Sunday, September 18, 2011

ဝါရင့်နိုင်ငံရေးသမားကြီး စာရေးဆရာကြီး မောင်စူးစမ်းနှင့် အင်တာဗျူး

By Rozoner King · Last edited 8 hours ago · Edit Doc
[By cherrymyodaw]

(နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်ဦးဆောင်သော အစိုးရသစ်လက်ထက် နိုင်ငံရေး၊ စီးပွားရေးနှင့်
လူမှုရေးပြောင်းလဲနေမှုများအပေါ်ဝါရင့်နိုင်ငံရေးသမားလည်းဖြစ်၊ စာရေးဆရာလည်းဖြစ်ပြီး လက်ရှိ မြန်မာ့နိုင်ငံရေးအခြေအနေများနှင့်ပတ်သက်၍ ပြင်းရှသည့်၎င်း၏ဆောင်းပါးများကြောင့် လည်း အထူးထင်ရှားကျော်ကြားသူ စာရေးဆရာမောင်စူးစမ်းနှင့် The Voice Weekly တို့
တွေ့ဆုံမေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည်။)

VOICEး အရပ်ဘ်ဘက်လူ့အဖွဲ့အစည်းတွေနဲ့ သမ္မတကြီးတို့ သြဂုတ်လအတွင်းက တွေ့ဆုံခဲ့တဲ့အပေါ် ဆရာ့အမြင်က ဘယ်လိုရှိပါသလဲ။
MSS: တွေ့ဆုံတာကောင်းတာ ပေါ့။ တိုင်းပြည်အကျိုးကြည့်တယ်လို့ဆိုရမယ်။
အဲဒီလိုတိုင်းပြည်အကျိုးကြည့်ရာမှာ နှစ်မျိုးရှိတယ်။
အမျိုးသားစည်းလုံးညီညွတ်ရေးအကျိုးစီးပွား၊ပါတီအကျိုးစီးပွား အဲလိုမျိုးရှိတယ်။အမျိုးသားတစ်ရပ်လုံးကိုခြုံပြီး အမျိုးသားစည်းလုံးရေးအနေနဲ့ ကြည့်တယ်။ဒါဟာ မဟာဗျူဟာမြောက်ကိန်းသေပေါ့။
ဒါကို နိုင်ငံတိုင်းမှာ လုပ်ကြရတာပဲ။ နောက် ပါတီအကျိုးစီးပွားဆိုတာတွေ၊ ဒီမိုကရေစီအကျိုးစီးပွားလို့
ဘာတို့ဆိုတာတွေက ပြိုင်ဆိုင်တာရှိတယ်ပေါ့။ပြိုင်တာဆိုင်တာက တစ်ပိုင်း၊
အမျိုးသားအကျိုးစီးပွားအရ COMMON GROUND ပေါ့။ ဒီလိုပဲနှစ်လွှာသွားရတာပဲ။

VOICE : ပြည်ပရောက်နေတဲ့သူတွေ ပြန်ခေါ်တာနဲ့ဲ့ပတ်သက်ပြီးရောဆရာ။
MSS : ဒါက တစ်ပုံစံတည်းပြောလို့မရဘူး။ သူ့အကြောင်းနဲ့သူ ရောက်နေကြတာတွေ။
အမှန်ကတော့ REASON ကအဖြေပဲ။ စီးပွားရေးမှာ FREE MARKET၊ နိုင်ငံရေးမှာ LIBERAL DEMOCRACY ဆိုတော့
စီးပွားရေးအရ လုပ်ခွင့်ပေးတာနောက် လွတ်လွတ်လပ်လပ်လုပ်နိုင်ခွင့် တွေပေးထားရင် ဒီလိုထွက်တာ ဘာညာနည်းသွားမှာပေါ့။ အကြောင်းပြစရာအကြောင်းလည်းရှိမှာမဟုတ်ဘူး၊ နှိပ်ကွပ်လို့၊ လုပ်ချင်တာလုပ်ခွင့်မရှိလို့
ဆိုတဲ့အကြောင်းပြချက်နဲ့ ထွက်လာတာဟာ အကြောင်းပြချက်တွေပဲ။ ဒါကြောင့်စီးပွားရေးအရရော
၊နိုင်ငံရေး အရရော FREE MARKET လို၊ LIBERAL DEMOCRACY တို့လိုလုပ်ထားရင်
အကြောင်းမဟုတ်ဘူး။သွားရင်လည်း သွားပေါ့။ဘာဖြစ်လဲ၊၀င်လာတော့လည်း ၀င်လာပေါ့။

VOICEး လက်ရှိ ကချင်ပြည်နယ်မှာ မငြိမ်းနိုင်သေးတဲ့ကိစ္စရဲ့ အကြောင်းအရင်းက မြစ်ဆုံစီမံကိန်းလို့ပြောတယ်။ ဒီလိုဖြစ်တာဟာ ဒီအကြောင်းတစ်ခုတည်းကြောင့်ရော ဖြစ်နိုင်ပါ့မလား။ တခြားအကြောင်းပြချက်တွေရောရှိနိုင်တယ်လို့ ထင်လားဆရာ။
MSS : တခြားအကြောင်းတွေလည်း ကိုယ်လည်းသိပ်မသိဘူး။ မပြောချင်ဘူး။ မြစ်ဆုံဆိုတာ ရောက်ဖူးတယ်ဆိုတာပဲရှိတယ်။

