Wednesday, September 7, 2011

ရာဇ၀င်တို့၏ သင်ခန်းစာ ( ၃ ) ( အနော်ရထာနဲ့ ကျန်စစ်သား )

by Nay La Minn on Wednesday, September 7, 2011 at 10:01pm

        ပုဂံရာဇ၀င်တွင် အနော်ရထာမင်းနှင့် ကျန်စစ်သားတို့သည် အထင်ရှားဆုံးပုဂ္ဂိုလ်များ
ဖြစ်ကြသည်။အချို့ ရာဇ၀င်များက သားအဖဟုပင်ဆိုကြသည်။ သို့သော် အထောက်အထား
နှင့်အတိအကျကားမဆိုနိုင်။ သို့သော် သေချာသည်ကား ယင်းတို့နှစ်ဦးသည် အခြားပုဂံမင်း
များထက် ပို၍ဆက်စပ်ယှက်နွယ်မှုရှိကြခြင်းပင်ဖြစ်သည်။

        ပထမမြန်မာနိုင်ငံတော်ကို ထူထောင်ခဲ့သူ၊ အနုရုဒ္ဓရွာကိုစားရသဖြင့် အနော်ရထာဟု
ခေါ်တွင်သောမင်းမှာ တစ်ဝမ်းကွဲနောင်တော် စုက္ကတေးမင်းကို စီးချင်းထိုးအနိုင်ရရှိလိုက်သ
ဖြင့် ခရစ်နှစ်၁၀၄၄ တွင် ပုဂံထီးနန်းကို သိမ်းပိုက်၍ မင်းအဖြစ်ကိုရရှိခဲ့သည်။ မင်းအဖြစ်ကို
ရှိပြီးနောက် နိုင်ငံကို အပြောင်းအလဲများစွာဖြင့် ပြုပြင်တည်ဆောက်ခဲ့သည်။ ထီးနန်းရပြီးစ
၌မူ နောင်တော်ကိုလုပ်ကြံမိသည်ဟူ၍ ခြောက်လတိုင်တိုင် စက်တော်မခေါ်တတ်ရှိလေ၏ ။
ထိုအခါ သိကြားမင်းမှ  " မင်းကြီးသည် ပြစ်မှားမိသော မကောင်းမှုမှ ခေါင်းပါးစေလိုသော်
ဘုရား ဂူ ကျောင်း ဇရပ် တို့ကိုများစွာပြု၍ အမျှဝေပေ၊ ထိုမှတစ်ပါးလည်း ရေတွင်းရေကန်
ဆည်မြောင်း လယ် ချောင်းတို့ကို များစွာစီရင်၍ နောင်တော်အား ပေးဝေရာသည် "  ဟူ၍
အိပ်မက်ပေးလာရသည်ဆို၏ ။

