Sunday, September 11, 2011

ပညာသင်ယူရခြင်းရဲ့ ရည်ရွယ်ချက် (၅) မျိုး


Cloud Cuckoo Land created a doc.


1. Education means career.
အသက်မွေးဝမ်းကျောင်းအတွက် သင်ကြားခြင်း။
2. Education teaches how to think.
တွေးခေါ်မြော်မြင်တတ်စေရန်အတွက် သင်ကြားခြင်း။
3. Education transmits civilization.
... လူ့ယဉ်ကျေးမှုကို လက်ဆင့်ကမ်းနိုင်ရန် ပညာသင်ကြားခြင်း။
4. Education liberates the individual.
တစ်သီးပုဂ္ဂလ လွတ်မြောက်မှုအတွက် သင်ကြားခြင်း။
5. Education teaches morals.
ကိုယ်ကျင့်သိက်ခါ ထိန်းသိမ်းတတ်စေရန် သင်ကြားခြင်း။

ဆရာမဂျူးပြောထားတဲ့ အချက်ကလေးတွေက ထပ်ဆင့်ပြီး တွေးမိတယ်. ဘယ်အချက်နဲ့ ကိုက်ညီပြီလဲ. ကိုယ်ဆယ်တန်းအောင်ခဲ့တာက ၁၉၉၇. အခု ၂၀၀၈ ဆိုတော့ကာ ဆယ်စုနှစ် တစ်ခုကို ကျော်လွန် လာခဲ့ပြီဖြစ်ပါလား. အခုလက်ရှိအချိန်ထိ ငါဘာတွေလုပ်ခဲ့လဲ. ထုံးစံအတိုင်း အတွေးတွေ ဝေ့လည် ဝေ့လည်ရယ်နဲ့ပဲ. ကိုယ့်ဘာသာ အသုံးမကျမှန်းလည်း သိပါရဲ့. ဒါပေမယ့်လေ. လူဆိုတော့ အတ္တက ရှိနေသေးတယ်လေ. သောက်သုံးမကျတာ လူသိသိပ်မခံချင်သေးတော့ မဖြစ်သေးပါဘူးလေ. ကဲ နံပါတ်စဉ်အလိုက်ပဲစဉ်းစားတော့မယ

Education means career.
အသက်မွေးဝမ်းကျောင်းအတွက် သင်ကြားခြင်း။
ကိုယ့်အသက်မွေးဝမ်းကျောင်းတဲ့ ကိတ်စရပ်တစ်ခုမှာ အမှန်အတိုင်းဝန်ခံရမယ်ဆိုရင် မိဘဆိုတာ မရှိရင် ကိုယ်ဘယ်လိုရပ်တည်ရမလဲလို့တောင်
စဉ်းစားမိတယ်. အဲဒီတော့ ဒီဆယ်စုနှစ်ကာလမှာ ပညာတွေ သင်ကြားလာခဲ့တယ်. အသက်မွေးဝမ်းကျောင်းကိတ်စကို ယခုချိန်ထိ မိမိဘာသာ မဖြေရှင်းနိုင်ခဲ့သေးပါလား.

Education teaches how to think.
တွေးခေါ်မြော်မြင်တတ်စေရန်အတွက် သင်ကြားခြင်း။
အင်း. ဒီအချက်မှာ ဘာတွေ တွေးခေါ်မြော်မြင်တတ်လာသလဲ. ဘာတွေကို မှန်မှန်ကန်ကန် တွေးခေါ်မြော်မြင်တတ်လာသလဲ. (ကိုယ့်ကိုကိုယ်တောင် အားငယ်လာသလိုပဲ. ဟိုးတစ်ရက်က ကိုယ့်ဖေဖေနဲ့ ပြောမိတဲ့ စကားတွေ ပြန်မှတ်မိလာသလိုပဲ. သမီး. ဘွဲ့လည်းရပြီးပြီ. ဘာဆက်လုပ်မှာလဲ… မသိဘူးလေ ဖေဖေရယ်. သူတို့ခိုင်းသလိုပေါ့…) ဒါပါပဲ. ကိုယ့်ရဲ့ တွေးခေါ်မြော်မြင်တတ်မှုလေ.

Education transmits civilization.
လူ့ယဉ်ကျေးမှုကို လက်ဆင့်ကမ်းနိုင်ရန် ပညာသင်ကြားခြင်း။
လူ့ယဉ်ကျေးမှုကို လက်ဆင့်ကမ်းမယ်တဲ့. ပိုဆိုးကုန်ပြီ. အမှန်အတိုင်း ပွင့်ပွင့်လင်းလင်း ၀န်ခံရမယ်ဆိုရင် လူ့ယဉ်ကျေးမှုဆိုတဲ့ Definition ဘယ်လိုဖွင့်ရမယ်တောင် ကိုယ်မသိဘူး. အဲလောက်တုန်းတာလေ. အဲ. တစ်ခုတော့ရှိတယ်. ကိုယ်နဲ့ ပတ်သတ်သူတွေ အားလုံးကိုတော့ ကိုယ့်ကြောင့် ဒုတ်ခမရောက် ရစေဘူးလေ. နောက် ကိုယ်လမ်းညွှန်လို့ ရသမျှလူတွေ အားလုံးကိုတော့ ကိုယ်သိထား တတ်ထားတာလေးတွေ. ကောင်းမှုလား. မကောင်းမှုလား ဆိုတာလေးတွေတော့ တတ်နိုင်သမျှ လမ်းညွှန်မှုလေးတော့ လုပ်မိပါတယ်.

Education liberates the individual.
တစ်သီးပုဂ္ဂလ လွတ်မြောက်မှုအတွက် သင်ကြားခြင်း။
ဒီအချက်တော့ ကိုယ်ကိုကိုယ် ကိုက်ညီမယ်လို့ ယူဆမိတယ်. တစ်သီးပုဂ္ဂလ လွတ်မြောက်မှုတဲ့. လှလိုက်တဲ့ စကားလုံးအသုံး. လူဆိုတဲ့ သတ္တ၀ါမှ ပတ်ဝန်းကျင်ဆိုတာ လိုအပ်တယ်. မိမိတစ်ကိုယ်တည်း နေထိုင်လို့မရဘူးလေ. အဲဒီတော့ တစ်ဦးတည်း နေထိုင် စဉ်းစား တွေးခေါ်နေတဲ့ ပတ်ဝန်းကျင်ကနေ လူအများနဲ့ ဆက်ဆံ ပြောဆို နေထိုင် တွေးခေါ်နိုင်မှုတွေ လုပ်သင့်တယ်ဆိုတာကို ဒီအချက်က ကောင်းကောင်းညွှန်ပြနေတယ်.

Education teaches morals.
ကိုယ်ကျင့်သိက်ခါ ထိန်းသိမ်းတတ်စေရန် သင်ကြားခြင်း။
ဟူး. ဒီအချက်ကတော့ ပညာတတ်တဲ့လူတိုင်း ဖြစ်နိုင်မယ် ဆိုရင်တော့ အတိုင်းထက်အလွန်ပါပဲလေ. ကိုယ်ကတော့ ဒီအချက်နဲ့ ပတ်သတ်လာရင် ဆွေးနွေးချက် မပေးချင်ဘူး. ပေးလည်း မပေးရဲဘူး. ကိုယ်ဆိုလိုချင်တာကို သူငယ်ချင်းတို့ သဘောပေါက်မယ် ထင်ပါရဲ့နော်.

………………
(ဆရာမ ဂျူး၏ စကားများမှ ကောက်နှုတ်ချက်)
Re: NineNadi9

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...