Wednesday, November 9, 2011

ကျန်းမာရေးနှင့်အလှအပအတွက်အထောက်အကူပြုသော ကြက်သွန်ဖြူ၏ အကျိုးကျေးဇူးများ

by Ko Naung on Friday, May 27, 2011 at 1:08am
 
ကြက်သွန်ဖြူဟာ ကြက်သွန်နီထက် ပိုပြီးတော့တောင် အစွမ်းထက်သေးတယ်လို့ တချို့ဆေးပညာရှင်တွေက ဆိုထားပါတယ်။ မီးဖိုချောင်ရဲ့ ဟင်းအမယ်တစ်ခုဖြစ်တဲ့ ဒီကြက်သွန်ဖြူဟာ ပျိုတို့ရဲ့ အလှအပ ကွက်လပ်မှာလည်း ထိရောက်စွာ အစွမ်းဖြည့် ပေးပါတယ်။



  ဘေးဘယာများ ဝေဖြာစေဖို့အတွက်

အခုတလော နေရာတိုင်းမှာ ကြားနေရတဲ့ အသံတစ်ခုကတော့ ချောင်းဆိုးသံပဲ ဖြစ်ပါတယ်။ ဘတ်(စ်)ကားပေါ်မှာပဲဖြစ်ဖြစ်၊ ရုံးတွင်းမှာပဲဖြစ်ဖြစ် အဟွတ်၊ အဟွတ်နဲ့ ကြားနေရတဲ့ ချောင်းဆိုးရောဂါအတွက် ကြက်သွန်ဖြူကို စားသုံးပေးခြင်းဖြင့် ပျောက်ကင်းနိုင်ပါတယ်။ နာတာရှည် ချောင်းဆိုး ရောဂါများ အတွက်တောင် ကြက်သွန်ဖြူကို အရည်လုပ်ပြီး တိုက်ကျွေးပါက ထင်ရှားစွာ သက်သာပျောက်ကင်းလာမှာ ဖြစ်ပါတယ်။

ကလေးချောင်းဆိုးခြင်းအတွက် ကြက်သွန်ဖြူကို အပ်နှင့်ထိုးပြီး ပြာကျအောင် မီးဖုတ်၊ ပြာကို အမှုန့်ပြုပြီး ကလေးချောင်းဆိုးရင် တိုက်ကျွေးပါက ပျောက်ကင်းလာပါမယ်။ ခေါင်းကိုက်ခြင်းအတွက်တော့ ကြက်သွန်ဖြူကို ဆားနှင့်ရောပြီးသောက်ပါ။ ကြိတ်ပြီး နားထင်ကို လိမ်းပေးနိုင်ပါတယ်။ အကြောကိုက်ခဲခြင်းအတွက် ကြက်သွန်ဖြူအရည်နဲ့ ပွတ်လိမ်းပေးပါ။ ကြက်သွန်ဖြူဟာ သွေးတိုးရောဂါကို နိုင်ပါတယ်။ ကြက်သွန်ဖြူဥ တစ်လုံးကို တစ်နေ့ နှစ်လုံး(သို့)သုံးလုံး စားပေးမယ်ဆိုရင် ရုတ်တရက် နှလုံးရိုက်ခြင်းများ ကို တားဆီးပေးပြီး နှလုံးရောဂါကို ကာကွယ်ပေးပါတယ်။
အရေပြားရောဂါများဖြစ်တဲ့ ပွေး၊ ဝဲ၊ ယားနာတို့အတွက် ကြက်သွန်ဖြူတစ်လုံးကို ဖင်မှလှီးပြီး ထွက်လာတဲ့အရည်နဲ့ အနာကို မကြာခဏ ပွတ်ပေးပါက မုချပျောက်ကင်း သွားပါမယ်။ ဝဲရောဂါအတွက် ကြက်သွန်ဖြူကိုထောင်းပြီး အုန်းဆီနဲ့လိမ်းပေးပါ။ ကာကွယ်ပေးနိုင်တဲ့ရောဂါများကတော့ ကိုလက်စထရောကို သိသာထင်ရှားစွာ လျှော့ချပေးနိုင်ပါတယ်။ ဆီးချိုနဲ့နှလုံးရောဂါများကို ကာကွယ်ပေးနိုင်ပါတယ်။
ကျောရိုးမကြီးကင်ဆာရောဂါကို ၃၀ ရာခိုင်နှုန်း ကာကွယ်ပေးနိုင်ပါတယ်။ အအေးမိ ဖျားနာခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ သွေးတိုးကို ကာကွယ်ပေးနိုင်ပါတယ်။ ပန်းသေပန်းညှိုးရောဂါကို ကာကွယ်ပေးပါတယ်။ အမျိုးသမီးများ ကိုယ်ဝန်ဆောင်နေစဉ်မှာ မလိုလားအပ်တဲ့ ရောဂါဘယာများကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ ရိုးရိုးစားသုံးရင် တောင် အကျိုးရှိစေပါတယ်။


