Monday, September 12, 2011

အချစ်နိုင်ငံက ဒီမိုကရက်တစ် ချစ်သုများ (အပိုင်း ၆)

 
“မင်္ဂလာပါ … ဦးလေး ဆုံချိုင်းရှိပါသလားရှင်…”
အိမ်အောက်တွင် နွားစာစဉ်းနေသော သူကြီးသား ဆွန်ဘွန် က ရတီကိုလှမ်းမြင်ပြီး …
“အော် .. အန်းရတီပါလား။ နင်ဘယ်တုန်းက ငါတို့ရွာကို ရောက်တာလဲ။ လာလေ .. အဖေရှိတရ်။ အိမ်ပေါ်မှာ”
“အင်း ရတယ်။ ဒါဆို ငါပဲတက်သွားလိုက်မယ်။ နင်ဘယ်တုန်းက ရွာပြန်လာတာလဲ။ နင်ကအခု ဘန်ကောက်မှာ ဆေးသက္ကသိုလ် တက်နေတာဆို.”

“အင်း ဟုတ်တယ်။အခု တတိယနှစ်တောင် ရောက်နေပြီဟ .. နောက်နှစ်ဆို ကျောင်းဆင်းပြီ။ ငါ့ကျောင်းဆင်းပွဲ နင်လာခဲ့ရမှာနော် အန်း။ နင်ပေးတဲ့ ဂုဏ်ပြုပန်းစည်းကို ငါပထမဆုံး လိုချင်ပါတယ်”
“ဟုတ်ကဲ့ပါ ဆရာဝန်လောင်းလေးရယ် … ကဲ .. နင့်အဖေနဲ့ စကားသွားပြောလိုက်ဦးမယ် ပြီးမှ နင့်ဆီလာခဲ့မယ်”
“အေးအေး .. ငါလဲ ဒီအလုပ်တွေပြီးရင် နင့်ကို အိမ်ပြန်လိုက်ပို့ပေးမယ် …”
ရတီ အိမ်ပေါ်ထပ်တက်သွားတော့ သူကြီးက ၀ါရံတာမှာ ရပ်စောင့်နေသည်ကို တွေ့လိုက်ရသည်။
“လာ အန်းရတီ … နေကောင်းရဲ့လား။ အောက်ထပ်မှာ စကားပြောသံကြားလို့ ကြည့်နေတာ တကယ်ပဲ သမီးလေး အန်း ကိုးးး ”
“ဟုတ် ဦးလေးဆုံချိုင်း … နေကောင်းပါစေလို့ မျှော်လင့်ပါတယ်ရှင်”
“ကောင်းပါတယ် အန်းရေ … ဆွန်ဘွန်လဲ ကျောင်း၂ပတ်ပိတ်တော့ အိမ်ပြန်လာပြီး အဖေ့အလုပ် ကူမလို့တဲ့လေ … ဒါနဲ့ အန်းကို ဦးလေး အကူညီတောင်းစရာရှိလို့ပါ”
“ဟုတ်ကဲ့ဦးလေး … ပြောပါ။ အန်းတတ်နိုင်တာဆို ကူညီပါ့မယ်”
“နောက်လာမဲ့ ၁၂ရက်နေ့ကျရင် ဦးလေးတို့ရွာကို ဧည့်သည်လာဖို့ရှိတယ်။ စိုက်ပျိုးခင်းတွေနဲ့ ပတ်သတ်ပြီး လာလေ့လာတဲ့ ကျောင်းသားလို့ ပြောတာပဲ။ အဲ့ဒါ သူ့အတွက် စကားပြန်လိုနေတယ်။ ကျောင်းသားလေးက ဘယ်ကလဲတော့ သေချာမသိဘူး။ တရုတ်လား မလေးရှားလားမသိဘူး။ ဒါမယ့် ထိုင်းတော့မဟုတ်ဘူးလေ။ အဲ့ဒါ သမီးက အင်္ဂလိပ်လိုရော ထိုင်းလိုရော ကောင်းကောင်းပြောနိုင်တော့ သူနဲ့၃ရက်လောက် အချိန်ပေးပြီး စကားပြန်လုပ်ကူပေးလို့ရမလား။ ကျောင်းသားဆိုတော့ အစက သားငယ်ဆွန်ဘွန်ကို ကူညီခိုင်းမလို့ .. ဒါမယ့် ဆွန်ဘွန်က ၁၀ရက်နေ့ ဘန်ကောက်ပြန်ရမယ်တဲ့။ တနင်္ဂနွေနေ့ပဲဆိုတော့ သမီးလဲ ရုံးအားရက် ဒီမှာလာရင်း ကူညီပေးပေါ့ … ဒါမယ့် သမီးမလုပ်နိုင်ဘူးဆိုရင်လဲ ရပါတယ်. သမီးမှာ လုပ်စရာတွေတခြားရှိနေရင်လဲ ပြောနော်. ဘာမှ အားမနာနဲ့သိလား.။”
“ဟုတ်ကဲ့ ဦးလေး။ သမီးအားပါတယ်။ သမီး အဲ့နေ့ကျရင် ရွာကိုလာဦးမှာပဲ။ သမီးကူညီပေးပါ့မယ်နော်။ စိတ်မပူပါနဲ့ …”
“တကယ်လား အန်း။ ဒါဆိုဦးလေး စိတ်ချပါပြီ။ သမီးလေး ကူညီမယ်ဆိုရင် ဦးလေး မျက်နှာလွဲလို့ရပါတယ်။ သမီးသိတဲ့အတိုင်း ဒီရွာမှာက စကားပြန်လုပ်နိုင်တဲ့ သူက ခပ်ရှားရှားလေ။ သမီးလို ထိုင်းစကားလဲ ပြောနိုင် အင်္ဂလိပ်စကားလဲ ပြောနိုင်တဲ့သူမရှိဘူးလေ …”
“ရပါတယ် ဦးလေး။ သမီးလာခဲ့ပါ့မယ် …။ ဟုတ်ကဲ့ … တစ်ခြားမရှိတော့ရင် သမီးကို ခွင့်ပြုပါဦး ဦးလေး …”
“အေး .. ဟုတ်ပါပြီကွယ် … ၁၂ရက်နေ့မှ တွေ့ကြတာပေါ့ …”
“ဟုတ်ကဲ့ပါ ဦးလေး … ဒါဆို အန်းပြန်လိုက်ပါဦးမယ် …”
*******************

