Monday, November 7, 2011
အတ္တဟိတ နှင့် ပရဟိတ ဝေဖန်မှုကင်းဖို့ ..... ဘာတွေဆက်လုပ်ကြမလဲ
အတ္တဟိတ နှင့် ပရဟိတ
လူတွေရဲ့ နှုတ်ဖျားကတစ်ခါတစ်ရံပြောတက်တဲ့ စကားတစ်ခွန်း တစ်ချို့ တစ်ချို့ တွေသုံးစွဲတက်တဲ့ ဆောင်ပုဒ်တစ်ခု
ဒါကိုလူတွေဘယ်လို သဘောပေါက် လက်ခံထားသလဲ......?
ကျွန်တော်နားလည်ထားတဲ့ ပရဟိတနဲ့ အတဟိတအကြောင်လေး တင်ပြချင်ပါတယ်။ ပထမဦးစွာ ကွှန်တော်အမှားပါခဲ့ ရင်ခွင့်လွှတ်ပေးဖို့ တောင်းဆိုပါရစေ...........
ကျွန်တော်ဟာ လူငယ်တစ်ယောက်ပါ။ စာဖတ်သူတွေထဲမှာ ကျွန်တော့် ထက်အသက်ကြီးသူတွေ၊ ၀ါကြီးသူတွေ၊ ဗဟုသုတကြွယ်ဝသူတွေအများကြီးပါမှာပါ........  ကျွန်တော့်ထက် အားလုံးပိုသိကြမယ် ထင်ပါတယ်။
ကျွန်တော့်က ကျွန်တော့်အမြင်ကို တင်ပြချင်ရုံ သက်သက်ပါ............ဘယ်သူ့ ကိုမှ ဝေဖန်တာမဟုတ် သလို
ဘယ်သူ့ ကိုမှလည်း တိုက်ခိုက်တာမဟုတ်ရပါဘူး ဆိုတာပြောချင်ပါတယ် ခင်ဗျာ...
အတ္တဟိတ
အတဟိတအကြောင်းလေးအရင်ပြောပါရစေ.....
အတဟိတလို့ ပြောလိုက်တာနဲ့ လူတွေကအတ္တကြီးတယ်လို့ ထင်တက်ကြပါတယ်။ ကိုယ့်ကိုအတ္တကြီးတယ်လို့ 
့ပြောတာဘယ်သူမှ မကြိုက်ကြပါဘူး။ ကျွန်တော်လဲမကြိုက်ပါဘူး............ဒါဆိုရင် အတ္တမကြီးပဲနဲ့ အပြောခံရ
လို့ လား........တကယ်ပဲအတ္တကြီးမိသလား..........စဉ်းစားစရာလိုလာပါပြီ..........
အမှုမဲ့ အမှတ်မဲ့ ဆိုသလိုလူတွေဟာ အတ္တကြီးတက်ကြပါတယ်။
(ဥပမာ) လိုင်းကားပေါ်မှာအားနွဲ့ သူ သက်ကြီးရွယ်အိုတွေနဲ့ ကလေးသူငယ်တွေပါတဲ့ သူများကို နေရာထ
ပေးဖို့  မပြောနဲ့ လုထိုင်တတ်တာမျိုးပေါ့..........တစ်ချို့ တစ်ချို့ တွေသာပြောပါတယ်........တစ်ခြားကိစ္စတွေ
မှာလဲ ဒီအတိုင်းပါပဲ...အမှုမဲ့ အမှတ်မဲ့ လေးတွေပေါ့
အတဟိတဆိုတာ ကိုယ်ကျိုးစီးပွားကို ရည်ညွှန်းတာပါ...ကိုယ်ကျိုးဆိုတဲ့ အထဲမှာ ကိုယ့်အတွက်မဟုတ်တာ
တောင်ကိုယ့်မိသားစုအတွက် ကိုယ့်မိတ်ဆွေသူငယ်ချင်းများအတွက် ပတ်သက်ရာ ပတ်သက်ကြောင်း တွေ
အတွက်လုပ်တဲ့ အလုပ်ပါ......အလုပ်တစ်ခုကိုလုပ်ပြီဆိုရင် ကိုယ့်အတွက်ဘာကောင်းကျိုးဖြစ်ထွန်းမလဲ လို့ 
ဆိုပြိးလုပ်တာရယ်.....ဖြစ်ချင်တာဖြစ် မစဉ်းစားမဆင်ခြင်ပဲ လုပ်တာရယ်တွေဟာ..........အတဟိတ ထဲမှာ
အကျုံးဝင်ပါတယ်........။ ဘယ်သူသေသေ ငတေမာရင်ပြီးရော ဆိုတာမျိုးပေါ့ဗျာ..................
