိုမျိုး၊ သို့မဟုတ် အခြား အကြောင်းအရာ တခုခုကြောင့် လုပ်ချင်ကိုင်ချင်စိတ်ပေါက်နေလို့၊ သို့မဟုတ် ကျန်တဲ့ အချက်တွေအားလုံးပြည့်စုံနေလို့)

3. လက်၏ကျွမ်းကျင်မှု
(အခန်းထောင့်၊ ချောင်များ အတွင်းမှ ဖုန်နှင့် အမှိုက်များ စုတ်ထုတ်သည့် အခါ ဖုန်စုတ်စက်မှ ခေါင်းများလဲပေးရခြင်း၊ အမှိုက်အိတ်ပြည့်နေ လျှင်လဲ ပေးရခြင်းနှင့် ထိုသို့လဲပေးသည့် အခါ စက်ထုတ်လုပ်သည့် အမျိုအစားနှင့် မတူညီလျှင် အနားများ ဖြတ်ထုတ်လှီးပေးရခြင်း၊ ဝါယာကြိုးများ သွယ်တန်းရခြင်း)

4. စက်၏ကြံ့ခိုင်မှု
(စက်က ဝါယာကြိုးတွေ ထုံးနေတာတို့၊ အမှိုက်အိပ် ပြည့်နေတာတို့၊ အောတ်က ဘီးမကောင်းတာတို့၊ စသည်တို့ တခုခု ဖြစ်နေရင် ဟူဖာ ဆွဲလို့မကောင်း)

အဲဒီမှာ အမှတ် 3 နဲ့ 4 က ဆက်စပ်နေတယ်။ ဟူဖာဆိုတဲ့ အမျိုးက အမှိုက်အိပ်ပြည့်နေရင် သိပ်ဆွဲလို့ မကောင်းဘူး။ ဘယ်လိုပုံစံမျိုးလည်းဆိုတော့ ရည်းစားသတ်တမ်းကြာလာလို့ တစ်ယောက်နဲ့ တစ်ယောက် ဘာအကြောင်းပြချက် ခိုင်ခိုင်မာမာ မရှိပဲ ပျင်းလာကြသလိုပေါ့ဗျာ။ ခင်ဗျား ဟူဖာဆွဲရတာလည်း ဘာမှန်းမသိ အလိုမကျ ဖြစ်လာရော်။ ခင်ဗျား အပျောင်းအလဲ တစ်ခုခုလို လာရောဗျ။

ဟူဖာမှာက လွယ်တယ်။ အမှိုက်အိတ်လဲပေးလိုက်ယုံပဲ။ သမီးရီးစား ဘဝမှာက ဒီလောက်မလွယ်ဘူး။ ဒါပေမဲ့ ကျွန်တော်အိမ်မှာ ကျွန်တော်ဝယ်ထားတဲ့ အမှိုက်အိတ်တွေက အမျိုးအစား မတူတော့ လဲမယ်ဆို ဖြတ်ရ ညှပ်ရလုပ်ရတယ်။ ကျွန်တော်ကလည်း မလုပ်ချင်တော့ မောင်ကံကို ချော့မော့ မြှောက်ပင့်ပြောမှ လဲဖြစ်တာ။ ဒီနေ့မှ သူကလည်း လဲပေးလိုက်တော့ ကျွန်တော်လည်း ဟိုတနေ့ကမှ ဟူဖာဆွဲထားပေမဲ့ ကျွန်တော့ရဲ့ ရိုးရာကို ဖျက်ပြီး တန်အောင်လို့ တစ်အိမ်လုံး ဆွဲပလိုက်တယ်။

မောင်ရင်ငဇေ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...