“ံHay .. Ann Yati .. I love you .. do u love me? Do u love me ? … hay .. girl … please answer me .. I love you … Do you love me? … ဟာာ … တစ်ယောက်တည်း ပြောနေရတာ အရူးလိုပဲ။ ဘာမှလဲ ပြန်မပြောဘူး အန်း  ..”
“အမလေး ဆရာဝန်လောင်း ကိုဆွန်ဘွန်ရယ် … ရှင်ဘန်ကောက်မှာ အင်္ဂလိပ်စာ အပြင်းအထန်သင်နေတယ်ဆိုတာ ဒါတွေပဲလား”
“အာာ မဟုတ်ပါဘူး။ အန်းကလဲ … ငါနင့်ကိုတကယ်ပြောနေတာပါ။ ငါကြိုးစားနေပါတယ်။ နင်လဲ ထိုင်းစကား ကောင်းကောင်းပြောတတ်လာတာပဲ အရင်က နင်ဒီလောက် မပြောတတ်သေးဘူးနော်”
“အေး ဟုတ်တယ်။ ဒီမှာ ၆လလောက်ထပ်နေရမှာဆိုတော့ အခုထိုင်းစာလဲ ပိုကြိုးစားသင်နေရတယ်လေ”
“အန်းတို့များ တော်လိုက်တာ။ မြန်မာစကား အင်္ဂလိပ်စကား ထိုင်းစကား ကရင်စကား မလေးရှားစကား အကုန်ပြောတတ်တာနော် ငါတို့ကတော့ ထိုင်းလိုပဲ ပြောတတ်တယ်။ အင်္ဂလိပ်စာက အရမ်းခက်တာပဲ”
“ဒါကတော့ ငါလဲ အချိန်တွေ အများကြီးပေးပြီး ကျက်မှတ်ရတာပေါ့ဟာ။ နင်ရော် ကျောင်းတက်ရတာ အဆင်ပြေရဲ့လား။ ကောင်မလေးရော် ရပြီလား?”
“ဟာာ … မရသေးပါဘူး။ ဘာလဲ … နင်က ချစ်သူရသွားပြီလား။ ငါ့ကိုမေ့ပြီပေါ့ ဟုတ်လား”
“ဘာတွေ လျှောက်ပြောနေတာလဲ ဆွန်ဘွန်ရယ် .. နင့်ကိုငါမမေ့ပါဘူးဟာ။ ချစ်သူလဲ မထားပါဘူး။ နင့်ကိုပဲ စောင့်နေမှာသိလား …”
“ဟာာ . တကယ်ပြောတာလား အန်း … ငါကျောင်းပြီးရင် နင့်ကိုလာရှာမှာနော် …”
“ဟားဟား .. ငါနောက်နေတာပါ ဆွန်ဘွန်ရယ် … အင်း။ တစ်ခုတော့ဟုတ်တယ်။ အခုငါ့ ချစ်သူနဲ့ ငါလမ်းခွဲလိုက်ပြီလေ။ ဒါမယ့် နင်သိထားဖို့က နင်နဲ့ငါက သူငယ်ချင်းပဲ။ နင်ငါ့ကို ဆက်ခင်နေဦးမယ်ဆိုရင် ငါတို့အချစ်ဆုံး သူငယ်ချင်းပဲ လုပ်ရအောင် … ဒါကအခိုင်မြဲဆုံးပါပဲ”
“ငါ ဘယ်ကောင်မလေးကိုမှ နင့်လောက် စိတ်မ၀င်စားပါဘူးဟာ။ ငါတက်နေတဲ့ ကျောင်းမှာ မိန်းမလှလေးတွေ များကြီး၇ှိပါတယ်။ ဒါမယ့် ငါတစ်ယောက်မှ စိတ်မ၀င်စားဘူး။ နင့်ကိုသာ ငါစိတ်ရင်းအမှန်နဲ့ ချစ်မိတာပါဟာ … ငါ့ကိုစဉ်းစားပေးပါနော်”
“မဖြစ်နိုင်ဘူး ဆွန်ဘွန် … ငါဘာကိုမှ ထပ်မစဉ်းစားချင်ဘူး။ နင်ဒီအကြောင်းတွေပဲ ဆက်ပြောနေမယ်ဆိုရင် အခုလှည့်ပြန်သွား။ ငါ့အိမ်လဲ ရောက်တော့မှာ …”
“ကိုဆွန်ဘွန် …………………”