        အနော်ရထာသည်ထီးနန်းကိုရသည်နှင့် ဦးစွာ သူရဲကောင်းတို့ကိုစုစည်းခဲ့သည်။ ဤ
တွင်အစွမ်းထက်မြက်သော ကျန်စစ်သားဦးစီးသည့် သူရဲကောင်း( ၄ )ယောက်ကိုရှိခဲ့သည်။
ထိုသူရဲကောင်းတို့၏ အစွမ်းအစ အကူအညီဖြင့် သတ္တ၀ါများကို သတ်၍ ယစ်ပူဇော်ရ သော
ဓလေ့၊ နဂါးရုပ်ထု ကိုးကွယ်ရသော အကျင့်နှင့် အရည်းကြီးတို့၏ သာသနာ အတုအယောင်
တို့ကိုပယ်၍ မြတ်ဗုဒ္ဓ၏ သာသနာတော် အစစ်အမှန်ကို ပြုစုပြန့်ပွားစေခဲ့သည်။ သထုံပြည်မှ
ပိဋကတ်သုံးပုံနှင့် အနုပညာရပ် များစွာကို ပင့်ယူဆောင် ကြဉ်းခဲ့သည်။ ထို့အပြင် တရုတ်နန်
ချောင်( Nanchao )ပြည် တာလိ( Tali )မြို့ရှိ ဦးတည်ဘွားထံသို့ ကိုယ်တော်တိုင်သွားရောက်
၍ ဗုဒ္ဓစွယ်တော်ကိုတောင်းယူခဲ့ဖူး၏။ စွယ်တော်အစား မြဆင်းတုတစ်ဆူကို လက်ခံခဲ့၏။
        ဘုရား စေတီ ဂူတျောင်း များစွာတို့ကိုလည်း တည်ထား ကိုးကွယ်ခဲ့သည်။ သီဟိုဘုရင်
ဝိဇယဗာဟု ကအကူအညီတောင်းခံခဲ့သဖြင့် သံဃာတော်များစေလွှတ်၍ တရားကျမ်းဂန်များ
ကိုလည်းပေးပို့ခဲ့သေးသည်။ ရှင်အရဟံမှအစပြု၍ စိညက်မင်း သားတော်မဟာထေရ်၊ပံ့သကူ
မဟာထေရ်၊ ဆပဒထေရ် စသည့်ကျော်ကြားသော အရှင်သူမြတ် ရဟန်းအာဇာနည်များ များ
စွာပေါ်ထွန်းခဲ့သည့်အပြင် ၁၀၅၈ ခုတွင် မြန်မာစာပေ အရေးအသားကို စတင်တီထွင် ပြဌာန်း
ခဲ့သည်။

        စီးပွားရေး အရာတွင်လည်း အလေးချိန်ခွင်၊ တင်းတောင်းများကို တညီတညွတ်တည်း
သတ်မှတ်ခဲ့သည်။ မိတ္ထီလာကန်ကိုဆည်ခဲ့သည်။ စိုက်ပျိုးရေးအတွက် အထောက်အကူပြုနိုင်
မည့် ဆည်မြောင်းကန်ချောင်းတို့ကို တူးဖေါ်တည်ဆောက်ခဲ့သည်။ ပင်လယ်၊ မြစ်သား၊ မြင်းခုံ
တိုင်၊ မက္ခရာ အစရှိသော လယ်တွင်း ၁၁ - ရွာ ၊ ကျောက်ဆည်နယ်ဖြစ်သောရေလွှဲ ကိုးခရိုင်
နှင့် ရမည်းသင်းဒေသ ရေလွှဲ ငါးခရိုင်တို့ကို တည်ထောင်ခဲ့သည်။
        နိုင်ငံကာကွယ်ရေး အပိုင်းတွင်လည်း နိုင်ငံတော်ကြီးကို စုစည်းသိမ်းသွင်း၍နှစ်ကျိတ်ပြု
မြို့ မှ သိန်းပြုမြို့ အထိစနစ်တကျ ခွဲခြား သတ်မှတ်ခဲ့ရာ သိန်းပြုမြို့ ပေါင်း ၂၀- အထိရှိခဲ့သည်။
ထိုသို့မြို့ အသီးသီးမှ သတ်မှတ်ထားသော စစ်သည်အရေအတွက် စုစုပေါင်းမှာ ၇၆,၀၀,၀၀၀
ယောက်ရှိခဲ့ကြောင်း သိရှိရပါသည်။

        တရံသောနေ့အခါ၌ အနော်ရထာမင်းသည် စစ်အင်္ဂါလေးပါးနှင့် ဆင်ဖြူသန်မြင်စွာ ကိုစီး
၍ တိုင်းခမ်းလှည့်လည်ပြီးအပြန် သရပါတံခါးသို့အ၀င် မုဆိုးတစ်ယောက်က " အောင်သာမြစ်
ခြေအရပ်၌ စက္ခုပါလမည်သောကျွဲရိုင်း လူသူမသွားသာအောင် ရန်ပြုနေသည် " ဟု နားတော်
လျှောက်၏။ မင်းကြီးလည်းနန်းတော်သို့မ၀င်ဘဲ ထိုကျွဲကိုငါကိုယ်တိုင်သတ်မည်ဟူ၍ မြစ်ခြေ
အောင်သာသို့ချီလေသည်။ ကျွဲကိုတွေ့၍ ချက်ချင်းတိုက်လေရာ ရှေးကပြုဖူးသောအကုသိုလ်
ကံကြောင့် ကျွဲခတ်မိကာ အနိစ္စရောက်တော်မူချေ၏။ ဤသို့ဖြင့် ဘုန်းတန်ခိုး ကြီးလှစွာသော
ဘုရင်အနော်ရထာသည် မင်းစည်းစိမ် ၃၃ - နှစ်၊ သက်တော်- ၇၅ အရောက်ခရစ်နှစ် ၁၀၇၇ -
 ၌ ကံတော်ကုန်ရှာလေသည်။

