Interview with Non Believer
by Boston Cat on Sunday, September 4, 2011 at 7:43pm
ဖြေ။ ။ ဘာသာမဲ့ရယ်လို့ ကိုယ်ကိုကိုယ်ခံယူလိုက်တဲ့အချိန်ကစပြီး ကျွန်တော်ဘာသာမဲ့ တစ်ယောက် ဖြစ်လာတာပါ။ နောက်တစ်ခုအနေနဲ့ကမိရိုးဖလာ ဘာသာရေးတစ်ခုအောက်ကနေ ကျွန်တော်ရုန်းထွက်ခဲ့တယ်။
နောက်တော့တစ်ခြားဘာသာတော်တော်များများကိုလည်း အနည်းနဲ့အများဆိုသလိုလေ့လာဖြစ်ပါတယ်။ အဲဒီအချိန်တွေကျော်လွန် သွားပြီးတော့ ကျွန်တော့်ရင်ထဲမှာတစ်ခုခံစားမိတာက ဘာသာရေးဆိုတာ မူးယစ်ဆေးတစ်ခုလိုပဲလို့ကျွန်တော်ထင်လာတယ်။
မသုံးခင်ကလည်း သူ့ဟာနဲ့သူအဆင်ပြေနေတာပဲ။ ဒါပေမယ့် သူ့ကိုမှီဝဲမိပြီဆိုရင်တော့ဖြတ်ဖို့မလွယ်တော့ဘူး။ နောက်ပြီး သိတဲ့အတိုင်းပဲဗျာ ပုံမှန်ကိစ္စလေးတွေတောင်မှ သူမပါရင်အလုပ်မဖြစ်သလိုဖြစ်လာတယ်။
ဒါနဲ့ကျွန်တော်ကိုယ်ကျွန်တော်ဘာသာမဲ့တစ်ယောက်လို့ခံယူခဲ့တယ်။ ဘာသာမဲ့ဆိုတာ ဘာသာရှိရဲ့အစွန်းတစ်ဖက်ကမဟုတ်သလို မကြည်ကြည်သူတွေဟာ ယုံကြည်သူများကိုဆန့်ကျင်သူတွေလည်းမဟုတ်ပါဘူး။ ကိုးကွယ်မှုကိုဆန့်ကျင်တယ်ဆိုရင် မကိုးကွယ်သူများဆိုရင်လည်းအဓိပ္ပါယ်မပြည့်စုံပါဘူး။ မန်ယူနဲ့ချဲလ်ဆီးကစားနေကြတဲ့ဘောလုံးပွဲမှာရောက်နေတဲ့ သုံးနှစ်သားကလေးလိုပါပဲ။ သူ့အတွက်ဘောလုံးပွဲအနိုင်အရှုံးဟာ သူ့ရဲ့နေ့စဉ်ဘဝလေးကိုပတ်သက်မှုမရှိပါဘူး။ သူဟာမန်ယူအားပေးသူမဟုတ်သလို ၊ ချဲလ်ဆီးအားပေးသူလည်းမဟုတ်ပါဘူး ။ သူ့အဖေဟာမန်ယူပရိတ်သတ်တစ်ဦးဖြစ်ချင်ဖြစ်မယ်။ သူမန်ယူအကျီဝတ်ချင်ဝတ်ထားမယ်ပေါ့လေ။ ဒါပေမယ့်သူဟာ သာမန်ကလေးငယ်လေးတစ်ဦးပါပဲ။
မေး။ ။ ဘာသာရေးနဲ့ပတ်သက်ပြီး လူတွေအများစုသိတဲ့အတိုင်းမိဘ (ဒါမှမဟုတ်) ပတ်ဝန်းကျင်ရဲ့အထိအတွေ့တွေကြောင့် ကိုယ်နဲ့နီးစပ်ရာဘာသာကို ကိုးကွယ်ကြသူတွေများပါတယ်။ အစ်ကို့အနေနဲ့ ဘာသာတရားတစ်ခုဟာ ယုံကြည်ကိုးကွယ်မှုမပြုလုပ်ခင် ကျွန်တော်တို့ကျောင်းသားဘဝတုန်းကစာသင်သလိုမျိုး ဘာသာတိုင်းကိုလူတိုင်းနဲ့ပေးတွေ့ပြီးမှ ကိုယ်နှစ်သက်ရာကို အထူးပြုကိုးကွယ်ဖို့ဆိုရင်ကော လက်တွေ့မှာဖြစ်နိုင်မယ်လို့ယူဆပါသလား။ ဒါဆိုရင်ဘာသာရေး ဟာလွတ်လပ်လာမယ်။ လူသားတွေရဲ့ကိုယ်ပိုင်တွေးခေါ်မှုနဲ့ ဖွဲ့စည်းတည်ဆောက်ထားတဲ့ ကိုးကွယ်မှုပုံစံတစ်ခုဖြစ်လာနိုင်တယ်။ လူသားတွေဟာပိုပြီး ဘာသာရေးသဘောထားကြီးလာပြီးတော့ အစွန်းရောက်ဖို့အားနည်းသွားမယ်။ ယဉ်ကျေးလိမ္မာဖို့ ၊ လူပီသဖို့ဘာသာရေးဟာ ထိန်းကျောင်းပြုပြင်ပေးနိုင်လာမယ်။ ဘာသာရေးဆိုတာ ငြိမ်းချမ်းရေးအတွက် ၊ လူသားမျိုးနွယ်တိုင်းရဲ့ဗီဇသဘာဝမှာ ဖြစ်တတ်တဲ့အားငယ်စိုးထိတ်မှု ၊ ကြောက်ရွံ့မှုနဲ့ အထီးကျန်စိတ်ဓာတ်ကျဆင်းမှု တစ်ချို့တစ်လေကို အာသာပြေစေဖို့အတွက် အာသာဖြေယုံကြည်မှုတစ်ခုဖြစ်လာနိုင်တယ်လို့ကောယူဆပါသလား။