ပရဟိတ
ပရဟိတအကြောင်းလေးရှေ့ ဆက်ပါရစေ..........
ပရဟိတဆိုတာ...သူတစ်ပါးကောင်းကျိုးအတွက် ကိုယ်ကျိုးမရချင်နေ အများအတွက်ကောင်းတာတွေပဲ လုပ်တဲ့ အလုပ်မျိုးပါ..ကိုယ်နဲ့ သိသိမသိသိ တစ်စုံတစ်ယောက်ကောင်းကျိုးဖြစ်ထွန်းဖို့ ကိုယ်ထိခိုက်နစ်နာရင်တောင်လုပ်တဲ့ အလုပ်မျိုးပါ........ကမ္ဘာပေါ်မှာ ပရဟိတလုပ်နေတဲ့ သူတွေမရေမတွက်နိုင်အောင် ရှိပါတယ်။
ဒီမှာကျွန်တော်ပြောချင်တာက ပရဟိတလို့ ခေါင်းစဉ်တပ်ပြီး အတဟိတအတွက် လုပ်နေကြတဲ့ သူတွေလဲရှိပါတယ်.... ဘုရားလူကြီးတို့ ရပ်ကွက်လူကြီးတို့ ဆိုရင် အပြစ်တင်နှာခေါင်းရှုံတက်ကြပါတယ်။ ဘုရားထက်ကြီးလို့ ဘုရားလူကြီးလို့ ခေါ်တာမျိုးလဲ ပြောမိတက်ကြပါတယ်........။
ဒါဘာ့ကြောင့်ပါလဲ......?
အဲဒီလိုထင်သလို လုပ်စားနေကြတဲ့ လူတစ်ချို့ ကြောင့်ပါ......ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးပုတ်ဆိုတာမျိုးလဲမဖြစ်စေချင်သလို ၀ါးလုံးရှည်နဲ့ ပတ်ရမ်းတာမျိုးလဲ မဖြစ်သင့်ပါဘူး...... သူတစ်ပါးရဲ့ ချွေးနည်းစာ အလှူပြုထားတာကိုစားရတာ မီးရဲရဲတောက်နေတဲ့  ဖွဲမီးဖိုကိုစားရသလို ပူလောင်မှု့ ကို ခံစားရတက်တယ်လို့  ဘုန်းဘုန်းများကမိန့် တော်မှုခဲ့ ပါတယ်......။ ဒီလိုလူမျိုးရဲ့ လုပ်ရပ်ကိုကော   ပရဟိတလို့ ခေါ်နိုင်ပါသေးသလား.......?
သူ့ အကျိုး သူပေးပါလိမ့် မယ်။ ကိုယ်ကအားလုံးခြုံပြီး ၀ါးလုံးရှည်နဲ့ ပတ်ရမ်းမိတဲ့ အခါ သူတော်ကောင်ကို ပြစ်မှားမိတတ်ကြပါတယ်.......ဒါကိုသတိပြုသင့်ပါတယ်....
ဝေဖန်မှုကင်းပါစေ
ယနေ့ ခေတ်မှာ ပရဟိတဖောင်ဒေးရှင်းတွေ အဖွဲ့ အစည်းတွေမှာ လူငယ်တွေ ပါဝင်လှုပ်ရှားလာကြပါပြီ....။
ဒါတစ်မျိုးသားလုံးအတွက် ကောင်းတဲ့ လက္ခဏာပါ....ဒါပေမဲ့ ဗျာ........တစ်ချို့ တစ်ချို့ တွေက အလုပ်မဟုတ်
တာတွေ လုပ်နေတယ်...အဓိပ္ပါယ်မရှိဘူး........တော်တော်အားနေလား ဆိုတာမျိုးတွေ......ပြောနေကြတာကို
လည်း နားနဲ့ မဆံအောင်ကြားနေရပါတယ်......။ ကိုယ်လုပ်တာမလုပ်တာနဲ့  သူတစ်ပါးလုပ်နေတာ ကိုလည်း
ဖျက်လို့ ဖျက်ဆီးမလုပ်သင့်ဘူးလို့ ထင်ပါတယ်.....။ အတဟိတသမားတွေရဲ့ ဝေဖန်မှုကိုဂရုမစိုက်ပဲ ကိုယ်လုပ်နေတဲ့ အလုပ် ကိုယ်ခံယူထားတဲ့ ပရဟိတဆိုဆိုတာကို မထိခိုက်စေချင်ပါဘူး.................ဒါကို ပရဟိတလုပ်နေသူတော်တော်များများဝေဖန်ခံရမယ် လို့ ကျွန်တော်ထင်ပါတယ်......။ ကျွန်တော်ကိုယ်တိုင်လည်း အဲလိုအပြောခံခဲ့ ရဖူးပါတယ်.....။ ဒါပေမဲ့ ကျွန်တော်ကတော့ ကိုယ်ယုံကြည်ရာကို ဆက်လုပ်သွားမှာပါ...။ ကျွန်တော်တက်နိုင်သလောက် အစွမ်းရှိသလောက် ကြိုးစားသွားမှာပါ.....ပရဟိတကိုပဲ ကြည့်ရမယ်လို့ ကျွန်တော်မဆိုလိုပါဘူး............