        ထိုသို့ ဘုန်း လက်ရုံး အာဏာ နှင့်ပြည့်စုံသော အန်ာရထာမင်း၏ ပိုင်နက်နယ်မြေအပိုင်း
အခြားကိုမှန်နန်းရာဇ၀င်တော်ကြီး၌" အနောက်သို့လားသော် ပဋိက္ကရားမည်သောကုလားပြည်
အနောက်မြောက် သို့လားသော် ကတူးငနားကြီး၊ မြောက်သို့လားသော် ဂန္ဓလရာဇ် မည်သော
တရုတ်ပြည်၊ အရှေ့ မြောက်သို့လားသော် က၀ိန္တိမည်သောပန်းသေးပြည်၊ အရှေ့ သို့လားသော်
စတိဿမည်သော ပင်ကာပြည်၊ အရှေ့ တောင်သို့လားသော် အယောစလည်းမည်သော ဂျွမ်း
တို့ပြည် " ဟူ၍ မှတ်တမ်းပြုခဲ့သည်ကို တွေ့ရပေသည်။ ထို့ကြောင့်လည်း ပထမမြန်မာနိုင်ငံကို
တည်ထောင်သူအဖြစ် မြန်မာ့ရာဇ၀င်တွင် မှတ်တမ်းတွင်ရစ်ခဲ့ရခြင်းဖြစ်သည်။

        ကျန်စစ်သားသည် အနော်ရထာ၏ ညာလက်ရုံး သူရဲကောင်းတစ်ဦးဖြစ်သည်။ အနော်ရ
ထာ၏စိတ်ကူးများကို အကောင်အထည်ဖေါ်ရာတွင် အားအကိုးရဆုံး၊ သစ္စာအရှိဆုံးဖြစ်သည်။
အနော်ရထာလွန်သော် အနော်ရထာ၏ မပြီးပြတ်ခဲ့သော စိတ်ကူးဆန္ဒများစွာတို့ကို ဆက်လက်
အကောင်အထည် ဖေါ်ဆောင်ခဲ့ရာတွင် ရွှေစည်းခုံစေတီလည်း အပါအ၀င်ဖြစ်ခဲ့သည်။ ကျန်စစ်
သားသည် အနော်ရထာ၏ မျိုးဆက် စောလူးမင်းထံတွင်ပါသစ္စာရှိစွာဖြင့် ဆက်လက်အမှုတော်
ထမ်းရွက်ခဲ့သည်။ စောလူးမင်းကို ငရမန် ဖမ်းဆီးသွားသဖြင့် ပုဂံ၌အုပ်ချုပ်သူမဲ့နေသဖြင့် ထီး
နန်းကိုသိမ်းယူရန် မူးမတ်တို့ကတိုက်တွန်းသည်ကို လက်မခံဘဲ စောလူးမင်းကို ကယ်တင်ရန်
ကြိုးပမ်းခဲ့သည်။ စောလူးမင်းသေဆုံးပြီး ငရမန်ကိုလည်း နှိမ်နင်းပြီးချိန်တွင်မှသာ ထီးနန်းကို
ရယူခဲ့သည်။ အနော်ရထာ၏ ပါရမီဖြည့်ဖေါ်ဆိုလျှင်လည်းမမှားပေ။
        ဤသို့ကျန်စစ်သားက အနော်ရထာအပေါ် သစ္စာရှိစွာအမှုတော်များကို ထမ်းရွက်ခဲ့သည့်
နည်းတူ အနော်ရထာကလည်း ကျန်စစ်သားအား လွန်စွာချစ်ခင်မြတ်နိုး အားကိုးခဲ့ကြောင်းကို
ရာဇ၀င်မှတ်တမ်းများအရ လေ့လာတွေ့ရှိရပေသည်။ ထို့အပြင် ထူးခြားမှုတစ်ရပ်အနေဖြင့် ၎င်း
တို့ နှစ်ဦးစလုံးက ဥဿာမင်းသမီး မဏိစန္ဒာအပေါ် ချစ်ခင်စုံမက်၊ မြတ်နိုးမှု တူညီ နေခြင်းကို
လည်းတွေ့ရပေသည်။