ဖြေ။ ။ မိရိုးဖလာ ယုံကြည်မှုဆိုတာတော်တော်ပြောရခက်ပါတယ်။ ဥပမာအနေနဲ့ဘာသာမဲ့မိသားစုကပေါက်ဖွားလာတဲ့သားသမီးတွေဟာ ဘာသာမဲ့ဖြစ်လာနိုင်သလားဆိုတာကို ကျွန်တော်တွေးကြည့်ဖူးတယ်။ သူတို့အနေနဲ့ အများသူငါယုံကြည်မှုတွေရဲ့ ကြားမှာ ယုံကြည်မှုကင်းမဲ့သူ ၊ ဘာသာမဲ့သူတစ်ယောက်အနေနဲ့ရပ်တည်ရှင်သန်ဖို့ခက်ခဲပါလိမ့်မယ်။ ပြောချင်တာက ညာလက်နဲ့ထမင်းစားသူတွေ ကြားမှာဘယ်သန်တစ်ယောက်ရဲ့ အလေ့အထတွေဟာနည်းနည်းတော့အံမဝင်သလိုအကြည့်ခံရပါလိ့မ်မယ်။ ဒါဆိုရင်သူ့ကို ဘာသာရေးအပြင်းအထန်စွဲလန်းမှုတစ်ခုမဖြစ်အောင် မိဘတွေကပြုပြင်ပေးလိုက်လို့ရပါတယ်။ သူစဉ်းစားနိုင်တဲ့အရွယ်ရောက်တဲ့အခါမှာ သူယုံကြည်သူလား မယုံကြည်သူလားဆိုတာကို ကြည့်ပြီးသူ့အတွက်သင့်တော်တဲ့ပွိုင့်တစ်ခုမှာ နေရာချပေးနိုင်ရပါမယ်။ ဒါဆိုရင်သူဟာ သာသာရေးဆိုတာဘာလဲလို့သိလာမယ်။ နောက်ပြီး သူရှင်သန်နေထိုင်သွားတဲ့ဘဝတစ်သက်တာ အချိန်ကာလမှာ ဘာသာရေးရဲ့ကောင်းကျိုး ၊ ဆိုးကျိုးကိုသုံးသပ်ဝေဖန်နိုင်လာမယ်။ ကျွန်တော်ပြောချင်တာက သူဟာ ဘာသာမဲ့မိဘနှစ်ပါးကမွေးဖွားလာတယ်ဆိုပေမယ့် သူ့မှာဘာသာကိုးကွယ်ယုံကြည်နိုင်ခွင့်ဆိုတဲ့ မွေးရာပါအခွင့်အရေးရှိနေပါတယ်။ ကျွန်တော်တို့တောင် ဘာသာရှိမိဘတွေကနေပြီးတော့မွေးဖွားခဲ့သေးတာပဲမဟုတ်လား။
နောက်တစ်ခုကယုံကြည်တယ်ဆိုတာက အတင်းလုပ်ယူလို့မရသလို အတင်းမယုံကြည်ခိုင်းလို့လဲမရပါဘူးလို့ ကျွန်တော်ယူဆပါတယ်။ သင့်တော်တဲ့အကြောင်းပြချက်မရှိဘဲ လူသားတစ်ဦးကိုဒါကိုမယုံနဲ့ ၊ ဒါကိုတော့ယုံလို့ဆိုပြီး လက်ခံအောင်ပြောပြဖို့မလွယ်ဘူး။ နောက်တစ်ခုက မယုံကြည်သူဟာလည်းသူ့အကြောင်းပြချက်နဲ့သူဖြစ်နေပြီး ၊ ယုံကြည်သူဟာလည်းသူ့အကြောင်းပြချက်နဲ့သူတော့ရှိနေတာပါပဲ။ နောက်တစ်ချက်အနေနဲ့ဘာသာတိုင်းကိုလူတိုင်းနဲ့ပေးတွေ့မယ်။ နောက်ပြီးမှကိုယ်နှစ်သက်ရာကိုကိုးကွယ်လို့ဆိုပြီး လုပ်ကြမယ်ဆိုရင် ဒီနေ့ကျွန်တော်တို့မြင်တွေ့နေရတဲ့ဘာသာရေးတွေဟာ တစ်ခုမှရှင်သန်နိုင်မှာ ၊ နှစ်ပေါင်းများစွာဒီကမ္ဘာပေါ်မှာတည်ရှိနေမှာမဟုတ်ဘူးလို့ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဘာသာရေးဆိုတာက အပိတ်သဘောဆောင်ပါတယ်။ ဒါကြောင်မို့လို့လူသားတစ်ဦးဟာ အရွယ်ရောက်ရင့်ကျက်လာတဲ့အချိန်ကျမှ မင်းဟာအရွယ်ရောက်ပြီဖြစ်တဲ့အတွက် မင်းကြိုက်တဲ့ဘာသာတစ်ခုကိုရွေးချယ်နိုင်ပြီလို့သတ်မှတ်ပေးတာဟာ ကျွန်တော်တို့လူငယ်တွေကို ဆယ့်ရှစ်နှစ်ပြည့်ပြီးမှ လိင်ပညာရေးသင်ပေးသလိုဖြစ်နေပါလိမ့်မယ်။ လူဟာမဖြစ်မနေသိရှိရမယ့် သဘာဝကိစ္စတစ်ချို့ကိုနောက်ကျပြီးမှသိတယ်ဆိုရင် လမ်းမှားကိုရောက်သွားနိုင်သလို လမ်းမှန်ကိုလည်းမရောက်နိုင်ပါဘူး။ ဒါဆိုရင်ကျွန်တော်တို့အခုလက်ရှိ လူတွေလက်ခံထားသလို လိင်ကိစ္စမှာ သူ့သဘာဝအတိုင်းဆောင်ရန်ရှောင်ရန်တွေကိုပေးသိမယ်။
