Saturday, September 3, 2011

မသိပါဘူးလို့ဝန်ခံဖို့ ၀န်မလေးပါနဲ့

Cloud Cuckoo Land created a doc.
သိပါဘူးလို့ ပြောဖို့ ၀န်မလေးပါနဲ့။ ပြောစရှိအောင် ကျင့်ထားရင် ပြောသင့်တဲ့အချိန်မှာ ပြောတတ်လာပါလိမ့်မယ်။ စီမံအုပ်ချုပ်သူ နေရာကို ရောက်လာပြီဆိုရင် လက်အောက်ငယ်သားတွေရဲ့ အထင်ကြီးလေး စားမှုကို ခံရဖို့ အရေးကြီးတယ်လို့ ယူဆပြီး သူတို့မေးသမျှ ကိုယ်သိပြီးသား၊ သူတိ...ု့လုပ်သမျှ ကိုယ်တတ်ပြီးသားဖြစ်နေရမယ်လို့ လက်ခံထားတတ်ကြပါတယ်။ ကိုယ်မသိသေး၊ မတတ်သေးတာကို လက်အောက်ငယ်သားဆီက ပြန်မေးဖို့၊ ပြန်သင်ယူဖို့ မတွန့်ပါနဲ့။ 
ရည်ရွယ်ချက်ခိုင်မာပြတ်သားသူမှန်သမျှဟာ ကိုယ်ဘာလုပ်ချင်တယ်၊ ဘာဖြစ်ချင်တယ်ဆိုတာကို ကွဲကွဲပြားပြားသိကြသလို ကိုယ့်ရဲ့အားသာချက်၊ အားနည်းချက်တွေကိုပါ အသေးစိတ်နားလည်လက်ခံထားကြပါတယ်။ ကိုယ့်ကိုယ်ကိုယ် ဘက်စုံသိမြင်သူတွေလို့ မယူဆထားကြသလို မသိဘူးလို့ဝန်ခံရမှာကိုလည်း ၀န်မလေးတတ်ကြပါဘူး။ မသိသေးတာကို ပွင့်ပွင့်လင်းလင်းဝန်ခံပြီး အဖြေရအောင် ရှာတတ်ကြသူလည်း ဖြစ်နေပြန်ပါတယ်။


Howard.G Buffett Foundation ရဲ့ ဥက္ကဌနဲ့ Berkshire Glathaway ရဲ့ ဒါရိုက်တာဖြစ်သူ Mr Howard Buffett က မသိပါဘူးလို့ ရိုးရိုးသားသား ပြောကြားနိုင်ခြင်းဟာ အောင်မြင်မှုရစေတဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်လို့ ဆိုပါတယ်။ ကိုယ့်စွမ်းဆောင်ရည်ကို ကိုယ်ကိုယ်တိုင် အသိဆုံးပါပဲ။ ကျုပ်ကို အထင်ကြီးသူတွေရှေ့မှာ မသိပါဘူးလို့ ၀န်ခံစကားဆိုပြီးတဲ့အခါတိုင်း အဲဒီလူတွေက ကျုပ်ကို ပိုယုံကြည်လေးစားလာကြတာ တွေ့ရတယ်။ လှည့်ဖြားပြောသူတစ်ယောက် ရလာမယ့်ရလဒ်က ဘယ်တော့မှမကောင်းဘူး။ အမှန်တရားဆိုတာ ဖုံးကွယ်ထားလို့မရဘူး။ အပြင်ပန်းမှာ သိချင်ယောင်ဆောင်နေတာဟာ ဒီနေ့လုပ်ငန်းခွင်ထဲကလူတွေ ကိုယ့်ထောင်ချောက်ထဲ ကိုယ်ပိတ်မိစေတဲ့ အချက်ပဲ။ ကျုပ် ၁၁ နှစ်သားလောက်တုန်းက ကျုပ်အဖေပြောဖူးတဲ့ စကားတစ်ခွန်းရှိတယ်။ နှစ်သုံးဆယ်လောက်ကြာအောင် တည်ဆောက်ရတဲ့ နာမည်တစ်ခုဟာ စက္ကန့်သုံးဆယ်အတွင်း ပျက်စီးသွားနိုင်တယ်တဲ့။ မရှက်ပါနဲ့ဗျာ၊ မသိရင်မသိဘူးပေါ့ တဲ့။

ဆင်ခြေသည် လိမ်ညာပြောသည်ထက် ပို၍ဆိုးဝါးသလိုပို၍ကြောက်စရာလည်းကောင်းတယ်။ အဘယ်ကြောင့်ဆိုသော် ဆင်ခြေဟာ မုသားစကားကို လုံခြုံအောင် ကာရံထားသောကြောင့်ဖြစ်တယ်။
(အလက်ဇန်းဒါးပုတ်)


အရာရာကိုမလုပ်နိုင်တဲ့အတွက် ရှက်စရာမဟုတ်။ သို့သော်မလုပ်တတ်ဘဲလုပ်ခြင်း ၊ သို့မဟုတ် ဟန်ဆောင်ခြင်းသည် ရှက်စရာကောင်းရုံတင်မက စိတ်ပျက်စရာလဲကောင်းလှတယ်။
(ပလူးတက်)


စရိုက်၌လည်းကောင်း ၊ အပြုအမှုများ၌လည်းကောင်း ၊ ဟန်၌လည်းကောင်း ၊ အရာအားလုံး၌လည်းကောင်း အဓိကအကျဆုံးအချက်မှာ ရိုးသားမှုပင်ဖြစ်သည်။
(လောင်ဖဲလ်လိုး)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...