        အနော်ရထာနှင့် ကျန်စစ်သားတို့သည် အထက်တင်ပြပါ ဆက်နွယ်ပါတ်သက်မှုများအ
ပြင် ရှေးမဆွကပင် ကြီးမားသောဖြစ်ပျက်ဆက်နွယ်မှုများကလည်း ရှိခဲ့ကြသေးသည်။
        အနော်ရထာနန်းတက်ပြီးစအချိန် ဝေသာလီပြည် အဆင်းအင်္ဂါလက္ခဏာနှင့်ပြည့်စုံသော
မင်းသမီး ပဉ္စကလျာဏီ ကိုအနော်ရထာထံ ဆက်သလိုက်၏ ။ ရာဇတမန်အမတ်က ကိုယ်စား
အဖြစ်သွားရောက်ခေါ်ဆောင်ပြီး ပုဂံသို့အပြန်လမ်းခရီး၌ မင်းသမီးနှင့် မှားယွင်းမိလေ၏။ မိမိ
အပြစ်ကိုမြင်သော အမတ်က မင်းကြီးထံပြန်လည်လျှောက်တင်မည်စိုးသဖြင့် အခြွေအရံများ
ကို လမ်းခရီးမြို့ရွာအစဉ်၌ တစ်ယောက်စီ ချန်ထားရစ်ခဲ့၏ ။ ပုဂံရောက်၍ မင်းသမီးကို ရွှေနန်း
တင်မည့်ဆဲဆဲကာလ၌လည်း ရာဇတမန်က ကြာလျှင်မင်းကြီးထံ ပေါက်ကြားသွားမည် စိုးရိမ်
သဖြင့် မင်းကြီးထံဝင်ကာ " မင်းသမီးသည် ဝေသာလီမင်း၏ သမီးရင်းဟုတ်ဟန်မတူ၊ အလုပ်
အကျွေးတတ်သသူ ဟုမမြင်၊ အချုပ်အလုပ် အချက်အပြုတ်လည်း မတတ် "  ဟူ၍ လိမ်လည်
လျှောက်ထားလေ၏။ ထိုအခါ အနော်ရထာလည်း အမျက်တော်ထွက်၍ စုံစမ်းမေးမြန်းခြင်းပင်
မပြုတော့ပဲ ပရိမ္မာအရပ် ( မြောက်ဖက်အရပ်၊ စစ်ကိုင်းနယ် ) သို့နှင်၍နေစေ၏။

        မင်းသမီးပရိမ္မာသို့ ရောက်ပြီးမကြာမီ ပဋိသန္ဓေအရင့်အမာ ရောက်ရှိချိန် ( ပဋိသန္ဓေ မှာ
အနော်ရထာနှင့်ရသည်ဟု အချို့ သမိုင်းရေးသူတို့က ဆိုကြသည် ) မြေငလျှင်ပြင်းစွာလှုပ်လေ
၏။ အနော်ရထာလည်း ထိုငလျှင်လှုပ်သော အကြောင်းကို ဟူးရားဖြူ၊ ဟူးရားညိုတို့အား မေး
မြန်းရာ  "  မြောက်အရပ်တွင် မင်းလောင်းပေါ်မည်၊ ပဋိသန္ဓေအရင့်အမာဖြစ်၍ လှုပ်ရသည် "
ဆို၍ မြောက်အရပ်ရှိ ပဋိသန္ဓေရှိသူမိန်းမတို့ကို သတ်စေရာ ( ၇၀၀၀ ) ခုနှစ်ထောင်ကျော် သေ
ရ၏။ ကျန်စစ်သား၏ မယ်တော် ပဉ္စကလျာဏီကိုမူ နဂါးလုလင် တစ်ယောက် ၀ှက်ထားသော
ကြောင့် လွတ်သည်ဟုဆို၏။
        အတန်ငယ်ကြာသော် မင်းကြီးလည်း  " သေပြီလော "  ဟုမေးရာ ဟူးရားတို့ကလည်း
" မသေချေ၊ အမိဝမ်းမှဖွားပြီ " ဟုလျှောက်ရာ သူငယ်နို့စို့ ပုခက်တွင်း ကလေးငယ်တို့ကို စစ်
၍သတ်စေရာ ( ၆၀၀၀ ) ခြောက်ထောင်ကျော်သေရ၏။ ကျန်စစ်သားမှာ နဂါးလုလင်ဝှက်ထား
သောကြောင့် မသေပြန်။

