Sunday, November 6, 2011

2012 မှာ ကမ္ဘာမပျက်ပါ

by Moenge Aung on Monday, November 7, 2011 at 10:17am
Popular News Originally posted

၂၀၁၂ မှာ ကမ္ဘာပျက်ကိန်း ကြုံမယ်လို့ ပညာရှင်တေက ဟောကိန်း ထုတ်ကြ၊ ရုပ်ရှင်ထုတ်လုပ်သူတွေကလည်း ထိတ်လန့် တုန်လှုပ်ဖွယ် ရိုက်ပြ၊ စာရေးဆရာတွေကလည်း ရေးသားကြ၊ ကမ္ဘာသူ ကမ္ဘာသားတွေကလည်း ဆွေးနွေးငြင်းခုံကြရင်း စိုးရိမ်ပူပန်မကင်းဖြစ်နေကြလို့ ပေါ်ပြူလာနယူးစ်အနေနဲ့ နာဆာက သိပ္ပံပညာရှင်တွေက သူတို့ကို မကြာခဏ မေးမြန်းလေ့ရှိကြတဲ့ မေးခွန်းတွေအပေါ် ဘယ်လိုဖြေဆိုခဲ့တယ် ဆိုတာကို ရေးသားတင်ပြပေးလိုက်ပါတယ်။
Y2K တုန်းက ဖြစ်ခဲ့တဲ့ ထတ်လန့်တုန်လှုပ်မှုကလ်း တကယ်တမ်းကျတော့ စီမံကိန်း ရေးဆွဲကြသူတွေ အနေနဲ့ အခြေအနေကို သုံးသပ်ဝေဖန်ပိုင်းခြားပြီး ဆောင်ရွက်သင့်တာတွေကို စနစ်တကျ စီမံကိန်းချမှတ် ဆောင်ရွက်နိုင်ခဲ့ကြတာကြောင့် ပြဿနာ ကြီးကြီးကျယ်ကျယ် မရှိလိုက်ဘဲ ပြီးဆုံးသွားခဲ့ပါတယ်။
စွဲမက်ဖွယ် ရုပ်ရှင်အထူးပြုလုပ်ဖန်တီးချက်တွေရှိပေမယ့် ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့မှာ ကမ္ဘာကြီးက ပျက်သုဉ်းသွားမှာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ နေဟာ အီကွေတာနဲ့ အဝေးဆုံးမှာ ရှိမယ့်အချိန်တစ်ချိန်ဆိုတာကတော့ အမှန်ပါ။
Y2K တုန်းကလိုပါပဲ။ ၂၀၁၂ ခုနှစ် အခြေအနေကို ဝေဖန်ဆန်းစစ်မှုတွေ လုပ်ခဲ့ကြပြီး ကမ္ဘာကြီးရဲ့ ပျက်သုဉ်းနိုင်မှုကို စေ့ငုသေချာစွာ လေ့လာခဲ့ကြပြီးပါပြီ။ အများယူဆထားကြသလို မဖြစ်နိုင်ဘူးဆိုတာကို မကြာခဏ မေးမြန်းလေ့ရှိကြတဲ့ မေးခွန်းတွေအပေါ် နာဆာက သိပ္ပံပညာရှင်တွေက ဒီလိုဖြေခဲ့ကြပါတယ်။ 2012 မှာ ကမ္ဘာကြီးအဖို့ တစ်စုံတစ်ရာ အန္တရာယ်များရှိပါသလား။ အင်တာနက်ဝက်ဘ်ဆိုက်အများအပြားကတော့ ၂၀၁၂ ဒီဇင်ဘာမှာ ကမ္ဘာပျက်မယ်လို့ ပြောနေကြပါတယ်။