အသံလာရာ ၂ယောက်လုံး လှည့်ကြည့်မိတော့ ဆွန်ဘွန် သူငယ်ချင်းမလေး “Porn …”
“Porn ပါလား။ မိတ်ဆက်ပေးရဦးမယ်။ ဒါက အမအန်း တဲ့။ မြန်မာပြည်ကပါ။ လွန်ခဲ့တဲ့ ၂နှစ်လောက်တုန်းက အကိုတို့ရွာမှာ ရွာဖွံ့ဖြိုးရေးအတွက် ရေထိန်းသိမ်းကန် ဆောက်လုပ်ရေး ပရောဂျက်လုပ်တုန်းက သိခဲ့ကြတာ”
“မင်္ဂလာပါ မမအန်း။ ညီမကတော့ Porn ပါ။ ကိုဆွန်ဘွန်နဲ့ မူလတန်းကတည်းက ကျောင်းနေဖက် သူငယ်ချင်းပါ။ အရမ်းခင်ကြတာလေ။ ငယ်သံယောဇဉ် ကြီးထိမပျက်ဆိုသလိုပေါ့။ ဟုတ်တယ်နော် ကိုဆွန်ဘွန် …”
ကောင်မလေးက စကားကို နွဲ့နွဲ့လျလျ ပြောရင်း ဆွန်ဘွန်လက်မောင်းကို ဆွဲရင်း ပြောနေတာ ရတီ့ကို ဒါသူ့ကောင်လေးဖြစ်မဲ့သူပါလို့ ကြေညာနေသလိုပင် …။ ရတီလဲ ပြုံးပြုံးလေးနှင့် ဆက်ပြီး …
“တွေ့ရတာ ၀မ်းသာပါတယ် ညီမလေး။  သူငယ်ချင်း ချင်းချင်း ချစ်ချစ်ခင်ခင်နေပြီး အမြဲကူညီနေနိုင်တာ ကောင်းပါတယ်။ ဂရုစိုက်ကြနော် .. အမမိုးမချုပ်ခင် ရုံးအိမ်ပြန်ရမှာမို့ အမသွားနှင့်တော့မယ်”
ပြောပြီးရတီ လှည့်အထွက်မှာ … ကောင်မလေးက ..
“ဟုတ်ကဲ့ပါ မမရယ် … Porn တို့က အမြဲဂရုစိုက်ပါတယ်။ အခုတောင် ကိုဆွန်ဘွန်နေတဲ့ ဘန်ကောက်က ကျောင်းကို ပြောင်းဖို့ စီစဉ်ပြီးပါပြီ မမ မပူပါနဲ့နော် ..”
အသံ ညောင်စီစီနှင့် ပြောနေတာက ရတီနားထဲ ကန့်လန့် … ဒါမယ့် ဘာမှမဟုတ်တဲ့ ကိတ်စတွေနဲ့ ရတီတွေးပြီး အာရုံမစားချင်တော့။ အကုန်ဖျောက်ပစ်လိုက်သည်။ မနက်ဖြန်မှာ လုပ်ရမဲ့ အလုပ်တွေအကြောင်းပဲ စဉ်းစားနေလိုက်သည် ….။

ဆက်ရန်ရှိသည်။
(ATM)
***********************************************
အချစ်နိုင်ငံက ဒီမိုကရက်တစ် ချစ်သူများ (အပိုင်း ၁)
အချစ်နိုင်ငံက ဒီမိုကရက်တစ် ချစ်သူများ (အပိုင်း ၂)
အချစ်နိုင်ငံက ဒီမိုကရက်တစ် ချစ်သူများ (အပိုင်း ၃)
အချစ်နိုင်ငံက ဒီမိုကရက်တစ် ချစ်သူများ (အပိုင်း ၄)
အချစ်နိုင်ငံက ဒီမိုကရက်တစ် ချစ်သူများ (အပိုင်း ၅)

အချစ်နိုင်ငံက ဒီမိုကရက်တစ် ချစ်သူများ (အပိုင်း ၇)
အချစ်နိုင်ငံက ဒီမိုကရက်တစ် ချစ်သူများ (အပိုင်း ၈)
အချစ်နိုင်ငံက ဒီမိုကရက်တစ် ချစ်သူများ (အပိုင်း၉)
ဆက်ရန်ရှိသေးသည် ............
· · Share

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...