Sunday, November 6, 2011

AD 2050 - မြန်မာအစ တရုတ်က...... (ကျွန်တော် မြင်မိသော အစလေးများ.....)

by James Mmt on Thursday, October 6, 2011 at 11:29am
 ဥာဏ်မှီသလောက် စဉ်းစားနေတာ ဆံပင်လည်း တော်တော်ဖြူနေပီဗျာ.... ကြုံခဲ့တာတော့ လွန်ခဲ့တဲ့ ၂၀၀၁ - ၂၀၀၂ လောက်ကတည်းက..... အနောက်နိုင်ငံ သံရုံးကြီးတစ်ချို့မှာ Housekeeping လိုအလုပ်တွေကို အင်္ဂလိပ်စကား ကျွမ်းကျင်ကြတဲ့ တိုင်းရင်သူလေးတွေ အလုပ်လုပ်ကြတယ်.... တိုင်းရင်းသူဆိုမှတော့ အချောအလှ ဖြူဖြူဖွေးဖွေး ရေဆေးငါးလေးတွေပေါ့.... အဲ့ဒိ သံရုံးကြီးရဲ့ လုံခြုံရေးကို တာဝန်ယူတဲ့ကိုကို နိုင်ငံခြားသားများ အကြိုက်ပေါ့.....

ဟိုကောင်တွေကလည်း သိတ်မကဲပါဘူး.... မနက်မိုးလင်း မောနင်းကို အဲ့ဒိကောင်မလေးတွေ ဖင်ပိတ်ရိုက်ပီး နှုတ်ဆက်လိုက်တာပဲ...
သူတို့အတွက် ဖင်လေးပုတ်လိုက် ပခုံးလေးဖက်လိုက်က ဖြစ်ရိုးဖြစ်စဉ်ပေမဲ့ အကျင့်မရှိတဲ့ တိုင်းရင်းသူလေးတွေအဖို့တော့ ရင်ဖိုစရာလေးတွေပေါ့.... ဒီလိုနဲ့ပဲ နှစ်တွေကြာလာတော့ တိုင်းရင်းသူလေးတွေ ယောက်ျား ကောက်ယူကြသဗျား.... အပျိုလေးတွေ ယောက်ျားယူတာ ဘာထူးလဲ မေးစရာရှိမှာပေါ့ မထူးပါဘူး.... သူတို့ ယောက်ျားယူပြီး လမစေ့ပဲ သန်သန်မာမာ ကလေးတွေ မွေးလာတာလဲ မထူးပါဘူး.... အဲထူးတာက ကလေးလေးတွေက ဆံပင် နီကြောင်ကြောင်လေးတွေနဲ့ မျက်လုံးလေးတွေ ပြာကလပ်... ပြာကလပ်.....


မြန်မာနိုင်ငံမှာ အိမ်ရှင် အိမ်ဖော် ပြဿနာကလည်း မကြာခဏ ကြားနေရတဲ့အထဲမှာ လိင်မှုကိစ္စကလည်း အခန်းကဏ္ဍတစ်ရပ်မှာ ပါနေတယ်.... အိမ်ဖော် ဗိုက်ကြီးလို့ ပိုက်ဆံပေးပီး တောကိုပြန်နှင်လွှတ်တာလည်း ခဏခဏ... ငွေရှိတဲ့သူပဲ ငွေနဲ့ပေါက်ပီး ပြဿနာရှင်းတယ်လို့ လွယ်လွယ်တွေးလို့ ရပါတယ်.... ဒါပေမဲ့ အဲ့ဒိအိမ်ရှင်ဟာ မြန်မာ မဟုတ်ပါပဲ တိုင်းတစ်ပါးသားဆိုရင်.... ဘာဖြစ်လို့လည်းဆိုတော့ ဇီးကွက် စီးပွားရေးအရ တိုင်းတစ်ပါးသားတွေ မြန်မာပြည်မှာ ခြေချနေကြပီးတော့ ဇီးကွက် စီးပွားရေးဆိုတဲ့ အတိုင်း ညဥ့်နက်မှ ပြန်လာတာတွေကို ကြိုဆိုရတဲ့ စားဖို့သောက်ဖို့ ပြင်ဆင်ပေးရတဲ့ အိမ်ဖော်မလေးများ ရှိလို့ပါပဲ.....

ဟော အခု ဘာစီမံကိန်း ညာစီမံကိန်း.... စိနတိုင်းသားတွေ တစ်ပြုံတစ်ခေါင်းကြီး မလာယုံတမယ်... ဒါပေမဲ့ တစ်တိတစ်တိနဲ့ ၀င်ဝင်လာနေတယ်.... သူတို့ အလုပ်လုပ်နေတဲ့ ပါတ်ဝန်းကျင်မှာ လုပ်ငန်းသဘောအရ ထိတွေ့ဆက်ဆံမှုရှိမဲ့ မြန်မာအမျိုးသမီးတွေ နည်းနည်းကနေ များလာမှာပဲ... ရိုးရိုးလည်း ရှိသလို အစ်ကိုကာလသားများ အကြိုက်တွေလည်း ရှိမှာပဲ.... လူအခြင်းခြင်းပဲဆိုတော့ အဖိုအမ သဘာဝ ညိစွန်းကြမယ်... ပါတ်ဝန်းကျင် အသိုင်းအ၀ိုင်း မိဘသဘောမတူတာ ရှိချင်ရှိမယ်... လူမျိုးမတူလို့ မယူတာ ရှိရင်ရှိမယ်.... ငွေနဲ့ပေါက်ပီး နှင်ထုတ်တာတွေ ရှိလာမယ်... အဲ့ဒိကြရင် ဗိုက်တစ်လုံးနဲ့ မိန်းကလေး တစ်ယောက်အတွက် ရရာ လင်ကောင်တစ်ယောက် ကောက်ပီး ကံစမ်းမဲ ဖောက်ရမှာပါပဲ..... မရှိဘူးမထင်နဲ့နော်....

