Friday, September 2, 2011

ဒီမိုကရေစီ ပြည်ထောင်စုမြန်မာနိုင်ငံတော်ရဲ့  နှစ်(၂၀)ရေးရာ သုံးသပ်ချက်နဲ့  မဖြစ်မနေပြောင်းလဲကြရတော့မည့် နည်းဗျူဟာရေးရာ

.အရှင်ခေမာစာရ -5,3, 2010။-

နိဒါန်းအဖွင့်
နိုင်ငံရေးမှာ တရားတာ မတရားတာမရှိဘူး။အောင်ပွဲပဲရှိတယ်”ဆိုပြီးပြောနေကြပေမဲ့ လူသူတော်ကောင်း တွေအဖို့  တော့ “မတရားတာနဲ့ အောင်ပွဲခံရေး”ဆိုတာ အင်မတန်ခက်ခဲတဲ့ အလုပ်ပဲလို့  နားလည်မိတယ်။။
မတော် မတရားမကောင်းတဲ့ လူ့ ဗာလာနံတွေအဖို့ တော့ “မတရားတာ တရားတာ မရှိဘူး။ အောင်ပွဲပဲရှိတယ်”ဆိုတာ မှန်နိုင်ပါတယ်။
မြန်မာနိုင်ငံရဲ့ နိုင်ငံရေးဖြစ်စဉ်ကလဲ ဒီအတိုင်းပဲ အဖြေထွက်နေတယ် မဟုတ်လား။
နိုင်ငံရေးအရ အောင်နိုင်သူတွေသာ မှန်သွားကြတယ်။။ သူတို့ နောက်ကို လိုက်သွားကြတယ်။

ပြု ပြင်ပြောင်းလဲရေးတွေ လုပ် သွားကြတယ်။ ပြောင်းလဲစေရမယ်ဆိုပြီး ပြောင်းလဲတဲ့နေရာမှာ အမှန်အမှားကို မကြည့်တော့ဘူး။
“သူတို့ အောင်ပွဲခံနေတာ မမှန်တဲ့ နည်းတွေနဲ့ ပဲ”ဆိုပြီး ဝေဖန်ရှုတ်ချတာ ကလေးတောင် မလုပ်ကြတော့ဘူး။
တချို့  အာစီယမ်တွေ ပြောင်းလဲသွားပြီး။ အမေရိကန်တွေလဲ ပြောင်းလဲသွားပြီ။ ဥရောပတွေလဲ ပြောင်းလဲသွားပြီ။ အဲဒီ အထဲမှာ နိုင်ငံရေး ကြောင့်ချည်းပဲ မဟုတ်ဘဲ။ စီးပွါးရေး လုပ်ကွက် ကြောင့်လဲပဲ ပြောင်းလဲ ကုန်တယ်။
ဒီတော့ ကုလသမဂ္ဂကပါ ပြောင်းလဲတဲ့ အထဲ ပါသွားတယ်။
အခြေခံအားဖြင့်တော့ အောင်ပွဲခံတဲ့ နိုင်ငံရေးသမား ဘက်သို့  ပြောင်းလဲ သွားတာပါပဲ။
“ပြောင်းလဲအောင် ဖန်တီးနိုင်သူ တွေသာ နိုင်ငံရေးသမား” ဖြစ်တယ်။
နိုင်ငံရဲ့ အရှင်သခင်တွေဖြစ်တယ်လို့  သူတို့ မြင်ကြလို့ ဖြစ်မယ်။။ </span>
“အောင်ပွဲအတွက် သူတို့ မတရားလုပ်သလို ငါတို့ လဲ မတရားလုပ်ကြရအောင်”ဆိုပြီး စည်းရုံးပြောဆိုတာ မျိုး မဟုတ်ဘူး။
“အမှန်တရားဆိုတာ တနေ့ မှာအောင်ပွဲခံရစမြဲပဲ”ဆိုတဲ့ မြန်မာလူမျိုးတွေရဲ့  အရိုးစွဲခံယူချက်ကို မစွန့် သေးပါဘူး။
ဒါပေမဲ့လို့ “အောင်ပွဲ”ကို ဘယ်လို ရအောင်လုပ်မလဲ ဆိုတာကတော့ မဖြစ်မနေ စဉ်းစားရမဲ့ အချက် ဖြစ်တယ်။ ၁၉၈၈-ခု နည်းလမ်းလား။
တောတွင်း နည်းလမ်းလား။ ပြင်ပ နည်းလမ်းလား။ အီရန် နည်းလမ်းလား။ ရုရှား နည်းလမ်းလား။ အရှေ့ ဥရောပ နည်းလမ်းလား။ ဖိလစ်ပိုင် အင်ဒိုနီးရှား နည်းလမ်းလား။ ဒီနည်းလမ်းတွေထဲက ဘယ်နည်းလမ်းကို ရွေးမလဲ။
ဒီနေရာမှာ လှုပ်ရှားမှုကြိုးပမ်းမှု အချိန်ကာလအားဖြင့် ကြာလာတာနဲ့ အမျှ အယူအဆ ကွဲပြားမှုတွေများ လာတယ်။ ပဋိပက္ခ ၀ိရောဓိ တွေလဲ တိုးလာတယ်။
ဒါတွေက ဘယ်နိုင်ငံမှာမဆို ရှောင်လွဲမရတဲ့ ဖြစ်တတ်တဲ့ “နိုင်ငံရေး ပြဿနာ”လို့  ဆိုရမယ်။
မြန်မာနိုင်ငံ ဒီမိုကရေစီ ကြိုးပမ်းလှုပ်ရှားမှုတွေမှာလဲ နေရာမရွေး ကြုံနေရတယ်။
အောင်မြင်မှုတွေလဲ လုံးဝေ၀းခဲ့ရတာမျိုးတော့မဟုတ်ဘူး။
မြန်မာနိုင်ငံ ဒီမိုကရေစီကြိုးပမ်းမှုမှာ အောင်ပွဲ အတွက် အခြေအနေ အပေးဆုံး ကာလတွေ ရှိခဲ့တယ်။။
၁၉၈၈-ခုလှုပ်ရှားမှု။ ၁၉၉၀-ခု ရွေးကောက်ပွဲလှုပ်ရှားမှု။ ၂၀၀၀ ပြည့်လှုပ်ရှားမှု။ ၂၀၀၃-ခု၂၀၀၄-ခု အခြေအနေ။ ၂၀၀၄-ခု ၂၀၀၆-ခု တိုးတက်မှု ရခဲ့တဲ့အခြေအနေတွေ ဒါတွေဟာ အောင်ပွဲနဲ့  အင်မတန် နီးစပ် ခဲ့တယ်။ ဒါတွေကို အနုစိပ် အနုလုံပဋိလုံ သုံးသပ်ပြီး။ နောက်ထပ် အနှစ်(၂၀)အတွက် နည်းဗျူဟာ တရပ် ခိုင်မာစွာ ချမှတ်ကျင့်သုံးဖို့  အရေးတကြီး လိုအပ်နေပြီလို့  ထင်မြင်မိ ပါတယ်။။
၁၉၈၈-ခု ဒီမိုကရေစီအရေးတော်ပုံအတွင်း အောင်ပွဲရနိုင်မှု အခြေအနေ (သုံးသပ်ချက်)
၁၉၈၈-ခုမှာ အာဏာရှင်စနစ်ဆန့် ကျင်ပြီး ဒီမိုကရေစီကြိုးပမ်းမှုဟာ“လူထုအခြေခံလှုပ်ရှားမှု”ဖြစ်တယ်။
တနည်း ပြောရရင်တော့“လူထုတော်လှန်ရေး”ဖြစ်တယ်။

