Friday, September 16, 2011

အမွေပြတ် စွန့်လွှတ်လိုက်သည်။

by Catherine Nyo on Friday, September 16, 2011 at 1:11pm
 
နှစ်ရှည်လကြာ သိမ်းထားသော
အမှတ်တရများကို
ယနေ့မှစ၍
အမွေပြတ် စွန့်လွှတ်လိုက်သည်။

အမှတ်တရထဲတွင်
တီတီတာတာ ချစ်စကားများပါ၏။
ချွဲချွဲနွဲ့နွဲ့ ရယ်မောသံများပါ၏။
အနမ်းခြယ်ထားသော ပါးနှစ်ဖက်ပါ၏။

ကာရံမညီသော ကဗျာများပါ၏။
ချစ်သူနှစ်ဦးဖြင့်ပြီးသော ညများပါ၏။
အကြင်နာနှင့်ပြည့်သော စိတ်ကူးအိမ်ငယ်လေးပါ၏။
အေးချမ်းသော ဆောင်းနံနက် နှင်းတောများပါ၏။
အားမာန်အပြည့်ဖြင့် တင်းတင်းဆုပ်ကိုင်သော လက်တစ်စုံပါ၏။

ထို့အပြင်
အမှတ်တရထဲတွင်
လှည့်ဖြားသော စကားလုံးများ
ရှိုက်ငိုသံများ၊ မျက်ရည်များ
အလွမ်းများ၊ အထီးကျန်မှုများ
ဒဏ်ရာနှင့်နာကျင်သော နှလုံးသားတစ်စုံပါ၏။

သွားလေရာ လာလေရာ
တနင့်တပိုးသယ်ယူရသော
လေးလံသည့် ထိုအမှတ်တရများကို
အပြီးတိုင် မေ့ပျောက်ချင်သောကြောင့်
ယနေ့မှစ၍
နှစ်ရှည်လကြာ သိမ်းထားသော
အမှတ်တရများကို
ယနေ့မှစ၍
အမွေပြတ် စွန့်လွှတ်လိုက်သည်။

အမှတ်တရထဲတွင်
တီတီတာတာ ချစ်စကားများပါ၏။
ချွဲချွဲနွဲ့နွဲ့ ရယ်မောသံများပါ၏။
အနမ်းခြယ်ထားသော ပါးနှစ်ဖက်ပါ၏။
ကာရံမညီသော ကဗျာများပါ၏။
ချစ်သူနှစ်ဦးဖြင့်ပြီးသော ညများပါ၏။
အကြင်နာနှင့်ပြည့်သော စိတ်ကူးအိမ်ငယ်လေးပါ၏။
အေးချမ်းသော ဆောင်းနံနက် နှင်းတောများပါ၏။
အားမာန်အပြည့်ဖြင့် တင်းတင်းဆုပ်ကိုင်သော လက်တစ်စုံပါ၏။

ထို့အပြင်
အမှတ်တရထဲတွင်
လှည့်ဖြားသော စကားလုံးများ
ရှိုက်ငိုသံများ၊ မျက်ရည်များ
အလွမ်းများ၊ အထီးကျန်မှုများ
ဒဏ်ရာနှင့်နာကျင်သော နှလုံးသားတစ်စုံပါ၏။

သွားလေရာ လာလေရာ
တနင့်တပိုးသယ်ယူရသော
လေးလံသည့် ထိုအမှတ်တရများကို
အပြီးတိုင် မေ့ပျောက်ချင်သောကြောင့်
ယနေ့မှစ၍
အမွေပြတ် စွန့်လွှတ်လိုက်သည်။



 စုံစမ်းမေးမြန်းခြင်း သည်းခံပါ။


နိင်းနိင်းစနေ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...