ကိုယ့်လိပ်ပြာကိုယ်လုံမည့် ၀င်ငွေရှိမှလည်း...ပရဟိတလုပ်နိုင်မှာ မဟုတ်လား
ငွေအားနဲ့ မဟုတ်တောင်လုပ်အားနဲ့ လုပ်နိုင်တဲ့ ပရဟိတလုပ်ငန်းတွေ အများကြီးပါ
လူတိုင်းပရဟိတလုပ်ရမယ်လို့ လည်း မဆိုလိုပါဘူး..........
ကျွန်တော်ပြောချင်တာက......
ကိုယ်မလုပ်ရင်တောင် သူများလုပ်တာကို မတားဆီးသင့်ပါဘူး....။ အဝေဖန်ခံ အပြောခံရရင်တောင်
ကိုယ့်ရည်မှန်းချက် ယုံကြည်ချက်တွေကို မပျက်စီးစေချင်ပါတာပါ...။ ဒါကိုပဲ အထပ်ထပ်ပြောနေရတာ က
ဒီလိုဝေဖန်မှုတွေကြောင့် တွေဝေသွားတက်လို့ ပါ........ကျွန်တော့်ကိုယ်တွေ့ တစ်ခုကို ပြောပြချင်ပါတယ်.....
ကျွန်တော်  ၁၀တန်းကျောင်းသားဘ၀က သူငယ်ချင်းတစ်ယောက်နေတဲ့ ရပ်ကွက်ထဲက ကလေးတစ်ယောက်ကျောင်းစရိတ်မတက်နိုင်လို့ ကျောင်းဆက်မတက်နိုင်ဘူးဖြစ်နေတယ် လို့ ကျွန်တော့်သူငယ်ချင်းဆီ က ကြားခဲ့ ရပါတယ်......။ ဒါနဲ့ သူငယ်ချင်းကို အဲဒီကလေးဆီလိုက်ပို့ ခိုင်းပြီး အကျိုးအကြောင်းမေးကြည့် ဖြစ်ခဲ့ ပါတယ်။
ကလေးက တကယ်စာတော်တဲ့ ကလေးတစ်ယောက်ပါ.....။ ကျောင်းဆက်တက်ဖို့ တော်တော်လေးခက်ခဲနေတာပါ....။ ဘာလို့ လဲဆိုရင်သူ့ မှာ အဖေမရှိတော့ ပါဘူး..........။ သူ့ အမေက ကန်စွန်းရွတ်ခူးပြီး ရောင်းနေရတယ်.....။
နိုးစို့ အရွယ်ကလေးတစ်ယောက်လဲ ရှိနေတော့ အပြင်အလုပ်မလုပ်နိုင်၊ နေတာကလည်းရပ်ကွက် ရဲ့ ရေပေးတဲ့ 
ရေစဉ်ကြီးအောက်မှာ တဲလေးထိုးပြီးနေရတာပါ.....။ ကျွန်တော်အရမ်း သနားသွားပြီး အဲ့ကလေးကို ကျောင်းထား
ပေးဖို့ ဆုံးဖြတ်ချက်ချခဲ့ ပါတယ်....။ ကျွန်တော်ကျောင်းစရိတ်လောက်တော့  ထောက်နိုင်ပါတယ်....။ ကလေးကို
တော့  စာဆက်သင်ခိုင်းပါလို့ ပြောပြတော့ ကလေးအမေမျက်ရည် ပိုးပိုးပေါက်ပေါက်ကျလို့ 
" သားရယ်ကျေးဇူးတင်လိုက်တာ အဒေါ်ဘယ်လိုပြောရမှန်းတောင် မသိတော့ ပါဘူး" လို့ ပြောတဲ့ အသံရယ်...
ကျွန်တော့်ကို ထိုင်ရှစ်ခိုးခဲ့ တဲ့ ကလေးရဲ့ ပုံရိပ်ကို ကျွန်တော်ဒီအချိန်ထိ မမေ့ သေးပါဘူး......