        တခါ မင်းကြီးသတိရ၍  " သေပြီလော "  ဟုမေးပြန်၏။  " မသေချေသေး၊ နွားကျောင်း
သားအရွယ်ရှိပြီ " ဆိုပြန်၍ နွားကျောင်းသားအရွယ်ကိုစစ်၍ သတ်ပြန်ရာ ( ၅၀၀၀ ) ငါးထောင်
ကျော် သေရပြန်၏။ ဤတစ်ကြိမ်တွင်လည်း ကျန်စစ်သားမှာ သတ်ရာသို့မပါပဲ ကျန်ရစ်လေ၏။
ကျန်စစ်သားအရွယ်ရောက်လျှင် မယ်တော်က မင်းကြီး၏ဆရာတော်ထံအပ်၍ ရဟန်းပြုစေ၏ ။
ထိုအခါ ဟူးရားတို့က " မင်းလောင်းရဟန်းပြုပါပြီ "  ဟုလျှောက်ပြန်လေ၏။ မင်းကြီးလည်း ရ
ဟန်းကိုကား မသတ်ကောင်း၊ မသတ်ဝံ့သည်ဖြစ်၍ မင်းလောင်းမည်သူဖြစ်သည်ကို လည်းသိ
လိုရကား ရဟန်းတော်တို့အား နန်းတော်သို့ ဆွမ်းပင့်ဖိတ်ကျွေးလေ၏။ ကျန်စစ်သားရဟန်းရေ
သောက်မည်ပြုစဉ် အာခံတွင်းမှစက်ပြောင်ပြောင် အရောင်ထွက်မှ မင်းလောင်းဖြစ်ကြောင်းသိ
ကြရလေ၏။
        ထိုအခါ အနော်ရထာက ဤမင်းလောင်းသည် "ငါ၏ထီးနန်းကိုလုမည်လော" ဟုဟူးရား
တို့အားမေးရာ " မင်းကြီးနောက်မင်းတစ်ဆက်လွန်မှ မင်းဖြစ်ပါလိမ့်မည် " ဟုလျှောက်ကြလေ
၏။ ထိုအခါမှ အနော်ရထာသည်လည်း " အသင်တို့သည် ဤစကားကို ငါ့အား ယခုမှ လျှောက်
သည်၊ ငါ့ထီးနန်းစည်းစိမ်ကို လုလတ္တံ့သည်ဟု များစွာသောအသက်တို့ကို ငါသတ်မိသည် " ဟု
ဆိုကာ ကြီးစွာသော သံဝေဂတို့ရလေသည်။ ကျန်စစ်သားကိုလည်းလူထွက်စေ၍ အပါးတော်၌
ခစားကာအမှုတော်ကို ထမ်းရွက်စေခဲ့လေ၏ ။