အလှအပအတွက်
ကြက်သွန်ဖြူဟာ ကျန်းမာရေးအတွက်သာမက အလှအပအတွက်လည်း များစွာ အထာက်အကူ ပေးပါတယ်။ ကြက်သွန်ဖြူဟာ လက်သည်းခွံတွေကို သန်မာကြံခိုင်စေတဲ့ သတ္တိရှိပါတယ်။ အရင်ဆုံး လက်သည်းကို ရေနွေးနွေးနဲ့ ဆေးကြောသန့်စင်ပေးပါ။ ဒုတိယအဆင့်အနေနဲ့ ကြက်သွန်ဖြူကို လေးစိတ်ပိုင်းလိုက်ပါ။ အဲဒီ့ အစိတ်လေးတွေကို အသုံးပြုပြီး လက်သည်းကို ပွတ်ပေးပါက အရောင်တောက် ပြောင်လာစေပါတယ်။

ပွတ်သပ်တဲ့အခါမှာ ငါးမိနစ်ခန့်ပွတ်ပေးပါက လုံလောက်ပါတယ်။ တတိယအဆင့်အနေနဲ့ လက်ကို ရေနွေးနွေးနဲ့ ထပ်ပြီးစိမ်ပေးပါ။ စိမ်ပေးပြီးပါက ဆပ်ပြာနဲ့ သုံးကြိမ်တိတိ ဆေးကြောပေးပါ။ ကြက်သွန်ဖြူအနံ့မထွက်အောင် ဆေးတာဖြစ်ပါတယ်။ နောက်တစ်နည်း ကတော့ ကိုယ်ဆိုးမယ့် လက်သည်းနီဆိုးဆေးပုလင်းထဲမှာ ကြက်သွန်ဖြူဥတစ်လုံးကို လှီးပြီးထည့်ထားပေးပါ။ ၇-၁၀ ရက်ခန့်ထားပြီး ဆိုးပေးရင် လက်သည်းဟာ ပိုပြီး တောင့်တင်းမာကျောလာမှာ ဖြစ်ပါတယ်။

အလွယ်တကူနဲ့ လက်သည်းကျိုးတတ်တဲ့သူများ အသုံးပြုနိုင်တဲ့နည်းလမ်းကောင်းတစ်ခု ဖြစ်ပါတယ်။ ကြက်သွန်ဖြူဟာ ဝက်ခြံကိုလည်း နိုင်ပါတယ်။ သတင်းကောင်းတစ်ခုကတော့ ကြက်သွန်ဖြူရည်ကို ဆံပင်ကျွတ်တဲ့နေရာတစ်ဝိုက် လိမ်းပေးပြီး တစ်ညသိပ်လိုက်ပါ။ မနက်အိပ်ရာထမှ ခေါင်းလျှော်ပေးပါ။ ရက်သတ္တပတ် အနည်းငယ်လောက် လုပ်ပေး လိုက်တာနဲ့ သက်သာပျောက်ကင်းလာမှာ ဖြစ်ပါတယ်။

နောက်တစ်နည်းကတော့ ကြက်သွန်ဖြူနဲ့ ဆံသားကို ပေါင်းတင်နည်းပဲ ဖြစ်ပါတယ်။ သံလွင်ဆီ နှစ်ဇွန်း (စားပွဲတင်ဇွန်း)၊ ကြက်ဥတစ်လုံးရဲ့အနှစ်၊ ကြက်သွန်ဖြူဥနှစ်လုံး၊ ကြက်ဆူဆီတစ်ဇွန်း၊ ပျားရည်တစ်ဇွန်းနဲ့ ဗီတာမင်အီးတို့ ပေါင်းစပ်ပြီး ဆံသားကို အမြစ်ကနေ လိမ်းပေးပါ။ လိမ်းပြီး ပဝါနဲ့ မိနစ်သုံးဆယ်ခန့် (သို့) တစ်နာရီခန့် အုပ်ထားပေးပါ။ ပြီးမှ ရှမ်ပူနဲ့ ခေါင်းလျှော်ပေးလိုက်ပါ။


ကြက်သွန်ဖြူအနံ့ပျောက်အောင်
လီမွန်ဖျော်ရည်သောက်ပေးခြင်းဖြင့် ကြက်သွန်ဖြူအနံ့ကို ဖျောက်နိုင်ပါတယ်။ ရှောက်သီးစိတ်၊ သံပရာသီးစိတ်၊ လိမ္မော်သီးစိတ်တို့ နည်းနည်းလောက် စားပေးရင်လည်း ကြက်သွန်ဖြူအနံ့ပျောက်တာ ဖျောက်နိုင်ပါတယ်။ လက်မှာ ကြက်သွန်ဖြူအနံ့ထွက် နေရင်တော့ စတီးဇွန်းနဲ့ ပွတ်ပေးပါ။ စတီးဇွန်းမရှိဘူးဆိုရင် အိမ်သုံးဆားနဲ့ ပွတ်ပေးပါ။


ဘေးထွက်ဆိုးကျိုး
ကြက်သွန်ဖြူဟာ အက်စပရင်လိုပဲ သွေးကို ပါးစေပါတယ်။ လူတွေအတွက်တော့ မဟုတ်ပေမယ့် အိမ်မွေးတိရစ္ဆာန်မွေးထားတဲ့ သူတွေအတွက် သတိထားစရာဖြစ်လို့ ဖော်ပြရတာဖြစ်ပါတယ်။ ကြက်သွန်ဖြူနဲ့ ကြက်သွန်နီတို့ဟာ ခွေးနဲ့ကြောင်တွေအတွက် အဆိပ်ဖြစ်စေပါတယ်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...