တစ်ချို့ကိစ္စတွေကိုအရမ်းအစွန်းရောက်မသွားအောင်မိဘတွေကထိန်းကျောင်းပေးမယ်။ တစ်ခြားတစ်ဖက်မှာလည်း ယဉ်ကျေးမှုထုံးတမ်းစဉ်လာတွေနဲ့မပတ်သက်ဘဲ လူသားတစ်ဦးရဲ့သဘာဝကိုအရှိအတိုင်းသင်ကြားပြသပေးမယ်။ သူ့ကိုယ်သူလိင်နဲ့ပတ်သက်ပြီး မျှတစွာသုံးသပ်နေထိုင်နိုင်သူဖြစ်လာမယ်ဆိုရင် သူဟာလူသားဘဝမှာ လိင်ရဲ့အခန်းကဏ္ဍကိုဘယ်လိုကပြသွားရမလဲဆိုတာသိလာမယ်။ အိမ်ထောင်ပြုတာမပြုတာကတော့သူရဲ့ရွေးချယ်မှုဖြစ်လာမယ်။ ကျွန်တော်ပြောခဲ့တာမျိုးတောင်မှ လက်တွေ့မှာဖြစ်နိုင်ဖို့တော်တော်ကြိုးစားယူရတယ်ဆိုတာ သိမယ်ထင်ပါတယ်။ ဒါဆိုရင်ဘာသာတရားတစ်ခုကို လူသားတစ်ဦးရဲ့ဘဝမှာ ဘယ်လိုအနေအထားမျိုးနဲ့ပါဝင် ကပြစေချင်တာလဲဆိုတာက ပထမအရေးကြီးပါတယ်။ ဘဝအတွက်အရမ်းအရေးပါတဲ့အရာလိုမျိုးလား။ ဒါမှမဟုတ်အများမိုးခါးရေသောက်ပဲလား။ ဒါမှမဟုတ် ဆိုခဲစေမြဲစေဆိုသလိုမျိုး ရှိခဲ့တာလည်းရှိစေတော့ဆိုပြီး ကျွန်တော်တို့ကျေကျေနပ်နပ်ချည်နှောင်ခံခဲ့တာမျိုးလား ။ ဒါမှမဟုတ်ဘာမှမဆိုင်သလိုနေလို့ရတာမျိုးလားဆိုတာက ကိုယ့်ခံယူချက်နဲ့အများကြီးသက်ဆိုင်ပါတယ်။ ကိုယ်ဟာဘယ်လိုတွေးခေါ်သူလဲဆိုတာအရေးကြီးပါတယ်။ ကျွန်တော်တို့တွေ တွေးကြသူချည်းပါပဲ။ ငါကမှဖလော်သမားရယ်လို့တော့ပိုပြီးတစ်မူထူးနေစရာမရှိပါဘူး ။ အားလုံးဟာကိုယ့်ဟာနဲ့ကိုယ် ၊ ကိုယ့်ဒဿနနဲ့ကိုယ်တွေချည်းပါပဲ။ ကောင်းပြီ။ ဘာသာတရားတစ်ခုဟာ လူ့ဘောင်ကိုပိုပြီး ငြိမ်းချမ်းစေသလား ? ပိုပြီးအတိဒုက္ခရောက်စေသလားဆိုတာက အဲဒီ့ဘာသာနဲ့လုံးဝမပတ်သက်ဘူးလို့ကျွန်တော်တော့မြင်ပါတယ်။ ပြောချင်တာက အိုးပူမှစလောင်းပူတာပါ။ ကိုယ်ကိုယ်တိုင်က အိုးနဲ့မပတ်သက်ခဲ့ရင်ဘာမှကိုပူစရာမရှိပါဘူး။ ဘာသာရေးအဆုံးအမတွေကြောင့်ကျွန်တော်တို့ဟာပိုပြီးယဉ်ကျေးလာတာလား။ ဒါမှမဟုတ်ပိုပြီးရိုင်းစိုင်းလာသလား။ ပိုပြီးကြောက်တတ်လာသလား။ ပိုပြီးယုံကြည်မှုတွေရှိလာတာလား။ ဒါတွေကိုလိုက်ပြီးစဉ်းစားနေမယ်ဆိုရင် သူ့ဘုရားက ငါ့ဘုရားလောက်တန်ခိုးမရှိဘူးဆိုတာကိုငြင်းသလိုဖြစ်နေပါမယ်။ ဒါတွေဟာ ဘာသာရေးမရှိလဲလူ့လောကထဲမှာ လူ့ဆိုတဲ့အဖွဲ့အစည်းထဲမှာရှိသင့်တဲ့အရာတွေပါ။ သနားညာတာမှု ၊ ဂရုဏာရှိမှု ၊ ဖြောင့်မှန်မှု ၊ ရိုးသားမှု ၊ သည်းခံခွင့်လွှတ်နားလည်တတ်မှု ၊ လူသားချင်းစာနာထောက်ထားမှု ၊ လူ့အဖွဲ့အစည်းအတွက်အကျိုးပြုမှု စသည်ဖြင့်ပေါ့။ သူတစ်ပါးအသက်ကိုသတ်ဖြတ်တာဟာ မကောင်းဘူး။ သူများပစ္စည်းဥစ္စာကိုခိုးယူတာဟာမကောင်းဘူး ဒါမျိုးတွေဟာလည်း လူ့သားတွေရဲ့ကြားမှာ ရှိသင့်တာမျိုးမဟုတ်ဘူးလား။ နိဗ္ဗာန်နဲ့ငရဲကိုဖန်တီးပြီး ကျွန်တော်တို့ကို အယုံသွင်းပြီး ရှောင်ကျဉ်ခိုင်းတာမျိုးထက် ဘာအကြောင်းပြချက်မှမလိုဘူး။ ကောင်းတယ် မကောင်းဘူးဆိုတာ မင်းဘာသာစဉ်းစားကြည့်ပြီးဆုံးဖြတ်ပေါ့ကွာ ဆိုတဲ့အတွေးအခေါ်မျိုးကိုပိုသဘောကျပါတယ်။ ပြောချင်တာကတော့ကိုယ်လုပ်ချင်တာကို ကိုယ်လုပ်ပိုင်ခွင့် ရွေးချယ်ပိုင်ခွင်ဆိုတာ လူသားရဲ့အခြေခံအကျဆုံးလွတ်လပ်ခွင့်ပဲမဟုတ်လား။