ပြည်သူလူထုဟာသူတို့ ရဲ့ အပေါ် ဖိစီးကျရောက်နေတဲ့ စား ၀တ်နေရေးကျပ်တည်းမှု။ ဥပဒေမဲ့ ဖိနှိုပ်မှု။ မတရား အုပ်ချုပ်နေမှု။ စီးပွါးရေးကျဆင်းမှု နဲ့  ပြည်တွင်း စစ်ဒဏ်တွေကို ဖယ်ရှားပစ်ဖို့  ကြိုးစားကြတာဖြစ်တယ်။
မတ်(ခ်ျ)လကျောင်းသားအရေးတော်ပုံဆိုပေမဲ့ တကယ်ပြောရရင် ပြည်သူ တို့ ရဲ့ အထွေထွေ မကျေနပ်မှု ဖြစ်တယ်။
အဲဒီမကျေနပ်မှု တွေကို ဖေါ်ထုတ်ပြသဖို့  အချိန်ကာလ တခုကို စောင့်ဆိုင်းခဲ့ရ တာဟာ အကြာကြီး ဖြစ်တယ်။

<span>ဒါကြောင့်မို့ လို့  မတ်(ခ်ျ)လမှစပြီး ကျောင်းသားအရေးတော်ပုံဟာ “လူ့ အခွင့် အရေး ပြည်သူ့ အရေးတော် ပုံ” ဖြစ်ခဲ့ရတယ်။
အဲဒီတုန်းက (ဦပဉ္ဖင်း)ကိုယ်တိုင်က နိုင်ငံရေးသမား မဟုတ်ဘဲ “ရိုးသားတဲ့ ပြည်သူထဲက ပြည်သူ တဦး”ဖြစ်ခဲ့တယ်။ နိုင်ငံရေး အခြေအနေနဲ့ ပြည်သူ့ ဘ၀အမှန် ကို အရှိ အတိုင်း လေ့လာပြီး တာဝန်သိသိ ဖေါ်ပြပါပြည်သူ တို့ ရဲ့ (၈-၈-၈၈) အရေးတော်ပုံကို ပါဝင်ဆင်နွဲခဲ့တာဖြစ်တယ်။
ဖြစ်စဉ်အခြေအနေမှန်တွေကို ရိုးသားတဲ့ပြည် သူတဦးတယောက်အနေနဲ့ သိမြင် ခံစားတတ်ရာက “တော်လှန်မှု” ဖြစ်လာတယ်လို့  ပြောနိုင်တယ်။
ဘယ်နိုင်ငံရေး သမား တဦးတယောက်ရဲ့ လှုံ့ ဆောင်မှု။ စည်းရုံးမှု။ ချနင်းမှု။ အသုံးချမှု မပါခဲ့ဘူးလို့ ပြောရဲတယ်။
အဲဒီပြည်သူ့ အရေးတော်ပုံမှာ ပြည်သူတဦးတယောက်အနေနဲ့ လိုအပ်သလို ဖွဲ့ စည်းခြင်း။ ဦးဆောင်ခြင်း။နောက်လိုက် ခြင်း။ ချီတက်ခြင်း။ စည်းရုံးခြင်း။ နည်းဗျူဟာ ရေးဆွဲခြင်း။ လုပ် ငန်းစဉ် ချမှတ်ခြင်း။ လုပ်ငန်း အကောင်ထည် ဖေါ်ဆောင်ခြင်း။ တိုက်ပွဲ ၀င်ခြင်းများ အစဉ်တစိုက် လုပ်ခဲ့တယ်။ အရေးတော်ပုံနဲ့ ပတ်သက်လို့  အောင်ပွဲအတွက် လုပ်သင့် တာ မှန်သမျှ ဘာသာရေးဘောင်ထဲက လုပ်တယ်။
ဒီလို မိမိတဦး တယောက်အနေနဲ့ သာမဟုတ်ဘဲ ပတ်ဝန်းကျင်ပြည် သူ လူထုမှန်သမျှကို အရေးတော်ပုံ အတွင်း ပူးပေါင်း ပါဝင်လာအောင် လှုံ့ ဆော် စည်းရုံးခဲ့တယ်။
ဥပမာ ၁၉၈၈-ခု (၈)လ (၈)ရက်နေ့  လူထုချီတက်ပွဲမှာ အမှန်ပြောရရင် စပြီးချီတက်စဉ်က လူအင်အား နည်းတယ်။
လူနည်းနည်းနဲ့ တိုက်ပွဲဝင်ရင် ပစ်ခတ်ခံရမှာပဲ။
ပစ်ခတ်ခံရရင် လူနည်းတဲ့အတွက် လူစုကွဲသွားနိုင် တယ်။ အထိအခိုက်ရှိမယ်။ မအောင်မြင်နိုင်ဘူး။
ဒါငြင်းလို့ မရတဲ့ “တော်လှန်ရေး နိယာမ”(သို့ မဟုတ်) “အရေး တော်ပုံဖြစ်စဉ်”ပါပဲ။ ဒီတော့ ဘာလုပ်ကြမလဲ။
လူတစုတော်လှန်ရေး မဟုတ်ဘူး။ လူထုတော်လှန်ရေးမှာ လူထုအရေးတော်ပုံမှာ လူထုရှိဖို လိုတယ်။ လူ ထုနဲ့ သာ တော်လှန် ပြောင်းလဲ လို့ ရမယ်။
လူထုရှိနေမှ အန္တရာယ်လည်းမရှိဘူး။ လူထုကိုမထိရဲဘူး။ ဒီတော့ လူထု ရှိလာအောင် ဘယ်လိုလုပ်ကြမလဲ။</span>
အဲ ဒီတုန်းက စဉ်းစားချက်က လမ်းပေါ်မှာချီတက်ရင်း စဉ်းစားခဲ့တာ ဖြစ်တယ်။ ဒါဟာ သင်တန်းက ကျောင်းစာကပေးတဲ့ IDEA တွေမဟုတ်ဘူး။
တိုက်ပွဲအတွေ့ အကြုံကပေးတဲ့ လက်တွေ့ ကျတဲ့ နည်းဗျူဟာတွေဖြစ်တယ်။ အဖေါ် ဗုဒ္ဓဘာသာသံဃာတွေကိုလဲ ဒီအတိုင်းပဲ ချပြဆွေးနွေးခဲ့တယ်။
ဒါကြောင့် မို့ လို့  ပြည်သူမှ န်သမျှ ပြည်သူ့ အရေးတော်ပုံမှာ ပြည်သူ့ အတွက်တိုက်ပွဲဝင်ရာမှာ ပူပေါင်းပါဝင်လာအောင် လမ်းပေါ်ကို ခေါ်ခဲ့ရတယ်။
လမ်းပေါ်မှာကြွေးကြော်တတ်အောင် တောင်းဆိုတတ်အောင် လမ်းလျှောက်တတ်အောင် သင်ပေးခဲ့ရ တယ်။ သတ္တိရှိလာအောင် တိုက်ပွဲဝင်တတ်လာအောင် သင်ပေးခဲ့ရ တယ်။ ဒါကြောင့်မို့ လို့  မြို့ ထဲမှကြည်မြင်တိုင်။ ကြည့်မြင်တိုင်မှ မြေနီကုန်း။ တာမွေ။ ပုဇွန်တောင် မြို့ တော်ခမ်းမရှေ့ ထိ ပြည်သူတွေနဲ့ အတူ မိုးထဲရေထဲ ချီတက်ခဲ့ ကြတယ်။ ဒီလို လူထုရဲ့  မဟာဗျူဟာမြောက်ချီတက်တိုက်ပွဲဝင်မှုတွေကို ဘယ်အာဏာရှင်တွေကမှ အဲ ဒီတုန်းက ရင်မဆိုင်ရဲဘူး။ ဘာပဲပြောပြော အဲဒီနေ့ က ပြည်သူတွေ လှလှကြီး အောင်ပွဲ ခံခဲ့တယ်။
ပြီးတော့မှ တစတစ တိုးချဲခဲ့ကြပြီး မြို့ နယ်အလိုက် နယ်မြေအလိုက် အဖွဲ့ အစည်းတွေဖွဲ့  ကြ။
စုစည်းညီညာ တဲ့ မဟာမိတ်ဖွဲ့ စည်းမှုတွေလုပ်ကြ လုပ်ခဲ့ကြတယ်။ ဒါဟာ ရှေ့ ဆက်ဖို့  အားပြုတဲ့သဘောပါပဲ။
ဒီအင်အားတွေ ဟာ မိမိတို့ ညီညွတ်ရေးသာမဟုတ် အာဏာရှင်တွေရဲ့  အင်အားတွေကိုလဲ ထင်သလိုမလုပ်နိုင်အောင် မရမ်းကား နိုင်အောင် ဟန့် တားနိုင်ခဲ့တယ်။ နောက်ဆုံးတော့ ခိုင်မာတဲ့ အာဏာရှင်တွေရဲ့  “မဆလပါတီ”ကို ဖြိုနိုင်ခဲ့တယ်။
<span>(ဦးပဉ္ဇင်း) သတိထားမိသလောက်တော့ ကျောင်းသာအဖွဲ့ အစည်းတွေ။ ဗု ဒ္ဓဘာသာသံဃာ့အဖွဲ့ အစည်းတွေ။ အလုပ်သမားအဖွဲ့ အစည်းတွေ။ အရပ်သားအဖွဲ့ အစည်းတွေ စုံနေအောင်တွေ့ ရတော့တယ်။ အဲဒီတုန်းက ထင်ရှား ခဲ့တဲ့ “အရေးတော်ပုံကြီးကြပ်ရေးကော်မတီ” (S,C,S) တို့  အထွေထွေသပိတ်ကော်မတီ (G,S,C)တို့ လဲ မဟာမိတ် ပုံစံဖွဲ့ ပြီး။ လမ်းပေါ်ရော လုပ်ငန်းခွင်တွေကိုပါ မလှုပ်မယှက်နိုင်အောင် ၀င်ရောက်လှုပ်ရှားခဲ့ကြတယ်။ နေရာယူခဲ့ကြ တယ်။
အဲဒီလို ပြည်သူ့ အရေးတော်ပုံဖြစ်သွားတော့ အင်မတန် စစ်မာန်ကြွနေတဲ့ အာဏာရှ င်တွေဟာ ဘာတတ်နိုင်ခဲ့ လို့ လဲ။
မှတ်မိမယ်ထင်တယ်။ စစ်တပ်ကအာဏာမသိမ်းမီ (၇)ရက်အလိုတွေ့ ဆုံပွဲတခုမှာ တနိုင်ငံလုံးကိုယ်စားလှယ် (၅၆၀) ထိ အရေအတွက်ရှိခဲ့တယ် မဟုတ်လား။
ဘယ်လောက်ထိ စိတ်ဓါတ်ထက်သန်နေကြသလဲဆိုရင် ကိုယ်စား လှယ်တွေဟာ သယ်ယူပို့ ဆောင်ရေး ပျက်ပြားနေတဲ့ အချိန်မှာတောင်မှ ကိုယ်နည်းကိုယ်ဟန်နဲ့  ရန်ကုန်သို့  ရောက်ရှိ နိုင်အောင် လာခဲ့ကြတယ်။
ဒါတွေကိုကြည့်ရင် ရန်ကုန် မန္တလေးအရေးတော်ပုံ မဟုတ်ဘူး။ နိုင်ငံအ၀ှန်းတပြည်လုံး အတိုင်းအတာနဲ့  ဆင်နွဲတဲ့ အရေးတော်ပုံ။
ဒါကြောင့်မို့ လို့  လဲ “အောင်ပွဲ”ရခဲ့ကြတယ်။

