ဘုရားလောင်းကြီးများ....
by James Mmt on Monday, November 7, 2011 at 9:53am
နောက်အခုတလော ထူးဆန်းတဲ့ သီအိုရမ်တွေကို သင်ယူနေရတယ်။ သိပ်ကို နက်နဲ ဆန်းကြယ်တဲ့ သဘောတရားတွေပေါ့။ မိုင်နောရတီ တွေကို ကာကွယ်ပါတဲ့။ မိုက်တော့မိုက်တယ်..မေဂျောရတီတွေကို လျစ်လျူရှုထားပြီး မိုင်နောရတီတွေကို ဂရိုစိုက်ပြတာဟာ အီးကွဲရိုက်အတွက် တိုက်ပွဲဝင်ခြင်း၊ သဘောထားကြီးခြင်း၊ ရေးစစ်(Racist) အဖြစ်မှ လွတ်မြောက်ခြင်း စတဲ့ အံမခန့် နက်နဲ လှတဲ့ အဘိဓမ္မာတွေကို သင်နေရပါတုံကော။ မသိဘူးဗျာ..ကျုပ်တော့ အတော် ဟုတ်တယ်မှတ်တာပဲ။ မဟုတ်ဘူးလား။ အသေးကိုတောင် ရိုက်စကားပြောပြမှတော့ အကြီးဆိုတာ ၇ိုက်အပြည့်ပေါ့ဗျာ။ မသိဘူး။ ကျုပ်တော့ ပါးပေါ်လာနားတဲ့ခြင်ကို အခု ဖြောင်းခနဲ ရိုက်ပစ်လိုက်တယ်။
နောက် အခုတစ်လော ဗုဒ္ဒဘာသာ မြန်မာလူမျိုးတွေထဲ ဘုရားလောင်းတွေ အံမခန်း ထွက်ပေါ်လာနေတယ်။ ထူးခြားတာက အဲ့သည် ဘုရားလောင်းတွေဟာ မြန်မာပြည်ပြင်ပ မှာ သာသနာပြုနေကြတာဗျား။ပါရမီဆယ်ပါး ကိုအရင်ဖြည့်ဖို့ အီးကွဲရိုက်အတွက် အရင် တောင်းဆို တိုက်ပွဲဝင်ကြ။တစ်ချို့ကဆို တိုးတိုးလေး ဆုတောင်းပေးကြသတဲ့ဗျာ။ ဘုရားလောင်းတွေ တအုန်းအုန်းထွက်ပေါ်လာလို့ ထေရဝါဒ ကို မဟာယာန(ဘုရားဆုပန် ဝါဒ) က ဘုန်းကြီးတွေ တောင် တုန်လှုပ်ချောက်ခြားနေကြတယ်ဆိုပဲ။ အိဓံမေ ပုညံ အနောက်တိုင်းပါ့စ်ပို့ ပစ္စယောဟောတိ တော့ မဟုတ်လောက်ဘူး ထင်တာပဲ။ အို..ဟုတ်ဟုတ် မဟုတ်ဟုတ် မြန်မာပြည်တွင်းက စစ်တပ်၊ သံဃာတော်ထုထည်နဲ့ အပြိုင် ပြည်ပက ဘုရားလောင်းတပ်မဟာ ကြီးပေါ်ထွက်လာတာ ကျုပ်တော့ အင်မတန် အားတက်မိတာပဲဗျာ့။
အံမယ်...တစ်ချို့ဆို ဒီသန်းနဲ့ ချီတဲ့ မြန်မာပြည် အနောက်တောင်ပိုင်း က သနားစရာ လူသားမျိုးနွယ်တစ်စုအတွက် ဘလော့ကနေ တစ်မျိုး၊ ဖေ့စ်ဘုတ်ဆိုတဲ့ မျက်နှာစာအုပ်ကြီးကနေ တစ်ဖုံ၊ ဝက်ဘ်ဆိုက်တွေက နေ တစ်မျိုး၊ နောက် မတ်စ်မီဒီယာ ဆိုလား ဘာဆိုလား..အဲ့ဒီကနေ တစ်ဆင့် အားရပါးရ မဟာကုသိုလ်စေတသိက်တွေနဲ့ ရွှမ်းရွမ်းဝေ ကုသိုလ်အထူးတွေ ပြုနေကြတာ..ရွှေတိဂုံစေတီတော်ကြီးတောင် အရည်ပျော်ဆင်းမတတ်တဲ့ဗျား.။ အံမယ်..ဝိမုတ္တိယုဂ ခေတ်ဆိုတဲ့ ဒီခေတ်က တယ်ဟုတ်ပါလားဟရို။ မကြာခင် မဟာ ပထဝီမြေကြီးက တဟီးဟီး တုန်လှုပ်ပြီး ထို မဟာ ကုသလ ဝိပါက် ပိုင်ရှင်တွေကို ကောင်းချီးပြုတော့မှာတဲ့။ဆည်တွေ ရှိတဲ့ နိုင်ငံတွေတော့ နည်းနည်း ကြိုပြင်ဆင်ထားကြပေါ့ဗျာ။
နောက် အထက်က ပြည်ပ က ဘုရားလောင်းတွေဟာ အလိုလိုနေရင်း နတ်မျက်စိတွေ နတ်တန်ခိုးတွေ ရနေကြတာဗျား။ ဒီမိုကရေစီဆိုတာ လူထု အတွက် တောင်းဆိုပေးနေတာ။ နောက်ပြီး ဒီမိုကရေစီ အခြေခံ လူထုဆန္ဒ ဆိုတိုင်းလည်း လိုက်လျောပေးလို့မရဘူး..တစ်ချို့ ဟာတွေက သာမန်လူထုတွေနားမလည်ဘူး။ တို့မှ နားလည်တာဆိုပြီး အခုတလော အသံကျယ်ကျယ် ဖြစ်ဖြစ်နေတဲ့ ဘာ ဂျာဆိုလား...၊ မဟာ ဂျာ ဆိုလား ဗျာ ..အဲ့ဒီဟာတွေအတွက် တစ်ချက်လွှတ်အမိန့်ထုတ်ပြီး အနစ်နာခံ ပါးစပ်ပိတ်ပေးနေကြတယ်။ သိတယ်မှတ်လား..တို့က....နင်တို့ကောင်းစားဖို့ပေါ့ဗျာ။ ဟုတ်တာပဲလေ..သူတို့လဲ ပြည်ပက ဘုရားလောင်း တပ်မဟာ ထဲက အလောင်းတော်ကြီးတွေပဲ..။ သူတို့ပြောတာ ဟုတ်ပေမပေါ့နော။
(တစ်ဆင့် ပြန်လည် ကူးယူဖော်ပြပါသည်။)
0 comments:
Post a Comment