Saturday, November 5, 2011

အော်ဂဲနစ် အသိကို မူလတန်းကလေးတွေအထိ ပေးသင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

by Network For Green Myanmar on Saturday, November 5, 2011 at 11:40pm
 
အော်ဂဲနစ် နည်းပညာများကို တောင်သူကြီးများကိုသာ ပေးသည့်အပြင် မူလတန်း ကျောင်းသူကျောင်းသားတွေအထိ အသိပညာ ပေးသင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
သဘာဝပတ်ဝန်းကျင် မပျက်စီးစေသည့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လုပ်ဆောင်ရမည့် လိုအပ်ချက်များကို ဆွေးနွေး ကြသည့် Green Economy and Green Growth အမည်ရှိ အလုပ်ရုံဆွေးနွေးပွဲသို့ အောက်တိုဘာ ၄ရက်နေ့တွင် Myanmar Banks Association ၌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်စဉ် အထက်ပါအတိုင်း ပြောကြားခဲ့သည်။
ယင်းဆွေးနွေးပွဲတွင် ကုလသမဂ္ဂ အကြီးတန်း တာဝန်ရှိသူများ၊ နိုင်ငံတကာ ပညာရှင်များနှင့် မြန်မာနိုင်ငံ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ကြိုးပမ်းဆောင်ရွက်နေသူများ ဆွေးနွေးခဲ့ကြသည်။

သဘာဝပတ်န်းကျင်ကို မပျက်ဆီးစေသည့် စီးပွားရေးလုပ်ငန်းများ ဖြစ်ထွန်းလာရေးအတွက် အစိုးရဘက်မှ ပြုပြင်ပြောင်းလဲရမည့်မူဝါဒများ၊ အထောက်အပံ့များနှင့် နိုင်ငံတကာက အကူအညီများ ရရှိရေးတို့ကို ဆွေးနွေးခဲ့ကြောင်း ယင်းအလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သူတစ်ဦးက ပြောကြားသည်။
မြန်မာ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ဆောင်နေသူများက ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာမှ ပညာရှင်များ တက်ရောက် ဆွေးနွေးသည့် ယင်းအလုပ်ရုံ ဆွေးနွေးပွဲမှတဆင့် နိုင်ငံတကာ အထောက်အပံ့များ ရရှိလာနိုင်သည်ဟု မျှော်လင့်ထားကြောင်း ပြောကြားသည်။
ယင်းဆွေးနွေးပွဲတွင် အမေရိကန်နိုင်ငံနှင့် နော်ဝေနိုင်ငံ အပြင် အိန္ဒိယ၊ ဂျပန်၊ ထိုင်း၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ စင်ကာ ပူ၊ မလေးရှားနိုင်ငံ စုစုပေါင်း  နိုင်ငံပေါင်း ၉ နိုင်ငံမှ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိပ်တန်းပုဂ္ဂိုလ်များက စာတမ်းပေါင်း ၃၀ ကျော် ဖတ်ကြားဆွေးနွေးခဲ့ ကြောင်း သိရသည်။
ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်နှင့် အောက်တိုဘာ ၂ရက်နေ့တွင် စတုတ္ထအကြိမ် တွေ့ဆုံဆွေးနွေးရာ၌  တိုင်းပြည်စီးပွားရေး ဖွံဖြိုး တိုးတက် လာစေရန် လွတ်လပ်စွာ ကုန်သွယ် ကူးသန်းရောင်းဝယ်ခွင့်၊ လွတ်လပ်စွာ ငွေကြေးလည်ပတ် သုံးစွဲခွင့်တို့ကို ဆွေးနွေးခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။
အဆိုပါဆွေးနွေးပွဲဖြစ်မြောက်ရေးအတွက် ထွန်းဖောင်ဒေးရှင်းဘဏ်၊ Myanmar Development Resource Center (MDRC)၊ Myanmar Academy For Agriculture, Forestry, Livestock and Fisheries Sciences ၊ Myanmar Engineering Society (MES)၊ Association of Myanmar Architects(AMA)၊ Environmental Economic Research Institute (ERRI)၊ Yangon Media Group၊ Forest Resource Environmental Development and Conservation Association (FREDA)၊ Water, Research and Training Center (WRTC)၊ Myanmar Agribusiness and Rural Development Consultants (ARDC) စသည့် အဖွဲ့အစည်းများက ကူညီပံ့ပိုးခဲ့ကြကြောင်း သိရသည်။
Peace Press

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...