ဒီအောင်မြင်မှုကို ရှေ့ ဆက်ပြီးသယ်ယူဖို့  လက်ဆေးဖို့  လက်စသတ်ဖို့ ဆိုတာ အဲဒီတုန်းက တာဝန်ရှိတဲ့လူလို့ ပြောရ မဲ့ပုဂ္ဂိုလ်ဟာ ဘယ်သူတွေလဲဆိုရင် “နိုင်ငံရေးသမား တွေ” ဖြစ် တယ်လို့ ပြောရပါလိမ့်မယ်။။ အဲဒီအောင်မြင်မှု ကို နိုင်ငံရေးသမားတွေ ရှေ့ ဆက်ပြီးမသယ်ယူသွားနိုင်ဘူး။ ပွဲမသိမ်းနိုင်ဘူး။ ဒါနဲ့ ပတ်သက်လို့  ဒီကနေ့ ပြန်သုံး သပ် ကြည့်ရင် “နိုင်ငံရေးအယူအဆတွေ အမြော်အမြင်တွေ အင်မတန်အားနည်းမှုတွေကိုတွေ့ ရတယ်။ ခပ်အေးအေးပြော ဆိုနေကြပြီး ဘာဆက်လုပ်ရမလဲဆိုတာ လမ်းညွန်မှုမပေးနိုင်ဘူး။ ပြည်သူကိုဦးဆောင်မှု မပေးနိုင်ဘူး။
အဲဒီတုန်းက ဒီအခြေအနေအရ ပြောရမယ်ဆိုရင် “နိုင်ငံရေးသမားကောင်း” မရှိခဲ့ဘူး။ အဲဒီတွေ့ ဆုံပွဲမှာ ပြည်သူတွေက “စစ်တပ် ကအာဏာသိမ်းဖို့ ကြိုးစားတာ (၄)ကြိမ် ရှိနေပြီ။ စစ်တပ်ကအာဏာသိမ်းရင် ကျွန်တော်တို့ ဘာလုပ်ရမလဲ သိချင် တယ်”မေးခဲ့ကြတယ်။ အဲဒီတုန်းက နိုင်ငံရေး သမားတွေ ဘာပြောနိုင်ခဲ့ကြသလဲ။ ဘာမှမပြောနိုင်ဘူး။။ ပြောခဲ့တာက တော့။ “စိတ်နဲ့ တောင်မပြစ်မှားနဲ့ ဆိုတာမရဘူး။ ခဲနဲ့ သွားထုတယ်”ဆိုတာပဲ ပြောခဲ့တယ်။ </span>
ဦးဆောင်မှုနဲ့ အရေး တော်ပုံအခြေအနေ သိပ်ကွာခြားနေတယ်။ တခုလုံးခြုံပြီး သုံးသပ်ထားတဲ့ နိုင်ငံရေးလမ်းညွန် မှု နည်းဗျူဟာလမ်းညွန် မှု မရှိသလို လုပ်ဆောင်ချက်လဲ မရှိဘူး။ ဒါဟာအားနည်းချက်ပါပဲ။၈ -၈-၈-၈၈ ရဲ့ ကျဆုံးမှုပါပဲ။ နောက်ဆုံးတော့ “ပါတီထူထောင်ခွင့်ပေးနေပြီပဲ ။ရွေးကောက်ပွဲလုပ်ပိုင်ခွင့်ပေးနေပြီပဲ။ပါတီဖွဲ့ ကြပါ။ ရွေး ကောက်ပွဲနိုင်အောင်လုပ်ကြပါ။ နိုင်ရင်အာဏာအပ်ရမယ်။ ဒီတော့ ဒီမိုကရေစီဖြစ်လာပြီပေါ့”ဆိုတဲ့ သဘောထားချမှု တွေကိုသာ တွေ့ ရတယ်။
ဒီလိုပြောဆိုမှုတွေနဲ့ သုံးသပ်ချက်တွေ ယနေ့ ကာလဖြစ်စဉ်အရ အင်မတန်မှားသွားတာကို သတိပြုမိကြ မယ်ထင်တယ်။ အာဏာရှင်တွေက “ပါတီစုံလုပ်ခွင့်ပေးမယ်။ ရွေးကောက်ပွဲလုပ်ပေးမယ်။ ပြီးရင် စစ်တန်းလျားကို ပြန်မယ်” ပြောတာဟာ အရေးတော်ပုံအခြေအနေတွေ အရှိန်အဟုန်တွေလျှော့ ပေါ့သွားအောင် ပြောခဲ့တာလုပ်ခဲ့ တာပဲ မဟုတ်လား။ ဒီလို ပါတီစုံနဲ့ ရွေးကောက်ပွဲလက်ခံမိတာကိုက “ရထားတဲ့အောင်ပွဲကို စွန့် လွှတ်လိုက်ရပြီး အရှုံး ပေးခဲ့တာပဲ’’လို့ သတ်မှ တ်နိုင်မယ်ထင်တယ်။
ဒီကနေ့  ဖြစ်စဉ်တွေကလဲ ဒီအတိုင်းဖြစ်ခဲ့ပြီလို့ ယုံကြည်တယ်။သင်ခန်း စာတခုကတော့ “ဘယ် ကျားစဉ်းလဲကမှ သက်သတ်လွတ်မစားဘူး” ဆိုတဲ့ အချက်ပဲ ဖြစ်တယ်။