ကျွန်တော်ဘာမှ မလုပ်ပေးရသေးခင်မှာပဲ ရတဲ့ ပီတိကို ကျွန်တော်အရမ်း သဘောကျသွားမိပါတယ်.......
တကယ်လုပ်ဖြစ်လို့ ရတဲ့ ပီတိဆို ပြောနေစရာတောင်မလိုဘူးလို့  တွေးမိပြီး ချက်ချင်းကျောင်းလိုက်အပ် ပေးခဲ့ ပါတယ်...ကွှန်တော်ကိုယ်တိုင်လဲ ပညာရေးကို အလေးထားသူတစ်ယောက်မို့ ပါ...။ ဒါကိုပတ်ဝန်ကျင်က စကားသံတွေကတော့ အပြည့်ပေါ့ဗျာ............(ကိုယ့်ကျောင်းစရိတ်တောင် ကိုယ်မရှာနိုင်သေးဘူး...။ သူများကိုကျောင်းထား
ပေးချင်တယ် တဲ့ ..... အလကားပါ သက်သက်နာမည်ကောင်းလိုချင်တာ) တဲ့ 
ကျောင်းတက်နေရတာပါ.........ဒါပေမဲ့ ......ကျွန်တော်သုံးဖို့ ပေးတဲ့ မုန့် ဖိုးကို ကျွန်တော်ကြိုက်သလို သုံးပိုင်ခွင့်ရှိ
တယ်လို့ ကျွန်တော်ထင်တာပဲ.......။ ဘယ်သူတွေဘာတွေပဲ ပြောနေကြပါစေ.......ကျွန်တော် ဂရုမစိုက်ခဲ့ ပါဘူး..။
ဒါနဲ့ ပဲ ကျွန်တော်ကျောင်းမှာ သော့ ချိတ်တို့ ၊ သီချင်းခွေတို့ ၊ အပြင် ကျောင်းသားတွေကြိုက်တက် တဲ့ ရေးပေးပါတို့ ဒီနေ့ တို့ လို စာအုပ်တွေကို ကျွန်တော်ရောင်းခဲ့ တယ်..။ ရတာကိုလှူတယ်...........
.နောက် ကျွန်တော်တစ်ဆင့်
တက်ပြီး ဒဂုံတက္ကသိုလ်ထဲသွားပြီးတော့.....သော့ချိတ်တို့ သီချင်းခွေတို့ ရောင်းခဲ့ ပါတယ်။
ကျွန်တော်စိတ်သန့် သန့် နဲ့ လှုနိုင်တာပေါ့... ။ ကျွန်တော်ကျောင်းထားပေးခဲ့ တဲ့ ကလေးကလဲ တော်ပါတယ်။
ကျွန်တော်ပေးသမျှမုန့် ဖိုးကို မစားမသောက်ပဲ စာရေးကိရိယာနိုင်သလောက် ၀ယ်ပါတယ်။
နောက်ပိုင်း အတန်းကြီးလာတော့ ပန်းရောင်းပြီး အိမ်ကိုစရိတ်ထောက်ပါတယ်....။
ကျွန်တော်တောင် သူ့ ကိုမုန့် ဖိုးသိပ်မပေးရတော့ဘူး...။ ကျောင်းစာကိုလည်း သူ အရမ်းကြိုးစားပါတယ်..။
အခုဆိုရင် ၁၀တန်းတောင် ရောက်လာပါပြီ.....။ စာအရမ်းတော်ပါတယ်..။ သူ့ ကိုကျွန်တော့်ကိုယ်တိုင် ဂိုက်လုပ်ပေးတယ်.........ရလာတဲ့ အကျိုးအမြတ်တော့ ကျွန်တော် အရမ်းပီတိ ဖြစ်ရတာပါ.....။
ဒါတွေဟာ........ကျွန်တော့်ရဲ့ အောင်မြင်မှုပဲ.....ကျွန်တော်သာ ဘေးစကားတွေနားယောင်ခဲ့ ရင်
ဒီ ညီလေး ၁၀တန်းအထိ ရောက်ပါ့မလား.............................
သူ့ မိသားစုကို ထောက်ပံ့နိုင်ပါ့မလား...............................
ကျွန်တော်ကော ဒီလိုပီတိမျိုးကို စားသုံးနိုင်ပါ့မလား.....????????????