ဘာမှန်းမသိဘဲလူတစ်ယောက်ကိုသက်လိုက်တာထက် အယုံသွင်းခံရပြီးသတ်ရတာ ပိုကြောက်ဖို့ကောင်းပါတယ်။ အနီးစပ်ဆုံးဥပမာ တစ်ခုကတော့ ရဲဘော်မသေ ၊ သေသော်ငရဲမလား ဆိုတာပါပဲ။ ဟုတ်ပြီ ဟစ်တလာလိုလူတွေအများကြီးသတ်ခဲ့တာမျိုးဟာ ယုံကြည်ချက်တစ်ခုအတွက်သတ်တာဖြစ်တယ်လို့ကျွန်တော်ထင်ပါတယ်။ ဒီလိုပါပဲကျွန်တော်တို့တွေဟာ ယုံကြည်မှုအမျိုးမျိုးကိုစွဲကိုင်ပြီး အသက်ရှင်သန်နေကြတဲ့သူတွေချည်းပါပဲ။ ဘာယုံကြည်မှုမှကိုမရှိဘူးလို့ ကျွန်တော်ကိုလူတစ်ယောက်ကပြောမယ်ဆိုပါတော့။ ဒါဆိုရင် ကျွန်တော်တို့ရဲ့သမိုင်းကို ပြန်ကြည့်ကြည့်ပေါ့။ ကမ္ဘာကြီးလုံးတယ်ဆိုတဲ့သိပ္ပံသဘောတရားလေးကိုတောင်မှ လူတွေလက်ခံဖို့အတော်ကြိုးစားခဲ့ရတယ်။ ကမ္ဘာဟာနေကိုလှည့်ပတ်ဆိုတာကို လက်ခံဖို့အများကြီးပေးဆပ်ခဲ့ရတယ်။ ကောင်းပြီးဒါဆိုရင် အခုအချိန်မှာ အဲဒီ့လူတွေကိုပြန်ကြည့်ပြီးသနားစရာလူတွေလို့ တွေးမိလား။ ဘာသာရေးယံလုကြည်ချက်ကြောင့် အမှန်တရားကိုတောင်မှငြင်းပယ်သူတွေလို့များ ကျွန်တော်တို့တွေတွေးမိကြလား။
ဒါဆိုရင်နောက်နှစ်ငါးရာလောက်ကြာသွားရင် ကျွန်တော်တို့လည်းဒီလိုအတွေးခံရပါလိမ့်မယ်။ ကမ္ဘာကြီးကနေကိုလှည့်ပတ်နေတယ်ဆိုတာကိုကျွန်တော်တို့အခုလက်ခံကြတယ်။ နောက်ပြီးယုံကြည်ကြတယ်မဟုတ်လား။ နောက်နှစ်ငါးရာလောက်မှာအဲဒီ့ဟာကမှားနေပါတယ်လို့ သိပ္ပံပညာကရှာဖွေတွေ့ရှိသွားတယ်ဆိုပါတော့....။ ဘာသာရေးဟာအာသာဖြေမှုတစ်ခုဆိုရင် ကျွန်တော့အနေနဲ့တော့အန္တရာယ်များလွန်းတဲ့အာသာဖြေမှုတစ်ခုလို့သုံးသပ်ပါတယ်။
မေး။ ။ ဒါဆိုရင် ဘာသာရေးဟာ လိင်ကိစ္စမဟုတ်တဲ့အတွက်သီးသန့်တစ်ခုအနေနဲ့ကျွန်တော်တို့စဉ်းစားကြည့်ကြရအောင်။ ဘာသာရေးကိုမလိုအပ်ပါဘူးလို့အဆိုပြုကြကြေးဆိုရင် ဘာသာရေးမဟုတ်တာတစ်ခုကကျွန်တော်တို့လူ့အသိုင်းအဝိုင်းထဲမှာပြန်နေရာယူလာပါလိမ့်မယ်။ ဒါဆိုရင် အခုဘာသာမဲ့တွေဟာ တစ်ချိန်မှာဘာသာကိုးကွယ်မှုတွေလိုမျိုးကော ဂိုဏ်းဂဏတွေကွဲလာနိုင်ပါလား။ မယုံကြည်မှုဆိုတာ ယုံကြည်မှု(ယုံကြည်သူများ)ကိုဆန့်ကျင်သူများ ဆိုပြီးတော့ဖြစ်လာနိုင်သလား။ ဘာသာမဲ့တွေကိုယ်တိုင်ကဘာသာရေးဆိုတာမရှိတော့ရင်သူလိုငါလိုလူသားတစ်ဦးဖြစ်သွားမှာလား။ ဒါမှမဟုတ်ဘာသာမဲ့အချင်းချင်း ကွဲပြားမှုတွေဖြစ်လာနိုင်ပါသလား။ ဘာသာရေးတွေကတော့နှစ်ထောင်နဲ့ချီပြီးသက်တမ်းရှည်ကြာအောင် တည်ရှိနေခဲ့တယ်။ ဘာသာမဲ့တွေကကောနှစ်ပေါင်းဘယ်လောက်ကြာအောင် ရပ်တည်နိုင်မယ်လို့ယူဆပါလဲ။ ဘာသာတရားတိုင်းရဲ့သမိုင်းကိုပြန်ကြည့်မယ်ဆိုရင် လူတွေဟာမီးကနေအစပြုပြီး ဒီနေ့အထိကိုးကွယ်မှုပေါင်းများစွာကို ကိုးကွယ်နေတာကိုတွေ့နိုင်ပါတယ်။ ဒါဆိုရင်ဒါတွေအားလုံးဟာအဓိပ္ပါယ်မရှိပါဘူးဆိုတာသိရုံနဲ့တင်မဟုတ်ဘဲ လူသားတွေလက်ခံယုံကြည်လာအောင် ဘယ်လိုလုပ်ရမယ်လို့ထင်ပါသလဲ။ သိပ္ပံပညာအရဆိုရင်ကမ္ဘာကြီးရဲ့အောက်မှာငရဲမရှိသလို ကောင်းကင်မှာလည်း ဘာမှမရှိတာသေချာပါတယ်။ ဒါပေမယ့်ကျွန်တော်တို့လက်မခံနိုင်သေးဘူးမဟုတ်လား။
ငရဲ့နဲ့နိဗ္ဗာန်ဟာဈေးကောင်းတုန်းပဲဆိုတာ အကြမ်းဖက်သမားတွေကိုကြည့်ပြီးသိနိုင်ပါတယ်။ အခုအချိန်မှာအစ်ကိုတို့လိုဘာသာမဲ့တွေအနေနဲ့ ဘာသာရှိသူတွေရဲ့ကြားမှာဘယ်လိုနေရာကနေရပ်တည်နေမှာလဲ။ ကျွန်တော်မေးချင်တာက ဒီနေ့ပဲကမ္ဘာကြီးမှာဘာသာအသစ်တစ်ခုပေါ်တယ်ဆိုပါစို့။ အဲဒါကိုလည်းအစ်ကိုတို့က ဘာသာမဲ့ဆိုတော့လုံးဝလက်မခံဘဲဆန့်ကျင်မှာလား။ ဘာသာမဲ့တစ်ယောက်ဟာ လုံးဝဘာသာရေးအပေါ်ကိုအယုံအကြည်မရှိသူလို့ခံယူမယ်ဆိုရင် ဘာသာရေးထဲက အကောင်းအဆိုးတွေအားလုံးအပေါ်မှာကိုကောယုံကြည်မှုကင်းမဲ့ပါသလား။ သာသာရေးထဲက ဘုရားကိုဖယ်ထုတ်ပြီးကျန်နေမယ့် လက်ခံနိုင်စရာကျင့်ဝတ်တစ်ချို့တစ်လေအပေါ်မှာကော ဘာသာမဲ့တွေကလိုက်နာနိုင်ပါသလား။ ဆိုလိုတာက ဘာသာရေးတွေက အသက်သတ်တာ မကောင်းဘူးလို့အားလုံးက တစ်ညီတစ်ညွတ်တည်းပြောကြမယ်ဆိုရင်ပေါ့။ ဘာသာမဲ့တွေဟာ အသက်သတ်ခြင်း ၊ မသတ်ခြင်းအပေါ်မှာ အကောင်းအဆိုးကိုမဆုံးဖြတ်ခဲ့ရင်တောင်မှ လူသားတစ်ဦးအနေနဲ့လိုက်နာသင့်တာမျိုးဖြစ်တဲ့အတွက် လိုက်နာတာမျိုးဖြစ်လာမလား။ နောက်ပြီး မယုံကြည်သူများဆိုတာနဲ့ မကိုးကွယ်သူများဆိုတာကို ဘာသာမဲ့တွေအနေနဲ့ဘယ်လိုလက်ခံထားပါသလဲ။
ဖြေ။ ။ အစပိုင်းမှာပြောခဲ့သလိုပါပဲ။ ဘာသာရေးဆိုတာကိုကျွန်တော်က လက်ခံယုံကြည်ကိုးကွယ်မှု လို့လက်ခံပါတယ်။ ကျွန်တော်တို့တွေဟာ တစ်ခုခုကိုလက်ခံမှုမပါပဲဘဲယုံကြည်ဖို့ဆိုတာမဖြစ်နိုင်ပါဘူး။ ဘယ်ဘာသာရေးကမှပြောသည်ဖြစ်စေ ၊ မပြောသည်ဖြစ်စေ လူဟာတစ်နေ့ကျရင်သေမှာအမှန်ပါပဲ။ ဒါကိုကျွန်တော်လက်ခံပါတယ်။ ဘာလို့လက်ခံသလဲဆိုတာ ပြောပြဖို့တောင်မလိုတော့ပါဘူး။ လူသားတွေနေ့တိုင်းသေနေကြတာပဲဗျာ။ ကောင်းပြီ။ ဒါဆိုရင်တစ်နေ့ကျရင် ကျွန်တော်အိုမင်းသွားမှာမျိုး မျက်စိမှုန်သွားမှာမျိုး စသည်ဖြင့်ပေါ့ဗျာ။ အားလုံးကိုကျွန်တော်လက်ခံပါတယ်။ ဒါလူသားတိုင်းတွေ့ကြုံရမှာလေ။ လက်ခံမှုဆိုတာနဲ့ ယုံကြည်မှုဆိုတာ အကြွေစေ့ရဲ့ခေါင်းနဲ့ပန်းလိုပါပဲ။ တစ်ခုကိုတော့မလွှဲမသွေရင်ဆိုင်ရမှာပဲ။ ခင်ဗျားမယုံကြည်ချင်နေပါ။ လက်တော့ခံရမှာပဲ။ ဒါပေမယ့် လက်ခံထားတဲ့အရာအားလုံးကိုကော ယုံကြည်လားဆိုတာကအရေးကြီးလာပြီ။ ကျွန်တော်သေရမယ်ဆိုတာကို ယုံကြည်တာပေါ့ဗျာ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်လက်ခံတယ်လေ။ ဒါဆိုရင်လက်ခံတိုင်း ယုံကြည်တာလား။ ဘာသာတရားမှာ ဘုရားသခင်ရှိတယ်ဆိုတာကိုလက်ခံတယ်။ ဒါကြောင့်ဘုရားကိုယုံကြည်တယ်။ အဲဒီ့တော့ဘုရားနဲ့ပတ်သက်တာတွေကို အားလုံးလက်ခံယုံကြည်ကြတယ်။