ဘာမှ ဆိုးဆိုးရွားရွား မဖြစ်ပါဘူး နှစ်ပေါင်းလေးဘီလျံမက ကြံ့ကြံ့ခံနိုင်ခဲ့ပြီးပါပြီ။ ယုံကြည်လောက်တဲ့ ကမ္ဘာတစ်ဝန်းက သိပ္ပံပညာရှင်တွေက ၂၀၁၂ရဲ့ အန္တရာယ်ကို မတွေ့မြင်ကြပါဘူး။ ဒါဆိုရင် ဒီဟောကိန်းရဲ့အစက ဘာပါဘဲ။ ဆူမားရီးယန်းတွေ တွေ့ရှိခဲ့တဲ့ ဂြိုဟ်ဆိုတဲ့ အရာကြီးဟာ ကမ္ဘာကို ဦးတည်လာနေတယ်ဆိုတဲ့ ပြောကြားမှုတွေကနေ လာတာပါ။ ဒီနီဘီရူးဆိုတဲ့ ဂြိုဟ်လို အရာဝတ္ထုကြီး ရောက်လာမယ်လို့ ၂၀၁၃ ခုနှစ် မေလမှာ စပြီး ဟောကိန်းထုတ်ခဲ့ပါတယ်။ ဒါပေမဲ့ ဘာမှ ဖြစ်မလာတော့ ကမ္ဘာပျက်မယ့် ရက်ကို နောက်ရွှေ့လိုက်တာ ၂၀၁၂ ဒီဇင်ဘာကို ရောက်သွားတာပါပဲ။ ဒီဒဏ္ဍာရီပုံပြင် နှစ်ပုဒ်ကို ရှေးဟောင်း မာယာပြက္ခဒိန် အလိုအရ ကမ္ဘာ့မြောက်ခြမ်းရဲ့ ဆောင်းရာသီ အဝင်ကာလမှာ ပျက်သုဉ်းမှု ဖြစ်လာရမယ်လို့ ဆက်စပ်လိုက်ကြတာပါ။
ဒါဆိုမာယာပြက္ခဒိန်က ၂၀၁၂ခုနှစ် ဒီဇင်ဘာမှာ ကုန်ဆုံးတာလား။
ခင်ဗျားအိမ်ရဲ့ မီဖိုချောင်နံရံပေါ်က ပြက္ခဒိန်က ဒီဇင်ဘာလ ၃၁ရက်ကျော်သွားရင် ပျောက်ပျက်သွားမှာ မဟုတ်သလို ၂၀၁၂ခုနှစ် ဒီဇင်ဘာ ၂၁ရက်နေ့မှာ မာယာပြက္ခဒိန်ဟာလည်း ပျောက်ပျက်သွားမှာ မဟုတ်ပါဘူး။ ဒီရက်စွဲဆိုတာက ပြက္ခဒိန်ရဲ့ ကာလကို ရေတွက်မှု ပြီးသွားတဲ့နေ့ပါ။ ဇန်နဝါရီ ၁ရက်ကစပြီး ဒီဇင်ဘာ ၃၁ရက်မှာ ကုန်သွားသလိုပေါ့။
ဂြိုဟ်တွေဟာ ကမ္ဘာကို ထိခိုက်စေတဲ့နည်းနဲ့ ဘက်လိုက်မှုပြောင်းသွားနိုင်ပါသလား။
လာမယ့် ဆယ်စုနှစ် အနည်းငယ်အတွင်းမှာ ဂြိုဟ်တွေရဲ့ဘက်လိုက်မှု ပြောင်းသွားတာမျိုး မရှိပါဘူး။ တကယ်လို့ ဘက်လိုက်မှုပြောင်းသွားရင်တောင် အဲဒီဝင်ရိုး ပြောင်းလဲမှုကနေ ကမ္ဘာအပေါ် သက်ရောက်မယ့် အကျိုးဟာ မပြောပလောက်ပါဘူး။ ဒီဇင်ဘာလတိုင်းမှာ ကမ္ဘာနဲ့နေဟာ မစ်ကီဝေးကြယ်စုရဲ့ အနီးစပ်ဆုံး မှန်းခြေဗဟိုချက်ကို လိုက်ပြီး ပြောင်းတာပဲ။ ဘာမှမဖြစ်ပါဘူး။
