Tuesday, September 6, 2011

ဒေါ်စုဆောင်းပါး ဖေါ်ပြသည့် ပြည်သူ့ခေတ် ဂျာနယ် ရောင်းအားထိုးတက်

by Yangon PressInternational on Tuesday, September 6, 2011 at 5:10am
စက်တင်ဘာ ၆၊ ၂၀၁၁ (YPI)

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရေးသားသည့် ခရီးသွားဆောင်းပါး ဖေါ်ပြသည့် ပြည်သူ့ခေတ် ဂျာနယ် ယနေ့ထွက်ရှိလာရာ စိတ်ဝင်စားသူများပြားသဖြင့် ရောင်းအား မြင့်တက်ခဲ့သည်။


ဒေါ်အောင်ဆန်းစုကြည် ဆောင်းပါးကို မဖြန့်ဝေခင် နေ့ကတည်းက ယခင်သီတင်းပတ်များထက် အမှာစောင်ရေ  ပိုမိုများပြားခဲ့သောကြောင့် ဂျာနယ်တိုက်မှ ပိုမိုရိုက်နှိပ်ခဲ့သည်ဟု ပြည်သူ့ခေတ်မှ သတင်းအယ်ဒီတာက ပြောသည်။

“အရင် သီတင်းပတ်ထက် ၃ဆ ၄ဆ ပိုရိုက်ရတယ်။ ဗီနိုင်းတွေနဲ့လဲ ကြိုကြေငြာထားတော့ လာကြိုမှာတဲ့ လူတွေလဲ ရှိတယ်။ မနက်က ဖြန့်တာ ခုချိန်တော်တော်ကုန်ပီလို့ သိရတယ် ”ဟု ယနေ့နေ့ခင်းပိုင်းတွင် အတိုင်ပင်ခံ အယ်ဒီတာ မောင်ဝံသ ကပြောပြခဲ့သည်။
ယနေ့ထုတ် ပြည်သူ့ခေတ်ဂျာနယ်တွင်တွေ့ရသည့် ဒေါ်အောင်ဆန်းစုကြည်၏ ဆောင်းပါး

ထို့အပြင် ဂျာနယ်မထွက်မှီ နှစ်ရက်အလိုကပင် ဂျာနယ်မျက်နှာဖုံးကို သတင်းစာကြော်ငြာနှင့် ဗီနိုင်းများ ရိုက်နှိပ် ကြော်ငြာခဲ့သဖြင့် ပိုမိုလူသိများခဲ့သည်။
“ ဂျာနယ်ဆိုင်တချို့မှာ ရှာမရတော့လို့ မိတ်ဆွေတယောက်ကို လှမ်းမှာထားရတယ်” ဟု ပြည်သူ့ခေတ်ပုံမှန် ၀ယ်ဖတ်သူ တစ်ဦးက ပြောသည်။

အဆိုပါ ဆောင်းပါးတွင် ဒေါ်အောင်ဆန်းစုကြည့်၏ ဖခင်ဖြစ်သူ ဗိုလ်ချူပ်အောင်ဆန်းနှင့် ဦးဟံသာမြင့်၏ ဖခင် ဦးသိန်းဖေမြင့်တို့ နိုင်ငံရေးအယူအဆ မတူသော်လည်း တစ်ယောက်နှင့်တစ်ယောက် ငြိမ်းချမ်းစွာ ကွဲလွဲခဲ့ပုံနှင့် သားသမီးများ ဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဟံသာမြင့်တို့လည်း တိုင်းပြည်အရေးကြုံလာသည့် ကာလတွင် အတူလက်တွဲခဲ့ကြပုံကို ရေးဖွဲ့သွားသဖြင့် တိုင်းပြည်၏ နိုင်ငံရင်ကြားစေ့ရေး သဘောထား ငြိမ်းချမ်းစွာ ကွဲလွဲရေးအတွက် နိမိတ်ပုံတစ်ခုဟု ယူဆနိုင်သည်ဟု ရန်ကုန်မြို့မှ စာဖတ်သူတဦးကပြောသည်။

စာမူတောင်းရသည့် အချက်နှင့်ပတ်သက်၍   “ ဒေါ်အောင်ဆန်းစုကြည်ကို ဘာလို့ စာမူတောင်းရလဲ ဆိုတော့ သူလဲ စာရေးဆရာပါပဲ။ အတတ်ပညာရှင် စာရေးဆရာ တယောက်လဲဖြစ်တယ်” ဟု မောင်ဝံသ က ပြောခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာပြည်သူတို့အတွက် ကြောက်ရွံခြင်းမှ ကင်းဝေးရာ ( Freedom from Fear ) ဆိုသည့် စာအုပ်အပြင် ဗိုလ်ချူပ်အောင်ဆန်း၏ အကြောင်း စာအုပ်နှင့် ထိုင်းနိုင်ငံ၊ ဂျပန်နိုင်ငံများမှ သတင်းစာများတွင် ဆောင်းပါးများ ရေးသားခဲ့သော်လည်း ပြည်တွင်းထုတ်ဂျာနယ် မဂ္ဂဇင်းများတွင် ဖေါ်ပြခြင်းမှာ ယခုပထမဆုံး ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ဆောင်းပါးကို ဇူလိုင်လ ပုဂံသွားချိန်တွင် ပေးခဲ့ပြီးနောက် သုံးကြိမ် စာပေစိစစ်ရေးကို တင်ပြခဲ့ရပြီးနောက်တွင် ယခုကဲ့သို့ ဖော်ပြခွင့်ပြုခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။ ဒေါ်အောင်ဆန်းစုကြည်၏ ဆောင်းပါးကို ခရီးသွားဆောင်းပါး ပုံစံရေးသားထားသဖြင့် ရသမြောက်သည် ဟု ၎င်းက ဆိုသည်။

နိုင်ငံရေး ဆောင်းပါးများအသားပေး ဖေါ်ပြသည့် အပတ်စဉ်ထုတ် ပြည်သူ့ခေတ်ဂျာနယ်သည် သက်တမ်း တစ်နှစ်ကျော် အတွင်း ဖတ်ရှုသူများပြားလာသော စာစောင် ဖြစ်သည်။

ယခုတနင်္ဂနွေနေ့က ထုတ် မက်ဆင်ဂျာဂျာနယ်တွင်လည်း ဒေါ်အောင်ဆန်းစုကြည်နှင့်   တွေ့ဆုံမေးမြန်းထားသည့် အင်တာဗျူး ပထမဆုံးအကြိမ် ဖေါ်ပြခွင့်ရခဲ့သည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...