        ဤသို့ဖြင့် အနော်ရထာမင်းသည် ရာဇ၀င်တွင် အရှိန်အ၀ါနှင့် သြဇာကြီးမားခဲ့၏။ ခေတ်
အဆက်ဆက်မှ မျိုးဆက် အသီးသီးတို့က အားကျအတုယူ စံပြုခဲ့ကြသော မင်းတစ်ပါးလည်း
ဖြစ်ခဲ့၏။ ပထမမြန်မာနိုင်ငံတော်ကြီးကို စုစည်းတည်ထောင်ခဲ့ပြီး ဘုရင့်နောင်မင်းတရားနှင့် အ
လောင်းမင်းတရားတို့ကို နိုင်ငံတည်ထောင်သည့် နည်းလမ်းကောင်းများကို ညွှန်ပြခဲ့သူလည်း
ဖြစ်ခဲ့သည်။ သို့သော် ....မင်းစည်းစိမ်နှင့် အာဏာ လုပ်ပိုင်ခွင့်တို့အတွက် နောင်တော်ကိုသတ်
၍ ထီးနန်းသိမ်းပိုက်ခဲ့သူအဖြစ်၊ မင်းလောင်းပေါ်သည်ဟု ကြားသိရရုံမျှဖြင့် မိမိထီးနန်းစည်းစိမ်
ကို ထိပါးလာနိုင်သည်ဆိုသည့်ု သံသယဖြင့် အသက်ပေါင်းများစွာကို စေစားသတ်ဖြတ်ရန် ၀န်
မလေးသူ အဖြစ်လည်း ရာဇ၀င်၌အမည်းစက် ထင်ကျန်စေခဲ့လေ၏။ မည်မျှကြီးကျယ်မြင့်မြတ်
သူဖြစ်စေ  ထီးနန်း ၊ အာဏာနှင့် စည်းစိမ် အတွက်ဆိုလျှင် အသက်ပေါင်းများစွာကိုပင် သတ်
ဖြတ်ရန်ဝန်မလေးခဲ့သည်ကို သတိချပ်သင့်လှသည်။
        သူ့အသက်သတ်ပြီးမှ နောင်တသံဝေဂ ရကာ မည်မျှပင်ကောင်းမှုကုသိုလ်များပြုလုပ်၍
ပြန်လည်ပေးဆပ်စေကာမူ မကောင်းမှု၏အကျိုးဆက်အဖြစ် ကျွဲခတ်ခံရကာ ဇာတ်သိမ်းမလှ
ဖြစ်ခဲ့ရသည်ကိုလည်း ဂရုပြုသင့်ပေ၏။

        ကျန်စစ်သားသည် သန္ဓေသားဘ၀မှစ၍ ရဟန်းပြုသည့်အချိန်အထိ မိမိအသက်ကိုရန်
ရှာခြင်း၊ မျက်စေ့ဒေါက်ထောက် စောင့်ကြည့်ခြင်းကိုခံခဲ့ရသည်။ ထိုသို့ မိမိအသက်ကိုကြံစည်
ရန်ရှာခဲ့သူ၊ မယုံသင်္ကာဖြင့် ထောက်လှမ်းစောင့်ကြည့် နေခဲ့သူကိုပင် လက်တုံ့ပြန်၊ လက်စား
ချေခြင်းအလျဉ်းမရှိခဲ့ပဲ တိုင်းပြည်၏ကောင်းကျိုးအတွက်သာရှေးရှု၍ လက်တွဲပူးပေါင်းဆောင်
ရွက်နိုင်ခဲ့သည်ကိုလည်း သတိပြုသင့်ပါ၏။
        အနော်ရထာအနေနှင့်လည်း တစ်ချိန်ကမိမိ မယုံသင်္ကာစိတ်ဖြင့် ရန်ပြုခဲ့ဖူးသူ၊ တောက်
လျှောက်စောင့်ကြည့် စုံစမ်းလေ့လာခြင်းပြုခဲ့ရသူကိုပင် နောင်တွင်တိုင်းပြည်နှင့် တစ်မျိုးသား
လုံးအတွက် ယုံကြည်စွာ ပူးပေါင်း ဆောင်ရွက်ခဲ့သည့် သတ္တိကြောင့် တိုင်းသူပြည်သား တို့၏
ကောင်းကျိုးကို အထူးထူးသော အောင်မြင်မှုအကျိုးရလဒ်များဖြင့် စွမ်းဆောင်နိုင်ခဲ့ပေ၏။ ထို့
အပြင် တစ်ချိန်က မိမိထီးနန်းကို ထိပါးမည့်သူဟု မယုံသင်္ကာ ဖြစ်ခဲ့ဖူးသူကပင်  မိမိတစ်သက်
တာသာမက မိမိ မျိုးဆက်၏ ဘ၀လုံခြုံရေးနှင့် ထီးနန်းကိုပင် သစ္စာရှိစွာ အကာအကွယ်ပေး
စောင့်ရှောက်မှုကို ခံယူရရှိခဲ့၏။ တစ်ဦးနှင့်တစ်ဦး ယုံကြည်ခြင်း၊ နားလည်မှုရှိခြင်း၊ အပြန်အ
လှန်လေးစား တန်ဖိုးထားခြင်းတို့၏ အကျိုးဆက်များပင်ဖြစ်ပေသည်။

