Saturday, September 10, 2011

ဟာသလေးများ

by Moenge Aung on Sunday, September 11, 2011 at 11:00am

လူပျိုကြီးရဲ့ ရာဇ၀င်
အသက်(40) ရှိပြီဖြစ်သည့် လူပျိုကြီးသည် သူခေါ်ပြသည့် အမျိုးသမီးတိုင်းကို သူ့မိခင်မှ
မနှစ်မြို့ကြောင်း ပြောနေသဖြင့် သူငယ်ချင်းကို ရင်ဖွင့်လိုက်နေလိုက်သည်။
“ဒါဆိုလည်း မင်းအမေနဲ့ တူတဲ့ မိန်းကလေးကို ရှာပြလိုက်ပေါ့ကွာ”
သူငယ်ချင်း၏ အကြံပေးချက်အတိုင်း ကြိုးစားဆောင်ရွက်လေတော့သည်။ ခြောက်လခန့်ကြာ
သောအခါ မူလ သူငယ်ချင်းနှင့် ပြန်ဆုံတွေ့ရလေသည်။
“ဘယ့်နှယ့်လဲ....... ငါပေးတဲ့ အကြံနဲ့ အိုကေသွားပြီလားကွ”

“ ဟင့်အင်း....... အမေနဲ့ တူတဲ့ မိန်းကလေးကို ရှာပြီး ခေါ်ပြပြန်တော့ အမေက
သဘောကျပေမယ့် အဖေက အပြင်းအထန် ကန့်ကွက်တယ်ကွ”
နေရတာခက်လို့
“သူဌေးခင်ဗျား လုပ်ငန်းခွင်ကြီးကြပ်ရေးမှူးကို တိကျတဲ့ တာဝန်ပေးစေချင်ပါတယ်”
“ဘာလို့လဲ”
“သူက တစ်နေကုန် ဘာမှမလုပ်ဘဲ ကျွန်တော်တို့ကိုပဲ ထိုင်ကြည့်နေတော့ အနေရ အထိုင်ရ ခက်တာပေါ့
စိတ်ဆိုးစရာလား
“ဘာလို့ အလုပ်က ထွက်လာတာလဲ”
“သူဌေးက အပြောအဆိုမတတ်လို့ပါ”
“ဟေ ဘယ်လိုပြောလို့လဲ”
“ကျွန်မကို သိပ်လှတာပဲတဲ့”
“ဒါလောက်ကလေး ပြောတာနဲ့ စိတ်ဆိုးရသလား”
“ကျွန်မက စိတ်မဆိုးပါဘူး၊ သူ့မိန်းမစိတ်ဆိုးသွားတာ၊ သူ့မိန်းမရှေ့ပြောတာကိုး”
အဘွားကြီး။ ။ တော့..ကိုဖိုးထင်...တော်ဘာစာရွက်ကိုကြည့်နေတာလဲ။
အဘိုးကြီး။ ။ ဘာမှမဟုတ်ပါဘူးကွာ။
အဘွားကြီး။ ။ ဘာ..ဘာမှမဟုတ်ရမှာလဲ....တော်အဲဒီစာရွက်ကိုကြည့်နေတာ(၃)နာရီကျော်ပီတော့..
.. ကျုပ်ကိုမှန်မှန်ပြောနော်...ပြီးမှကျုပ်ကိုအဆိုးမဆိုနဲ့။
အဘိုးကြီး။ ။ မဟုတ်ပါဘူးကွာ....ငါတို့ရဲ့လက်ထပ်စာချုပ်ပါ.....စားသောက်ကုန်တွေမှာပါသလို
expire date များပါမလားလို့ရှာကြည့်နေတာ.... ။
မယုံနဲ့
“ ယောင်္ကျားတွေကို လုံးဝ မယုံနဲ့၊ သူတို့အားလုံး လူညာတွေချည်းပဲ ”
“ ဘာဖြစ်လို့လဲ ”
“ ဘာဖြစ်ရမှာလဲ၊ ချစ်လှချည်ရဲ့၊ ကြိုက်လှချည်ရဲ့လို့ ယောင်္ကျားတွေ အများကြီးက ကျွန်မကို
ပြောတယ်လေ၊ ဟော....ခုတော့ တစ်ယောက်တည်းကပဲ ကျွန်မကို လက်ထပ်ခဲ့တယ် ”
မမေ့ကြစေဘို့
အသက် 85 နှစ်အရွယ် အဘိုးကြီးနဲ့ အသက် 18 နှစ်အရွယ် မိန်းကလေးတစ်ဦးတို့ရဲ့ မင်္ဂလာဦးညမှာပေါ့။
အဘိုးအို ။ ။ မင်း မင်္ဂလာဦးညကို ဘယ်လို ဖြတ်သန်းရသလဲ ဆိုတာ သိရဲ့လား။
ကလေးမ ။ ။ မသိပါဘူးရှင့်။
အဘိုးအို ။ ။ ဟင်၊ မင်းအမေက မပြောပြဘူးလား။
ကလေးမ။ ။ မပြောပြဘူးရှင့်။
အဘိုးအို ။ ။ ဒုတ်ခပဲကွာ။ မင်းကလဲ မသိ။ ငါကလဲ မေ့ကုန်ပြီ။
မှတ်ချက် ။ ။ ရယ်ပြုံးခြင်းဖြင့်ဘ၀အမောပြေနိုင်စေရန်ရွယ်ရွယ်လျှက်...........

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...