၁၉၉၀ - ခု ရွေးကောက်ပွဲ ရလဒ်နဲ့ ပြောင်းလဲသွားသော မြန်မာ့နိုင်ငံရေး
<span>စစ်အာဏာရှင်တွေဟာ ၁၉၈၈-ခုမှာ ပေးထားတဲ့ကတိအတိုင်း ပါတီစုံကိုလုပ်ခွင့်ပေးတယ်။
ရွေး ကောက်ပွဲလဲ လုပ်ပေးတယ်။ မှန်တယ်။ ဒါပေမဲ့လို့ နောက်ထပ် ပေးထားတဲ့ အရေးကြီးတဲ့ ကတိ(၂)မျိုးကိုတော့ မလိုက်နာဘူး။
တခုကတော့ ရွေးကောက်ပွဲနိုင်ရင် နိုင်တဲ့ပါတီကို “နိုင်ငံတော်အာဏာ” လွှဲပြောင်းပေး မယ် ဆိုတဲ့ဂတိ။ နောက်ဂတိတခုကတော့ “အာဏာလဲ¸ပြောင်းပေးပြီးနောက် စစ်တန်းလျားကိုပြန်မယ်” ဆိုတဲ့ ဂတိတွေဖြစ် တယ်။
ရွေးကောက်ပွဲ ပြင်ဆင်ချိန်(၂)နှစ်ကာလမှာ အာဏာရှင်တွေဟာ နောက်ထပ်တခု အမြတ်ထွက်သွားတာ ကတော့ အခြားမဟုတ်ဘူး။ အရေးတော်ပုံအတွင်း ဦးဆောင်ခဲ့ကြ တဲ့ ပြည်သူ ၅၀၀၀ (ငါးထောင်)ကျော်လောက်ကို ဖမ်း ဆီးထောင်ချနိုင်ခဲ့ပြီး။ ၂၀၀၀၀(နှစ်သောင်း) ကျော်လောက်ကို တောတွင်းနဲ့ ပြည်ပကို နှင်ထုတ်နိုင်ခဲ့ တာဖြစ်တယ်။
ဒါဟာ အရေးတော်ပုံရဲ့  အောက်ခြေအမာခံတည်ဆောက်ထားမှုကို ဖြိုချလိုက်တာပဲ။
ဒါတွေကို ဘယ်သူကမှ မတားဆီးနိုင်ဘူး။။

(၂) နှစ်အတွင်း အဲဒီလိုဖြိုချလိုက်တော့ အာဏာလွဲသည်ဖြစ်စေ မလွဲသည်ဖြစ်စေ ဘာမှအရေးမကြီး တော့ ဘူး။ ကြောက်စရာလဲ မလိုတော့ဘူး။
၁၉၉၀-ခု ရွေးကောက်ပွဲအရ ပါတီနှစ်ရာ(၂၀၀)ကျော်က မွေးထုတ် ပေးလိုက်တဲ့ ပြည်သူ့ လွှတ်တော်အမတ် ၃၀၀ (သုံးရာ)ကျော်တို့ ရဲ့ “အား”ကို အာဏာရှင်တွေ ဂရုစိုက်ပုံ မကျဘူး။ ဒီကနေ့ ထိလဲ ဘာမှမလုပ်နိုင်ဘူး။ ဘာနိုင်ငံရေးမှလဲ အဖြေထွက်မလာဘူး။
ဂန္ဓီ ခန်းမ စည်းဝေးပွဲလုပ်ခဲ့ပေမဲ့ အကျိုးရလဒ် တစုံတရာ မရှိဘူး။
အဲဒီတုန်းက အာဏာရှင်တွေဟာ စိုးရိမ်စိတ် တခုတော့ ရှိခဲ့တယ်လို့ ထင်မြင်မိတယ်။
၁၉၉၀-ခု ရွေး ကောက်ပွဲအရ အာဏာမလွဲပေးဘူးဆိုရင် ဒီမကျေနပ်ချက် တွေကို အသုံးချပြီး ပြည်သူတွေရဲ့  ဆန့်ကျင် အုံကြွမှု ရှိလာ နိုင်မယ်။
တောတွင်းကိုရောက်နေတဲ့ ဒီမိုကရေစီ အင်အားစုတွေကလဲ တောတွင်း စစ်တပ်တွေနဲ့ ပေါင်းပြီး လှုပ်ရှားမှု တွေ လုပ်လာနိုင်တယ် ဆိုတဲ့ စိုးရိမ်စိတ်ပဲဖြစ်တယ်။
ဘာကြောင့်လဲဆိုတော့ ၁၉၉၀-ခုနှစ်ရွေးကောက်ပွဲပြီးစ ၁၉၉၂-ခု ၁၉၉၃-ခု လောက်အချိန်မှာ (တချို့ )တောတွင်း အင်းအားစုတွေနဲ့  ဗိုလ်မှူးကြီး အဆင့်ရှိ (နအဖ) အာဏာရှင် ကိုယ်စား လှယ်တွေ အရေးတကြီး လျှို့ ဝှက် ဆွေးနွေးပွဲ ပြုလုပ် နေတာကို (ငြိမ်းအဖွဲ့ )တခုရဲ့  ကြေးနန်းပေးစာ တစောင်အရ သိရ တယ်။

ဒါဟာ စစ်အာဏာရှင် ထောက်လှမ်းရေးဘက်ဆိုင်ရာပုဂြိုလ်တွေရဲ့  “ပါးနပ်တဲ့နိုင်ငံရေး”လို့  ပြောလို့  ရမယ်ထင်တယ်။ သူ့ အားကိုယ့်အား ချိန်ဆတွက်တတ်တဲ့ သဘော ကြိုတင်မြင်တတ်တဲ့သဘောပါပဲ။
အဲဒီတုန်းက စစ်အာဏာရှင်တွေရဲ့  စစ်တပ်အင်အားက ၂၅၀˜၀၀၀(နှစ်သိန်းခွဲ) မှ ၃၀၀˜၀၀၀ (သုံးသိန်း)ထိရှိနိုင်ပြီး။ တောတွင်းစစ် သည် အင်အားက ၁၅၀˜၀၀၀ (တသိန်းခွဲ)ကျော်ခန့် ရှိနိုင်တယ်။
စိတ်ဓါတ်ပိုင်းဆိုင်ရာအရ စစ်အာဏာရှင်စစ်တပ်က မခိုင်ဘူး။ လူထုထောက်ခံမှု မရှိဘူး။
တောတွင်းစစ်သားတွေရဲ့ စိတ်ဓါတ်က အရမ်းခိုင်မာတယ်။ လူထုထောက်ခံမှုရှိ တယ်။
နိုင်ငံတကာထောက်ခံမှုရှိတယ်။ နိုင်ငံရေးအားလည်းရှိတဲ့အတွက် ဒါတွေကို အလေး ထားစဉ်းစားခဲ့ကြပုံရ တယ်။ ဒီအချက်ကိုကြည့်မယ်ဆိုရင် စစ်အာဏာရှင်တွေဟာ “အင်အား”ကို ပိုကြောက်ပြီး“နိုင်ငံရေး”ကို ရှိနေမှန်း တောင်မသိဘူး။ ဂရု မစိုက်ဘူး။
မြို့ ပြနဲ့ တောတွင်းမပေါင်းမိအောင် တောတွင်းအင်အားစုကို ဖြိုဖို့  “အပစ်အခတ်ရပ်စေးရေး။ စေ့စပ်ဆွေး နွေးရး” ဆိုတဲ့လိုင်းကို တင်လာတယ်။
လွတ်လပ်ရေးရပြီး မြန်မာ့နိုင်ငံရေးမှာ တကြိမ်မှ အလျော့မပေးခဲ့တဲ့ စစ်အာ ဏာရှင်တွေဟာ ဒီတခါတော့ “တကျပ်မဟုတ်ပင်မဲ့ ငါးမူးစေ့တစေ့”ထိ ပေးထားတာကို တွေ့ ရပြီး လျှို့ ဝှက်ဆွေးနွေးရာ က ဗြောင်ကျကျထိ ဆွေးနွေးလာတာ ကိုတွေ့ ရတယ်။
(၁) ကိုယ့်လက်နက် ကိုယ်ကိုင်ထား
(၂) ကိုယ်နယ်မြေ ကိုယ်အုပ်ချုပ်
(၃) ကိုယ့်စစ် တပ် ကိုယ်အုပ်ချုပ်
(၄) လွတ်လပ်စွာ စီးပွါးရေးလုပ်ကြ
(၅) ကိုယ့် ဥပဒေနဲ့  ကိုယ်နေ
(၆) များမကြာမီ နိုင်ငံရေးစကားပြောရအောင်” ဆိုပြီးဖွင့်ပေးခဲ့တယ် ။

