Saturday, September 3, 2011

စိတ်ဝေဒနာ ရှိသလား

စိတ်ရောဂါ ဖြစ်သည် ဆိုသည်မှာ ရူးသွပ်နေခြင်းသာ ဖြစ်သည်ဟု ပြောမရကြောင်း ကျနော် မကြာမှီကမှ သိရသည်။ သာမာန်လူတိုင်းတွင် စိတ်ရောဂါသည် အချိန်မရွေး အနည်းနှင့် အများ ဖြစ်လေ့ရှိသည်။ ထိုသို့ဖြစ်သည့် အခါ မိမိကိုယ်မိမိ စိတ်ရောဂါဖြစ်သည်ဟု မသိဘဲ၊ အထူးသဖြင့် မိမိကိုယ်ကို မိမိ အရူးဟု သတ်မှတ်ရမည်ကို မလိုလားသဖြင့် စိတ်ရောဂါဖြစ်သည်ကို မှန်မှန်ကန်ကန် ကုသခြင်းမရှိပါလျှင် ထိုစိတ်ရောဂါသည် အခြားရောဂါများကဲ့သို့ ရင့်ကျက် လာပြီးနောက် ကုရခက်ခဲပြီး စိတ်ဖောက်ပြန်ကာ တကယ်ပင် ရူးသွပ်သွားနိုင်မည် ဖြစ်သည်။

စိတ်ရောဂါသည် အခြား ကိုယ်နှင့်ဆိုင်သော ရောဂါများ ဖြစ်ပွားလာစေရန် အားပေးသည် နှင့် အတူ အလုပ်အကိုင်များ၊ လူမှု ဆက်ဆံရေးများ နှင့် အိမ်ထောင်ရေးတွင်ပါ ထိခိုက် စေနိုင်သည့် ရောဂါမျိုး ဖြစ်သည်ကို လေ့လာရသည်။ စိတ်ရောဂါနှင့် ပတ်သက်သည့် အဆိုးရွားဆုံး တစ်ခုမှာကား အမှားများစွာကို လုပ်ကိုင်မိပြီး၊ အခွင့်အရေး များစွာကို လက်လွတ်ဆုံးရှုံးတတ်သည်ဖြစ်ရာ မိမိဘဝ ရပ်တည်မှုကို ထိခိုက်ခြင်းဖြစ်သည်။ တစ်နေ့တွင် စိတ်ပညာ ပညာပေး ပေါမောက္ခ တစ်ဦးနှင့် တွေ့ဆုံ စကားပြောဖြစ်ရာမှ၊ သူက မိမိတွင် စိတ်ရောဂါ ဖြစ်နေခြင်း ရှိမရှိ ကိုယ်တိုင် စစ်ဆေးနိုင်မည့် နည်းကို ပြောပြသဖြင့် ထိုနည်းကို ဗဟုသုတ ဖြစ်စေရန် အလို့ဌာ ဝေဌလိုက်ပါသည်။

အောက်ပါ အကြောင်းအရာများ လုံးဝမရှိပါလျှင် သင့်တွင် စိတ်ဝေဒနာ ခံစားရမှု လုံးဝ မရှိဟု ယေပူယျ အားဖြင့် ဆင်ခြင်နိုင်သည်။
မကြာမှီက အချိန်များအတွင်း ရံဖန်ရံခါ ဖြစ်စေ၊ အချိန် တော်တော်များများတွင် ဖြစ်စေ၊ အောက်ပါ အချက်များကို တွေ့ရှိ ခံစားရပါမူ သင်တွေ့ရှိ ခံစားရသည့် အကြောင်းအချက် ပမာဏအလိုက် စိတ်ဝေဒနာ အနည်းနှင့်အများ ဖြစ်နေပြီကို ဆင်ခြင်နိုင်သည်။

၁။ စိတ်ကို ဖြေပြီး၊ သက်သက်သာသာ အနားယူဖို့ ခက်ခဲမှုရှိပါသလား။
၂။ အာခေါင်နဲ့ ပါးစပ်များ ခြောက်သလို ဖြစ်နေပါသလား။
၃။ သဘောကျ လက်ခံတဲ့ အမြင် နဲ့ ခံစားချက် လုံးဝ မရှိဖြစ်နေပါသလား။
၎။ အသက်ရူရ ခက်ခဲပါသလား။
၅။ တစ်ခုခုကို စတင် လုပ်ကိုင်ရန် ခက်ခက်ခဲခဲ အားထုတ်ရပါ သလား။
၆။ အခြေအနေ တစ်စုံတစ်ခုကို လွန်လွန်ကဲကဲ တုန့်ပြန် လေ့ရှိပါသလား။
၇။ ခြေလက်များ တုန်တုန် ယင်ယင် ဖြစ်ပါသလား။
၈။ စိတ်အာရုံ အလွန်တစ်မင်း အားစိုက်ထုတ်ရသည်ဟု ခံစားရပါလား။
၉။ အခြေအနေတစ်ခုခုသည် သင့်အား အလွန်အထိတ် တလန့်ဖြစ်စေမည် ဖြစ်ပြီး သင့်အား ရူးသွပ်သွားစေမည် ဟု စိုးရိမ် သံသယဖြစ်နေပါလား။
၁၀။ သင့်အတွက် ရှေ့ဆက်စရာ လမ်းမရှိဟု ခံစားရပါသလား။
၁၁။ သင့်ကိုသင် စိတ်လှုပ်ရှား နေသည်ဟု မြင်ပါသလား။
၁၂။ အနားယူဖို့ ခက်ခဲသည်ဟု မြင်ပါသလား။
၁၃။ စိတ်ပျက်အားငယ်ခြင်း၊ စိတ်မကြည်လင်ခြင်း ဖြစ်ပါသလား။
၁၄။ မိမိ လုပ်နေသည့် အလုပ်တစ်ခုခု လုပ်ကိုင်နေရင်းမှာ စိတ်မရှည်နိုင်ခြင်း ဖြစ်ပါသလား။
၁၅။ အလွန်အထိတ် တလန့် မကြာခင် ဖြစ်တော့မည်ဟု ခံစားနေရပါသလား။
၁၆။ တစ်ခုခုကို စိတ်အားထက်သန်မှု ဖြစ်ရန် မတတ်နိုင်ခြင်း ဖြစ်ပါသလား။
၁၇။ မိမိကိုယ် မိမိ လူတစ်ဦးကဲ့သို့ တန်ဖိုး မရှိဟု ခံစားရပါလား။
၁၈။ မိမိသည် အထိမခံ၊ စိတ်ဆတ်ခြင်း ဖြစ်ပါသလား။
၁၉။ မိမိ၏ ခန္ဓာကိုယ်တွင် နှလုံးခုန်မြန်ခြင်း၊ သို့မဟုတ် နှေးခြင်း၊ သို့မဟုတ် တစ်ခါတစ်ရံတွင် ရပ်တန့်ခြင်း ဖြစ်သည်ဟု သတိထားမိပါသလား။
၂၀။ အကြောင်းမရှိဘဲ ကြောက်စိတ် ဝင်ပါသလား။
၂၁။ ဘဝသည် အဓိပ္ပါယ်မရှိဟု ခံစားရပါသလား။

posted by aung aung

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...