လူမှုရေး ဝက်ဘ်ဆိုက်များ တရုတ်အစိုးရ ပိုမိုတင်းကြပ်စွာ ထိန်းချုပ်မည်
by General Knowledge on Sunday, November 6, 2011 at 12:02am
By Popular News Originally posted 04/11/2011 16:08PM
တရုတ်နိုင်ငံတွင် လူမှုရေးဝက်ဘ်ဆိုက်များကို ပိုမိုတင်းကြပ်စွာ ထိန်းချုပ်မှု ပြုနိုင်ရန် အမိန့်များ ထုတ်ပြန်ခဲ့ကြောင်း သိရှိရသည်။ ဤသို့ ပြုလုပ်ခြင်းမှာ ပေကျင်းအစိုးရသည် ဝက်ဘ်ဆိုက်ပေါ်တွင် တွေ့မြင်ကြရသော ရိုင်းပြအဆင့်နိမ့်လှသည့် မီဒီယာပစ္စည်းများ အသုံးပြုမှုကို ဖြိုခွဲနိုင်ရန်နှင့် လျင်မြန်စွာ တိုးတက်ကြီးထွားနေသော အင်တာနက်ဆက်သွယ်ရေး မီဒီယာကဏ္ဍကို ချုပ်ကိုင်နိုင်ရန် တင်းကြပ်ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။
လွန်ခဲ့သောအပတ်က တရုတ်ခေါင်းဆောင်များသည် “ယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်ရေး လမ်းညွှန်ချက်များ” ကို ပထမဆုံး ထုတ်ပြန်ခဲ့ကြသည်။
လေ့လာစောင့်ကြည့် အကဲဖြတ်နေသူများ၏ သုံးသပ်ချက်မှာ ၎င်းသည် နိုင်ငံတော် မီဒီယာများနှင့် အားပြိုင်ပေါ်ပေါက်နေသော လူမှုရေးဝက်ဘ်ဆိုက် မီဒီယာများကို ထိန်းချုပ်နိုင်ရန် အားဖြည့် ဒီဇိုင်းတစ်ခု ရေးဆွဲခြင်း ဖြစ်ကြောင်း ဖော်ပြထားကြသည်။
တိုးတက်များပြားလာသော ပေါ်ပြူလာကျသည့် ကိုယ်ပိုင်လူမှုရေး ဝက်ဘ်ဆိုက်များကို နေ့စဉ်အသုံးပြုနေသူ တရုတ်နိုင်ငံအတွင်း လူသန်း (၅၀၀) ကျော်အထိရှိကြောင်း သိရှိရသည်။ ၎င်းတို့၏ စိတ်ဆိုးဒေါသဖြစ်မှုများကို ဝက်ဘ်ဆိုက်များပေါ်တွင် ဖော်ပြ၍ ရင်ဖွင့်ထားတတ်ကြကြောင်း သိရှိရသည်။ နိုင်ငံပိုင် သတင်းမီဒီယာများမှ တရုတ်ကွန်မြူနစ် ဗဟိုကော်မတီ၏ ထုတ်ပြန်ချက် စာတန်းတွင်-
“ချက်ချင်း သတင်းစကားပေးပို့ ထုတ်ပြန်နိုင်သော လူမှုရေးဝက်ဘ်ဆိုက်များ၏ အသုံးပြုနိုင်မှုအား ထိန်းသိမ်းကြီးကြပ်မှုကို တိုးမြှင့်ဆောင်ရွက်ရန် ကျွန်ုပ်တို့ ပြုလုပ်သင့်သည်” ဟု ဖော်ပြထားသည်။
ထို့ပြင် ပျက်ရာပျက်စီးကြောင်း ထုတ်ပြန် သတင်းပေးခြင်းများကို ပို၍ကျယ်ပြန့်စွာ ပြုလုပ်မှုများကိုလည်း ဥပဒေအရ အရေးယူ အပြစ်ပေးသင့်ကြောင်းနှင့် ထိုကဲ့သို့ အသုံးပြုလုပ်ဆောင်နေသည့် အင်တာနက် အပြာသတင်းများကိုလည်း အမြစ်ဖြတ် ဖြိုခွဲသင့်ကြောင်း ရေးသားကြေညာထားသည်။
ဟောင်ကောင် တက္ကသိုလ်မှ တရုတ်မီဒီယာ လုပ်ငန်းများကို လေ့လာစောင့်ကြည့်နေသူ သုတေသီတစ်ဦး ဖြစ်သည့် David Bandurski ကမူ-
“သတင်းစကား ပေးတာတွေကို ထိန်းချုပ်လိုက်တာဖြစ်ပြီး ငွေရအောင် လုပ်တာပါ၊ ဒါပေမဲ့ ကျွန်တော်တို့က စောင့်ကြည်နေမှာပါ” ဟု ဖော်ပြထားသည်။
0 comments:
Post a Comment