နောက်တော့ယုံကြည်မှုတွေအားလုံးကို ဘုရားအပေါ်မှာလောင်းကြေးထပ်တယ်။ ခင်ဗျားမှာရှိသမျှအကုန်ပေါ့။ လူသားဘဝတစ်လုံးနဲ့ခင်ဗျားရင်းတယ်။ အဲဒီ့တော့လူပဲဗျာ။ မရှုံးချင်ဘူး။ ဒီတော့ကာကိုယ်ဘာသာရေး(ဘုရား)ကို ကိုယ်အနိုင်ပေးချင်လာတယ်။ အားလုံးထက်သာတယ်ပေါ့။ အဲဒီမှာစပြီးဘာသာရေးဟာအရေထူလာတယ်။ နောက်တော့အပွေးတက်လာတယ်။ အခုနောက်ဆုံးပတ်ကြားအက်တဲ့အထိပဲ။ ဘုရားဆိုတာ ခင်ဗျားကိုအလင်းရောင်ပေးသူလို့ ခင်ဗျားယုံကြည်နေတယ်ဆိုပါတော့။ ဘယ်လိုအလင်းရောင်မျိုးလဲဆိုရင် လူသားတစ်ဦးအသက်ရှင်နေထိုင်သွားတဲ့သက်တမ်းလေးတစ်ခုအတွင်းမှာ ငါဟာအင်မတန်ရတောင့်ရခဲတဲ့အဆုံးစွန်ဆုံးစိတ်ချရမှုတစ်ခု ကိုပိုင်ဆိုင်ခဲ့ရပါလားလို့ သူကိုယ်တိုင်ခံစားခဲ့ရဖို့ဘာသာရေးဟာကူညီပါလိမ့်မယ်။ လူသားတွေသေခါနီးရင် ကိုယ်အယုံကြည်ရဆုံးအရာကိုတမ်းတလေ့ရှိပါတယ်။ လူသားတစ်ဦးဟာ သူ့သက်တမ်းလေးအတွင်းမှာ အချမ်းသာဆုံးမဖြစ်နိုင်ဘူး ။ အသိဥာဏ်အရှိဆုံးမဖြစ်နိုင်ဘူး ။ အားလုံးကိုသိသွားတဲ့လူမဖြစ်နိုင်ဘူး ။ အားလုံးကိုရယူနိုင်တဲ့လူမဖြစ်နိုင်ဘူး ။ အားလုံးကိုပိုင်ဆိုင်သူမဖြစ်နိုင်ဘူးမဟုတ်လား။ ဒါဆိုရင်ကျွန်တော်အခုပြောတဲ့အရည်အချင်းမျိုးတွေကို ဘုရားဆိုတဲ့ပုဂ္ဂိုလ်တွေကိုအကြွင်းမရှိပေးအပ်ထားတာ ကိုတွေ့နိုင်ပါတယ်။ ခင်ဗျားယုံကြည်နေတဲ့ဘုရားမှာကော ဒါမျိုးအရည်အချင်းတွေအပြည့်ရှိနေတယ်လို့များမခံစားမိဘူးလား။ နောက်တစ်ခုကခင်ဗျားဟာအပြစ်ကင်းချင်ပါတယ်။ ပြောရရင်တော့ စိတ်ပြစ်ကင်းချင်ပါတယ်။ ဒါဆိုရင်လည်းဘာသာရေးဟာ မကြာခဏခင်ဗျားစိတ်ကိုတံမြက်စည်းလှဲဖို့ကူညီပါလိမ့်မယ်။ ဒီနေရာအထိခင်ဗျားဖတ်ပြီးပြီဆိုရင် ဘာသာတစ်ခုခုကိုကိုးကွယ်သူတစ်ယောက်ဟာ မနှစ်မျို့တာမျိုးခံစားရလိမ့်မယ်ထင်တယ်။ ဒါဆိုရင်ခင်ဗျားဟာ ဘာကြောင့်ကျွန်တော့်ကိုမနှစ်မျို့တာလဲ။ ဒေါသထွက်တာလဲ။ ခင်ဗျားယုံကြည်ရာကိုကျွန်တော်ထိုးနှက်နေလို့လား ။ ခင်ဗျားကိုးကွယ်ရာကိုကျွန်တော်ပုတ်ခတ်နေလို့လားလို့ကျွန်တော်ကမေးမယ်။ တကယ်တော့ခင်ဗျားဒေါသထွက်နေတာဟာ ဒါတွေအားလုံးကြောင့်မဟုတ်ပါဘူး။ ကျွန်တော်ပြောတဲ့အရာတွေထဲမှာ (ခင်ဗျားလက်ခံနိုင်တဲ့) လက်ခံမှုတစ်ချို့ပြုတ်ကျကျန်နေခဲ့လို့ပါ။ ဒါကြောင့် ကျွန်တော်ပြောနေတာကိုမယုံကြည်နိုင်ဘူးဖြစ်နေတယ်။ ကျွန်တော်နားလည်ပါတယ်။ ဘာသာမဲ့တွေဟာဂိုဏ်းဂဏတစ်ခုမဟုတ်သလိုအဖွဲ့အစည်းတစ်ခုလည်းမဟုတ်ပါဘူး။ ပြောရရင်တော့ကိုးကွယ်ယုံကြည်မှုကိုမလိုအပ်သူများလို့ကျွန်တော်မြင်ပါတယ်။ ကျွန်တော်တို့ဟာ ယုံကြည်သူတွေကိုမဆန့်ကျင်သလို မယုံကြည်မှုတစ်ခုကိုလည်းဆုပ်ကိုင်ထားသူတွေမဟုတ်တဲ့အတွက် ဒီနေ့ပဲကမ္ဘာကြီးပေါ်မှာ ဘာသာအသစ်တစ်ခုပေါ်ပေါက်လာမယ်ဆိုရင်လည်းကျွန်တော်တို့နဲ့ဂိုဏ်းဂဏကွဲတာမျိုး ရန်ဖက်လိုမျိုးဖြစ်မှာမဟုတ်ဘူးလို့မြင်ပါတယ်။ ဘာသာမဲ့တွေဟာ နှစ်ပေါင်းဘယ်လောက်ကြာအောင်ရပ်တည်နိုင်မှာလဲဆိုတာကတော့လူသားတွေရဲ့အယူအဆတွေ သဘာဝတွေနဲ့ပဲဆိုင်မယ်ထင်ပါတယ်။ လူတွေဟာရွှေကိုတန်ဖိုးထားရမှန်းမသိခင်အချိန်ကာလမျိုးမှာ ခင်ဗျားမှာရွှေတန်ချိန်ထောင်ပေါင်းများစွာရှိစေဦးတော့ အသုံးမဝင်သလိုပါပဲ။ လူသားတွေလက်ခံနေသမျှဘာသာရေးဆိုတာက ရှိနေဦးမှာဖြစ်သလို ၊ လူသားတွေလက်ခံနေသမျှတော့ ဘာသာကိုးကွယ်မှုမရှိသူတွေဟာလည်းရှိနေမှာဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့လူသားတွေကြားမှာ ဘာသာရေးဆိုတာကမရှိတော့ဘူးဆိုပါတော့။ လူသားအားလုံးမှာ ယုံကြည်ကိုးကွယ်မှုတွေပပျောက်သွားပြီဆိုပါတော့။ နောက်ယုံကြည်ကိုးကွယ်မှုတစ်ခုကအစားထိုးဝင်ရောက်လာမှာလားဆိုတာလည်း လူသားတွေနဲ့ပဲဆိုင်နေဦးမှာပါ။ ဒါဆိုရင်ကိုးကွယ်ယုံကြည်မှုတိုင်းမှာ ကိုးကွယ်သူရှိတယ်ဆိုရင် မကိုးကွယ်သူလည်းရှိမှာအသေအချာပါပဲ။ တစ်ခုခုကိုမဖြစ်မနေကိုးကွယ်မှကိုဖြစ်မယ်ဆိုတာမျိုးကို ကျွန်တော်လက်မခံပါဘူး။ ဒါဟာ လူသားတစ်ဦးရဲ့ အခြေခံလွတ်မှုတစ်ခုကို ဘာသာရေးရဲ့ချုပ်ကိုင်မှုလို့မြင်ပါတယ်။ ဘာသာကိုးကွယ်မှုမရှိသူတွေဟာလည်းတစ်ခြားတစ်ခုကိုယုံကြည်လက်ခံနေတာမျိုးလည်းဖြစ်နေနိုင်ပါတယ်။ ဒီနေရာမှာ ဘုရားကိုဖယ်ထုတ်ပြီးဘာသာရေးထဲက လူတွေလိုက်နာသင့်တယ်လို့ထင်တာမျိုးကိုဘာသာမဲ့တွေက လိုက်နာမှာလားဆိုတာကိုပြောချင်ပါတယ်။ ဘုရားမရှိဘဲဘာသာမရှိဘူးဆိုတဲ့အယူအဆမှာ အားနည်းချက်တစ်ချို့ရှိပါတယ်။ ဘုရားသခင်ကလိုက်နာခိုင်းထားတာတွေအားလုံးကို ဘာသာဝင်တွေ အဲဒီ့ဘုရားကိုသက်ဝင်ယုံကြည်သူတွေက လိုက်နာတာကိုတွေ့နိုင်ပါတယ်။ ဒါဆိုရင် အဲဒီ့ဘုရားဟာကောင်းတာတွေ မှန်တာတွေအားလုံးကိုပဲပြောခဲ့ပါတယ်ဆိုတာကို ဘယ်လိုလက်ခံမှုမျိုးနဲ့လူသားတွေ ဘာသာဝင်တွေကလက်ခံခဲ့တာလဲ။ သူကဘုရားပဲလေ အကုန်လုံးသိမှာပေါ့လို့ဆိုရင် အဲဒီ့ဘုရားအပေါ်မှာတောင်မှတာဝန်မကျေသလိုဖြစ်နေတာဖြစ်ပါတယ်။