        ရာဇ၀င်ဆိုသည်မှာ အတိတ်ကာလဆီမှ ဖြစ်ပျက်ခဲ့သောအဖြစ်အပျက်များ၏ အတိတ်ပုံ
ရိပ်၊ အတိတ်ကြေးမုံပြင် ပင်ဖြစ်ပါသည်။ ရုပ်ရှင်ဇာတ်ကားတစ်ကားလိုလည်း အပျင်းပြေ ဖတ်
ရှု ၊ ကြည့်ရှု နိုင်ပေသည်။ မှတ်သား လေ့လာ သုံးသပ်ခြင်းဖြင့်လည်း အသိပညာနှင့် ဆင်ခြင်
ဥာဏ်ကို တိုးပွားစေနိုင်သည် ။ နောင်လာနောင်သားတို့သည် အတိတ်ပုံရိပ်၊ ကြေးမုံပြင်တို့မှ
တွေ့ရမြင်ရသောသင်ခန်းစာတို့ကို သတိပြု ဆင်ခြင်၍့ လက်တွေ့မျက်မှောက် ကာလ၌လည်း
ကောင်း၊ အနာဂါတ်ကာလ၌ လည်းကောင်း မိမိအကျိုး၊ အများအကျိုးတို့ကို ဖြစ်ထွန်းစေမည့်
အမှုကိစ္စတို့ကိုသာရွေးချယ်ဆောင်ရွက်သင့်ကြပေသည်။

        မိမိအကျိုးတစ်စုံတစ်ရာ အတွက်ကိုသာ ရှေးရှုပြီး သူတစ်ပါးအသက်များစွာတို့ကို ဆုံး
ရှုံးရလေအောင် မပြုဆောင်သင့်။
        တစ်ဦးနှင့်တစ်ဦး ယုံကြည်ခြင်း၊ နားလည်မှုရှိခြင်း၊ အပြန်အလှန် လေးစားတန်ဖိုးထား
ခြင်းတို့ကို ထင်သာမြင်သာအောင် ပြသကာ ကောင်းမွန်သောအကျိုးဆက်များ ရရှိရေး လမ်း
ကြောင်းကို ဖေါ်ဆောင်သင့်ကြပေသည်။

        ရှေးလူကြီးသူမတို့က ရင်းနှီးပေးဆပ် ခဲ့ကြရသမျှသည် အချည်းနှီးမဖြစ်စေပဲ ယနေ့ မိမိ
တို့အတွက် အသင့်ခူးဆွတ်ယူနိုင်သော အသီးအပွင့်များဖြစ်နိုင်ကြပါစေ........................။

ေ  န  လ  မ  င်း  (  ၂ ၀ ၁ ၁  စ က် တ င် ဘာ  ၇  )

Ref ;  မှန်နန်းမဟာရာဇ၀င်တော်ကြီး
         ခေတ်မှီမြန်မာရာဇ၀င် အကျဉ်း ( အမျိုးသားပညာဝန် ဦးဖိုးကျား )
         သမိုင်းနိဒါန်းအကျဉ်း ( ရဲထွဋ်လှ )
         ပုဂံသူရဲကောင်းများ ( သော်တာဆွေ )
         အိုဘယ့်အနော်ရထာ ( တက္ကသိုလ် စိန်တင် )

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...