Agreement လုပ်တယ်။။ ခပ်တိုတိုပြောရရင်တော့ ဒီအခွင့်အရေးတွေကြောင့် တောတွင်းအင်အားစုတွေ ပြိုကျ သွားတယ်။

တွေ့ ဆုံ ဆွေးနွေးရေး သဘောတူ(တချို့ )အဖွဲ့ တွေက အစောပိုင်းမှာလို လျှို့ ဝှ က်မဟုတ်တော့ဘဲ ဗြောင်ကျကျပဲ ဂုဏ် ယူဝင့် ကြွားစွာ ပြောဆိုဆွေးနွေးနေတာကိုတွေ့  ရတယ် ။
“ငြိမ်းအုပ်စု” ရဲ့ အဖွဲ့ အစည်းတခုက DAB ဗဟိုသို့  ပေးပို့ လိုက် တဲ့ ကြေးနန်းစာထဲမှာ “ကျုပ်တို့ ဆွေးနွေးတာ (၅)ကြိမ် ရှိပြီ” နေ့ စွဲနဲ့ နေရာနဲ့  ရာထူးအဆင့်နဲ့  ဂုဏ်ယူ ၀င့်ကြွားစွာ ဖေါ် ပြထားတယ်။
ရန်ကုန် ကပြန်လာတဲ့ “ငြိမ်းအဖွဲ့ ” တဖွဲ့ ရဲ့  ထိပ်တန်းကိုယ်စားလှယ်တဦးက ဆိုရင် “ခင်ဗျားတို့ သွား ရင် သတိထား သွားကြနော်။ ခေါင်မိုးပေါ်လဲ မော့ကြည့်ကြ ဦးဗျို့ ။ <span>ကျုပ်တို့ ကို နှိပ်ထည့်လိုက်တာ ခံလာရတယ်။ အိုး - ဒီကောင်တွေမလွယ်ဘူး တအားလည်တယ်--ဟဲ---ဟဲ--”ဆိုပြီး အမောတကော ရီရွှန်းပက်ရွှန်း ပြောနေတာကို မဟာမိတ် EC စည်းဝေးပွဲတခုမှာ ကြားရသေးတယ်။
ဆိုလိုတာကတော့- “ကြွပါ ကြွပါ ဦးတို့  ဘတို့ ” ဆိုပြီးခန်းမတခုထဲကို ဖက်လဲတကင်းခေါ်သွားတယ်။
လက်ဆွဲနှုတ်ဆက်ဖို့  အမောတကော ဖြစ်နေတော့ အ၀င်ဝ ခေါင်မိုးကို မော့မကြည့်မိဘူး ။ ဘာရှိမှန်းလဲ မသိလိုက်ဘူး ။ တွေ့ ဆုံဆွေးနွေး ပွဲပြီးလို့  ပြန်ထွက်လာတော့ (ခေါင်မိုးအ၀င်တံခါး တန်း) ပေါ်မှာ မော့ကြည့်မိတော့မှ ခံသွားရပြီဆိုတာ သိလိုက်ရတယ်။
တခြားမဟုတ်ဘူး။ “ဥပဒေဘောင်တွင်းသို့ လက်နက်ချ အလင်းဝင်ရောက်လာခြင်း” ဆိုတဲ့ စာတန်းရေးထိုးချိတ်ဆွဲ ထားတာဖြစ်တယ်။
နောက်တနေ့  ရုပ်မြင်သံကြားထုတ်လွှင့်မှုမှာ သတင်းစာတွေမှာ ရေဒီယိုထုတ်လွှင့်မှုတွေမှာ တောတွင်းလက်နက်ကိုင်သောင်းကျန်သူ ဘယ်အဖွဲ့ အစည်းက “ဥပဒေဘောင်တွင်းသို့  လက်နက်ချ အလင်းဝင် ရောက်လာကြပြီ” ဖြစ်ကြောင်းထုတ်လွှင့်ဖေါ်ပြကြတယ်။
ဒီလိုလုပ်လိုက်တော့ ပြည်သူလူထုက ယုံထင်ကြောင်ထင်ဖြစ် ကုန်ပြီး။ တောတွင်း တော်လှန်ရေးသမားတွေကို အယုံအကြည်မရှိတော့ဘူး ။
တချို့ (ငြိမ်းအဖွဲ့ )တွေက တန်ပြန်ကျေ ညာချက် ထုတ်ပြန်ပြီး ငြင်းခဲ့ကြပင်မဲ့လို့  မထိရောက် ဘူး ။ ဒီနည်းနဲ့  စစ်အာဏာရှင်တွေ တောတွင်းကိုဖြိုခဲ့တယ်။ လက်ခံသူနဲ့ လက်မခံသူ ကွဲသွားတယ်။ ပြည်သူ နဲ့  တောတွင်းတော်လှန်ရေး ကွဲသွားတယ်။
ချုပ်ပြောရရင်တော့။ ၁၉၉၀-ခု ရွေးကောက်ပွဲရလဒ်ကြောင့်ဖြစ်ပေါ်လာတဲ့ အောင်ပွဲရနိုင်တဲ့ အခြေအနေတွေဟာ(၈-၈-၈၈) အရေးတော်ပုံအတွင်းကလိုပဲ “နိုင်ငံရေးသုံးသပ်ချက် ပျော့ညံ့မှု”ကြောင့် ဆုံးရှူံးသွားရတယ်။
ညှပ်ပူးညှပ်ပိတ် မလုပ် နိုင်ဘူး။ ဖော်ပြပါ “ငြိမ်းအဖွဲ့ ” တွေဟာ(၁၈)နှစ် ကြာနေတာတောင် “နိုင်ငံရေးစကား” တလုံးမှ မပြောရသေးဘူး။
ကမ္ဘာပေါ်မှာ သက်တန်းအရှည်ဆုံး (၁၅) နှစ်ကြာ ညောင်နှစ်ပင်ညီလာခံကို ရိုးရာဝတ်စုံလှလှကလေးတွေ ၀တ်ဆင်ပြီး တက်ဖူးခဲ့တာတခုပဲ ထူးထူးခြားခြား လုပ်ခဲ့ရတယ်။ လုပ်ခွင့်ရခဲ့တယ်။ အခုမှပဲ ဒီလူတွေ “စစ်အာဏာရှင်တွေ မကောင်းဘူး”“မမှန်ဘူး”“မရိုးသားဘူး”ဆိုပြီး တောတွင်းကို ပြန်ပြီး ပြေးဝင်နေကြ တယ်။။
နောက်တမျိုးပြောရရင်တော့ ခုမှပဲ “နအဖဆိုတာ ဖွတ်နေတဲ့တောင်ပို့ ကြီး” ဖြစ်မှန်း သိသွားကြပြီ ထင်တယ်။ ဒါပေမဲ့ အရမ်း နောက်ကျသွားပြီ။