တစ်ခြားမကြည့်နဲ့ နေပြည်တော်မှာ ကျောက်ပွဲလုပ်တယ်.... လာတဲ့တရုတ်တွေကို သူဌေးမှတ်လို့လား.... လူယုံတွေပဲ လွှတ်လိုက်တာ တကယ့်သူဌေးတွေက နောက်မှ လိုက်တာ... အဲ့ဒိ လူယုံဆိုတဲ့ကောင်တွေ သူတို့ဟိုမှာနေတုန်းက ဖြစ်သလိုနေကြသလောက် သူဌေးက ပိုက်ဆံအထုပ်လိုက်ပေးပီး ကျောက်တွေ လာကြည့်ခိုင်းကတည်းက ဖြုန်းလိုက်တာ သောက်သောက်လဲ သူတို့ပိုက်ဆံ မဟုတ်တဲ့အတိုင်းပဲ... (အဲ့ဒါကို ကြည့်ယုံနဲ့ ဒီကျောက်တွေကနေ တရုတ်တွေ ဘယ်လောက် အမြတ်အစွန်းရလို့ ဒီလို လူယုံတွေ လွှတ်လဲ မြင်နိုင်ပါတယ်... ထားလိုက်ပါ ဒါ ကျွန်တော် ပြောချင်တာ မဟုတ်သေးဘူး)......

အဲ့ဒိ တရုတ်တွေဟာ ဟော်တယ်တွေမှာ ဈေးအကြီးဆုံးဆိုတဲ့ ဟင်းတွေနဲ့ စားကြတယ်.... အဖြူတွေတောင်မှ ချွေချွေတာတာ သောက်ရတဲ့ ၀ိုင်အကောင်းစားတွေကို မှာပီး ရေသောက်သလို တဂွက်ဂွက် သောက်ကြတယ်..... ဥရောပ အဖြူစစ်စစ်တွေတောင် ငေးယူနေရအောင် လူပုံကြည့်တော့ ပေစုတ်စုတ်နဲ့ တော်တော့ကို ဖြုန်းနိုင်ကြတယ်.... အဲ့ဒိမှာ နောက်ဆက်တွဲက လိင်မှုကိစ္စ ပါလာတယ်.... ကျောက်ပွဲဆိုရင် နေပြည်တော် ဟော်တယ်တွေမှာ အခန်းငှားဖို့ ခက်မှန်းသိလေတော့ အချို့အချို့သော ဈေးကွက်မြင်သူများဟာ ကျောက်ပွဲကာလကို ကြိုပြီးတော့ ဈေးသက်သာတဲ့ တစ်ခန်းငှားထားပြီး အဲ့ဒိမှာ ကောင်မလေး ၄ ယောက်လောက်က အထိုင်ချပြီးကို အော်ဒါလိုက်တော့တာပါပဲ.... တစ်ခန်းဝင် တစ်ခန်းထွက် ပြေးလိုက် လွှားလိုက်နဲ့ ရောင်းကောင်းနေလိုက်တာ သူတို့ကြည့်ပီး ရင်မောစရာပါ....

ထားလိုက်ပါ.... ဒါတွေက လူ့သဘာဝ မလွန်ဆန်နိုင်တဲ့ ဖိုမ သဘာဝတွေပါပဲ... ဒါပေမဲ့ ဖိုမသဘာဝရဲ့ ရလာဘ် ကိုယ်ဝန်ရှိလာတဲ့ အခါမှာ ဖြေရှင်းကြတာလေးနဲ့ ပါတ်သက်လို့ပါ.... မြန်မာပြည်သူတွေ သန္ဓေတားတာ ဗဟုသုတ ပြည့်စုံတယ်မထင်နဲ့... ဒီလိုပဲ ဒို့ရည်းစားဘ၀က ကောက်ရိုးပုံထဲမှာ ညားလိုက်တာပဲဆိုတဲ့ စကားပုံက အလကား မဟုတ်ပါဘူး.... အဲ့ဒိလိုပဲ အသိဥာဏ် ဗဟုသုတ နုံနဲတဲ့ တိုင်းရင်းသူလေးတွေကို တိုင်းတစ်ပါးသား လူမျိုးခြားတွေက အယုံသွင်း ကာမ ရယူပီးတော့ ဗိုက်ကြီးလာတော့မှ ပိုက်ဆံပုံပေးပီး ကန်ထုတ်မှာပါပဲ.....