VOICEး ကုန်သွယ်ခွန်နှင့်ဝင်ငွေခွန်ရာခိုင်နှုန်းလျှော့လိုက်တဲ့ အခြေအနေရှိလာတယ်။ ဒါရောကောင်းတဲ့သဘော ရှိပါသလား။
MSSး ကောင်းပါတယ်။ ဒါဟာ နိုင်ငံတိုင်းမှာ FREE TRADE တို့ FREE MARKET တို့သွားတယ်။ PEOPLE FOR INVESTMENT CAPITAL ဖြစ်စေတယ်။ အာဆီယံစံနှုန်းတွေအတိုင်း ညှိရမှာပဲ။ အရင်ကတော့ ဒါတွေကို အကုန်လုံးချုပ်ချင်တယ်။ ကိုင်ချင်တယ်။ CONTROL လုပ်ချင်တယ်။ REGULATION လုပ်ချင်တယ်။ မဖြစ်ဘူး။ FREE MARKET ကိုအားပေးရမယ်။ လွှတ်ပေးထားရမယ်။ အခုနိုင်ငံတိုင်း အားလုံးကဒီအပေါ် LIBERALIZATION လုပ်တယ်။ ဒါအဖြေပဲ။ အရင်လို CONTROL တို့ COMBINE ECONOMY တို့ စဉ်းစားရင်ရူးလို့ပဲ၊ စိတ်မနှံ့တာပဲဖြစ်မယ်။

VOICEး ရာခိုင်နှုန်းကျတဲ့အခါမှာ သိရသလောက်တော့ တချို့နိုင်ငံတွေမှာဆိုရင် တစ်နှစ်၊နှစ်နှစ်တန်သည်လျှော့တယ်။ အခုက လပိုင်းပဲဆို
တော့ လုံလောက်ပါ့မလား။
MSS : ဒါဆိုတော့လည်း လက်တွေ့လုပ်တဲ့လူတွေပဲသိမှာပေါ့။ ECONOMIC အနေနဲ့
THEORETICALLY ပြောတာပဲရှိသေးတာ။ အဲတော့ ဆိုလိုတဲ့မူကတော့ ဘာလဲဆိုတော့
FREEDOM ပေါ့။ FREE MARKET ကို ကျယ်ကျယ်ပြန့်ပြန့် အချုပ်အခြယ်မရှိ အကန့်အသတ်မရှိ
လွှတ်ပေးတာကောင်းတာပဲ။ ဒါဟာ SOLUTION ပဲ။

VOICEး အစိုးရသစ်တက်တဲ့ကာလအတွင်း ပြောင်းလဲမှုတွေရော မြင်ပါသလား။
MSSး မြင်ပါတယ်။ အခုလိုလုပ်နေတာလေးလဆိုတော့ အချိန်က တိုတိုလေးပဲ။ ချက်ချင်း ချက်ချင်း ကျော်လို့ဘယ်ဖြစ်မလဲ။ ကိုယ်က REASONABLE  ဖြစ်မှ နောင် ဒီ ACTIVIST တွေလို ဘာဖြစ်ဖြစ် ဘာကိုမှ အကောင်းမမြင်တဲ့ဟာကျတော့ အဆင်မပြေဘူး။ ဒါမျိုးတွေကလွန်ခဲ့ပြီ။ လူတွေက ရင့်ကျက်ဖို့လိုတာပေါ့။ သူ့အတာလည်းကြည့် သူ့အမြင်ဘက်ကလည်း စဉ်းစားပေးရမှာပေါ့။ဖွင့်ပေးတယ်ဆိုလို့ရှိရင် ကြိုဆိုရမှာပဲ။ဘာလုပ်လုပ်ဆန့်ကျင်တဲ့ အယူအဆမျိုး
ဟာ အခုချိန်မှာ မဆီလျော်တော့ဘူးအကောင်းမှ မမြင်တာ။

VOICE : ကျေးဇူးတင်ပါတယ် ဆရာ။နောက်ဆုံးမေးခွန်း မေးချင်တာကအခုဆိုလည်း ဆရာမြင်မှာပဲ။ အခုဆုဆို သမ္မတကြီးကိုယ်တိုင် ဒေါ်အောင်ဆန်းစုကြည်ကိုလက်ခံတွေ့ဆုံခဲ့ပြီလေ။ ဒီတော့ ဒါကိုလည် လူတွေလိုလားကြတယ်။ အဲဒီအပေါ်ရော ဘယ်လိုသုံးသပ်ချင်ပါသလဲ။
MSSး ဒါမျိုးတွေက ရှိနေသင့်ပါတယ်။ ထိရောက်တဲ့ RESULT မရှိပေမယ့် ကိုယ်ပြောဆိုနေတဲ့
TALKING ဆိုတာကကိုပဲ အကျိုးရှိတာပဲ။ ပုတ်ခတ်နေတာထက်စာရင် ညှိနှိုင်းဆွေးနွေးနေတာဟာ ပိုကောင်းတာပေါ့။
အဲဒီတော့ DEMOCRACY ဆိုတာက COMPETITION ကိုစဉ်းစားရင်ဝေဖန်ခံရတာပဲ။ အခု DEMOCRACY ဆိုတာက
COMPETITION နဲ့ COOPERATION ကိုသွားနေတာ။ ယှဉ်ပြိုင်ဆောင်ရွက်မှု COMPETITION ကို EMPHASIZE မလုပ်ဘူး။ COOPERATION ကိုပဲ EMPHASIZE လုပ် လာတယ်။ဒါဟာရင့်ကျက်လာတဲ့ သဘော။

(မင်းမျိုး)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...