“ငြိမ်းအဖွဲ့ ” သူတို့ ဘာတွေဖြစ်ခဲ့ကြသနည်း
၁၉၈၈-ခု ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံကာလက နိုင်ငံရေးတွက်ချက် ပြုလုပ်ခဲ့ကြသလိုပဲ တောတွင်း(ငြိမ်းအဖွဲ့) တွေ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေး အခြေအနေ တွေ တွက်ချက်ပြီး နိုင်ငံရေးမျှော်လင့်ချက် ပြုလုပ်ခဲ့ကြ တယ်။
အစောပိုင်းက ထောက်ပြခဲ့သလိုပါပဲ ရှစ်လေးလုံး ဒီမိုကရေစီ လှုပ်ရှားမှုကာလက “စစ်အာဏာရှင်တွေ အင် အားပျော့သွားပြီ။ မလှုပ်မယှက်နိုင်ဖြစ်သွားပြီ” ဆိုတော့ နိုင်ငံရေးစဉ်းစားချက်တွေလဲ ခပ်ပျော့ပျော့ကလေး စဉ်းစားကြတယ်။ တွက်ချက်ကြတယ်။
“ပါတီစုံလုပ်ပေးနေပြီပဲ။ ရွေးကောက်ပွဲလုပ်ပေးဖို့  ပြောနေပြီပဲ။ နိုင်တဲ့ပါတီ အာဏာအပ်ပြီးတော့ ကျွန်တော်တို့ စစ်သား တွေ စစ်တန်းလျားကိုပြန်မယ် လို့  ပြောနေပြီပဲ -ဘာလိုသေးလဲ” ဆိုပြီး ပြောတာ ကြားကြရသလို “သူ့ ဟာသူ ပရိတ်ရွတ်ပြီး သေသွားပါစေ”ဆိုတာကိုလဲ ကြားခဲ့ရတယ်။
နှစ်(၂၀)ကြာတော့မှ ဒါတွေ ဘာမှဖြစ်မလာဘူး ။ မဟုတ်ဘူး မဖြစ်ခဲ့ဘူး ။

ဒီလိုပါပဲ
တောတွင်းအင်အားစုတွေ ငြိမ်းချမ်းရေးကမ်းလှမ်းတယ်။ ဆွေးနွေးလာတယ်ဆိုတော့ ပျော်ကြတာကိုလဲ တွေ့ ရတယ်။ မယုံကြည်တာကိုလဲ တွေ့ ရတယ်။ လက်ခံတဲ့အဖွဲ့ တွေကတော့ “ဒီကောင်တွေဘာမှ မလုပ်နိုင်တော့ ဘူး။
အရှင်ဖမ်း ပေးသလောက်ယူကြ” “ဟိုအရာရှိ တော်လိုက်တာ ဒီအရာရှိ တော်လိုက်တာ” “ကျွန်တော်တို့ တိုက် လာတာကြာပြီ ဘာမှမရဘူး။
ပေးတုန်း တမူးရလဲတမူးပေါ့။ တကျပ်ကျတော့ ဖြေးဖြေးပေါ့” ဆိုပြီး ကကြခုန်ကြ သင်္ကြန်ပွဲ တခုကိုမြင်နေရ သလိုပဲ ဖြစ်နေလိုက်ကြတာ သောက်သောက်လဲ ပါပဲ။
ပင်လုံတို့  မာနယ်ပလောသဘောတူညီချက်တို့  စစ်မှန်တဲ့ပြည်နယ်ပေါင်းစု ဖက်ဒရယ်ပြည်ထောင်စုတို့  တပ်ပေါင်းစုနဲ့  သာ အောင်ပွဲခံမယ်တို့  သီးခြားမဆွေးနွေးရ တပ်ပေါင်းစုမူနဲ့ သာ ဆွေးနွေး ရမယ်တို့  ဘာတို့ ညာတို့  “တို့ ” ထားတာတွေအများကြီး။
အဲဒီ“တို့ ”တွေ ဘယ်ရောက်လို့  ဘယ်ပေါက်မှန်း မသိတော့ဘူး။
လွန်ခဲ့တဲ့ ၂၀၀၈-ခုခန့်က အဆိုပါ “ငြိမ်းအဖွဲ့ ”ထဲက အတော်အတန်အဆင့်ရှိတဲ့ ခေါင်းဆောင်တဦးနဲ့ ထိုင်းမြန်မာ နယ်စပ်မှာ ဆုံဖြစ် ခဲ့ကြတယ်။
“ဘယ်လိုလဲ အခြေအနေ” လို့ မေးကြည့်တယ်။ “အရှင်ဘုရား မလွယ် ပါဘူး။ (၁၅) နှစ်ကြာသွားပြီ။ နိုင်ငံရေးစကားတလုံးမှ မပြောရသေးဘူး။
ညောင်နှစ်ပင်တက်ဆိုတော့လဲတက် (၁၅) နှစ်ကြာတက်လဲ အဖြေမရ နိုင်ငံရေးစကား မပြောရ ။ ပြီးတော့ပြောတယ်၊ ၂၀၁၀-ခုမှာ ရွေးကောက်ပွဲလုပ်မယ်။ ရွေးကောက်ပွဲပြီးတော့ အစိုးရရှိလာမယ်။ အဲဒီ တော့မှ အစိုးရနဲ့ စကားပြောကြပါ။ ကျွန်တော်တို့ ကတော့ စစ်သား တွေဆိုတော့ နိုင်ငံရေးမတတ်ဘူး ဆိုပြီးပြောတယ်၊ ပုတ်ထုတ်တယ်။ ပြီးတော့ ခြံစည်းရိုးစောင့်ရမယ်ဆိုပြီး နောက်တ ခါပြောလာသေးတယ်။ ဘာတွေမှန်းလဲမသိတော့ဘူး-ခွေးမဖြစ် တဖြစ်ပါပဲ- ထွီ”ဆိုပြီး စိတ်ပျက် လက်ပျက် ပြောပြ တယ်။ “ငြိမ်းအဖွဲ့ ” (၁၇) ဖွဲ့ အနက် သေးငယ်တဲ့အဖွဲ့ တွေကို တခုစီတခုစီ မသိ မသာ သိသိသာသာ နည်းမျိုးစုံသုံးပြီး ဖြိုဖျက်ပစ်လိုက်တယ်။ အင်အားကြီးတာတွေကျတော့ အတွင်းစည်းဝင်ပြီး ဖြိုခွဲ။ မရရင်စစ်အင်အားသုံးပြီးတိုက်။
(ဒါမှမ ဟုတ်) ခေါင်းဆောင်တွေကို ဖမ်းဆီးပြီး နှစ်ရှည်ထောင်ဒဏ် ချပစ်လိုက်ကြတယ်။ ပြည်တွင်းက နိုင်ငံရေးပါတီ (၂၀၀) ကျော်ကို တဒိဒိဖြိုဖျက်ခဲ့သလိုပါပဲ။
ဖြိုပစ်လိုက်ကြတယ်။ အစောပိုင်းက မျော်လင့်ထားခဲ့တဲ့ နိုင်ငံရေးမျော်လင့်ချက်တွေ။ ငြိမ်းချမ်းရေးတွေ။ ပြည်ထောင်စုတွေ။ သာတူညီမျှ နေထိုင်ရေးတွေ။ ပင်လုံတွေ။ စစ်မှန်တဲ့ပြည်နယ်ပေါင်းစု ဖက်ဒရယ်ပြည်ထောင်စုတွေ ဘယ်နေလို့ ဘယ် ကို ရောက်သွားမှန်းတောင်မသိဘူး။ “ငြိမ်းအဖွဲ့ ”တွေရဲ့ အဖြစ်ကတော့ ကျောပြင်ကလေး စပ်ဖျန်းဖျန်းတွေ့ တော့မှ “ဓါးပြ ဓါးပြ”အောင်ဟစ်နေကြတာကို တွေ့ ရတယ်။