ဂြိုဟ်ပဲဖြစ်ဖြစ်၊ နီဘီရူးပဲဖြစ်ဖြစ် အိတ်က်စ်ဂြိုဟ်ပဲဖြစ်ဖြစ်၊ အဲရစ်ပဲ ဖြစ်ဖြစ် ကမ္ဘာကို ချဉ်းကပ်လာပြီး အကြီးအကျယ် ပျက်စီးစေမယ်ဆိုတဲ့ အန္တရာယ်မျိုး ရှိပါသလား။
နီဘီရူးပဲဖြစ်ဖြစ်၊ တခြားဘယ်လို ဇာတ်လမ်းပုံပြင်တွေပဲဖြစ်ဖြစ် ဒါတွေအားလုံးက ဒီလမ်းကြောင်း ပြောင်းတယ်ဆိုတဲ့ ဟာတွေ အားလုံးက အင်တာနက်က ပြောနေကြတာတွေပါ။ မှန်ကန်ခိုင်မာမှု မရှိပါဘူး။ တကယ်ပဲ အဲဒီလိုမျိုး ဂြိုဟ်တွေဟာ ကမ္ဘာကို ဦးတည်ပြီးလာမယ်ဆိုရင် အနည်းဆုံးတော့ လွန်ခဲ့တဲ့ ဆယ်စုနှစ် တစ်ခုလောက်ကတည်းက ဒါတွေကို ခြေရာခံနေခဲ့ကြရမှာပေါ့။ အဲဒါဆိုရင် အခုလောက်ဆို သာမန်မျက်စိနဲ့တောင် ကြည့်ရင်မြင်နေရမှာပေါ့။ ဒါမျိုးတွေ မရှိတာ အထင်အရှားပါပဲ။ အဲ့ရစ်ကတော့ တကယ်ရှိပါတယ်။ ဒါပေမဲ့ ဂြိုဟ်သိမ်ဂြိုဟ်မွှားကလေးပါဗျာ။ ပလူတိုလိုပဲ နေစကြဝဠာရဲ့ ပြင်ပမှာ ဆက်ပြီးရှိနေဦးမယ့် ဂြိုဟ်သိမ်ဂြိုဟ်မွှား ကလေးပါ။ ကမ္ဘာနားကို အများဆုံး သူကပ်လို့ရတဲ့ အကွာအဝေးက မိုင်ပေါင်း လေးဘီလျံပါ။
ဝင်ရိုးစွန်း ပြောင်းလဲမှု သီအိုရီဆိုတာ ဘာပါလဲ။ နာရီပိုင်းအတွင်း မဟုတ်ရင်တောင် ရက်ပိုင်းအတွင်း ဝင်ရိုးဟာ ၁၈၀ ဒီဂရီ လည်မယ်ဆိုတာ အမှန်ပဲလား။
ပြောင်းပြန်လည်ဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။ တိုက်ကြီးတွေရဲ့ နှေးကွေးတဲ့ ရွေ့လျားမှုတွေတော့ ရှိပါတယ်။ (ဥပမာ အန္တာတိကဟာ နှစ်သန်းပေါင်း ရာပေါင်းများစွာတုန်းက အီကွေတာနားမှာ ရှိခဲ့ဖူးပါတယ်) ဒါပေမဲ့ ဝင်ရိုးစွန်းပြောင်းပြန်ဖြစ်တယ်ဆိုတဲ့ ပြောနေကြတာတွေနဲ့ မဆိုင်ပါဘူး။ ဒါတွေက အင်တာနက်ပေါ်က သဘာဝဘေးအန္တရာယ် ဝက်ဘ်ဆိုက်တော်တော်များများက လူတွေကို လှည့်ဖြားနေကြတာတွေပါ။ သူတို့က ဝင်ရိုးရဲ့ လှည့်ပတ်မှုနဲ့ ကမ္ဘာကြီးရဲ့ သံလိုက်ဝင်ရိုးစွန်းနဲ့ ဆက်စပ်မှုရှိတယ်လို့ ပြောနေကြတာ။ သံလိုက် ဝင်ရိုးစွန်းဟာ ပျမ်းမျှအားဖြင့် နှစ်လေးသိန်းမှာ တစ်ကြိမ်ပြောင်းတယ်လို့ ဆိုပေမယ့် ကမ္ဘာပေါ်က သက်ရှိတွေအပေါ် ဘယ်လိုမျိုးအန္တရာယ် တစ်စုံတစ်ရာကိုမှ မဖြစ်စေပါဘူး။ နောက်ပြီးတော့လည်း သံလိုက်ဆွဲအား ပြောင်းဖို့ဆိုတာဟာ နောင်နှစ် သုံးလေးသန်းမှာတောင် မဖြစ်သေးဖို့က များပါတယ်။
၂၀၁၂ ခုမှာ ကမ္ဘာကြီးကို ဥက္ကာပျံနဲ့ တိုက်မိမယ့် အန္တရာယ်ရှိပါသလား။
ဥက္ကာပျံအကြီးကြီးတွေနဲ့ တိုက်မိတယ်ဆိုတာမျိုးက အရမ်းရှားပါတယ်။ အကြီးဆုံး ဖြစ်ခဲ့ဖူးတာက လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၅ သန်းကျော်ကပါ။  အကြီးဆုံး ဖြစ်ခဲ့ဖူးတာက လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၅သန်းကျော် ကပါ။ အဲဒီတုန်းက ဒိုင်နိုဆောတွေ မျိုးသုဉ်း ပျောက်ကွယ်သွားပါတယ်။ ကျွန်တော်တို့ရဲ့ လေ့လာဆန်းစစ်ချက်အရ တွေ့ရတာက ဒိုင်နိုဆောတွေကို သေစေခဲ့တဲ့ အရာဝတ္ထုလောက်ကြီးတဲ့ ဥက္ကာပျံမျိုး၊ ဂြိုဟ်မျိုးနဲ့ တိုက်မိစရာမရှိပါဘူး။
စာမျက်နှာကို ငဲ့ပြီး နိဂုံးချုပ်ပြောရရင်တော့ ကမ္ဘာပျက်မယ်ဆိုတာကို အတည်ပြုနိုင်မယ့် သိပ္ပံနည်းကျ အယူအဆ၊ အထောက်အထား မရှိပါဘူး။ နေမုန်တိုင်းဆိုတာကတော့ ၁၁ နှစ် တစ်ကြိမ် ဖြစ်တက်တယ်။ ဂြိုဟ်တုဆက်သွယ်ရေး စနစ်တွေကို အနှောင့်အယှက် ဖြစ်စေတယ်။ ဒါပေမဲ့ ဒါတွေရဲ့ဒဏ်ကို ခံနိုင်မယ့် အီလက်ထရောနစ် ပစ္စည်းတွေကို တီထွင်ထုတ်လုပ်ဖို့ အင်ဂျင်နီယာတွေက လေ့လာနေကြပါတယ်။ ၂၀၁၂ ခုနှစ်ကျမှ ထူးပြီး ပျက်စီးမှာမျိုးတော့ မရှိပါဘူးလို့ နာဆာက သိပ္ပံပညာရှင်တွေက အခိုင်အမာ ပြောကြားထားလို့ ပြည်သူအပေါင်း စိတ်ဒုန်းဒုန်းချ ထားနိုင်ကြပါစေလို့ ဆုတောင်း မေတ္တာပို့သရင်း.....။
KMA, Ref:NASA

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...