Wednesday, September 14, 2011

"သန်းမြင့်ဦးပြောတဲ့ အာရှ ပိုးလမ်းမသစ်ကြီး တရုတ်အတွက်လား "

Min Thant Syn created the doc:
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ကွယ်လွန်သူ ဦးသန့်ရဲ့ မြေးဖြစ်သူ၊ သမိုင်းပညာရှင် သန့်မြင့်ဦး က သူ့စာအုပ်အသစ်မှာ၊ မြန်မာနိုင်ငံဟာ တရုတ်နဲ့ အိန္ဒိယကြား အခိုက်အတံ့အားဖြင့် ကွင်းဆက် ပြတ်နေခဲ့ရပြီးနောက်၊ အဲဒီနှစ်ခုကို ပြန်ဆက်စပ်နိုင်ခြင်းက ခေတ်သစ် ပိုးလမ်းမကြီး ပေါ်ထွန်းစေမယ်လို့ ရေးထားသည်။

အာရှနိုင်ငံတွေကို ပေါင်းကူးဆက်သွယ်ပေးမယ့်၊ အဝေးပြေးလမ်းမကြီးတွေနဲ့ မြန်နှုန်းမြင့် ရထားလမ်းတွေ မြန်မာနိုင်ငံကို ဖြတ်ဖောက်လုပ်လိုက်ရင်ဖြင့်၊ အဲဒီ ပိုးလမ်းမသစ်ကြီးက အာရှအတွက် မြေပုံအသစ် ရေးဆွဲလိုက်သလိုပင် ဖြစ်သွားမည်ဟု ဆိုထားသည်။

သန်းမြင့်ဦးပြောတဲ့ ပိုးလမ်းမသစ်ကြီးအတွက်လား၊ ကိုယ်ကျိုးစီးပွားတွေကြောင့်လား...။ ဆယ်စုနှစ်ပေါင်းများစွာ တံခါးပိတ်နေတဲ့ မြန်မာနိုင်ငံမှာ တရုတ်နဲ့ အိန္ဒိယ နိုင်ငံကြီးနှစ်နိုင်ငံက ယခု infrastructure ပရော့ဂျက်တွေ အလုအယက် လာရောက် ရင်းနှီးမြှုပ်နှံနေသည်။ နိုင်ငံခြား ခရီးသွားလုပ်ငန်းတွေ စဖို့လည်း မျက်စပစ်နေကြသည်။

လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် အဆက်မပြတ်ဝေဖန်ခံနေရပေမဲ့၊ မြန်မာနိုင်ငံရဲ့ ပထ၀ီရေမြေက အာရှမှာ ညှို့အားပြင်းပြင်းနဲ့ ဆွဲဆောင်နေသည်။ ဒါကြောင့် သမ္မတသိန်းစိန်အစိုးရ တက်လာပြီးနောက်၊ တရုတ်က အထူးကိုယ်စားလှယ် တစ်ဖွဲ့ကို အမြန်ဆုံး စေလွှတ်ခဲ့သည်။
နောက် အိန္ဒိယနဲ့ တရုတ် ယဉ်ကျေးမှုက မြန်မာနိုင်ငံအပေါ် လွှမ်းမိုးထားသည်။ မြန်မာနိုင်ငံ လူဦးရေမှာ ၂ ရာခိုင်နှုန်းလောက် ဟိန္ဒူလူမျိုးပါဝင်သလို၊ မြို့တိုင်းကို တရုတ်သူဌေးတွေက စီးထားသည်။ ရန်ကုန် တရုတ်တန်းကိုကြည့်ရင် ရွှေဆိုင်များ၊ ဘီယာဆိုင်များနှင့် အမြဲစည်ကားလျက် ရှိသည်။

သန်းမြင့်ဦးရဲ့ ပိုးလမ်းမသစ်ကြီးက တရုတ်အတွက်လား၊ အိန္ဒိယအတွက်လား။ မြန်မာတွေ ဂုဏ်ယူရမလား၊ ၀မ်းနည်းရမလား၊ အိမ်နီးချင်းနိုင်ငံတွေဆီ ထွက်ပြေးကြရမလား။ မြန်မာ့နိုင်ငံရေးက တိုးတက်နေသလား၊ ဆုတ်ယုတ်သွားသလား။ လောလောဆယ်တော့ ဘာဆိုဘာမှ မသေချာသေး။
ဒါပေမဲ့ စက်တင်ဘာ ၁၄ ရက်နေ့ ညနေ သုဝဏ္ဏအားကစားကွင်းမှာ မြန်မာ လာအို အသက် ၁၉ နှစ်အောက် ပွဲစဉ်ကို မြန်မာအတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းကြည်က၊ ခေတ်ပျက်သူဌေး ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဇော်ဇော်နှင့် အတူ အားပေးလျက် ရှိသည်။

မဲခေါင်မြစ်သည် တိဘက်ကုန်းပြင်မြင့်မှ စတင်မြစ်ဖျားခံပြီး၊ တရုတ်ပြည် အနောက်တောင် ယူနန်ပြည်နယ်၊ မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို၊ ထိုင်းနဲ့ ဗီယက်နမ်တို့ကို ဖြတ်သန်းစီးဆင်းသည်။ အရှဖွံ့ဖြိုးရေးဘဏ် က ထိုမဲခေါင်မြစ်ဒေသကို စီးပွားရေး ကွန်ယက်ကြီးသစ်ကြီးတစ်ခုအဖြစ် ချိတ်ဆက် ပြောင်းလဲဖို့ စီစဉ်နေသည်။
ဝင့်ထန်း

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...