“၂၀၀၆ -ခုနှစ်မှာ မြန်မာနိုင်ငံတော့် ဒီမိုကရေစီ မြင်စေရမည်”
အိမ်ဖြူတော်နဲ့ ကုလသမဂ္ဂရဲ့ အ၀ိုင်းအ၀န်းမှာ“၂၀၀၆-ခုမှာ မြန်မာနိုင်ငံ့ ဒီမိုကရေစီမြင်စေရမည်”ဆိုတဲ့ စကားဟာ မြန်မာနဲ့ ကမ္ဘာအ၀ှန်းတခုလုံးသို့ ကြီးမားတဲ့ ပဲ့တင်ထပ်မှု တခုဖြစ်ခဲ့တယ်။
ဘာကြောင့်လဲဆိုတော့ ကမ္ဘာကို စိုးမိုးအုပ်ချုပ်နေသူ(၂)ဦးရဲ့  အလေးအနက် ပြောဆိုလိုက်တဲ့ စကားဖြစ်လို့ ပါပဲ။
“ပြောခဲစေ မြဲစေ”ဆိုတဲ့ မြန်မာ့စကား ပုံအတိုင်း ဒီကမ္ဘာ ကျော်ပုဂ္ဂိုလ်(၂)ဦးဟာ တစုံတခုကို အလေးအနက်မထားဘဲ ပြောမဲ့ဆိုမဲ့ ပုဂ္ဂိုလ်တွေလဲ မဟုတ်ဘူး။
အမှန်တကယ် ပြောသလိုလုပ်နိုင်သူတွေလဲ ဖြစ်တယ်။
မြန်မာ့ဒီမိုကရေစီတွေကတော့ အရမ်းပျော်ခဲ့ကြတယ်။ သင်္ကြန်ကျခဲ့ကြတယ်။
ဒီလိုပြောဆိုမှုတွေ ဘာကြောင့်ဖြစ်ခဲ့ရသလဲဆိုတာ ဆက်ပြီး ဖေါ်ပြသွားမှာ ဖြစ်တယ် ။
၂၀၀၃-ခု မေလလောက်မှာ အမေရိကန်သို့  (ဦးပဉ္ဇင်း)ရောက်သွားခဲ့တယ်။
ဒီ ခရီးစဉ်ကြွရောက်ခဲ့တာက တော့ အမေရိကန်အစိုးရနဲ့  အရမ်းနီးစပ်သူတွေရဲ့  စီ စဉ်ဖန်တီးမှုကြောင့်ဆိုရင်မမှားပါဘူး။
ပြီးတော့ ဒီပုဂ္ဂိုလ်တွေဟာ မြန်မာ့ဒီမိုကရေစီရရှိရေးကိစ္စ တွေမှာ အားသွန်ခွန်စိုက် အားပေးနေသူတွေ ဆိုရင်လဲဆိုနိုင်တဲ့ ပုဂ္ဂိုလ်တွေဖြစ်တယ်။
တိတိကျကျဖေါ်ပြဖို့ တော့ ဒီနေ့  ဒီအချိန်အခါမှာ မလိုသေးဘူးလို့ ထင်တယ်။ နားလည်မှုပေးနိုင်မယ်ထင်တယ်။။
သွားရ လာရခက်ခဲတော့ စီစဉ်ထားတဲ့ အတိုင်း ဖြစ်မလာဘူး။ အစီအစဉ်တွေ ကမန်း ကတန်းပြန်လုပ်ရတယ်။ ဒါပေမဲ့ အချိပ် အဆက်တွေ ပြန်မိခဲ့တယ်။ ကံကောင်းတယ်။

.အရှင်ခေမာစာရ- မြန်မာနိုင်ငံလုံးဆိုင်ရာ ရဟန်းပျိုသမဂ္ဂ
ပထမ အစိုးရနဲ့ ပတ်သက်တဲ့ အရာရှိတချို့ နဲ့ တွေ့ တယ်။ ပြောကြဆိုကြတော့ အင်မတန်ဖေါ်ရွေတယ်။ လိုက်လျောမှုရှိတယ်။
မျှော်လင့်ထားတာထက် ဆွေးနွေးပွဲအောင်မြင်တယ်။
မြန်မာနိုင်ငံအကြောင်းကိုလဲ မြန်မာတွေ ထက် သိနေတာတွေ့ ရတော့ သိပ်အံ့သြမိတယ်။
ပြောဆိုဆွေးနွေးချက်တွေကို အစိုးရအစည်းအဝေး တင်ပြရအုံးမယ် ဆိုတော့ သူတို့ က အင်မတန်ပြဌာန်းတဲ့ ပုဂ္ဂိုလ်တွေဖြစ်နေတော့ ပိုပြီးအဆင်ပြေအောင် စေတနာ ထားလုပ်ခဲ့တာလဲ ဖြစ် နိုင်သလို သူတို့ ကိုယ့်က လုပ်ပိုင်ခွင့်အခွင့်အာဏာ ရထားပုံကျတယ်။
သူတို့ နဲ့ မတွေ့ ခင်လဲ ဖန်တီးသူတွေက သတိတခုပေးထားတယ်။ တခြားတော့မဟုတ်ဘူး။ “သူတို့ ရှေ့ မှာ ဒေါ်အောင်ဆန်းစု ကြည်ကို မဝေဖန်နဲ့ ” ဆိုတဲ့ သတိပေး ချက်ပါပဲ။ ဒါက မဖြစ်မနေ စည်းစောင့်ရမဲ့ အလုပ်ဆိုတော့ ငြင်းစရာ မရှိပါဘူး ။ သဘော မတူစရာ မရှိဘူး ။
ပထမတွေ့ ဆုံဆွေးနွေးတာ အောင်မြင်သွားတယ်။
ဒုတိယအကြိမ် တွေ့ ရမဲ့ပုဂ္ဂိုလ်တွေကလဲ အင်မတန်အရေးကြီးတယ်လို့ ဆိုတယ်။
“ဒီတခါလဲ ဒေါ်အောင် ဆန်းစုကြည်ကို မဝေဖန်နဲ့ နော်” ဆိုတဲ့ သတိပေးချက်လုပ်တယ်။ ဒုတိယအ ကြိမ်မှာလဲ လူပြောင်း သွားပေမဲ့ အရေအ တွက်ကတော့ (၂)ဦးပါပဲ။
သူတို့  ဘယ်သူဘယ်ဝါ ဖြစ်တယ်ဆိုတာ မိတ်ဆက် ကြတယ်။ အပြင်ကို မပေါက်ကြားဖို့ က အရေးကြီးတယ် ဆိုတာကိုတော့ သတိပြုမိတယ်။
ပိုအဆင်ပြေ အောင်ဆိုပြီး ( ဦးပဉ္ဇင်း) နဲ့ ရင်းနှီးတဲ့ တာဝန်ရှိတဲ့ အမေရိကန် တယောက်ကိုပါ ခေါ်သွားခဲ့တယ် ။ တကယ်ဆွေနွေးတဲ့အခါ သီးသန့် ခေါ်လာတဲ့ အမေရိကန်ကပါ ၀င်ရောက်ထောက်ခံဆွေးနွေးတော့ ဆွေးနွေးပွဲနဲ့  မတူတော့ပဲ မိသားစုကိစ္စပြောကြသလို ဖြစ်သွားတယ်။