အဲ့ဒိမှာ ကောင်မလေးတွေ အနေနဲ့လည်း လူအကဲ့ရဲ့လွတ်အောင် နီးစပ်ရာ ယောက်ျားတစ်ယောက်ကို ကံစမ်းမဲ ဖောက်ရမှာပါပဲ.... သူ့ဟာသူ ကံစမ်းမဲဖောက်တာ ပြဿနာမရှိပါ..... ပြဿနာသည်ကား မွေးလာသော အနှီ အပြစ်မရှိသည့် ရင်သွေးငယ်ပဲ ဖြစ်ပါတယ်.... ကျွန်တော် အစပိုင်းက ပြောခဲ့တဲ့ ဆံပင်နီကြောင်ကြောင်နဲ့ မျက်လုံးပြာကလပ် ပြာကလပ် ကလေးလေး၊ အသားဖြူဖြူ နီစပ်စပ်မှာမှ မျက်ပေါက် ကျဉ်းကျဉ်းနဲ့ နှာခေါင်းလန်လန် ကလေးလေးများ.... အသက် ၁၈ နှစ် ပြည့်လို့ မှတ်ပုံတင်ရင်ဖြင့် အဖေမြန်မာ အမေ မြန်မာကနေ မွေးလာမှတော့ ဒီကလေး အော်တိုငုတ်တုတ် မြန်မာနိုင်ငံသား မှတ်ပုံတင် ရချေပီပေါ့.... (DNA ဆိုတာကြီးကလည်း ကိုရီးယားကား ကောင်းမှုနဲ့ပဲ သိကြတာလေ)

ကြီးပြင်းလာတဲ့ ရင်သွေးငယ်က အပြစ်မရှိပေမဲ့... သူ့ရဲ့ မူလဖခင် မျိုးရိုးက အရေးကြီးနေလေတော့ ဘယ်လိုဆက်လုပ်ကြမလဲ.... အခုလက်ရှိကို မြန်မာပြည်မှာ မြစ်ဆုံစီမံကိန်း၊ ကျောက်ဖြူရေနက် စီမံကိန်းနဲ့ စီမံကိန်းခေါင်းစဉ်နဲ့ တစ်တိတိ ၀င်လာတဲ့ တရုတ်တစ်ပုံတစ်ပင်မှာ ထက်လက်လောက်ပဲ ဒီလိုမျိုးစေ့ ကလေးတွေထားခဲ့ရင်... မန္တလေးမှာ အခုလက်ရှိကို ကြီးစိုးနေတဲ့ တရုတ်တွေကို ကြည့်ရင်.... ရုပ်ရည်ကြည့်ပီး မှတ်ပုံတင် မပေးပါဘူးလို့ ငြင်းဆန်နေပေမဲ့ အဖေမြန်မာ၊ အမေ မြန်မာက တောင်းဆိုလာခဲ့ရင်...... စေ့စေ့တွေးလေ တော်တော် ကြီးတဲ့ ပြဿနာတစ်ခုလို့ မြင်လေပဲဗျာ....... ဒီစီမံကိန်းတွေက ၀င်လာမဲ့ တရုတ်တွေကို (မြန်မာတွေ ဘာလို့ မလုပ်နိုင်လဲ စဉ်းစားမယ်ဆို စဉ်းစားရမှာပါပဲ) အခုကတည်းကမှ မတားနိုင်ခဲ့ရင်၊ ဒါကို ပေါ့သေးသေးလို့ တွေးထားခဲ့ရင်.... ခင်ဗျားတို့မျိုးဆက်တွေ ကမ္ဘာတည်သရွေ့ စင်ပေါ်မှာရှိနေမယ်.... ဒီလို မလုပ်ခံရဘူး မထင်နဲ့နော်..... ကိုယ့် ရင်သွေးကနေ မြေးမြစ်တွေအထိ သမီးမိန်းကလေးတွေမှာ ဒီလို မျက်လုံးလေး ပြာကလပ် ပြာကလပ်၊ မျက်ပေါက်လေး ကျဉ်းကျဉ်း နှာခေါင်းလေး လန်လန်လေးတွေ မွေးလာရင် ခင်ဗျားတို့ ဘယ်လိုခံစားရမလဲ.... ဒါတွေ သေသေခြာခြာကို စဉ်းစားသင့်တယ်... ဒီအတိုင်း လွှတ်ထားလို့ကတော့ နောင်ဆိုရင် မြန်မာအစ တရုတ်က ဆိုတာ သိတ်မကြာခင် ဖြစ်လာမှာပါပဲ..... အမျိုးဂုဏ် ဇာတိဂုဏ်မြင့်မာရေးသည် တရုတ်တို့၏ တာဝန်ဖြစ်သည် ဆိုတဲ့ ဆိုင်းဘုတ်တွေ နေရာအနှံ့မှာ မထောင်ရုံတမယ် ပြောင်းလဲသွားမှာပဲ...... (လူမျိုးရေး အဓိကရုဏ်းဖြစ်ရန် မရည်ရွယ်ပါ....)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...