ဟုတ်ပြီ။ ကျွန်တော်တို့ကိုယ်တိုင် လိုက်နာကျင့်သုံးခဲ့ပြီး အားလုံးဟာအမှန်တကယ်လက်ခံယုံကြည်လောက်တဲ့အရာတွေဖြစ်တယ်။ ဒါကြောင့်ကျွန်တော်တို့လက်ခံနေတာဖြစ်တယ်ဆိုရင် ကျွန်တော်ကခင်ဗျားကိုလက်ခံလောက်တဲ့အကြောင်းတစ်ခုပြောမယ်သင်သေပြမယ်ဆိုရင်ကောခင်ဗျားလက်ခံမှာလား။ လက်ခံမယ်လို့ခင်ဗျားဖြေမယ်။ ကောင်းပြီဒါဆိုရင် ကျွန်တော်ပြောမှာကိုဘာသာရေးအမြင်နဲ့မတိုင်းတာပါဘူးလို့ကော ကတိပေးနိုင်လားလို့မေးမယ်။ ဒါဟာလွယ်လွယ်မဟုတ်ဘူးဗျ။ သိပ္ပံပညာကိုတောင်ဘာသာရေးအကြောင်းပြချက်နဲ့ လူတွေငြင်းပယ်ခံရတယ်ဆိုရင် ကျွန်တော်ပြောတဲ့သာမန်အမှန်တရားတစ်ခုဟာ လူတွေကြားထဲမှာ လက်ခံယုံကြည်အောင်လုပ်ဖို့သိပ်ခက်တယ်လို့ထင်ပါတယ်။ ဒါဆိုရင်တစ်ချို့လူတွေကပြောမယ်။ ငါတို့အဲဒီလောက်စဉ်းစားဥာဏ်မမဲ့ပါဘူးလို့ေ ချပကြမယ်။ ကျွန်တော်လက်ခံပါတယ်။ ဒါပေမယ့် သက်သေပြဖို့တော့လိုပါလိမ့်မယ်။ ကျွန်တော်ဟာမကောင်းတဲ့မိန်းမတစ်ယောက်နဲ့မကြာခဏအိပ်တယ်ဆိုပါတော့။ ခင်ဗျားက ကျွန်တော်အေအိုင်ဒီအက်စ်ရောဂါရလိမ့်မယ်လို့ပြောမယ်။ ဟုတ်ကဲ့ ဒါဆိုရင်ကျွန်တော်လက်ခံတဲ့အပြင်ကြောက်လည်းကြောက်လာတယ်။ ခင်ဗျားက အက်ဖိုသင်ရောဂါရမယ်လို့ပြောမယ်။ ဟုတ်ကဲ့ အက်ဖိုသင် ဆိုတာကျွန်တော်မသိပါ။ သေတတ်သလားလည်းမသိပါ။ ကျွန်တော်လက်ခံရင်တောင်ကြောက်မယ်တော့မထင်ပါဘူး။ (ကဲ ဒီလောက်ဆိုစဉ်းစားလို့ရပြီထင်ပါတယ်)။
ဘုရားနဲ့ဘာသာရေးကိုခင်ဗျားဘဝထဲကခဏဖယ်ထုတ်ကြည့်မယ်ဆိုပါတော့။ ခင်ဗျားဟာလူ့အသိုင်းအဝိုင်းထဲမှာ ဘယ်လိုပုံစံမျိုးနဲ့အသက်ရှင်နေထိုင်သွားမှာပါလဲ။ ခင်ဗျားရဲ့စံနှုန်းတွေကိုကော ဘာသာရေးမဟုတ်တာတစ်ခုနဲ့တိုင်းတာစမ်းသပ်ခံဖို့အသင့်ဖြစ်နေပြီလား။ ခင်ဗျားဟာ ဘာသာတရားမရှိဘဲ လူသားတစ်ဦးအနေနဲ့အဆင်ပြေပြေနေထိုင်သွားနိုင်ပါတယ်ဆိုတာကို ဘယ်လိုရပ်တည်မှုမျိုးနဲ့သက်သေပြမှာလဲဆိုတာ ကျွန်တော်တို့ဘာသာမဲ့တွေအတွက် စိန်ခေါ်မှုများဖြစ်လာနိုင်သလား။ ဥပမာကျွန်တော်ဝက်သားမစားဘူးဆိုပါတော့။ ဒါပေမယ့်ကျွန်တော်သူငယ်ချင်းတွေက ဝက်သားစားကြတယ်။ တစ်နေ့ကျွန်တော်တို့ထမင်းဝိုင်းမှာအတူတူစားဖြစ်တော့ ဝက်သားဟင်းတစ်ခွက်ပါလာတယ်။ ကျွန်တော်မစားမှန်းသိတော့ သူတို့ကဝက်သားဟင်းကိုကျွန်တော့်နားကနေရွေ့ထားကြတယ်။ ကျွန်တော်တို့ရဲ့အယူအဆတွေဟာ ဘာသာရှိသူတွေရဲ့ကြားမှာ သီးခြားခွဲခြားခံရတာမျိုးကို စိုးရိမ်မိပါတယ်။
ဝက်သားစားသူနဲ့မစားသူဟာ ထမင်းဝိုင်းမှာလည်းအတူတူစားလို့ရပါတယ်။ ဒါပေမယ့် ကိုယ်မကြိုက်လို့ထည့်မစားတာမျိုးပေါ့။ ဝက်သားကိုစားစရာတစ်ခုအဖြစ်ကျွန်တော်လက်မခံလို့တော့ မရသေးပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဝက်သားကိုလူတွေစားလို့ရနေတယ်ဆိုတာ ကျွန်တော်မြင်တွေ့နေရသလို မြင်တွေ့ခဲ့ရပြီးလည်းဖြစ်တဲ့အတွက် ကျွန်တော်လက်ခံရဲရပါမယ်။ ဒီလိုပါပဲ ဘာသာမဲ့ဟာ ဘာသာတရားကိုလက်ခံရဲရပါမယ်။ စားတာမစားတာဟာကိုယ့်စိတ်နဲ့ပဲသက်ဆိုင်ပြီး
( မိသားစုတစ်မျိုးလုံးမစားလို့ငါလည်းမစားတာ) ဆိုတာမျိုးမဟုတ်စေဖို့ ကျွန်တော်မျှော်လင့်ပါတယ်။
0 comments:
Post a Comment