ဒါတွေကိုဘယ်လိုလုပ်ကြမလဲ
လွယ်ရင် သန်းကြွယ်တောင်မနေဘူး ဆိုတဲ့ မြန်မာစကားပုံ လို လွယ်လွယ်လိုချင်ကြတဲ့ အချောင်သမားတွေလည်း
ရှိနေပါသေးတယ်......။ ကားဂိတ်တွေမှာ ထိုင်ရှစ်ခိုးပြီး အတင်းလိုက်ကပ်တွယ်တောင်းနေတဲ့  ကလေးတွေကို
အားလုံးမြင်ဖူးတွေ့ ဖူးကြမှာပါ........။ ဟိုလူကဖယ် ဒီလိုကတွန်းနဲ့  မြင်ရတဲ့ မြင်ကွင်းက စိတ်မချမ်းသာစေပါဘူး..။
မနေနိုင်လို့ ထုတ်ပေးမိပြန်တော့ လည်း အရွယ်မရောက်ခင် ဆေးလိပ်သောက်သူက သောက်နဲ့ နောက်ကွယ်က လူ
တစ်ချို့ ကိုပါ အားပေးအားမြှောက်လုပ်သလို ဖြစ်ရပြန်ပါတယ်..........
ဖြစ်နိုင်ရင် ဒီကလေးတွေကို လမ်းမှန်ရောက်အောင် လုပ်ပေးချင်ပါတယ်.........
လွယ်လွယ်ရတဲ့ ပိုက်ဆံကြောင့် လူတစ်ယောက်ဆီမှာ အသနားခံဖို့  ထိုင်ရှစ်ခိုးဖို့ အထိလုပ်ရဲပြီး ခြေသလုံးဖက်ကာ
သိခဲ့ ရတဲ့ အတွက် ကျွန်တော်ရင်နာမိပါတယ်....။ သက်ကြီးရွယ်အိုတွေနဲ့ ငယ်ရွယ်လွန်းတဲ့ ကလေးတွေကို
အကြောင်းပြုပြီး သူတို့ မို့  စားဝင်သောက်ဝင်ကြတယ်ဗျာ....။
ကျွန်တော်ကိုယ်တိုင် မြင်တွေ့ ခဲ့ ရတာတွေလဲရှိပါတယ်.......................။
တစ်ချို့ဆို ခရီးစရိတ်အကြောင်းပြပြီး လွယ်လွယ်ငွေလိုချင်ကြတဲ့  အချောင်သများတွေကိုလည်း ကျွန်တော် ခဏခဏ
တွေ့ ခဲ့ ဖူးပါတယ်...........။ ဒါတွေကိုကျွန်တော်တို့ .... ပပျောက်အောင်လိုလုပ်မလဲ........???????
လူမျိုးသိက္ခာကျသလို နိုင်ငံအတွက်လဲ နာမည်ပျက်စေပါတယ်...။
ကျွန်တော်တစ်ယောက်ထဲအားနဲ့ တော့  ဖြစ်မြောက်အောင်လုပ်ဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး...။
အားလုံးဝိုင်းပြီးကူညီသွားကြရင် ကျွန်တော်ဝမ်းသာလို့ ဆုံးမှာ မဟုတ်ပါဘူး....။
ပရဟိတစိတ် နဲ့ အများအကျိုးသယ်ပိုးရင်း................ တစ်မျိုးသားလုံး၊ တစ်နိုင်ငံလုံး၊ တစ်ကမ္ဘာလုံးကောင်းကျိုး
ဖြစ်ထွန်းဖို့ ကြိုးစားကြရမှာ လူသားတိုင်ရဲ့ တာဝန် လူငယ်တိုင်ရဲ့ တာဝန်လို့ ခံယူထားကြရင် မကောင်းပါလားခင်ဗျာ..
ဝေဖန်မှုကင်းပြီး
အတဟိတ နှင့်ပရဟိတ ခွဲနိုင်ကြပါစေလို့ ဆန္ဒပြုရင်း
အားလုံးကိုခင်မင်လေးစားလျက်
ကြယ်ရောင်လင်း
9း25(PM)
20.9.11
http://www.mmcfamily.org/profiles/blog/show?id=3003595%3ABlogPost%3A1262067&xgs=1&xg_source=msg_share_post မှ ကူးယူဖေါ်ပြပါသည်။
0 comments:
Post a Comment
စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ
Followers
Total Pageviews
အမှာပါးစရာများရှိနေရင်
Pop up my Cbox
Blog Archive
အက်ဒမင်
အခြားကဏ္ဍများကို လေ့လာရန်
ရှာဖွေလေ တွေ့ရှိလေ
စာပေမြတ်နိုးသူများ
free counters
Related Posts Plugin for WordPress, Blogger...