(ဦးပဉ္ဇင်း) ရဲ့ အချက်(၄)ချက် တောင်းဆိုနေတာနဲ့ ပတ်သက်လို့ တော့ ပထမတော့သူတို့ ငြင်းသလိုလုပ်တယ်။
“ဒီကိစ္စ တွေကို ဂျပန်တို့အာစီယမ်တို့ နဲ့  ဆွေးနွေးပါလား”လို့ သူတို့  တန်ပြန်အကြံပြုကြတယ်။
(ဦပဉ္ဇင်း)လက်မခံဘူး။“ငါတို့  ဒီမိုကရေစီကြိုးပမ်းနေတာဟာ အမေရိကန်လို ခိုင်မာတဲ့ ဒီမိုကရေစီ နိုင်ငံကို အား ကိုးလို့ ကြိုးပမ်းနေတာ” ဆိုတော့မှ သူတို့  မပြောတော့ဘူး။ လုပ်ရမဲ့ အလုပ်တွေ ဖြစ်နိုင်ခြေတွေကို သူတို့  ထောက်ပြ အကြံပြုတယ်။
ထူးခြားတာက ပထမ သူတွေ နဲ့ ဆွေးနွေးသလိုပါပဲ။ မြန်မာနိုင်ငံအကြောင်း မြန်မာတွေထက် ပိုသိနေတာဖြစ်တယ် ။
ဆွေးနွေးချက်(၄)ချက်အားလုံး ရတယ်။ သူတို့ မငြင်းဘူး။
နောက်တနေ့ တော့ ၀ါရှင်တန်DC မှာ“သတင်းစာရှင်းလင်းပွဲ”တခု လုပ်ပေးတယ်။ တိဗက် လှုပ်ရှား မှုတခုရဲ့ ရုံးကို အလည်အပတ် ခေါ်သွားတယ်။
အဓိကတာဝန်ရှိတဲ့ ပုဂြိုလ်တွေနဲ့ လဲ တွေ့ ဖြစ်တယ်။။
နောက်နေ့ တွေမှာတော့ ဒီဆွေးနွေးချက်ကို အစိုးရက လက်ခံသွားပြီ လွှတ်တော်ကိုတင်ပေးလိုက်တယ်။
အထက်လွှတ်တော်မှာ ကန့် ကွက်သူမရှိ အဆိုအောင်မြင်သွားတယ်။
အောက်လွှတ်တော်မှာတော့ လွှတ်တော်အမတ် (၂)ဦးပဲ ပျက်ကွက်တယ်။
ဒါပေမဲ့ ကန့် ကွက်တာမဟုတ်ဘူး။ အဲဒီနေ့ က လွှတ်တော်ကို မတက်ရောက်နိုင်ခဲ့တာ ဖြစ် တယ်။ ဒါနဲ့ ပတ်သက်လို့  အဓိက လက်မှတ်ထိုး အတည်ပြုပေး ရမဲ့ပုဂ္ဂိုလ်က “သမ္မတ ဂျော့ဒဗလျူဘု(ရှ်)”ပဲ ဖြစ် တယ်။
သမ္မတ ဂျော့ဒဗလျူဘု(ရှ်)က အဲဒီတုန်းက“မြန်မာနိုင်ငံဆိုင်ရာလွှတ်တော်သို့တင်ပြချက်တွေကို အတည်ပြု လက် မှ တ် ထိုးဖို့  အိမ်ဖြူတော်မှာ ကျနော် စောင့်နေတယ်”ဆိုပြီး ပြောတယ်။ </span>
သမတ ဂျော့ဒဗလျူ ဘု(ရှ်)ဟာ ဆွေးနွေး တုန်းကမပါဝင်ခဲ့တဲ့ အချက်တချက်ဖြစ်တဲ့ “မြန်မာနိုင်ငံ ဒီမိုကရေစီကိစ္စကို အောင်မြင်မှုရှိ လာသည်ထိ ဘယ်အစိုးရမဆို ကြိုးပမ်း သွားရမည်” ဆိုတဲ့လွှတ်တော် (၂) ရပ်ရဲ့  ဆုံးဖြတ်ချက် ဥပဒေတခုလဲ လုပ်ပေးသွားတယ်။
အဲဒီတုန်းက ထိုင်း ၀န်ကြီးချုပ် “မစ္စတာတာ့ကဆင်”လဲရောက်နေတုန်း ဆိုတော့ ဆွေးနွေးပွဲကို ဖန်းတီးတဲ့ အရာရှိတွေက “အစိုးရလူတွေနဲ့  တွေ့ တဲ့အခါ သမတကို ပြောပေးပါ။
ထိုင်းဝန်ကြီးချုပ်ကိုလဲ မြန်မာ့ဒီမိုကရေစီကိစ္စ အရေးပေးဖို့ ”ဆိုပြီး အကြံပေးတဲ့ အတွက် ဒုတိယ ဆွေးနွေးပွဲမှာ ထည့်ပြောခဲ့တယ်။
ဒါကြောင့်မို့လို့ သမတ ဂျော့ဒဗလျုဘု(ရှ်)က အိမ်ဖြူတော်မှာ ကျင်းပတဲ့ ဧည့်ခံပွဲ တွေ့ ဆုံပွဲအပြီး။ နိုင်ငံခေါင်းဆောင်(၂)ဦး ပူးတွဲကျေညာချက်ထဲမှာ “မြန်မာနိုင်ငံဒီမိုကရေစီ ကိစ္စ ပူးတွဲ ဆောင်ရွက်သွားမည်” ဆိုပြီးဖော်ပြခဲ့ကြတယ်။
အင်မတန်လေးစားထိုက်တဲ့ သမတ ဂျော့ဒဗလျူဘု(ရှ်)ဟာ မြန်မာ နိုင်ငံနဲ့ ပတ်သက်လို့ အရမ်းတက်ကြွနေပုံရပါတယ်။။
ဒါကြောင့်မိုလို့  ရှေ့ ပိုင်းမှာဖော်ပြခဲ့သလို “၂၀၀၆-ခုမှာ မြန်မာ နိုင်ငံမှာ ဒီမိုကရေစီမြင်စေရမည်”ဆိုပြီး ပြောဆိုခဲ့တာဖြစ်မယ်ထင်တယ်။
သမတ ဂျော့ဒဗလျူဘု(ရှ်) ပြောဆိုပြီး အထွေထွေ အတွင်းရေးမှူးချုပ် “မစ္စတာကိုဖီအာနန် နောက် မရှေးမနှောင်းမှာပဲ ကုလသမဂ္ဂ”ကလည်း “ ၂၀၀၆-ခုနှစ် မှာ မြန်မာနိုင်ငံ့ ဒီမိုကရေစီ မြင်စေရမည်”ဆိုပြီး ပြောခဲ့တယ်။</span>
ဒါနဲ့ ပတ်သက်လို့  နောက်ဆက်တွဲလုပ်ဆောင်မှုတွေကတော့ ဂျပန်စည်းရုံးရေး အာစီယာမ်စည်းရုံးရေး တွေ လုပ်ခဲ့တယ်။
ဒီနေရာမှာ လျှို့ ဝှက်စရာမလိုဘဲ ဖော်ပြနိုင်တဲ့ အချက်ကတော့
(၁)ဘဏ္ဍာငွေ တိုးမြင့်ထောက်ပံ့ရေး
(၂) မြန်မာ့ဒီမိုကရေစီကိစ္စ အလေးထားအာရုံစိုက်ပေးရေး (တနည်းမဟုတ်) ဦးစား ပေးရေး ပဲ ဖြစ်တယ်။
ဒါတွေ အခြေ ခံတဲ့ အမေရိကန်အစိုးရရဲ့  ဆောင်ရွက်ချက်တွေကို အထင်အရှား တွေ့ နေရတယ်။
အမေရိကန်အစိုးရက (လျှို့ ဝှက်) မေမြန်းခဲ့တဲ့မေးခွန်း(၃၀)ကိုလဲ သတ်မှတ်နေ့ စွဲမကျော်လွန်စေဘဲ ဖြေ ကြား ပေးခဲ့တယ်။။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...