Sunday, November 6, 2011

“ပါးစပ်အဟောင်းသား ငန်းတော်ကြား”

 (စိမ်းခက်စိုး)

by Sein Khat Soe on Sunday, November 6, 2011 at 12:35pm
 

စိမ်းခက်စိုးမေမေသည် သူ့ကိုအမြဲပြောလေ့ရှိသည်မှာ
နင်ဟာ လည်မလိုလိုနဲ့ ငအတဲ့…။


အစုံမပါတဲ့ကံ အကုန်မြန်သွားပေမယ့်
လူရာမဝင်တဲ့မာန် အကုန်မမြန်သေးတဲ့ကိုယ်ဟာ
ဟုန်းဟုန်းတောက်ကောင်းတုန်း
ရင်ကွဲပက်လက်ဖြစ်ကောင်းတုန်း
တည်ဆောက်ပြုပြင်ကောင်းတုန်း
ဖောက်လုပ် ဖြန့်ဖြူးကောင်းတုန်း…..။



ဒါပေမယ့်
ဘာမှမပါတဲ့ ဗလာစာရွက်တွေဘဲ ပြန်ပြန်ထွက်လာတတ်တဲ့
ပရင့်တာစက်ဟောင်းစက်ပျက်တစ်လုံးလို…
လူ့ဘဝဆိုတာ ထည့်သမျှတိုင်းပြန်မရတတ်ဘူးဆိုတာ
အသက်သုံးဆယ်ကျော်လာတော့
နည်းနည်းလေးသေချာလာခဲ့။


သို့သော်
စိမ်းခက်စိုးသည်
သူ့အမေအားပြန်ပြောလေ့ရှိသည်မှာ
ငန်းတော်ကြား မှန်ရင် ပါးစပ်ဟထားရုံပါ မေမေတဲ့…။


ခုတော့
သူ့သူငယ်ချင်းတွေက တွေ့တိုင်းမေးသည်
မင်းက ခုချိန်ထိ ပါးစပ်ကြီးအဟောင်းသားနဲ့ဘဲလားတဲ့…။


သူ့မေမေနဲ့ သူ
ပြန်မတွေ့ဖြစ်တာတော့ကြာပြီဖြစ်လို့သာ…နို့မိုဆိုလျှင် စိမ်းခက်စိုးသည်….။             ။



စိမ်းခက်စိုး
(တနင်္ဂနွေ) နိုဝင်ဘာလ ၀၅၊ ၂၀၁၁
နေ့လည် - ၁၂း ၃၆ နာရီ
မောင်ဟန် တင်သမျှ၊ တဂ်သမျှပုံများကြည့်ပြီးတိုင်း ပေါ်ပေါ်လာသောစိတ်ကူးအား

  1 comment:

  1. ဘာလဲ ယူ့ကိုစိုးတို့ ခိုင်ချိုတို့က ကိုယ်လာရင် ငန်းတော်ကြားလိုက်လာတယ်တဲ့လား...သိချင်ရင် ၀ိရူပက္ခနဂါးမင်းတို့ ဦးကောဝိဒ အသက်(၁၀၀၀)တို့ သီတဂူဆရာတော်ကြီးတို့ သွားမေးပေါ့။
    ယူ့ကိုယ့်ကိုတွေ့ချင်နေတုန်းပဲလား...ပန်းသီးရောကျွေးချင်သေးတာပဲလား....

    ReplyDelete

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...